backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင်သည် Sodium chlorideနှင့် ဓါတ်မတည့်လျှင် သို့မဟုတ် သွေးထဲဝင် ဆိုဒီယမ်ဓါတ်များနေလျှင် Sodium chloride ကို အသုံးမပြုသင့်ပါ။ Sodium chloride သည် မြိုချမိလျှင်အန္တရာယ် ရှိပါသည်။ အကယ်၍ သင်သည် Sodium chloride ကို မတော်တဆ သောက်လိုက်မိပါက နီးစပ်ရာ အရေးပေါ်ဌာနသို့ အမြန်သွားရောက် ပြသပါ။Sodium chloride ကိုအန္တရာယ် ကင်းစွာ အသုံးပြုနိုင်စေရန်အတွက် သင့်ထံတွင် အောက်ပါကျန်းမာရေးအခြေအနေများရှိနေပါက သင့်ဆရာဝန်ကို သေချာစွာ အသိပေးပါ။

—>သွေးတိုးခြင်း

—>ကျောက်ကပ်ရောဂါ

—>အသည်းရောဂါ (အထူးသဖြင့် အသည်းခြောက်ရောဂါ)

—>အဆုတ်ရေဝင်ခြင်း

—>ခြေထောက်ဖောယောင်ခြင်း

—>Congestive heart failure

—>ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း (ကိုယ်ဝန်ဆိပ်တက်ခြင်း ဟုလည်းခေါ်သည်)

—>မည်သည့် အစားအစာ သို့မဟုတ် ဆေးနှင့် ဖြစ်စေ ဓါတ်မတည့်မှုရှိလျှင်

—>ဆားဓါတ်နည်းသော အစားအသောက်များကို နေ့စဉ်စားသောက်နေလျှင်

အကယ်၍သင်သည် ဗိုက်အောင့်ခြင်း၊ပျို့ခြင်း၊အန်ခြင်း သို့မဟုတ် ခြေလက်ဖောယောင်ခြင်းများ ဖြစ်ပေါ်လာပါက Sodium chloride အသုံးပြုခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး ဆရာဝန်ကို အကြောင်းကြားပါ။

ထို့အပြင် Sodium chloride ကို သုံးစွဲနေသော်လည်း ရောဂါလက္ခဏာများ မသက်သာခြင်း သို့မဟုတ် ပိုဆိုးရွားခြင်းတို့ ဖြစ်ပေါ်လာပါက ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Sodium chlorideကို အသုံးပြုခြင်းအားဖြင့် အောက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။

—>ဓါတ်မတည့်ခြင်း

—>ပျို့အန်ခြင်း

—>ဗိုက်အောင့်၊ဗိုက်နာခြင်း

—>ခြေလက်များ ဖောယောင်လာခြင်း

(ယေဘူယျအသိပေးချက် ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sodium chloride သည် lithium, tolvaptanစသော ဆေးများနှင့် ဓါတ်ပြုကာ ဆေး၏ အာနိသင်ကို ထိခိုက်စေကာ ဘေးထွက်ဆိုးကျိုးများကို လည်း ပိုမိုဆိုးစေနိုင်ပါသည်။

(ယေဘူယျအသိပေးချက် – Sodium chloride ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) နဲ့ ဓါတ်ပြုနိုင်သလား

(ယေဘူယျအသိပေးချက် – Sodium chloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

(ယေဘူယျအသိပေးချက် -Sodium chloride ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ }

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်ဆေးပြား ။ ။ တနေ့လျှင် တပြား

အခြားသော ပုံစံများ၏ ဆေးပမာဏအချိုးအစားမှာ လူနာ၏အသက်၊ကိုယ်အလေးချိန်၊ကျန်းမာရေးအခြေအနေ နှင့် ဆေးအပေါ်တုန့်ပြန်မှုတို့အပေါ် မူတည်ပါသည်။

ကလေးတွေအတွက် Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Sodium Chloride (ဆိုဒီယမ် ကလိုရိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Sodium chloride ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Sodium chloride အကြောသွင်းဆေး 0.3%,0.45%,0.9%,3%,20%

Sodium chloride 0.9% ရှုဆေး

Sodium chloride 0.9% မျက်စဉ်းဆေး

Sodium chloride ဆေးပြား ၆၅၀မီလီဂရမ်၊ ၁ ဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

(ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

(ယေဘူယျအသိပေးချက် – Sodium chloride ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement