အသုံးပြုပုံများ
Zinnat (ဇင်းနတ်) ကို ဘာအတွက်အသုံးပြုကြသလဲ
လည်ချောင်း၊ လေအိတ်၊ နားအလယ်ပိုင်း၊ အဆုတ်သို့ ရင်ဘတ်၊ ဆီးလမ်းကြောင်း၊ အရေပြားနဲ့ တစ်ရှူးတွေ ဘတ်တီးရီးယားပိုးဝင်ခြင်းမှာ အသုံးပြုနိုင်ပါတယ်။
မှတ်ကောင်ကဲ့သို့သော
ကပ်ပါးကောင်တွေကြောင့်
ဖြစ်တဲ့ လိုင်းမ်ရောဂါတွေမှာ သုံးနိုင်ပါတယ်။
Zinnat (ဇင်းနတ်) ဘယ်လိုသောက်သုံးသင့်သလဲ
ဆရာဝန် သို့ ဆေးဝါးပညာရှင်ညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာသင့်ပါတယ်။ မသေချာဘူးဆိုရင် သင့်ဆရာဝန်နဲ့ ဆေးဝါးပညာရှင်တို့ကို မေးနိုင်ပါတယ်။
အစားစားပြီးသောက်ရမှာဖြစ်ပါတယ်။ ပိုပြီးကုသမှုကိုထိရောက်စေမှာဖြစ်ပါတယ်။
ဆေးပြားတစ်ပြားလုံးကို ရေန့ည်းနည်းနဲ့သောက်ပေးရမှာဖြစ်ပါတယ်။
Zinnat (ဇင်းနတ်) ဘယ်လိုသိမ်းဆည်းရမလဲ
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Zinnat (ဇင်းနတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေမှီဝဲနေရရင်
- ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
- Zinnat ® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
- အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
၃လအောက်ကလေးတွေအတွက် မသုံးသင့်ပါဘူး။ ဒီဆေးကိုအသုံးပြုစဉ်မှာ ဓါတ်မတည့်မှုတွေ၊ မှိုစွဲခြင်း၊ အပြင်းအထန်ဝမ်းလျှော့ခြင်းတွေ စတဲ့လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အခြားသောလက္ခဏာတွေရဲ့ အန္တရာယ်ကိုလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ သွေးစစ်ဖို့လိုမယ်ဆိုရင် ဒီဆေးကသွေးတွင်းသကြားဓါတ်အတိုင်းအတာကို သက်ရောက်မှုရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zinnat (ဇင်းနတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
Zinnat (ဇင်းနတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ယားနာအဖုအပိမ့်၊ ရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခြင်းကိုဖြစ်စေတဲ့ ပါးစပ်မျက်နှာစတာတွေမှာ ပြင်းထန်တဲ့ဓါတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Zinnat (ဇင်းနတ်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။
- Plavix (clopidogrel)
- Singulair (montelukast)
- Spiriva (tiotropium)
- Symbicort (budesonide / formoterol)
- Vitamin B12 (cyanocobalamin)
- Vitamin C (ascorbic acid)
- Vitamin D3 (cholecalciferol)
- Xanax (alprazolam)
- Zyrtec (cetirizine
အစားအသောက်တွေနဲ့ အရက်က Zinnat (ဇင်းနတ်) နဲ့ ဓါတ်ပြုနိုင်သလား
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်ရောဂါအခြေအနေတွေက Zinnat (ဇင်းနတ်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Zinnat (ဇင်းနတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကူးစက်ပိုးပြင်းထန်မှုနဲ့အမျိုးအစားပေါ်မူတည်ပြီး 250 mg to 500 mgတစ်နေ့နှစ်ကြိမ်ပေးနိုင်ပါတယ်။
ကလေးတွေအတွက် Zinnat (ဇင်းနတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကူးစက်ပိုးပြင်းထန်မှုနဲ့ အမျိုးအစားပေါ်မူတည်ပြီး 10 mg/kg (to a maximum of 125 mg) ကနေ 15
mg/kg (to a maximum of 250 mg)အထိပေးနိုင်ပါတယ်။
ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Zinnat (ဇင်းနတ်) ကိုဘယ်လိုရရှိနိုင်သလဲ
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေးပြား 250mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။