လူ ၅ ယောက်မှာ ၁ ယောက်လောက်က သံဓာတ်အားနည်နေတတ်ပါတယ်။
ဘယ်သူတွေ သံဓာတ် အားဖြည့်ဆေး သောက်ဖို့လိုမလဲ …………..
နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ် ပါတယ်ဆိုပေမယ့် အခုလို အခြေအနေမျိုးဆိုရင်တော့ သံဓာတ်အားဖြည့်ဆေးသောက်တာက အကောင်းဆုံး ဖြစ်မှာပါ။
ကိုယ်ဝန်ဆောင် မိခင်
အမျိုးသမီးတစ်ယောက် အနေနဲ့ တစ်နေ့ကို သံဓာတ် ၁၅ မီလီဂရမ် ကနေ ၁၈ မီလီဂရမ်အထိ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက်က သိသိသာသာ မြင့်တက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို သံဓာတ် ၂၇ မီလီဂရမ် လိုအပ်မှာပါ။
ဒီလောက်ပမာဏကို အစားအသောက်ကနေ ရနိုင်ဖို့က မလွယ်ကူပါဘူး။ ဒီတော့ အကောင်းဆုံးနည်းလမ်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် သံဒာတ် အားဖြည့်ဆေးကို သောက်သုံးတာပါ။
နို့တိုက် မိခင်
ဘေဘီလေးတွေဟာ ဗိုက်ထဲမှာ ရှိစဉ်ကတည်းကမေမေ့ဆီကနေ သံဓာတ်ကို ရယူခဲ့တာဖြစ်သလို နို့စို့နေရချိန်မှာလည်း မေမေ့ဆီ ကနေပဲ သံဓာတ်ကို ရယူမှာပါ။
ကလေးက ၆ လလောက်မှ အစားစစားမှာဆိုတော့ ၆ လမတိုင်ခင်က မေမေ့ဆီကနေပဲ အားကိုးရမှာပါ။ ဒီတော့ အကောင်းဆုံးက မေမေက သံဓာတ်ပြည့်ဝအောင် နေဖို့ပါ။ ဒါကြောင့် နို့တိုက်နေရချိန်မှာ မေမေ့အနေနဲ့ သံဓာတ်အားဖြည့်ဆေး သောက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။