backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cymbalta

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Cymbalta ကို ဘာအတွက်အသုံးပြုကြသလဲ

Cymbalta® (duloxetine) ကိုအများဆုံးအသုံးပြုကြသည်မှာအောက်ပါအခြေအနေများကိုကုသရန်ဖြစ်သည်။

အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားသောစိတ်ကျရောဂါ

အသက်7နှစ်အနည်းဆုံးရှိသူများနှင့် အရွယ်ရောက်ပြီးသူများတွင်

ဖြစ်ပွားသောစိုးရိမ်လွန်ရောဂါ

နာတာရှည်ကိုက်ခဲမှုရောဂါတစ်ခုဖြစ်သော fibromyalgia

ကျောအောင့်ခြင်းနှင့်အရိုး၊အဆစ်အမြစ်ကိုက်ခြင်းကဲ့သို့သောနာ

တာရှည်ကြွက်သား(သို့)အဆစ်အမြစ်ကိုက်ခဲမှုရောဂါများ

ဆီးချိုရောဂါကြောင့်ဖြစ်သောအရွယ်ရောက်သူများရှိအာရုံကြော

ထိခိုက်မှုများ

Cymbalta® (duloxetine)ကိုအခြားသောအရာများအတွက်

လည်းအသုံးမပြုနိုင်ပါသည်။ ထပ်မံသိရှိရန် သင့်ဆရာဝန်(သို့)ဆေး

ဝါးကျွမ်းကျင်ပညာရှင်အားမေးမြန်းပါ။

Cymbalta ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးအားပမာဏပိုများစွာ(သို့)ပိုနည်းစွာ(သို့)ထောက်ခံ

ထားသည်ထက်ပိုမိုကာလကြာရှည်စွာမသောက်သုံးပါနှင့်။

ယခုဆေးအားရေအပြည့်ပါသောဖန်ခွက်နှင့်သောက်ချပါ။ မဝါးမိပါ

စေနှင့်။ ဆေးတစ်တောင့်လုံးကိုမျိုချပါ။

ယခုဆေးအားမည်သို့အသုံးပြုရမည်နှင့်ပတ်သတ်သောမေးခွန်းများ

သင့်တွင်ရှိပါကသင့်၏ ဆရာဝန်အားမေးမြန်းပါ။

Cymbalta ဘယ်လိုသိမ်းဆည်းရမလဲ

Cymbalta® (duloxetine) အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။Cymbalta® (duloxetine) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Cymbalta® (duloxetine) ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Cymbalta® (duloxetine) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။Cymbalta® (duloxetine) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cymbalta အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေများတွင် သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးမှုများ

ပြုလုပ်သင့်ပါသည်။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုဖို့ရည်ရွယ်မိပါက ယခုဆေးအပါအဝင် သင့်ဆရာဝန်

၏ ထောက်ခံချက်ရထားသောဆေးများကိုသာသင်သည်အသုံးပြု

သင့်ပါသည်။

သင်သည်အခြားဆေးဝါးများသောက်သုံးနေပါကလည်း ဆရာဝန်

နှင့်တိုင်ပင်ပါ။ ထိုဆေးများတွင် ဆရာဝန်ခွင့်ပြုချက်မလိုပဲဝယ်ယူရရှိ

နိုင်သောဆေးများ၊ဖြည့်စွက်အားဆေးများနှင့် သဘာဝဆေးဖက်ဝင်

အပင်များလည်းပါဝင်သည်။

သင့်တွင် အခြားသောဆေးများ(သို့) Cymbalta® (duloxetine) ၏ ပါဝင်ပစ္စည်းများဖြင့်ဓါတ်မတည့်မှုများရှိပါကလည်းသင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

သင့်တွင် အခြားသောရောဂါများရှိပါကလည်းCymbalta® (duloxetine) အသုံးမပြုခင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cymbalta ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် စီရှိသည်ဟုသတ်မှတ်ထားသည်။ အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Cymbalta ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Cymbalta® (duloxetine)သည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်ပါသည်။

  • ပျို့ခြင်း
  • ခံတွင်းခြောက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • မောပန်းခြင်း
  • မူးဝေခြင်း
  • ချွေးထွက်များခြင်း
  • မူးဝေခြင်း(သို့)မူးမေ့ချင်သလိုဖြစ်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cymbalta နဲ့ ဓါတ်ပြုနိုင်သလဲ

Cymbalta® (duloxetine) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။Cymbalta® (duloxetine) နှင့် ဓါတ်ပြုနိုင်သောအချို့ဆေးများတွင် အောက်ပါတို့ပါဝင်ပါသည်။

MAOIsဆေးများဥပမာisocarboxazid (Marplan), linezolid (Zyvox),နှင့်phenelzine (Nardil)၊

သွေးကျဲဆေးများဥပမာ warfarin (Coumadin, Jantoven)၊

amitriptyline (Elavil), amoxapine (Asendin), clomipramine (Anafranil),စသည်တို့အပါအဝင်အခြားသောစိတ်ကျရောဂါဆေး

များနှင့် အခြားသော selective serotonin reuptake inhibitors (SSRIs) ဆေးများဥပမာ fluoxetine (Prozac, Sarafem)၊အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်

ဆေးများဥပမာaspirin, ibuprofen (Advil, Motrin), နှင့် naproxen (Aleve)၊

စိတ်ရောဂါကုဆေးများဥပမာ lithium (Eskalith, Lithobid)၊

ဆီးရွှင်ဆေးများ၊amiodarone (Cordarone) နှင့် flecainide (Tambocor)စသည်တို့အပါအဝင်နှလုံးနှင့်

သွေးပေါင်ချိန်တို့အတွက်ပေးသောဆေးများ၊

fentanyl (Abstral, Actiq, Fentora, Onsolis) အပါအဝင် ဆရာဝန်ထောက်ခံချက်လိုသည့် အကိုက်အခဲပျောက်ဆေးများ၊

cimetidine (Tagamet), lansoprazole (Prevacid), နှင့် omeprazole (Prilosec)စသောရင်ပူခြင်းကိုကုသသည့်ဆေးများ

ciprofloxacin (Cipro) နှင့်enoxacin (Penetrex)စသည်တို့အပါအဝင် အခြားသောပိုးသတ်ဆေးများ၊

almotriptan (Axert), eletriptan (Relpax), နှင့်frovatriptan (Frova)စသည်တို့ အပါအဝင်အခြားသော

ခေါင်းကိုက်ရောဂါအတွက်ပေးသည့်ဆေးများ၊

John’s wort

အစားအသောက်တွေနဲ့ အရက်က Cymbalta နဲ့ ဓါတ်ပြုနိုင်သလား

Cymbalta® (duloxetine)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cymbalta နဲ့ ဓါတ်ပြုနိုင်သလဲ

Cymbalta® (duloxetine)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အသိပေးထားသင့်သည့် ကျန်းမာရေးအခြေအနေများမှာအောက်ပါအတိုင်းဖြစ်သည်။

  • အသည်း(သို့)ကျောက်ကပ်ရောဂါ
  • အတက်ရောဂါ
  • သွေးခဲခြင်း(သို့)သွေးထွက်ခြင်းနှင့်ဆိုင်သည့်သွေးရောဂါများ
  • သွေးတိုးရောဂါ
  • Narrow-angle ရေတိမ်ရောဂါ
  • စိတ်အစွန်းနှစ်ဖက်ရောက်သောရောဂါ bipolar disorder(manic depression)
  • မူးယစ်ဆေးသုံးဖူးခြင်း(သို့)ကိုယ့်ကိုယ်ကို အဆုံးစီရီမည့်အတွေးများ ဝင်ဖူးခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Cymbalta ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ကျရောဂါအတွက် ပုံမှန်ဆေးပမာဏမှာတစ်နေ့လျှင် 40မှ60

မီလီဂရမ်အထိဖြစ်သည်။

စိုးရိမ်လွန်သည့်ရောဂါ၊ဆီးချိုကြောင့်ဖြစ်သည့်အာရုံကြောရောဂါ။

Fibromyaligia (သို့)ကြွက်သားနှင့်အရိုးကိုက်ခဲခြင်းတို့အတွက်

ပုံမှန်ဆေးပမာဏမှာတစ်နေ့လျှင်

မီလီဂရမ်အထိဖြစ်သည်။

ကလေးတွေအတွက် Cymbalta ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် 7နှစ်မှ 17နှစ်အရွယ်များတွင်

ပုံမှန်ဆေးပမာဏမှာအစပိုင်းတွင် တစ်နေ့လျှင် 30မီလီဂရမ်သာ

ဖြစ်ပြီး 2ပတ်အသုံးပြုပြီးနောက် တစ်နေ့လျှင် 60မီလီဂရမ်အထိ

တိုးမြှင့်သွားနိုင်ပါသည်။

အသက်7နှစ်အောက်ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Cymbalta ကိုဘယ်လိုရရှိနိုင်သလဲ

Cymbalta® (duloxetine)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Cymbalta® Delayed Release 20mgဆေးတောင့်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Cymbalta®ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement