Hello Health Group - ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

အသုံးပြုသူများလိုက်နာရန် စည်းမျဉ်းများ

ယခု ဝဘ်ဆိုက်အား အသုံးမပြုမီ လိုက်နာရန်စည်းမျဉ်းများကို ကျေးဇူးပြု၍ သေချာစွာဖတ်ရှုပါရန် ပန်ကြားပါသည်။

ယခု ဝဘ်ဆိုက်အား အသုံးမပြုမီ သင်သည် အသုံးပြုသူများလိုက်နာရန် စည်းမျဉ်းများကို သဘောတူရပါမည်။ အကယ်၍ စည်းမျဉ်းအားလုံးကို သဘောတူလက်ခံနိုင်ခြင်းမရှိပါက အသုံးမပြုပါနှင့်။

Hello Health Groupဂရုနှင့် ၎င်းလက်အောက်ခံလုပ်ငန်းများရှိ ဝဘ်ဆိုက်များ၏ စဉ်းမျဉ်းများကို Hello Health Groupကုမ္ပဏီသည် အချိန်မရွေး ပြင်ဆင်ခြင်းနှင့် ထပ်တိုးခြင်းများပြုလုပ်ခွင့်ရှိသည်။ Hello Health Groupဝဘ်ဆိုက်များ ( Hello Health Group ဝဘ်ဆိုက် သို့မဟုတ် လက်အောက်ခံဝဘ်ဆိုက်) ကို အစဉ်တစိုက် အသုံးပြုခဲ့သည့်သင်သည် ထိုပြောင်းလဲမှုများကို လက်ခံသည်ဟု မှတ်ယူပါမည်။

မာတိကာ

 Hello Health Groupနှင့် မသက်ဆိုင်ကြောင်း ဖော်ပြချက်

ကလေးသူငယ်မူဝါဒ

စာမူများ အသုံးပြုမှု

Hello Health Groupနှင့် လိုင်စင်ရသူများ၏ တာဝန်ရှိမှု

အသုံးပြုသူများ၏ အဆိုပြုချက်များ

ကြော်ငြာထည့်သွင်းခြင်း၊ အခြားဆိုက်များသို့ ရှာဖွေခြင်းနှင့် ချိတ်ဆက်ခြင်း

လျော်ကြေးငွေ

စီရင်ပိုင်ခွင့်

အကြောင်းကြားခြင်း၊ ဖြုတ်ချခြင်းနှင့် မူပိုင်ခွင့်

သဘောတူညီမှုရယူခြင်း

 

  • Hello Health Groupနှင့် မသက်ဆိုင်ကြောင်း ဖော်ပြချက်

Hello Health Groupဝဘ်ဆိုက်မှ စကားလုံး၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ သတင်းအချက်အလက်များနှင့် ဝဘ်ဆိုက်ပေါ်ရှိ အခြားသော အကြောင်းအရာများသည် သတင်းအချက်အလက် ပံ့ပိုးခြင်းဟူသော ရည်ရွယ်ချက်မျှသာ ဖြစ်သည်။ အဆိုပါ အကြောင်းအရာများသည် ဆေးပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းစသည်တို့ကို အစားထိုး အသုံးပြုရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ သင့်ကျန်းမာရေးအတွက် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူများကိုသာ အမြဲ တိုင်ပင်ဆွေးနွေးပါ။  Hello Health Groupဝဘ်ဆိုက်မှဖတ်ရသော အချက်အလက် တစ်စုံတစ်ရာကြောင့် ဆေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုအား နှောင့်နှေးခြင်းနှင့် အကြံဉာဏ်များကို အလေးမထားမိခြင်း မရှိစေရပါ။

Hello Health Groupနှင့် ၎င်း၏ ဝဘ်ဆိုက်များသည် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် အကြံဉာဏ်ပေးခြင်းများ မပြုလုပ်ပါ။

အကယ်၍ သင်၌ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လျှင် သင့်ဆရာဝန် သို့မဟုတ် အရေးပေါ်ဌာနသို့ ချက်ချင်း ဆက်သွယ်ပါ။ Hello Health Groupသည် ဝဘ်ဆိုက်တွင် ရေးသားဖော်ပြထားသော မည်သည့် ဆရာဝန်၊ စစ်ဆေးမှု၊ ထုတ်ကုန်၊ နည်းလမ်း၊ ဆေးဝါးနှင့် အခြားအချက်အလက်များကို ထောက်ခံခြင်း သို့မဟုတ် ရည်ညွှန်းခြင်း မပြုပါ။ Hello Health Groupတွင် ဖော်ပြထားသော အချက်အလက်များကိုဖြစ်စေ၊ Hello Health Group၏ ဝန်ထမ်းများနှင့် Hello Health Groupဂရုမှ ဖိတ်ကြားသော အခြားဧည့်သည်တော်များမှ ပံ့ပိုးထားသော အချက်အလက်များကိုဖြစ်စေ အားကိုးဆုံးဖြတ်ခြင်းသည် လွဲမှားမှုများဖြစ်ပေါ်ပါက သင်တစ်ဦးတည်း၏ တာဝန်ရှိမှုသာလျှင်ဖြစ်ပါသည်။

ဤဝဘ်ဆိုက်တွင် ကျန်းမာရေး သို့မဟုတ် ဆေးပညာနှီးနွယ်သည့် လိင်မှုဆိုင်ရာအကြောင်းအရာများ ထုတ်ဖော် ရေးသားထားပါသည်။ အကယ်၍ ဤအချင်းအရာသည် သင့်အတွက် မသင့်လျော်ဟု ယူဆပါက ကျွန်ုပ်တို့ ဝဘ်ဆိုက်ကို အသုံးပြုချင်မည် မဟုတ်ပါ။

  • ကလေးသူငယ်မူဝါဒ

ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ လျှို့ဝှက်အပ်သော ကိုယ်ရေးကိစ္စများကို ကာကွယ်ပေးရန် ကတိကဝတ် ပြုပါသည်။ ဤဝဘ်ဆိုက်သည် အသက် (၁၃) နှစ်အောက် ကလေးငယ်များကို ဆွဲဆောင်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း သတိပြုစေလိုပါသည်။ ကျွန်ုပ်တို့သည် အသက် (၁၃) နှစ်အောက် ကလေးငယ်ဟု သိရသော တစ်ဉီးတစ်ယောက်ထံမှ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ရယူခြင်း မပြုပါ။

  • စာမူများ အသုံးပြုမှု

Hello Health Groupဝဘ်ဆိုက်တွင် “©2021, Hello Health Group Pte. Ltd. All rights reserved” ဟု မူပိုင်ခွင့် အသိပေးချက် ဖော်ပြပါရှိသော အကြောင်းအရာများကို စီးပွားဖြစ်အသုံးပြုခြင်း မဟုတ်ပါက ဖတ်ရှုခြင်း သို့မဟုတ် ဒေါင်းလော့ချခြင်းကို ခွင့်ပြုပေးပါသည်။ Hello Health Groupဝဘ်ဆိုက်ရှိ ဆော့ဝဲလ်များနှင့် ဝဘ်ဆိုက်၏ မည်သည့်နေရာကမဆိုရနိုင်သော အခြားအရာများ အသုံးပြုခြင်းအတွက်ကိုမူ ယခုစည်းမျဉ်းများကို ရည်ညွှန်းနိုင်ပါသည်။

စာမူ၏ မူပိုင်ခွင့်ကို စင်ကာပူနိုင်ငံနှင့် နိုင်ငံခြားဥပဒေများနှင့် အကာအကွယ်ပြုထားပါသည်။ စာမူသည် Hello Health Groupနှင့် မူပိုင်ခွင့်ရသူများထံသာ ရှိသည်။ ယခုစည်းမျဉ်းများတွင် ဖော်ပြထားသည့်ခွင့်ပြုချက်နှင့်မကိုက်ညီသည့် စာမူအသုံးပြုမှုများသည် စည်းမျဉ်းများ ချိုးဖောက်ခြင်းမည်ပြီး မူပိုင်ခွင့်၊ ကုန်သွယ်မှုအမှတ်အသားနှင့် အခြားသော ဆက်စပ်ဥပဒေများကို ချိုးဖောက်ခြင်းဖြစ် ပါသည်။ စာမူနှင့် အင်္ဂါရပ်များကို Hello Health Groupဂရု၏ အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ကြိုတင် အကြောင်းကြားခြင်း မပြုဘဲ ပြောင်းလဲခြင်း သို့မဟုတ် ရပ်နားခြင်း ပြုလုပ်နိုင်သည်။ ဤစည်းမျဉ်းများတွင် ဖော်ပြမထားသော်လည်း မူပိုင်ခွင့်နှင့်ပတ်သက်သည့် အခွင့်အရေးအားလုံးကို Hello Health Groupနှင့် မူပိုင်ခွင့်ရသူများက ရယူနိုင်သည်။

အကယ်၍ သင်သည် ဤစည်းမျဉ်းများမှ တစ်ခုခုကို ချိုးဖောက်မိပါက စာမူအသုံးပြုခွင့် အလိုအလျောက် ရပ်စဲခံရမည်ဖြစ်ပြီး သင် ကူးယူထားသော စာမူ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ချက်ချင်းဖျက်ဆီးရမည်။

  • Hello Health Groupနှင့် လိုင်စင်ရသူများ၏ တာဝန်ရှိမှု

Hello Health Groupဝဘ်ဆိုက်နှင့် အကြောင်းအရာများကို လွဲမှားစွာအသုံးချခြင်းသည် သင်တစ်ဦးတည်း၏ တာဝန်ရှိမှုဖြစ်သည်။

Hello Health Groupဝဘ်ဆိုက်အသုံးပြုသည့်အခါ သတင်းအချက်အလက်များသည် Hello Health Groupနှင့် ၎င်းအား နည်းပညာပံ့ပိုးသူများ၏ စီရင်ပိုင်ခွင့်နှင့် ထိန်းချုပ်မှု မသက်ရောက်နိုင်သော ကြားခံနယ်ပယ်မှတဆင့် စီးဆင်းခြင်း ဖြစ်သည်။ သို့ဖြစ်၍ Hello Health Groupဂရုဝဘ်ဆိုက် အသုံးပြုခြင်းနှင့် ပတ်သက်၍ သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်း၊  ပြတ်တောက်ခြင်းနှင့် ပျောက်ဆုံးခြင်းများသည် Hello Health Groupတွင် တာဝန်မရှိဟု မှတ်ယူရပါမည်။

Hello Health Groupဝဘ်ဆိုက်နှင့် ဖော်ပြချက်များသည် အကြောင်းအရာ၏ သဘောသဘာဝကို “ဖြစ်သည့်အတိုင်း” ဖော်ပြချက်များ ဖြစ်သည်။ Hello Health Group၊ နည်းပညာ မူပိုင်သူများ၊ နည်းပညာပံ့ပိုးပေးသူများသည် ကုန်သွယ်မှုနှင့် ပတ်သက်သည့်အာမခံချက်များနှင့် Third Parties အခွင့်အရေးများကို မချိုးဖောက်စေဘဲ ဥပဒေအရ အကျုံးဝင်သော အာမခံမှုအားလုံးကို (ဖော်ထုတ်ပြသထားသည်ဖြစ်စေ သို့မဟုတ် လိုက်နာခြင်း ဖြစ်စေ၊ ဖော်ပြချက် သို့မဟုတ် အခြားနည်းလမ်းများဖြင့်ဖြစ်စေ) ပေးရန် ငြင်းဆိုပါသည်။ မည်သည့်အခြေအနေမျိုးတွင်မဆို Hello Health Groupဂရု၊ နည်းပညာ မူပိုင်သူများ၊ နည်းပညာပံ့ပိုးပေးသူများသည် အောက်ဖော်ပြပါ အကြောင်းအရာများကို ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံမှုပေးခြင်းများမပြုပါ။

  • Hello Health Groupဝဘ်ဆိုက်နှင့် Hello Health Groupတွင်ဖော်ပြထားသော ဆက်သွယ်မှုများ၊ links များ၊ စာသား၊ ရုပ်ပုံများ၊ Software နှင့် အကြောင်းအရာများ၏ တိကျမှု၊ မှန်ကန်မှု၊ ပြီးပြည့်စုံမှုနှင့် လက်တလော အကြောင်းအရာဖြစ်မှု၊
  • Hello Health Groupဝဘ်ဆိုက်ရှိ အကြောင်းအရာများနှင့် စပ်လျင်း၍ အသုံးပြုသော Software များသည် တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု သို့မဟုတ် တည်ဆဲဥပဒေများအရ ခွင့်ပြုမှုနှင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ၏ ဖော်ပြရေးသားချက်များသည် တည်ဆဲဥပဒေများနှင့်အညီ  ပြည့်စုံကျေနပ်စေနိုင်မှု။

 

Hello Health Groupဝဘ်ဆိုက် သို့မဟုတ် စာမူများအား အသုံးပြုခြင်း သို့မဟုတ် အသုံးပြု၍ မရနိုင်ခြင်းတို့ကြောင့် ဖြစ်ပေါ်သော ထိခိုက်ခံစားရမှု/သေဆုံးမှု၊ စီးပွားလုပ်ငန်းများ ပြတ်တောက်ခြင်း သို့မဟုတ် အချက်အလက်များ ပျောက်ဆုံးခြင်းမှဖြစ်သော ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခြင်းကိုဖြစ်စေ၊ အကျိုးဆက်ကိုဖြစ်စေ၊ အာမခံမှု၊ စာချုပ်စာတမ်း သို့မဟုတ် မည်သည့် ဥပဒေနည်းလမ်းများအရ အခြေခံထားသည် ဖြစ်စေ၊ Hello Health Groupဝဘ်ဆိုက်တွင် ဖော်ပြထားသော Hello Health Groupဂရု၊ နည်းပညာ မူပိုင်သူများ၊ နည်းပညာပံ့ပိုးပေးသူများ သို့မဟုတ်  မိမိတို့နှင့် ဆက်စပ်နေသည့် တတိယအဖွဲ့အစည်းများ၏ အကြံပြုချက်များမှ ဆုံးရှုံးနိုင်ခြေများဖြစ်ပေါ်နိုင်သည်ဖြစ်စေ၊  Hello Health Group၊ နည်းပညာ မူပိုင်သူများ၊ နည်းပညာ ပံ့ပိုးပေးသူများ သို့မဟုတ်  မိမိတို့နှင့် ဆက်စပ်နေသည့် တတိယအဖွဲ့အစည်းများသည် ထိုကိစ္စရပ်များအတွက် တာဝန် မရှိပါ။

Hello Health Group၊ နည်းပညာ မူပိုင်သူများ၊ နည်းပညာပံ့ပိုးပေးသူများနှင့် ဆက်စပ်နေသော တတိယအဖွဲ့အစည်းများသည် စင်ကာပူ ဒေါ်လာ ၁၀,၀၀၀ ထက်မပိုသော သင်၏ အမှန်တကယ်ဆုံးရှုံးနစ်နာမှုကိုသာ တာဝန်ယူမည်ဖြစ်သည်။  Hello Health Group၊ နည်းပညာ မူပိုင်သူများ၊ နည်းပညာပံ့ပိုးပေးသူများနှင့် ဆက်စပ်နေသော တတိယအဖွဲ့အစည်းများသည် ဝဘ်ဆိုက် သို့မဟုတ် ဖော်ပြသည့်အကြောင်းအရာကို အသုံးပြုခြင်း သို့မဟုတ် လွဲမှားစွာ အသုံးပြုခြင်းကြောင့် ဖြစ်သော မည်သည့် ဘေးအန္တရာယ် ( သေဆုံးမှုအပါအဝင် ) ဖြစ်ခြင်းကိုမျှ တာဝန်မရှိပါ။ ဝဘ်ဆိုက် သို့မဟုတ် ဖော်ပြသည့်အကြောင်းအရာနှင့် စပ်လျင်း၍ ပေါ်ပေါက်ခဲ့သော ဆုံးရှုံးမှုများအတွက် တောင်းဆိုမှုများသည် ဖြစ်ပွားခဲ့သည့်နေ့မှစ၍ တစ်နှစ်တာကာလအတွင်းသာ အကျုံးဝင်သည်။ သို့သော် ယခုဖော်ပြပါ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းမှ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် Hello Health Groupတွင် တာဝန်မရှိပါ။

  • ကြော်ငြာထည့်သွင်းခြင်း၊ အခြားဆိုက်များသို့ ရှာဖွေခြင်းနှင့် ချိတ်ဆက်ခြင်း

Hello Health Groupတွင် လုပ်ငန်းဆောင်ရွက်မှုအရ စပ်ဆက်နေသော တတိယအဖွဲ့အစည်းများ၏ ဝဘ်ဆိုက်များနှင့် ချိတ်ဆက် ဖော်ပြခြင်းများရှိနိုင်ပါသည်။ စပွန်ဆာပေးသော အကြောင်းအရာများတွင်ဖြစ်စေ၊ ကြော်ငြာရန်ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ကြော်ငြာထည့်သွင်းသောလုပ်ငန်းများအတွက် ရွေးချယ်ဖော်ပြစေလိုသော ဝဘ်ဆိုက်များသို့ သုံးစွဲသူများအား ရောက်ရှိစေရန် Hello Health Groupက ခွင့်ပြုပေးခြင်းများ ပြုလုပ်ပါသည်။ သို့သော် Hello Health Groupဂရုက တတိယ အဖွဲ့အစည်းများ၏ ဝဘ်ဆိုက်များရှိ စာစဉ်များကို ထောက်ခံချက်ပေးခြင်း၊ ကိုယ်စားပြုခြင်း မပြုပါ။ ရှာဖွေမှုရလဒ်အဖြစ် တတိယအဖွဲ့အစည်းများ၏ ဝဘ်ဆိုက်များကို ချိတ်ဆက်ခြင်းသာ ပံ့ပိုးပေးသည့်အတွက် ထိုဝဘ်ဆိုက်များရှိ စာစဉ်များ၏ မှန်ကန်မှုနှင့် အကြောင်းအရာများ အတွက် Hello Health Groupမှ တာဝန်ခံခြင်း မပြုပါ။ ၎င်းဝဘ်ဆိုက်များ အသုံးပြုခြင်းအတွက် အဆိုပါဝဘ်ဆိုက်၏ အသုံးပြုမှုစည်းမျဉ်းများကို ရည်ညွှန်းရမည်ဖြစ်ပြီး ဆုံးရှုံးနိုင်ခြေသည် သင်၏တာဝန်မျှသာ ဖြစ်သည်။ Hello Health Groupသည် မိမိတို့ ဝဘ်ဆိုက်တွင် ကြော်ငြာထားသော မည်သည့်ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် ကုထုံးကိုမျှ ထောက်ခံရည်ညွှန်းခြင်း မပြုပါ။ ကြော်ငြာခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ ကြော်ငြာခြင်းဆိုင်ရာမူဝါဒနှင့် စပွန်ဆာဆိုင်ရာမူဝါဒကို ဖတ်ရှုပါ။

  • လျော်ကြေးငွေ

ဤစည်းမျဉ်းများ ချိုးဖောက်ခြင်းကြောင့်ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးငွေတောင်းခံခြင်း၊ တရားစွဲဆိုခြင်း၊ ဖြစ်ပွားပါက Hello Health Groupကုမ္ပဏီ၊ Hello Health Group၏ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ လိုင်စင်ရသူများ၊ အကြောင်းအရာနှင့် နည်းပညာပံ့ပိုးသူများသည် သင့်တင့်သော ဥပဒေအကျိုးဆောင်ခ၊ စာရင်းဝန်ဆောင်ခများ အပါအဝင် မည်သည့် တောင်းဆိုမှုများ၊ လုပ်ဆောင်မှု၊ ပေးရန်တာဝန်ရှိမှုနှင့် ပေးချေမှုတို့မှ ကင်းလွတ်နိုင်ရန် သင် သဘောတူရပါမည်။

  • အထွေထွေ

Hello Health Groupဂရုသည် စင်ကာပူနိုင်ငံတွင် အခြေစိုက်ပြီး ၎င်း၏ ရုံးဌာနများကို စင်ကာပူမြို့၊ ဂျကာတာမြို့၊ ကွာလလန်ပူမြို့၊ မနီလာမြို့၊ ထိုင်ပေမြို့၊ မွန်ဘိုင်းမြို့၊ ဖနွိုင်းပင်မြို့၊ ရန်ကုန်မြို့၊ ဘန်ကောက်မြို့နှင့် ဟိုချီမင်းမြို့တို့တွင် ဖွင့်လှစ် ဆောင်ရွက်လျှက်ရှိသည်။

အောက်ဖော်ပြပါ အချက်များသည် ယခုသဘောတူညီချက်များကို အဆုံးသတ် ရပ်စဲစေမည့် ပြဌာန်းချက်များပင် ဖြစ်သည်။

  • စီရင်ပိုင်ခွင့်

Hello Health Groupဝဘ်ဆိုက်ကို အသုံးပြုခြင်းနှင့် စပ်လျင်းသည့် မည်သည့် အငြင်းပွားမှုကိုမဆို စင်ကာပူနိုင်ငံ တရားရုံး၏ စီရင်ပိုင်ခွင့်ဖြင့်သာ ဖြေရှင်းရန် အတိအလျင်း သဘောတူညီရမည်။ ထို့အပြင် Hello Health Group သို့မဟုတ် ၎င်း၏ ကုမ္ပဏီခွဲများ၊ လက်အောက်ခံ ကုမ္ပဏီများ၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အရာရှိနှင့် ဒါရိုက်တာများ၊ နည်းပညာပံ့ပိုးသူများ၊ စာစဉ်ပေးပို့သူများနှင့် သင်၏ အကြားပေါ်ပေါက်သော ငွေကြေးအပါအဝင် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် စင်ကာပူနိုင်ငံ တရားရုံး၏ လုပ်ထုံးလုပ်နည်းများအတိုင်းသာ လုပ်ဆောင်ရန် အတိအလျဉ်း သဘောတူညီရမည်။

ဤစည်းမျဉ်းများသည် မူလဥပေဒများနှင့် အငြင်းပွားဖွယ်မရှိပါက စင်ကာပူနိုင်ငံ၏ ပဋိဉာဉ်ဥပဒေများက လွှမ်းမိုးသည်။ အကယ်၍ ဤစည်းမျဉ်းပါ ပြဌာန်းချက် တစ်စုံတရာသည် စီရင်ပိုင်ခွင့်ရှိသော ခုံရုံးတစ်ခုခုမှ ခိုင်မာမှန်ကန်မှုမရှိဟု တွေ့ရှိပါက ထိုတွေ့ရှိချက်သည် အခြားပြဌာန်းချက်များ၏ ခိုင်မာမှုကို အကျိူးသက်ရောက်ခြင်းမရှိစေရ။  စည်းမျဉ်းတစ်ခုခု၏ ဖြေလျော့ စွန့်လွှတ်မှုသည် အခြားစည်းမျဉ်းများအပေါ် ထပ်မံဖြေလျော့မှုအဖြစ် မှတ်ယူခြင်းမပြုရ။

  • အကြောင်းကြားခြင်း၊ ဖြုတ်ချခြင်းနှင့် မူပိုင်အသုံးပြုခြင်း

အကယ်၍ ဝဘ်ဆိုက်ရှိ အကြောင်းအရာတစ်ခုခုသည် သင် မူပိုင်ခွင့်ရသည့်အရာတစ်ခုနှင့် ညှိစွန်းသည်ဟု ယူဆပါက Hello Health Group၏ မူပိုင်ခွင့်ဆိုင်ရာ အေးဂျင့်ကို အောက်ပါအချက်အလက်များ ပေးပို့ဆက်သွယ်၍ ၎င်းအကြောင်းအရာကို ဝဘ်ဆိုက်မှ ဖယ်ရှားပေးရန် တောင်းဆိုနိုင်သည်။

  • သင်၏ မူပိုင်ခွင့်ရှိသည့်လုပ်ဆောင်မှုကို ရည်ညွှန်းသော အထောက်အထား။ ထိုလုပ်ဆောင်မှုကို သေချာစွာဖော်ပြပြီး မူပိုင်ခွင့်ရထားသော နေရာ (ဥပမာ – URL) ကိုဖော်ပြပေးရန်။
  • သင်၏ မူပိုင်ခွင့်ရှိသည့်အရာ (စာမူ၊ ရုပ်ပုံစသည်) ကို ရည်ညွှန်းသော အထောက်အထား။ ထိုအရာကို သေချာစွာဖော်ပြပြီး ၎င်း၏ URL သို့မဟုတ် အခြားသက်ဆိုင်သည့် အချက်အလက်ကို ဖော်ပြပေးရန်။
  • သင်၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ Email လိပ်စာ (ရှိလျှင်)
  • ထိုအရာကို အသုံးပြုခြင်းအား မူပိုင်ခွင့်ရသော ပိုင်ဆိုင်သူ၊ အေးဂျင့် သို့မဟုတ် ဥပဒေက ခွင့်ပြုထားခြင်းမရှိကြောင်း အကြောင်းကြားစာ
  • သင်သည် မူပိုင်ခွင့်ရှိသူ သို့မဟုတ် ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူဖြစ်ပြီး “နစ်နာကြေး” တောင်းခံနိုင်သည်ဟု သေချာသော အကြောင်းကြားစာ
  • မူပိုင်ခွင့်ရှိသူ သို့မဟုတ် ကိုယ်စားဆောင်ရွက်ခွင့်ရှိသူ၏ လက်မှတ် သို့မဟုတ် Electronic Signature

Hello Health Groupဝဘ်ဆိုက်၏ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များအတွက်  ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကို အောက်ပါအတိုင်း ဆက်သွယ်နိုင်သည်။

Hello Health Group Pte. Ltd.

Attn: Office of Privacy

10 Anson Road

#27-15 International Plaza

Singapore, 079903

Republic of Singapore

မူပိုင်ခွင့်ရှိသူ၏ အခွင့်အရေးကို ကာကွယ်ပေးရန် အလို့ငှာ Hello Health Groupသည် မူပိုင်ခွင့်အား အကြိမ်ကြိမ် ချိုးဖောက်သည့် စာရင်းသွင်း သုံးစွဲသူများနှင့် အကောင့်များကို သင့်လျော်သည့် အခြေအနေတွင် ရပ်စဲသည့် မူဝါဒအား ချမှတ်ထားပါသည်။

  • သဘောတူညီချက်အား ပြီးပြည့်စုံစေခြင်း

Hello Health Groupဂရုဝဘ်ဆိုက်နှင့် စာမူများ အသုံးပြုရာတွင် ဝဘ်ဆိုက်၌ “ဥပဒအရ အကြောင်းကြားခြင်း” ဟု အတိအလျင်း ဖော်ပြထားခြင်းမရှိလျှင် ဤသုံးစွဲသူများလိုက်နာရန် စည်းမျဉ်းများနှင့် အချက်အလက်ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒအား လက်ခံရန် သင်နှင့် Hello Health Groupဂရုကြားတွင် သဘောတူညီမှု ပြုပြီးဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုအတွက် သင့်အား Hello Health Groupဂရုမှ ကျေးဇူးတင်ရှိပါသည်။ Hello Health Groupဂရုဝဘ်ဆိုက်သည် သင့်အတွက် အထောက်အကူပြုပြီး အသုံးပြုရာတွင် လွယ်ကူအဆင်ပြေမည်ဟုမျှော်လင့်ပါသည်။ ဤဝဘ်ဆိုက်နှင့်ပတ်သက်၍ မေးခွန်းများ သို့မဟုတ် မှတ်ချက်များ၊ (အသုံးပြုမရသည့် Link များအပါအဝင်) စာများအား “Contact Us Form” အသုံးပြု၍သော်လည်းကောင်း၊ Hello Health Group Pte. Ltd. Office of Privacy, 10 Anson Road, #27-15 International Plaza 079903, Singapore, Republic of Singapore သို့သော်လည်းကောင်း ပေးပို့နိုင်ပါသည်။

 

This page was last updated on: 7th April 2021