backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sodium Nitrite ကို အသက်အန္တရယ်ထိခိုက်နိုင်သော ဆိုင်ယာနိုက်အဆိပ်သင့်နေသူများတွင် sodium thiosulfate နှင့် တွဲပြီး ဖြေဆေးအနေနှင့် ပေးပါသည်။

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Sodium Nitrite ကို ဆိုင်ယာနိုက်အဆိပ်သင့်ချိန်တွင် သိသိချင်း ဆရာဝန်သည် ဆေးကို လျှင်မြန်စွာ အကြောထဲသို့ ထိုးသွင်းရမည်ဖြစ်ပါသည်။

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Sodium Nitrite ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sodium Nitrite ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Sodium Nitrite ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Sodium Nitrite ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Sodium Nitrite ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Sodium Nitrite ကိုအသုံးမပြုခင်မှာ အောက်ပါအချက်များကို သိထားသင့်ပါသည်။

  • Sodium Nitrite သည် သွေးပေါင်ကျခြင်း၊ သွေးဥများမူမမှန်ဖြစ်ခြင်းကြောင့် သွေးအားနည်းခြင်း နှင့် သတ်မှတ်ထားသော ပမာဏထက် နှစ်ဆကျော်လွန်ပါက သေဆုံးခြင်းများဖြစ်တတ်ပါသည်။
  • ထို့ကြောင့် Sodium Nitrite ကို သွေးအားနည်းရောဂါရှိသူများတွင် သတိနှင့်အသုံးပြုသင့်ပါသည်။
  • ထို့ပြင် Sodium Nitrite သည် ဆေးလိပ်ငွေ့များကြောင့် အသက်ရှုလမ်းကြောင်းထိခိုက်ခြင်းဖြစ်သူများ နှင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သူများတွင် သွေးထဲရှိအောက်ဆီဂျင်ပမာဏကို ပိုနည်းသွားစေတတ်သောကြောင့် သတိနှင့်အသုံးပြုသင့်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Sodium Nitrite ၏ဘေးထွက် ဆိုးကျိုးအချို့မှာ

  • နှလုံးသွေးလည်ပတ်မှုဆိုင်ရာ ပြသနာများ (မူးလဲခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးနီဥများမူမမှန်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း)
  • သွေးနီဥများမူမမှန်ခြင်းကြောင့် သွေးအားနည်းခြင်း
  • ဗဟို အာရုံကြောစနစ်ပြသနာများ (ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်စိအမြင်းမှုန်ဝါးခြင်း၊ စိတ်အာရုံရှုတ်ထွေးခြင်း၊ သတိလစ်ခြင်း)
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြသနာများ (ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း)
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများ (မောပန်းခြင်း၊ အသက်ရှုမြန်ခြင်း)
  • စိုးရိမ်စိတ်များခြင်း၊ ချွေးထွက်များခြင်း၊ ခေါင်းမူးခြင်း၊ ဆေးထိုးထားသည့်နေရာတွင် ထုံကျဉ်ခြင်း၊ ပြာနှမ်းလာခြင်း၊ ကိုယ်ထဲတွင် အက်ဆစ်ဓါတ်များများခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နွမ်းနယ်ခြင်း၊ အင်ပြင်များထခြင်း၊ တကိုယ်လုံး ထုံကျဉ်ခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sodium Nitrite ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) နဲ့ ဓါတ်ပြုနိုင်သလား

Sodium Nitrite က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sodium Nitrite ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Sodium Nitrite ကို သတ်မှတ်ထားသော ပမာဏမှာ 2.5 to 5 ml/minute နှုန်းနှင့် ထိုးနိုင်သော ပမာဏ 10 ml ဖြစ်ပါသည်။

ကလေးတွေအတွက် Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Sodium Nitrite 0.2 ml/kg (6 mg/kg or 6-8 ml/m2BSA)ကို သတ်မှတ်ထားသော ပမာဏမှာ 2.5 to 5 ml/minute နှုန်းနှင့် ထိုးနိုင်သော ပမာဏအများဆုံး 10 ml ဖြစ်ပါသည်။

Sodium Nitrite (ဆိုဒီယမ် နိုက်ထရိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Sodium Nitrite ကိထိုးဆေးတဗူးလျှင် USP 300 mg/10ml (30 mg/ml)ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sodium Nitrite ကို လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးထိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement