Nebuliser အရည်တွေ၊ တချို့ နှာခေါင်းဖြန်းဆေးတွေ၊ စအိုထဲထည့်တဲ့ ဒုံးကျည်ကို ဆေးတွေကလည်း ရေခဲသေတ္တာထဲမှာ သိမ်းရမှာပဲ ဖြစ်ပါတယ်။
ဆေးဝါးတွေ သိမ်းတဲ့အခါ ဘာတွေ ဂရုစိုက်ရမလဲ။
ဆေးဝါးတွေ သိမ်းတဲ့အခါ Cold chainအပြင် သတိထားရမှာတွေက
- ရေခဲသေတ္တာထဲမှာ သိမ်းစရာ မလိုတဲ့ ဆေးတွေဆို အခန်းအပူချိန်မှာပဲ အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ပူလွန်း အေးလွန်းတာ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာမှာ မထားပါနဲ့။ စိုစွတ်တဲ့ နေရာမှာ မသိမ်းပါနဲ့။
- ဆေးတွေကို ရေချိုးခန်း၊ မီးဖိုနား၊ ပြတင်းပေါက်ပေါင် စတာတွေမှာ မသိမ်းရပါ။
- ဖောက်ထားတဲ့ ဆေးတွေကို အကြာကြီး သုံးလို့မရပါ။ ဘယ်လောက်ပဲ ထားသင့်တယ်ဆိုတာကို ဆေးအညွှန်းမှာ ကြည့်ပါ။
- ဆေးတွေကို ကလေးများ လက်လှမ်းမမီနိုင်တဲ့ နေရာတွေမှာ ထားပါ။ ခပ်မြင့်မြင့် ဘီရို၊ တံခါးပိတ်သိမ်းလို့ ရတဲ့ နေရာမှာ ထားပါ။ ဘူးအဖုံးကို လုံအောင်ပိတ်ပါ။
- Freezeနဲ့ Refrigerate နဲ့လည်း မတူပါဘူး။ Freezeဆို ခဲထားရမှာပါ။ Refrigerateဆို ရေမခဲတဲ့ အကန့်မှာ ထားရမှာပါ။
- ရေခဲသေတ္တာထဲမှာ သိမ်းရမယ်ဆို ကလေးမသိအောင် သေချာသိမ်းရပါမယ်။
Cold chain နဲ့ သိမ်းဖို့ လိုမလို ဘယ်လို သိနိုင်မလဲ။
ဆေးတိုင်းမှာ အညွှန်းစာရွက်ပါပါတယ်။ ဘာဆေးအမျိုးအစားကစလို့ ဘေးထွက်ဆိုးကျိုး၊ သိမ်းဆည်းပုံအထိ အကုန်ရေးထားပါတယ်။ ဆေးဝယ်တဲ့အခါ ဆေးအညွှန်းကို ဖတ်ဖြစ်အောင်ဖတ်ပါ။ ဆေးဝါးကျွမ်းကျင်ပညာရှင်ကလည်း ဆေးညွှန်းလိုက်တဲ့အခါ Cold chainနဲ့ သိမ်းဖို့ လိုမလို ပြောပြပါလိမ့်မယ်။ လိုအပ်ရင် ဝယ်ကတည်းက ရေခဲပုံးနဲ့ ထည့်ပေးတာမျိုး လုပ်ပေးပါလိမ့်မယ်။
ဆေးအာနိသင်ပြည့်ပြည့်ဝဝရဖို့အတွက် Cold chain ကို သေချာဂရုစိုက်ဖို့ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။