Hello Health Group - ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

၁။ သတင်းအချက်အလက် လုံခြုံစေရေး မူဝါဒဆိုတာ ဘာလဲ၊ မည်သည်တွေကို လုံခြုံမှုရှိစေမှာလဲ။
၂။ မည်သည့် အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုလုပ်ဆောင်သလဲ။
၃။ အချက်အလက်များ စုဆောင်းခြင်းနှင့် သုံးစွဲခြင်း
၄။ ပုဂ္ဂိုလ်ရေး အချက်အလက်များမည်သို့ ဝေမျှသလဲ 
၅။ အသိပေးချက်ပေးပို့၍ ခွင့်ပြုချက်ယူခြင်း 
 ၆။ အကျိုးစီးပွားဆိုင်ရာ ချွင်းချက်ဖြင့် သုံးစွဲခွင့်ရခြင်းပေါ်တွင် မှီတည်မှု
၇။ သင့်ခွင့်ပြုချက်ကို မည်သို့ ရုတ်သိမ်းနိုင်သလဲ
၈။ ပုဂ္ဂိုလ်ရေး အချက်အလက်များအား မည်သို့ ဝင်ရောက် ပြင်ဆင်နိုင်သလဲ
၉။ သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား မည်သို့ ကာကွယ်ထိန်းသိမ်းသလဲ
 ၁၀။ ကိုယ်ရေးအချက်အလက် တိကျမှု
၁၁။ ကိုယ်ရေးအချက်အလက်များကို မည်သို့ ထိန်းသိမ်းထားပါသနည်း။
 ၁၂။ စင်ကာပူနိုင်ငံပြင်ပသို့ ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခြင်း
 ၁၃။ ကျွန်ုပ်တို့၏ Data Protection Officer အချက်အလက်ကာကွယ်ရေး ဝန်ထမ်းထံ ဆက်သွယ်ရန်
၁၄။ ပေါ်လစီ၏ သက်ရောက်မှုနှင့် ပေါ်လစီ အပြောင်းအလဲ
၁၅။ ပေါ်လစီ၏ သက်ရောက်မှုနှင့် ပေါ်လစီ အပြောင်းအလဲ

၁။ သတင်းအချက်အလက် လုံခြုံစေရေး မူဝါဒဆိုတာ ဘာလဲ၊ မည်သည်တွေကို လုံခြုံမှုရှိစေမှာလဲ။

Hello Health Groupသည် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ မည်သို့ အရေးကြီးသည်ကို သိနားလည် ပါသည်။ Hello Health Groupနှင့် (ကျွန်ုပ်တို့၊ ကျွန်ုပ်တို့ကို သို့မဟုတ် ကျွန်ုပ်တို့၏) အဖွဲ့အစည်းများက ဝက်ဘ်ဆိုက်သုံးစွဲသူများ၊ သုံးစွဲနိုင်ချေရှိသူများနှင့် သတင်းအချက်အလက် လုံခြုံစေရေး ဥပဒေအရ သိပိုင်ခွင့်ရှိသော ဝန်ဆောင်မှုအသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းခြင်း၊ အချက်အလက်များအသုံးပြုခြင်း၊ ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် အခြားသော ကိစ္စရပ်များကို ဤသတင်းအချက်အလက် လုံခြုံစေရေး မူဝါဒ (မူဝါဒ) ကို အခြေခံ၍ ပြုလုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် ပတ်သက်သော သင်တို့၏ အခွင့်အရေးကိုလည်း သိစေအပ်ပါသည်။

 ဤမူဝါဒအား ကျွန်ုပ်တို့မှ ပိုင်ဆိုင်သော၊ လုပ်ဆောင်နေသော Website များနှင့် App များနှင့် “ဝန်ဆောင်မှုများ” အဖြစ် ကျွန်ုပ်တို့  Website များနှင့်  App များမှတဆင့်ရယူနိုင်သော ဆောင်ရွက်ချက်များတွင် အချက်အလက်များနှင့် သက်ဆိုင်သည့် အခြေအနေတိုင်းအတွက် ကျင့်သုံးမည်ဖြစ်သည်။

ဤမူဝါဒအား ကျွန်ုပ်တို့ ရယူထားသော သို့မဟုတ် ထိန်းချုပ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် ပတ်သက်သောကိစ္စရပ်များတွင်သာမက ပုဂ္ဂိုလ်ရေးအချက်အလက်များ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် အခြားသော ကိစ္စရပ်များတွင် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်၍ ရယူထားသော အဖွဲ့အစည်းများတွင်လည်း ကျင့်သုံးမည်ဖြစ်သည်။ အစိုးရရုံးဌာနများကိုယ်စား ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် ပတ်သက်သော စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် အခြားသော ကိစ္စရပ်များ ဆောင်ရွက်ကရသည့်အခါ အစိုးရ၏ သတင်းအချက်အလက်စီမံခန့်ခွဲမှု မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီသာ ဖြစ်ပြီး ကျွန်ုပ်တို့က ထိုမူဝါဒများအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်သည်။

ယခုမူဝါဒနှင့် သုံးစွဲမှု သ‌ဘောတူညီချက်များကို သင် ဖတ်ရှုနားလည်သည်ဟု အတည်ပြုပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို သုံးစွဲခြင်းနှင့် သက်ဆိုင်သော စာချုပ်ပါ အချက်များကို သင် သဘောတူသည်ဟု မှတ်ယူပါသည်။ ဤမူဝါဒနှင့်အညီ ပုဂ္ဂိုလ်ရေးအချက်အလက်များ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် အခြားသော ကိစ္စရပ်များအတွက် သင့်ထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟုလည်း အတည်ပြုပါသည်။

၂။ မည်သည့် အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုလုပ်ဆောင်သလဲ။

ဤမူဝါဒတွင်ဖော်ဆိုသည့် “ပုဂ္ဂိုလ်ရေးအချက်အလက်များ” ဆိုသည်မှာ (က) ထိုအချက်အလက်မှ သို့မဟုတ် (ခ) ကျွန်ုပ်တို့ ရယူနိုင်သော သို့မဟုတ် ကျွန်ုပ်တို့တွင် ရှိသော အခြားအချက်အလက်များမှ လူပုဂ္ဂိုလ် တစ်စုံတစ်ဦးဖြစ်သည်ကို ဖော်ပြသော (မှန်ကန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ) အချက်အလက်များကို ဆိုလိုသည်။

သင် အသုံးပြုသည့် ဝန်ဆောင်မှုများကို မူတည်၍ သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ကျွန်ုပ်တို့ စုဆောင်းထားနိုင်ပါသည်။ ဥပမာ _ အမည်၊ မှတ်ပုံတင်နံပါတ်၊  အလုပ်ပါမစ်၊ မွေးနေ့၊ အိမ်လိပ်စာ၊ email လိပ်စာ သို့မဟုတ် ဖုန်းနံပါတ် စသော ဆက်သွယ်ရန် အချက်အလက်များ၊  နိုင်ငံသား၊  အသက်၊  ကျား/မ၊ အိမ်ထောင်ရေး အခြေအနေ၊  ဆေးမှတ်တမ်း၊  ဓာတ်ပုံနှင့် အခြားရုပ်/သံ အချက်အလက်များ၊ အလုပ်အကိုင်၊ အကြွေးကဒ်/ ငွေဖြည့်ကဒ်/ ဘဏ်အကောင့် နံပါတ်များစသည့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ App/ Browser နှင့် လက်ကိုင်ဖုန်း/ကွန်ပျူတာ စသည့် အီလက်ထရောနစ်ပစ္စည်းများ၏ အချက်အလက်များ။

ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ဆောင်မှုရောင်းချသူများနှင့် တတိယ အဖွဲ့အစည်းများမှတဆင့်လည်း ရယူပါသည်။ ထိုအဖွဲ့အစည်းများက သင့်အချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ဝေမျှခြင်းများကို ခွင့်ပြုပေးရန်လည်း လိုအပ်ကြောင်း အချက်အလက်များကို မပေးခင်ကပင် သိစေအပ်ပါသည်။ 

၃။ အချက်အလက်များ စုဆောင်းခြင်းနှင့် သုံးစွဲခြင်း

 ယေဘုယျအားဖြင့် (က) သင် သို့မဟုတ် သင်အား ကိုယ်စားပြုသူထံ (အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့်) အချက်အလက် စုဆောင်းခြင်းကို ၁) အသိ‌ပေးခြင်းနှင့် ၂) ခွင့်ပြုချက်ရယူပြီးနောက် သင် သို့မဟုတ် သင့်ကိုယ်စားလှယ်မှ လိုလားစွာ အချက်အလက်များ စုဆောင်းခွင့်ပြုခြင်း သို့မဟုတ် (ခ) ခွင့်ပြုချက်မလိုဘဲ အချက်အလက်များ စုဆောင်း သုံးစွဲခွင့်ရှိခြင်း သို့မဟုတ် အချက်အလက် ထိန်းသိမ်းခြင်း ဆိုင်ရာ ဥပဒေအရ စုဆောင်းသုံးစွဲရန် လိုအပ်ခြင်း စသော အခြေအနေများ မရှိဘဲ သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ စုဆောင်းခြင်း မပြုပါ။

ကျွန်ုပ်တို့သည် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အောက်ဖော်ပြပါ ကိစ္စရပ်များတွင် အသုံးပြုမည်ဖြစ်သည်။

  • ယခုပေးနေသော ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်နှင့် ဝန်ဆောင်မှုအသစ်များ ဖန်တီးနိုင်ရန်၊
  • ကြော်ြငာပြသမှု အပါအဝင် သင် မြင်တွေ့သမျှ အရာများအား သင့်အတွက် ပိုမိုစိတ်ဝင်စားမှုရှိစေသော အသုံးဝင်မှုရှိစေသော တစ်ဦးချင်းအတွက် အတွေ့အကြုံသစ်များ ဖန်တီးနိုင်ရန်၊
  • Website များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သော သင့်ထံမှ မေးမြန်းမှု၊ တောင်းဆိုချက်၊ အဆင်မပြေမှု၊ သုံးစွဲမှုနှင့် တုံ့ပြန်မှုများကို ကိုင်တွယ်‌ဖြေရှင်းရန်နှင့် ပြန်ကြားဆက်သွယ်ရန်၊
  • သတင်းများ၊ ကြေညာချက်များ၊ အသိပေးချက်များနှင့် အခွင့်အလန်းများ စ‌သော ဝန်ဆောင်မှုများနှင့် ပက်သတ်သည့် သင်၏ စိတ်ဝင်စားမှုများကို ဖော်ပြသော email များ၊ စာတိုများအား သင့်ထံ လုံခြုံစွာ ပေးပို့နိုင်ရန်၊
  • သုံးစွဲသူများ၏ အမူအကျင့်၊ ခေတ်ရေစီးကြောင်းနှင့် Website ၏ မည်သည့် ကဏ္ဍများကို အကြိမ်အရေအတွက် မည်မျှ ဝင်ရောက်ကြည့်ရှုသည်၊ မည်သည့် ဝန်ဆောင်မှုများကို မည်မျှသုံးစွဲသည်၊ email များ မည်မျှ လက်ခံဖတ်ရှုသည် စသော လုပ်ဆောင်မှုများကို စာရင်းဇယားများဖြင့် လေ့လာဆန်းစစ်မှု ပြုနိုင်ရန်၊
  • စိတ်ဝင်စားမှုနှင့် လူမှုဝိသေသများ တူညီမှုများရှိသော သင်နှင့် အခြားသူများကို Websites များနှင့် Apps များ ပေါ်တွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကျွန်ုပ်တို့ လုပ်‌ဆောင်ပေးသော ကြော်ငြာများအပါအဝင် သင်တို့ ပိုမိုစိတ်ဝင်စားမည့် အကြောင်းအရာများအား ပံ့ပိုး‌ပေးရန်၊
  • အလားအလာရှိသော ဖောက်သည်များကို ရှာဖွေခြင်း ( Lead generation )  ဝန်ဆောင်မှုအား ကမ်းလှမ်းနိုင်ရန်၊
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် သုံးစွဲသူများကို လိမ်လည်ခြင်းနှင့် အခြား အန္တရာယ်များမှ ကာကွယ်မှုပေးနိုင်ရန်၊
  • ဝန်ဆောင်မှုနှင့် ပတ်သက်သော ပြသနာများ ဖော်ထုတ်ဖြေရှင်းရန်၊
  • အောက်ဖော်ပြပါ လုပ်ဆောင်ချက်များနှင့် သုတေသနများ ‌ဆောင်ရွက်ရန်၊
  • သင့်အကောင့်နှင့် အမှတ်အသားများကို အတည်ပြုရန်နှင့် စီမံခန့်ခွဲရန်၊
  • စင်္ကာပူနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများတွင်ရှိသော မိတ်ဖက်အဖွဲ့များ၊ ဝန်ဆောင်မှု ပံ့ပိုးသူများ၊ ကိုယ်စားလှယ်များ၊  တတိယအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အစိုးရ နှင့်/သို့မဟုတ် အာဏာပိုင်များသို့ ဖော်ပြပြီးသော လုပ်ဆောင်ချက်များအတွက် အချက်အလက်များ လွဲပြောင်းရန်၊
  • စာပို့ခြင်း၊ Email ပို့ခြင်း၊ ဖုန်းဆက်ခြင်း၊ စာတိုပို့ခြင်းများအပါအဝင် အရောင်းမြှင့်တင်ခြင်း သတင်း အချက်အလက်များ သင့်ထံပေးပို့ရန် သို့မဟုတ် သင် စိတ်ဝင်စားမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှု၊ အစီအစဉ်နှင့် အခြားအ‌ကြောင်းအရာများကို ဥပဒေနှင့်အညီ အကြောင်းကြား ဆက်သွယ်ရန်၊
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို မည်သို့ သုံးစွဲသည် ကဲ့သို့သော အကြောင်းအရာများကို သုသေသန ပြုရာတွင် သင့်အား ပါဝင်စေရန်၊
  • သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးများ၊ လမ်းညွှန်ချက်များ သို့မဟုတ် စည်းမျဉ်းများကိုလိုက်နာရန် သို့မဟုတ် အစိုးရ သို့မဟုတ် အာဏာပိုင်များက စုံစမ်းမှုများအား ကူညီရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရေး ကူညီဆောင်ရွက်ရန်၊
  • Website/ Apps သို့ သင် အချက်အလက်ပေး၍ ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ရန်၊
  • အထက်ဖော်ပြပါများနှင့် သက်ဆိုင်သော ကိစ္စရပ်များ ဆောင်ရွက်ရန်၊

ဥပဒေအရ အခွင့်ရှိသည်မှ လွဲ၍ အထက်ဖော်ပြပါ ရည်ရွယ်ချက်များ မဟုတ်ဘဲ သင့် အချက်အလက်များ ကို အသုံးပြုမည်ဆိုပါက အသုံးမပြုမီ သင့်ထံမှ ခွင့်ပြုချက် ရယူမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ Websites / Apps များ ဆက်လက်သုံးစွဲခြင်းမရှိတော့လျင်လည်း သင့် အချက်အလက်များအား ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် သုံးစွဲခွင့်ပြုထားသည်ကို ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ခြင်းမရှိက အချိန်ကာလတစ်ခုအထိ အထက်ပါ ကိစ္စရပ်များတွင် သုံးစွဲခွင့်ရှိနေမည် ဖြစ်သည်။

ဤမူဝါဒတွင်ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့သည် သင့် ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် ဝန်ဆောင်မှုကို အသုံးပြုခြင်းမှ စုဆောင်းထားသော အခြားအချက်အလက်များနှင့် ပြင်ပမှ ထပ်ဆောင်း အချက်အလက်များကို ပူး‌ပေါင်းနိုင်သည်။ ဥပမာ – စုဆောင်းထားသော သင့် အချက်အလက်များကို Websites တွင် ဖော်ပြထားသော အကြောင်းအရာများ၊ ကြော်ငြာများ သို့မဟုတ် အစီအစဉ်များ၏ ထိရောက်ကောင်းမွန်မှုအား တိုင်းတားခြင်းစသော သုတေသနနှင့် တိုင်းတာမှုများ ပြုရန် တတိယအဖွဲ့အစည်းထံမှ ရရှိသော အချက်အလက်များကို ပူးပေါင်းခြင်းမျိုးဖြစ်သည်။ ကျွန်ုပ်တို့သည်  Websites သုံးစွဲသူတစ်ဦးချင်းကို ပြန်လည်အတည်ပြုရန် မဖြစ်နိုင်သော စုစည်းထားသည့် အချက်အလက်များအား ကျွန်ုပ်တို့၏ ယခုလက်ရှိ သို့မဟုတ် အလားအလာရှိသော ကြော်ငြာထည့်သွင်းသူများနှင့် အခြားလုပ်ငန်းမိတ်ဖက်များထံ အစီရင်ခံ ပေးပို့နိုင်သည်။

သင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကျွန်ုပ်တို့မည်သို့ စုဆောင်း၍ အသုံးပြုသည်ဟူသော ဥပမာအချို့ကို ကြည့်ရှုနိုင်သည်။

စာရင်းသွင်းခြင်း

စာရင်းသွင်းခြင်း မပြုဘဲ ဝန်ဆောင်မှုများကို အသုံးပြုနိုင်သော်လည်း အချို့သော ဝန်ဆောင်မှုများမှာ စာရင်းသွင်းမှသာ သူ၏ လုပ်ဆောင်မှုများ ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုဝန်‌ဆောင်မှုများကို ရယူနိုင်ရန် စာရင်းသွင်းခြင်း သို့မဟုတ် ရှိပြီးသား အကောင့်အား အချက်အလက်များ ထည့်သွင်းရန် သင် ရွေးချယ်ပါက သင့် အမည်၊ နေရိပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ကျား/မ၊ email လိပ်စာ၊ မွေးနေ့နှင့် သုံးစွဲသူနာမည်နှင့် လျို့ဝှက်နံပါတ်စသည့်  ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပေးရမည်ဖြစ်သည်။ သင်ပေးသော အချက်အလက်များ မှန်ကန်သည်ကို သေချာစေရန် သင့်တွင်တာဝန်ရှိသည်။

အပြန်အလှန် ဆက်သွယ်သည့် ဝန်ဆောင်မှုများ

“Hello Doctor Symptom Checker- ဟယ်လိုဆရာဝန် ရောဂါလက္ခဏာများ စစ်ဆေးခြင်း” ကဲ့သို့ အချို့သော ဝန်ဆောင်မှုများမှာ သင် ပါဝင်လုပ်ဆောင်ရမည့်ဝန်ဆောင်မှုမျိုးဖြစ်ပြီး အသက်နှင့် ကျား/မ စသော အချက်များနှင့် အတူ ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များကို တောင်းဆိုခံရမည်ဖြစ်သည်။ ထို့အပြင် ၎င်းဝန်‌ဆောင်မှုကို အသုံးပြုရန် စာရင်းသွင်းရမည်ဖြစ်ပြီး စာရင်းသွင်းအချက်အလက်များနှင့် Symptom Checker အတွက် သင် တင်သွင်းသော အချက်အလက်များကို ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

အီးမေးစာစောင်များ

ကျွန်ုပ်တို့ Website တွင် စာရင်းသွင်းခြင်းနှင့် အသုံးပြုချိန်များတွင် ကျွန်ုပ်တို့ထံမှ ဖြစ်စေ၊ တတိယအဖွဲ့အစည်းများမှ ဖြစ်စေ ကျန်းမာရေးကိစ္စတစ်ခုခုနှင့်သက်ဆိုင်သော စာစောင်ကဲ့သို့သော သတင်း/အရောင်းမြှင့်တင်ရေး စာစောင်များ ‌လက်ခံခြင်းအတွက် သင့်အချက်အလက်များ ပေးရန် ရွေးချယ်မှု ပြုနိုင်သည်။ ကျွန်ုပ်တို့နှင့် ပူးပေါင်းလုပ်ဆောင်သော တတိယအဖွဲ့အစည်း၏ Website အသုံးပြုသူများကိုလည်း စာစောင်များ ရယူနိုင်ရန် အခွင့်အလန်းများ အလျင်းသင့်သလို ပေးထားပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ စာစောင်များ ရယူရန် တတိယ အဖွဲ့အစည်း၏ Websites များမှ တဆင့် စာရင်းပေးပါက ၎င်း Website မှ စာစောင် တောင်းဆိုခြင်းနှင့် စပ်လျင်းသော သင့်အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးပို့မည်ဖြစ်ပြီး ရရှိသော အချက်အလက်များကို ဤမူဝါဒနှင့် အညီ အသုံးပြုမည်ဖြစ်သည်။ သင် ဖန်တီးသော သို့မဟုတ် ပါဝင်ဆွေးနွေးသော Post များအတွက် email အသိပေးချက်အား ဖွင့်ထားပါက ၎င်း Post တွင် တုံ့ပြန်မှုရှိသည့်အခါတိုင်း သင့်ထံ Email ရောက်ရှိမည်ဖြစ်သည်။ ထိုသို့ပေးပို့သည့် အသိပေး email များ လက်ခံလိုခြင်းမရှိတော့ပါက သင့် profile settings ရှိ email alerts section သို့ဝင်၍ အသိပေးချက်အား ပိတ်နိုင်သည်။

ဈေးကွက် သုတေသနပြုခြင်း

Email ပေးပို့၍ဖြစ်စေ၊  Website တွင် စစ်တမ်း‌ဖော်ပြ၍ ဖြစ်စေ၊ Online အစုအဖွဲ့များမှ ဖြစ်စေ၊ ကျွန်ုပ်တို့နှင့် တတိယအဖွဲ့အစည်းများ ကိုယ်စားပြု၍ Online သုတေသန စစ်တမ်းများကို အလျင်းသင့်သလို ကောက်ခံပါသည်။ စစ်တမ်းများတွင် ပါဝင်သည့်အခါ သင့်နေရပ်၊ အသက် စသည်တို့ပေးရန် လိုအပ်ပြီး ကံစမ်းမဲပါသည့် စစ်တမ်း ကောက်ယူခြင်းများတွင် ကံစမ်းမဲအစီအစဉ်အတွက် သင့်အမည်၊  ဆက်သွယ်ရန် အချက်အလက်များပါ ကောက်ယူလေ့ရှိသည်။ ကောက်ယူထားသော သင့် အချက်အလက်များကို Websites တွင် ဖော်ပြထားသော အကြောင်းအရာများ၊ ကြော်ငြာများ သို့မဟုတ် အစီအစဉ်များ၏ ထိရောက်ကောင်းမွန်မှုအား တိုင်းတားရန် စသော သုတေသနနှင့် တိုင်းတာမှုများနှင့် အောက်ဖော်ပြပါ အချက်များအတွက် အသုံးပြုနိုင်သည်။ သို့သော် ကံစမ်းမဲအစီအစဉ်အတွက် သင်ပေးသော အချက်အလက်များကိုမူ ကံစမ်းမဲနှင့် ဥပဒေအရ လိုအပ်သော ကိစ္စရပ်များ အတွက်သာ အသုံးပြုသည်။ ဈေးကွက် သုတေသန စစ်တမ်းများတွင် ယခုမူဝါဒကို ဖတ်ရှုနိုင်သည့် ချိတ်ဆက် စာတန်းတစ်ခုလည်း ထည့်သွင်းထားသည်။

သုံးစွဲသူများ၏ အတွေးအမြင်ကဏ္ဍ၊ သတင်းစကားလက်ခံနေရာနှင့် အခြားဆွေးနွေးရန် နေရာများ

ကျွန်ုပ်တို့၏ Websites များတွင် သင့်အတွေးအမြင်များကို တင်ပြနိုင်သော၊ အချက်အလက်ဝေမျှနိုင်သော၊ တစ်ဦးနှင့်တစ်ဦး အားပေးနိုင်သော သို့မဟုတ် ကျွမ်းကျင်သူများအား မေးခွန်းပေးပို့‌မေးနိုင်သော သတင်းစကားလက်ခံရာ နေရာများနှင့် ဆွေးနွေးရန် နေရာများစွာ ထည့်သွင်းထားပါသည်။ ထို့အပြင် ကျန်းမာရေး ဝန်ဆောင်မှုကျွမ်းကျင်ပညာရှင်များ ဦးစီးသော Online အခြေပြု ဆွေးနွေးမှုများလည်း လုပ်ဆောင်ပေးသည်။ ကျွန်ုပ်တို့၏ Booking စနစ်အား အမြင်များနှင့် စာတိုလက်ခံရာနေရာအား လျို့ဝှက်သင့်သည်ဟု မယူဆဘဲ အများပြည်သူမြင်သာစေရန် ဖွင့်ထားပါသည်။

အတွေးအမြင်ကဏ္ဍ၊  Online စာတိုလက်ခံခြင်း သို့မဟုတ် အခြားဆွေးနွေးမှုများကဏ္ဍတွင် သင် မျှဝေသော ပုဂ္ဂိုလ်ရေး အချက်အလက်အပါအဝင် မည်သည့် အချက်အလက်များကိုမဆို  အများပြည်သူမြင်သာစေရန် ရေးဆွဲ ထားပါသည်။ သို့ဖြစ်ပါ၍ လူထုဆွေးနွေးမှုများတွင် သင့်အချက်အလက်များကို ရေးသားဖော်ပြခြင်းမပြုမီ သေချာ စဉ်းစားသင့်သည်။ ထိုအချက်အလက်များကို အခြားသူများက ရယူနိုင်ပြီး ကျွန်ုပ်တို့ မမျှော်မှန်းနိုင်သော သို့မဟုတ် မထိန်းချုပ်နိုင်သော နည်းလမ်းများဖြင့် သင့်အား ဆက်သွယ်မှုပြုလာနိုင်ပါသည်။ အခြား Websites များ၏ လူထုဆွေးနွေးမှုများတွင် သင်ဖော်ပြသည့် အချက်အလက်များကိုလည်း ၎င်း Websites များနှင့်မသက်ဆိုင်သော အခြား ရှာဖွေသည့်နေရာများ (ဥပမာ – Google, Chrome )  တွင်လည်း ရှာဖွေရယူနိုင်ပါသည်။

အကယ်၍ သင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ မှားယွင်းဖော်ပြခဲ့ပြီး ထိုအချက်အလက်များကို ဖယ်ရှားလိုလျှင် ကျွန်ုပ်တို့  Website စာမျက်နှာတိုင်းတွင် ဖော်ပြထားသော Contact Us ရှိ   Email လိပ်စာသို့ ဖယ်ရှားပေးရန် တောင်းဆိုမှုအား ‌ပေးပို့နိုင်ပါသည်။

ဝန်‌ဆောင်မှုနှင့် စက်ကိရိယာ အချက်အလက်များ

သင် ဝန်ဆောင်မှုများ အသုံးပြုသည့်အခါ သင် အသုံးပြုသည့် ကိရိယာ၏ သီးခြားအမှတ်အသား သို့မဟုတ် IP Address သို့မဟုတ် URL ကဲ့သို့ Browser အချက်အလက်များ၊ သင့် ကြိုက်နှစ်သက်မှုနှင့် ဆက်တင်များ၊ Cookies   နှင့် သင် ကြည့်ရှုသော အကြောင်းအရာ၊ သင့်လုပ်ဆောင်ချက် (ဥပမာ – ရှာဖွေမှု၊ ပါဝင်မှု၊ Click နှိပ်ခြင်း၊  နေ့ရက်နှင့် အချိန်) များကို ကျွန်ုပ်တို့၏ အချက်အလက် သိမ်းဆည်းရာ Server များတွင် အလိုအလျောက် စုဆောင်းရယူမည် ဖြစ်သည်။  Apps များကို ထည့်သွင်း အသုံးပြုသည့်အခါတွင်လည်း သင် အသုံးပြုသည့် လက်ကိုင်ဖုန်း/ကွန်ပျူတာ ထုတ်လုပ်သည့်ခုနစ်၊ လုပ်ဆောင်သည့်စနစ်၊ ကြော်ငြာ (ကိရိယာများရှိ အသုံးပြုသူက ပြန်လည်သတ်မှတ်နိုင်သော သီးသန့် အမှတ်အသား) အမှတ်အသားများ၊ Apps  အမျိုးအစားနှင့် သုံးစွဲမှုအချက်အလက်များ အပါအဝင် စက်ကိရိယာရှိ အချက်အလက်များကို စုဆောင်းမည် ဖြစ်သည်။ သင့် လက်ကိုင်ဖုန်းမှ နေရာအတိအကျဖော်ပြမှုအား ပိတ်လိုသည့်အခါ လက်ကိုင်ဖုန်း Setting တွင် location Disable လုပ်၍ ပိတ်နိုင်သည်။

Cookies နှင့် အခြားသော စောင့်ကြည့်နည်းပညာများ

ဝန်ဆောင်မှုများကို သင် အသုံးပြုခြင်းအား သိနိုင်ရန် ကျွန်ုပ်တို့နှင့် မိတ်ဖက်များက Cookies များကို အသုံးပြုကြသည်။ Cookies ဆိုသည်မှာ ကျွန်ုပ်တို့၏ websites များသို့ ဝင်ရောက်သည့်အခါ သင့် Browser အား မှတ်သားနိုင်ရန်နှင့် သင် အသုံးပြုသည့်ဝန်ဆောင်မှုများနှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်း သိမ်းဆည်းရန်  Browser တွင် ရှိသည့် သေးငယ်သော အချက်အလက်ဖိုင်လေးများဖြစ်သည်။ Cookies အပြင် “ “Web beacons” များ နှင့် Mobile identifiers စသည့် အခြားသော စောင့်ကြည့် နည်းပညာများကိုလည်း အသုံးပြုပါသည်။ “Web beacons” များ သည် Clear GIFs” သို့မဟုတ် “Web pixels” ဟုခေါ်သော web စာမျက်နှာများ သို့မဟုတ် Email များတွင် လုပ်ဆောင်မှုများနှင့် အခြားအချက်အလက်များကို ကျွန်ုပ်တို့ သို့မဟုတ် ကြော်ငြာရှင်များ သို့မဟုတ် တတိယအဖွဲ့အစည်းများ ၏ Server သို့ပေးပို့နိုင်သည့် ရုပ်ပုံဖိုင်ငယ်များဖြစ်သည်။ ထိုစောင့်ကြည့် နည်းပညာများမှ ရရှိသော အချက်အလက်များနှင့် ကျွန်ုပ်တို့ မိတ်ဖက်များမှ ရယူထားသော အမည်၊ နေရပ်လိပ်စာ၊ Email လိပ်စာ စသော အချက်များနှင့် ပေါင်း၍ သင် စိတ်ဝင်စားနိုင်မည့်အရာများကို စာတိုက်မှလည်း‌ကောင်း၊ အီလက်ထရောနစ်နည်းဖြင့်လည်းကောင်း ပေးပို့နိုင်သည်။

ကျွန်ုပ်တို့၏ ကြော်ငြာဝန်ဆောင်မှု အသုံးပြုသည့် မိတ်ဖက်များသည် သင်တို့ ကြည့်ရှုသည့် အကြောင်းအရာများ အပါအဝင် Websites သုံးစွဲမှု အချက်အလက်များ စုဆောင်းရန် Cookies နှင့် အခြားသော စောင့်ကြည့် နည်းပညာများ အသုံးပြုကြသည်။ သင်ရှာဖွေမှုပေါ်မူတည်ပြီး ကျွန်ုပ်တို့ Websites နှင့် တတိယအဖွဲ့အစည်းများ၏ Websites တွင် ကြော်ငြာများ တင်ရန် ထိုအချက်အလက်များကို အသုံးပြုသည်။ Google နှင့် Facebook စသော တတိယအဖွဲ့အစည်းများမှ ရရှိသော အခြားအချက်အလက်များကို အသုံးပြု၍လည်း ကျွန်ုပ်တို့နှင့် ၎င်း၏ Website များ၊ Apps များ တွင် ကြော်ငြာများကို ပိုမို သပ်ရပ်ကောင်းမွန်စေသည်။ ကျွန်ုပ်တို့အတွက် ဝန်ဆောင်မှုများကို လုပ်ဆောင်ခြင်းမှ ရသော အချက်အလက်များအပြင် Google သည် ၎င်း၏ အချက်အလက်စောင့်ထိန်းမှု မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း အလားတူ အချက်အလက်များကိုလည်း အသုံးပြုသည်။ ကျွန်ုပ်တို့ Websites ရှိ Google ၏ ဝန်ဆောင်မှုများ အသုံးပြုခြင်းမှ ရသည့် အချက်အလက်များကို Google က မည်သို့ အသုံးပြုသည်ကို https://www.google.com/policies/privacy/partners တွင် ဖတ်ရှုနိုင်သည်။  Facebook က ကျွန်ုပ်တို့ထံ မည်သည့်အချက်အလက်မှ ပေးခြင်း မရှိသော်လည်း ကျွန်ုပ်တို့အား ဝန်ဆောင်မှုပေးခြင်း မှတဆင့် သင့်အချက်အလက်များကို ရယူနိုင်သည်။ Facebook ၏ အချက်အလက်စောင့်ထိန်းမှု မူဝါဒကို https://www.facebook.com/about/privacy လေ့လာနိုင်သည်။

ကျွန်ုပ်တို့သည် Website တွင်ကြော်ငြာထည့်သွင်းရန် ကြော်ငြာဝန်ဆောင်မှု ကုမ္ပဏီများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သည်။ ထိုကုမ္ပဏီများသည်လည်း ကျွန်ုပ်တို့ Website နှင့် Apps ရှိ သင့် လုပ်ဆောင်မှုများနှင့် သက်ဆိုင်သော အချက်အလက်များကို စုဆောင်းပြီး Cookies အခြေခံ၍ ရည်ရွယ်သော သုံးစွဲသူများထံ ရောက်စေသည့် ကြော်ငြာများကို ဖော်ပြနိုင်ရန် နည်းပညာများကို အသုံးပြုကြသည်။

သင့် လက်ကိုင်ဖုန်းထဲသို့ ကျွန်ုပ်တို့၏ Apps တစ်ခုထည့်သွင်းသည့်အခါ ကျွန်ုပ်တို့က ၎င်းထည့်သွင်းခြင်းကို  နံပါတ်တစ်ခုပေးလိုက်သည်။ သင်က App တွင် စာရင်းပေးအသုံးပြုသူအဖြစ် စာရင်းသွင်းခြင်းမပြုပကါ ထိုနံပါတ်သည် သင်မည်သူဖြစ်သည်ကို ခွဲခြားသိနိုင်ခြင်းမရှိပါ။ ထိုနံပါတ်အား ဤမူဝါဒနှင့် ကျွန်ုပ်တို့၏ အခြား မူဝါဒများတွင် ဖော်ပြထားသည့်အတိုင်း Cookies အသုံးပြုခြင်းနှင့် ဆင်တူစွာ သုံးစွဲသည်။ Cookies နှင့် မတူသည်မှာ ထိုနံပါတ်သည် App ထည့်သွင်းခြင်းမှဖြစ်ပြီး Apps များသည် Browser တွင် အလုပ်မလုပ်သည့်အတွက် ထိုနံပါတ်အား Setting တွင်ဖယ်ရှား၍ မရနိုင်ပါ။ ကျွန်ုပ်တို့၏ Cookies နှင့် အခြား ‌စောင့်ကြည့် နည်းပညာ အသုံးပြုမှုများသည် Mobile ဘက်တွင်ဖြစ်ပြီး Flagship App များမှ Desktop ဘက်တွင် အသုံးပြုပုံနှင့် ဆင်တူသည်။   Cookies အား ငြင်းပယ်နိုင်သည့် အခွင့်အရေးရှိပြီး ကျွန်ုပ်တို့၏ Apps နှင့် mobile site များတွင် “သင့်ရွေးချယ်မှုနှင့် အခွင့်အရေး” အခန်း၌ ဖော်ပြထားသော  Network Advertising Initiative – ကြော်ငြာကွန်ယက် အစပြုခြင်း နှင့်opt-out စနစ်များကို သုံးပါ။ 

၄။ ပုဂ္ဂိုလ်ရေး အချက်အလက်များမည်သို့ ဝေမျှသလဲ 

ကျွန်ုပ်တို့သည် သင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို အောက်ပါ အခြေအနေများတွင် မျှဝေခြင်းနှင့် ဖွင့်ဟခြင်းများ ပြုနိုင်သည်။

  •       သင် တောင်းဆိုသော ဝန်ဆောင်မှုများကို ပေးရန်အလို့ငှာ ဖွင့်ဟရန် လိုအပ်ခြင်း၊
  •       အခန်း (၃) တွင်ဖော်ပြထားသော ရည်ရွယ်ချက်များကို လုပ်ဆောင်ရန် အချက်အလက်များကို မိတ်ဖက်များ၊ ဖောက်သည်များ၊ ဝန်ဆောင်မှု ပံ့ပိုးသူများ၊ ကိုယ်စားလှယ်များနှင့် အခြား အဖွဲ့အစည်းများကို ပေးခြင်း၊
  •       သင် တောင်းဆိုသည်များကို လုပ်ဆောင်ရန် သို့မဟုတ် သင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖွင့်ဟရန် ခွင့်ပြုထားသော အခြားသူများထံ ဝေမျှခြင်း၊
  •       (ကျွန်ုပ်တို့ Websites နှင့်/သို့မဟုတ် တတိယအဖွဲ့အစည်းများ၏ Websites များတွင် ကြော်ငြာများ ပြသခြင်းအပါအဝင်) ပို၍ အထောက်အကူပြုသော ဝန်ဆောင်မှုများနှင့် အရောင်းမြှင့်တင်မှုရေး အချက်အလက်များအား သင့်ထံ ‌ပေးပို့နိုင်ရန် မိတ်ဖက်များ၊ ဖောက်သည်များနှင့် တတိယ အဖွဲ့အစည်းများကို ဝေမျှခြင်း၊
  •       ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသုံးပြုသော သို့မဟုတ် ကျွန်ုပ်တို့ Websites များနှင့်ချိတ်ဆက်ရန် သင်ရွေးချယ်သော တတိယအဖွဲ့အစည်းများသို့ ဝေမျှခြင်း၊
  •       ကျွန်ုပ်တို့၏ လက်အောက်ခံနှင့် ဟယ်လိုဟက်လ်၏ စပ်ဆက်ကုမ္ပဏီများသို့ ဤမူဝါဒနှင့်အညီ ပေးပို့ခြင်း၊

ကျွန်ုပ်တို့၏ Websites / Apps များ ဆက်လက်သုံးစွဲခြင်းမရှိတော့လျှင် သို့မဟုတ် အပြောင်းအလဲဖြစ်လျှင်လည်း သင့် အချက်အလက်များအား ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် သုံးစွဲခွင့်ပြုထားသည်ကို ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ခြင်းမရှိက အချိန်ကာလတစ်ခုအထိ အထက်ပါ ကိစ္စရပ်များတွင် သုံးစွဲခွင့်ရှိနေမည် ဖြစ်သည်။ 

သင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကျွန်ုပ်တို့မည်သို့ ဝေမျှသည်ဟူသော ဥပမာအချို့ကို ကြည့်ရှုနိုင်သည်။

Hello Health Group၏ လက်အောက်ခံနှင့် ဆက်စပ်ကုမ္ပဏီများ

သင့်အချက်အလက်များကို ကျွန်ုပ်တို့၏ လက်အောက်ခံကုမ္ပဏီများ၊ စပ်ဆက်ကုမ္ပဏီများနှင့် ကုမ္ပဏီအား ဝယ်ယူသော သို့မဟုတ် ပူးစည်းသော ကုမ္ပဏီများနှင့်လည်း ဝေမျှနိုင်သည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံ‌ပြောင်းလဲသည့် အခြေအနေများ၊ ဥပမာ – အခြားကုမ္ပဏီတစ်ခုသို့ ရောင်းချခြင်း သို့မဟုတ် ပူးပေါင်းခြင်း၊ ပိုင်ဆိုင်မှုများ ရောင်းချခြင်းနှင့် လူမွဲခံယူခြင်း များ ဖြစ်သည့်အခါ သင့် အချက်အလက်များသည်လည်း ပိုင်ဆိုင်မှုများ ရယူနိုင်သည့် ကုမ္ပဏီအသစ်ထံ ဝေမျှမည်ဖြစ်သည်။ ထိုသို့ပြောင်းလဲသည့် အခြေအနေများတွင် သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဤမူဝါဒနှင့်အညီပင် လုပ်ဆောင်မည်ဖြစ်သည်။ ထိုသို့ဝေမျှခြင်းသည် သက်ဆိုင်သည့် ဥပဒေများနှင့် ကိုက်ညီပြီး သင့် လုံခြုံရေး၊ သိက္ခာတရားများကို ထိပါးခြင်းမရှိစေရန် သေချာစေမည် ဖြစ်သည်။ ကမ်းလှမ်းမှုများ၊ ကြော်ငြာများနှင့် ပံ့ပိုးထားသော အကြောင်းအရာများကို တစ်ဦးချင်း အကြိုက်ဖြစ်စေရန်၊ လုပ်‌ဆောင်မှုများနှင့် ပေါင်းစပ်မှုများ ကောင်းမွန် ဖွံ့ဖြိုးလာစေရန်နှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို လူအများ မည်သို့ သုံးစွဲသည်ကို သိနားလည်ရန် စသည်တို့အတွက်သာ ဝေမျှခြင်း ဖြစ်သည်။

ကျွန်ုပ်တို့နှင့်အတူ လုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီများနှင့် ကန်ထရိုက်တာများ

ကျွန်ုပ်တို့သည် နည်းပညာများ၊ အချက်အလက်စိစစ်ခြင်းများ၊ သုတေသနများ၊ email စီမံခန့်ခွဲခြင်းများ၊ ကံစမ်းမဲ အစီအစဉ်များ၊ ပြိုင်ပွဲများ စီမံခန့်ခွဲမှု၊ ကြော်ငြာခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်း နှင့်/သို့မဟုတ် အကြောင်းအရာ ဖန်တီးမှုများနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကျွန်ုပ်တို့၏ Websites နှင့် Apps များ လည်ပတ် နိုင်ရန် တတိယအဖွဲ့အစည်းများ၊ ကန်ထရိုက်တာများနှင့် အလုပ်လုပ်ပါသည်။ ကန်ထရိုက်တာများသည် ကျွန်ုပ်တို့ထံ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများ ပံ့ပိုးရန် သင့်အချက်အလက်များကို အကန့်အသတ်ဖြင့်သာ ရနိုင်သည်။ ကန်ထရိုက်တာများသည် ကျွန်ုပ်တို့ လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်များဖြင့် သင့်အချက်အလက်များကို  ဖွင့်ဟခြင်း သို့မဟုတ် သုံးစွဲခြင်းမပြုရန် စာချုပ်ချုပ်ဆိုထားရန်လည်း လိုသည်။

ကြော်ငြာဝန်ဆောင်မှုပေးသူများနှင့် တတိယအဖွဲ့အစည်း၏ Websites များ

အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့နှင့် တတိယအဖွဲ့အစည်းများ၏ Websites များတွင် သင့် စိတ်ဝင်စားမှုနှင့် ကိုက်ညီသော ကြော်ငြာများ ထည့်သွင်းနိုင်ရန်အတွက် Cookies ID သို့မဟုတ် IP address ကဲ့သို့သော သင့်အချက်အလက်များကို ကြော်ငြာဝန်ဆောင်မှု ပေးသော တတိယအဖွဲ့အစည်းများထံ ဝေမျှနိုင်သည်။

အချို့သော အကြောင်းအရာ၊ ဝန်ဆောင်မှုနှင့် ကြော်ငြာများသည် ကျွန်ုပ်တို့မဟုတ်သော အခြားကုမ္ပဏီတစ်ခု၏ Website (တတိယအဖွဲ့အစည်း၏  Websites) တွင် ချိတ်ဆက်မှုပြု၍ တင်ပြခြင်းဖြစ်သည်။  ကျွန်ုပ်တို့သည် သင့်ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဝေမျှခြင်း မပြုသော်လည်း ထို တတိယအဖွဲ့အစည်း၏ Websites များသို့ ဝင်ရောက်ရာတွင် သင် ‌ဖွင့်ဟခဲ့သော အချက်အလက်များရှိပါက ဤမူဝါဒနှင့် သက်ဆိုင်မှုမရှိကြောင်းကို သတိပြုသင့်သည်။ ကျွန်ုပ်တို့သည် အဆိုပါအဖွဲ့အစည်းများ၏   websites များတွင် ကျင့်သုံးနေသော အချက်အလက်စောင့်ထိန်းခြင်းအတွက် တာဝန်ယူခြင်းနှင့် တာဝန်ခံခြင်း မပြုပါ။ သင့်အချက်အလက်များအား ၎င်းတို့ မည်သို့ ရယူသုံးစွဲသည်ကို သိနိုင်ရန် ၎င်းတို့ Websites ရှိ အချက်အလက်စောင့်ထိန်းခြင်း မူဝါဒကို လေ့လာသင့်သည်။ ကျွန်ုပ်တို့ Websites မှထွက်၍ တတိယအဖွဲ့အစည်း၏  Websites သို့ဝင်သည့်အခါ Click နှိပ်ခိုင်းခြင်းဖြင့်ဖြစ်စေ၊ အသိပေးခြင်းဖြင့်ဖြစ်စေ ၎င်းတို့၏ Websites များသို့ မဝင်မီ သင် သိစေရန် အားထုတ်မည်ဖြစ်သည်။ ထို့ပြင် “Powered by” သို့မဟုတ်  “in association with” စသော စကားစုနောက်တွင် အခြားကုမ္ပဏီတစ်ခုတွေ့ပါကလည်း ၎င်းကုမ္ပဏီ၏  Websites ပေါ်သို့ ရောက်နေပြီဟု သိနိုင်သည်။ ကျွန်ုပ်တို့ မိတ်ဖက်များနှင့် လုပ်ဆောင်သော ပူးတွဲအမှတ်တံဆိပ်ဖော်ပြသည့် ဝန်ဆောင်မှုများ အသုံးပြုသည့်အခါ သို့မဟုတ် ပူးတွဲလုပ်ဆောင်သောနေရာများတွင် စာရင်းသွင်းသည့်အခါ ရရှိသော အချက်အလက်များကို မိတ်ဖက်ကုမ္ပဏီများထံ ပြန်လည်ပေးပို့ရပြီး ၎င်းဝန်ဆောင်မှုများတွင် တတိယ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများ ထည့်သွင်းခြင်း သို့မဟုတ် ပေါ်လာခြင်းများလည်း ရှိနိုင်သည်။  

ကျွန်ုပ်တို့၏ Websites ပေါ်တွင် Social Media ဝန်ဆောင်မှုများ (ဥပမာ – ဆောင်းပါးများကို ဝေမျှရန်) နှင့် အပြန်အလှန်လုပ်ဆောင်နိုင်သော ခလုတ်များ ထည့်ထားသည်။ ထိုခလုတ်များကို ပံ့ပိုးသော တတိယအဖွဲ့အစည်းက သင် ရှာဖွေသော အချက်အလက်များကို ရယူ ထိန်းချုပ်နိုင်သည်။ အချက်အလက် စောင့်ထန်းမှုနှင့် ပတ်သက်၍ ၎င်း လူမှုကွန်ယက်များတွင် တိုက်ရိုက်ရွေးချယ် စီမံနိုင်သည်။

ကျွန်ုပ်တို့ ထုတ်ကုန်များအတွက် ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းနှင့် online ဈေးကွက်ဝန်ဆောင်မှု ပံ့ပိုးပေးသော မိတ်ဖက်ကုမ္ပဏီများ

ရောင်းချသူ၊ ဖန်တီးသူ၊ ရန်ပုံငွေကောက်ခံသူ၊ ပရဟိတလုပ်သူ၊ ငွေပေးဝန်ဆောင်မှုများ သို့မဟုတ် Online ဈေးကွက်များသို့ အချက်အလက်များ ဝေမျှရန် သို့မဟုတ် ငွေပေးငွေယူမှုများ ပြုလုပ်ရန် သင် ရွေးချယ်သောအခါ ထိုသူများနှင့် ထိုသူများကိုယ်စား လုပ်ငန်းဆောင်ရွက်ပေးသူများသို့ သင့် အချက်အလက်များကို ဝေမျှရသည်။

သင် လုပ်ဆောင်မှုများပေါ်မူတည်ပြီး  သူတို့သည် အောက်ပါ အချက်အလက်များကို လက်ခံရရှိသည်။

  • မှာကြားမှု၊ ငွေပေးချေမှု၊ ဆက်သွယ်ရန်နှင့် ပို့ဆောင်ပေးရန် အချက်အလက်များ စသော သင့် လုပ်ဆောင်မှုများအား ပြီးမြောက်စေသည့် အချက်အလက်များ၊
  • ငွေပေးချေမှုများ လုံခြုံစေရန် သင့် လက်ကိုင်ဖုန်း/ကွန်ပျူတာ စသော ကရိယာများ သို့မဟုတ် ဆက်သွယ်မှုများနှင့် ဆက်စပ်သည့်အချက်လက်များ၊
  • သက်ဆိုင်သော နည်းဥပဒေများအရ လိုအပ်သော အချက်လက်များ၊
  • သင်က ဝေမျှရန် ရွေးချယ်သော အခြားအချက်လက်များ၊

ဈေးကွက်မြှင့်တင်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ 

ကျွန်ုပ်တို့ ကုမ္ပဏီများ၊ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များကို ဈေးကွက်ဝင်ရန်၊ ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုများ၏ ထိရောက်မှုအား တိုင်းတာရန်နှင့် ကြော်ငြာထည့်သွင်းနှင့် ပတ်သက်၍ စစ်တမ်းများကောက်ရန် စသောကိစ္စရပ်များ လုပ်ဆောင်သော ကုမ္ပဏီများနှင့် အချက်အလက်များကို ဝေမျှသည်။ ဥပမာ – သင့် device identifier သို့မဟုတ် အခြား identifier များကို ကြော်ငြာဝန်ဆောင်မှု ကုမ္ပဏီများနှင့် မျှဝေသည့်အခါ သင့် စိတ်ဝင်စားမှုများနှင့် အကိုက်ညီဆုံးဖြစ်သော ကြော်ငြာများကို ရွေးချယ်ပြသရန် ကျွန်ုပ်တို့အား ကူညီ ပေးနိုင်သည်။

ဥပဒေ၊ နည်းဥပဒေနှင့် ဥပ‌‌ဒေ စိုးမိုးမှုရှိစေရန် လိုက်နာမှုများ

အစိုးရ၊ ဥပဒေစိုးမိုးမှုလုပ်ဆောင်သော ဌာနများနှင့် ဥပဒေလိုက်နာမှုများအား ထိန်းကျောင်းသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ၁) ဥပဒေ၊ နည်းဥပဒေ၊ ရှာဖွေဝရမ်း၊ တရားရုံးစာ စသည့် ဥပဒေအရ လိုအပ်ချက်များ လိုက်နာရန် ၂) ဖွင့်ဟပြောဆိုခြင်းသည် ကျွန်ုပ်တို့၏ အခွင့်အရေး၊ လုံခြုံမှုနှင့် အခြားသူများ၏ လုံခြုံမှု စသည်တို့ကို ကာကွယ်ရန် သို့မဟုတ် လိမ်လည်မှုများကို စစ်ဆေးရန် သို့မဟုတ် အစိုးရ၏ တောင်းခံချက်ကို တုံ့ပြန်ရန် စ‌သော ကောင်းကျိုးများရှိသည်ဟု ယူဆလျှင် ၃) သင်နှင့် အခြားသူများကို အန္တရာယ်ရှိသော သို့မဟုတ် ဥပ‌ဒေအခွင့်အရေးကို ကာကွယ်ရန် သို့မဟုတ် ပိုင်ဆိုင်မှုများအား ကာကွယ်ပေးရန် စသော ကိစ္စရပ်များအတွက် ပုဂ္ဂိုလ်ရေးအချက်လက်များကို ထုတ်ဖော်ပါသည်။

၅။ အသိပေးချက်ပေးပို့၍ ခွင့်ပြုချက်ယူခြင်း 

စုဆောင်းထားပြီးသော အချက်အလက်များကို ဤမူဝါဒတွင်ဖော်ပြထားသော ရည်ရွယ်ချက်များ မဟုတ်ဘဲ အခြား ရည်ရွယ်ချက်များဖြင့် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများ ပြုနိုင်ပါသည်။ ထိုသို့ ပြုလုပ်မည်ဆိုပါက အဆင်ပြေသော ဆက်သွယ်မှုနည်းလမ်းများဖြင့် သင့်ထံ အချက်အလက်များ မည်သို့ ရည်ရွယ် သုံးစွဲသည်ကို အသိပေးအကြောင်းကြားမည်။  ၎င်း အသိပေးခြင်းအား ခွင့်ပြုချက်ရယူခြင်းဟု ယူဆပါသည်။

ထိုသို့ ပုဂ္ဂိုလ်ရေး အချက်အလက်များအား အခြားရည်ရွယ်ချက်ဖြင့် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများအား ခွင့်ပြုလိုခြင်းမရှိပါက အချိန်တစ်ခုအတွင်း ကျွန်ုပ်တို့ထံ အကြောင်းပြန်ရမည်။

သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား အခြားရည်ရွယ်ချက်ဖြင့် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများကို သင့်ထံ အသိပေးပြီး ခွင့်ပြုချက်ရနေသည့် အခြေအနေအား ရုတ်သိမ်းကြောင်း သင်က ကျွန်ုပ်တို့အား သိစေရမည်။

 ၆။ အကျိုးစီးပွားဆိုင်ရာ ချွင်းချက်ဖြင့် သုံးစွဲခွင့်ရခြင်းပေါ်တွင် မှီတည်မှု

သက်ဆိုင်ရာ ပုဂ္ဂိုလ်ရေး အချက်အလက် စောင့်ထိန်းမှု ဥပဒေများကို လိုက်နာလျှက် သင့် ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂိုလ်ရေး အချက်အလက်များအား စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများကို ကျွန်ုပ်တို့ သို့မဟုတ် အခြားသူများ၏ အကျိုးစီးပွားအလို့ငှာ သုံးစွဲခြင်းမပြုပါ။ အကျိုးစီးပွားဆိုင်ရာ ချွင်းချက်ဖြင့် သုံးစွဲခွင့်ရခြင်းများ နှင့် သက်ဆိုင်ခြင်းရှိပါက တစ်ဦးချင်းအပေါ်  သက်ရောက်မှုရှိနိုင်သော ဆိုးကျိုးများ၊ ဖြစ်နိုင်ချေများတွက်ဆပြီး အကျိုးရှိမှုများအား ဆိုးကျိုးများနှင့် ချိန်ဆ၍ ဆုံးဖြတ်ပါသည်။

 အကျိုးစီးပွားဆိုင်ရာ ချွင်းချက်ဖြင့် သုံးစွဲခွင့်ရခြင်းနှင့်စပ်လျင်း၍ သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို အောက်‌ဖော်ပြပါ ရည်ရွယ်ချက်များတွင် စုဆောင်း၊ သုံးစွဲ သို့မဟုတ် ဖွင့်ဟပါသည်။

  • လိမ်လည်မှုများ စုံစမ်းခြင်းနှင့် ကာကွယ်ခြင်း
  • ‌ဝန်ဆောင်မှုများအား မလျော်သုံးစွဲခြင်းကို စုံစမ်းခြင်းနှင့် ကာကွယ်ခြင်း၊
  • လိမ်လည်မှုနှင့် ငွေကြေးပြစ်မှုများ ကာကွယ်ရန် ကွန်ယက် လေ့လာဆန်းစစ်မှုပြုခြင်းနှင့် အကြွေးဝယ်ယူခြင်အား ဆန်းစစ်မှုများ ပြုခြင်း
  • အချက်အလက်များ ပျောက်ပျက်မှုမရှိစေရန် ကုမ္ပဏီကပေးထားသော လက်ကိုင်ဖုန်းများရှိ ပုဂ္ဂိုလ်ရေး အချက်အလက်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်း.

အထက်‌ဖော်ပြသည့်အချက်များသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား သုံးစွဲခြင်းမှ ရပ်နားခြင်း သို့မဟုတ် ပြောင်းလဲသုံးစွဲခြင်းများပြုသော်လည်း ကာလအပိုင်းအခြားတစ်ခုအထိ ဆက်လက် အကျုံးဝင်နေမည်ဖြစ်သည်။

၇။ သင့်ခွင့်ပြုချက်ကို မည်သို့ ရုတ်သိမ်းနိုင်သလဲ

ပုဂ္ဂိုလ်ရေး အချက်အလက်များအား စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများအတွက် သင့်ခွင့်ပြုချက်သည် သင် သို့မဟုတ် သင့်ကိုယ်စားပြုသူမှ ခွင့်ပြုချက် ရုတ်သိမ်းကြောင်း စာဖြင့် ပေးပို့ချိန်အထိ အကျုံးဝင်နေမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော Contact မှ ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်မှု ဆိုင်ရာ အရာရှိထံ email သို့မဟုတ် စာဖြင့် ခွင့်ပြုချက်အား ရုတ်သိမ်းကြောင်း ပေးပို့၍ ပုဂ္ဂိုလ်ရေး အချက်အလက်များအား စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများကို ရပ်တန့်ရန် တောင်းဆိုနိုင်သည်။ အကယ်၍ သက်သည် ထိုတောင်းဆိုချက်အား တင်ပြရနိုင်ခြင်းမရှိလျှင် သို့မဟုတ် တင်ပြရန် အကူအညီလိုအပ်လျှင် ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်မှု ဆိုင်ရာ အရာရှိနှင့် တွေ့ဆုံ ပြောကြားနိုင်သည်။

တောင်းဆိုစာ ရရှိပါက (တောင်းဆိုစာတွင်ပါဝင်သော အချက်များနှင့် ရပ်ဆိုင်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို မူတည်ပြီး) ‌တောင်းဆိုချက်ကို ဖြည့်ဆည်းရန် အချိန်တစ်ခု လိုအပ်ပါသည်။ သင့်ရပိုင်ခွင့်နှင့် ရရန်ရှိသည်များကို အကျိုးသက်ရောက်စေမည့် ဥပဒေဆိုင်ရာ အကျိုးအပြစ်များအပါအဝင် နောက်ဆက်တွဲ အခြေအနေများအား သင့်အား အသိပေးရန်အတွက်လည်း အချိန်လိုသည်။ အများအားဖြင့် စာလက်ခံရရှိပြီး ရက် (၃၀) အတွင်း တောင်းဆိုချက်အတိုင်း လုပ်ဆောင်ပေးသည်။ 

ခွင့်ပြုချက်အား ရုတ်သိမ်းသည့် သင့်၏ ဆုံးဖြတ်ချက်အား လေးစားသည့် အလျောက် သင့် တောင်းဆိုချက်၏ သဘော သဘာဝကို မူတည်၍ သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို ဆက်လက်ရယူနိုင်မည်မဟုတ်သော အခြေအနေများတွင် သင့်တောင်းဆိုမှုအား လုပ်‌ဆောင်ပြီးမြှောက်ခြင်း မပြုမီ အသိပေး အကြောင်းကြားမည်ဖြစ်သည်။ အကယ်၍ သင့် ရုတ်သိမ်းစာကို ပြန်လည်ပယ်ဖျက်လိုပါက အောက်ဖော်ပြပါအတိုင်း ကျွန်ုပ်တို့ထံ အကြောင်းကြားရပါမည်။

ခွင့်ပြုချက် ရုတ်သိမ်းခြင်းသည် ခွင့်ပြုချက်မလိုသော သို့မဟုတ် ဥပဒေအရ လိုအပ်သော ပုဂ္ဂိုလ်ရေး အချက်အလက်များအား စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများအား ဆက်လက် လုပ်‌ဆောင်နိုင်သည့် ရပိုင်ခွင့်အား အကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း ကျေးဇူးပြု၍  မှတ်သားထားပါ။

၈။ ပုဂ္ဂိုလ်ရေး အချက်အလက်များအား မည်သို့ ဝင်ရောက် ပြင်ဆင်နိုင်သလဲ

၁)  သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းများ လုပ်ဆောင်သည့် နည်းလမ်းများ သို့မဟုတ် ပုဂ္ဂိုလ်ရေး အချက်အလက်များအား မိတ္တူ ရယူလိုပါက ၂) သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်ဆွက်ခြင်း ပြုလိုပါက စာဖြင့်ဖြစ်စေ  Email ပေးပို့၍ ဖြစ်စေ အောက်တွင်ဖော်ပြထားသော Contact မှ ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်မှု ဆိုင်ရာ အရာရှိထံ တောင်းဆိုနိုင်သည်။ ထိုတောင်းဆိုချက်အား တင်ပြရန် အကူအညီလိုအပ်လျှင် ကျွန်ုပ်တို့၏ အချက်အလက်ကာကွယ်မှု ဆိုင်ရာ အရာရှိနှင့် တွေ့ဆုံ ပြောကြားနိုင်သည်။

ထိုသို့တောင်းဆိုခြင်းအတွက် သင့်တင့်သော အခကြေးငွေ ကျသင့်မည်ဖြစ်သည်ကို သိစေပါသည်။ ပြင်ဆင်မှုများ မပြုလုပ်မီ သင့်ထံ ကျသင့်ငွေအား အကြောင်းကြားပေးမည်ဖြစ်သည်။

သင့်တောင်းဆိုမှုအား တတ်နိုင်သမျှ မြန်ဆန်အောင် လုပ်ဆောင်ပေးမည်ဖြစ်သည်။ အများအားဖြင့် အလုပ်ရက် (၂) ရက်အတွင်း အကြောင်းပြန်ပေးပါသည်။ သင့်တောင်းဆိုချက်အား ရက်ပေါင်း (၃၀) အတွင်း လုပ်ဆောင် ပေးနိုင်ခြင်းမရှိက ရက် (၃၀) အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သင့်ထံ အကြောင်းကြားပေးသည်။ အကယ်၍

သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ မပေးနိုင်ခြင်း သို့မဟုတ် ပြင်ဆင်ရန် တောင်းဆိုချက်အား မလိုက်လျောနိုင်ခြင်း ရှိပါက (ဥပဒေအရ အကြောင်းကြားရန် မလိုအပ်သည့် အခြေအနေများမှလွဲ၍) မည်သည့်အတွက်ကြောင့် မလုပ်ဆောင်နိုင်သည်ကို အကြောင်းကြားပေးပါမည်။

ထို့ပြင် သင် ယခင်က ပေးထားသော အချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖြည့်ဆွက်ခြင်း သို့မဟုတ် ပြန်လည်စိစစ်ခြင်းများအား ထိုဝန်ဆောင်မှုများထံ ပြန်ဝင်ရောက်၍ ပြောင်းလဲမှုများ လုပ်ဆောင်နိုင်သည်။ အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရန် လိပ်စာ သို့မဟုတ် ကျွန်ုပ်တို့ Websites ၏ စာမျက်နှာတိုင်းတွင် ဖော်ပြထားသော “Contact Us” မှတဆင့် ဆက်သွယ်၍လည်း အချက်အလက်များကို ပြင်ဆင်နိုင်သည်။

Email စာ‌စောင်များအပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို email ပေးပို့ခြင်းများ လက်ခံရန် သင် စာရင်းသွင်းရပြီး ထိုစာစောင်များ၊ ကြော်ငြာများနှင့် ပံ့ပိုးမှုပေးထားသည့် ဝန်ဆောင်မှုများ သို့မဟုတ် ကျွန်ုပ်တို့ထံမှ အခြားဆက်သွယ်မှုများကို အချိန်မရွေး ရပ်တန့်ရန် ရွေးချယ်နိုင်သည်။

Email စာ‌စောင်များ မှာယူခြင်းမပြုရန် အောက်ပါနည်းလမ်းများဖြင့် ရပ်တန့်နိုင်သည်။

  • စာစောင်အောက်ခြေတွင်ဖော်ပြထားသည့် လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခြင်းနှင့် Email တွင် ပါသော “Unsubscribe” ချိတ်ဆက်မှုအား လုပ်ဆောင်ခြင်း
  • ကျွန်ုပ်တို့ Websites သို့ လက်မှတ်ထိုးဝင်ရောက်၍ “My Profile” ရှိ စာစောင် လက်ခံရန် ဆန္ဒရှိခြင်းအား ရွေးချယ်မှုမပြုခြင်း

ကျွန်ုပ်တို့၏ ပံ့ပိုးသူများ ကိုယ်စား ထုတ်ကုန်အချက်အလက်များ၊ အခွင့်အလန်းများ ကမ်းလှမ်းချက်များ ပေးပို့သော အရောင်းမြှင့်တင်သည့် Email များတွင် မှာယူခြင်းအား ရပ်တန့်ရန် “Unsubscribe” လုပ်ရန်များ ပါဝင်ပြီး သင်ပြန်လည် မှာယူခြင်းမပြုဘဲ သင့်ထံ  email များ မဝင်ရောက်အောင် တားဆီးနိုင်သည်။

Browser ဆော့ဝဲလ် များတွင် Cookies အား ငြင်းပယ်ချက်များ ထည့်သွင်းထားပြီး မည်သို့ ငြင်းပယ်ရန် ညွှန်ကြားချက်များကို  Browser ၏ Toolbar ၌ “Help” သို့မဟုတ်  “Settings” သို့မဟုတ် “Preferences” များတွင် ဖော်ပြထားသည်။ Cookies များအား ရပ်တန့်ခြင်းနှင့်ပတ်သက်၍ ထပ်ဆောင်းအကြောင်းအရာများကို ကျွန်ုပ်တို့၏ Cookies မူဝါဒတွင် ‌လေ့လာနိုင်သည်။

သင့် iOS စနစ်သုံး လက်ကိုင်ဖုန်းတွင် “Limit Ad Tracking” ကိုပိတ်ခြင်း သို့မဟုတ် Android  စနစ်သုံး လက်ကိုင်ဖုန်းတွင် “Opt out of Ads Personalization” ကိုပိတ်ခြင်း ဖြင့် စိတ်ဝင်စားမှုအား အခြေခံ၍ ကြော်ငြာ ဖော်ပြမှုကို ထိန်းချုပ်နိုင်သည်။ ထိုလုပ်ဆောင်မှုသည် ကြော်ငြာများ ပေါ်လာခြင်းကို ဟန့်တားနိုင်ခြင်းမရှိသော်လည်း သင့် စိတ်ဝင်စားသည့် ကြော်ငြာများ ရွေးချယ်ပြသခြင်းကိုမူ ကန့်သတ်ထားနိုင်သည်။ အကယ်၍ သင့် လက်ကိုင်ဖုန်းများတွင် Cookies အား မည်သို့ ဖယ်ရှားရမည်ကို သိလိုပါက လက်ကိုင်ဖုန်းထုတ်လုပ်သူများထံ ဆက်သွယ်မေးမြန်းနိုင်သည်။

၉။ သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား မည်သို့ ကာကွယ်ထိန်းသိမ်းသလဲ

သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား အခွင့်မရှိဘဲ ရယူခြင်း၊ စုဆောင်းခြင်း၊ အသုံးချခြင်း၊ ဖွင့်ဟခြင်း၊ မိတ္တူကူးခြင်း၊ ပြုပြင်ခြင်း၊ ဖယ်ရှားခြင်းများမှ ကာကွယ်ရန် သင့်လျော်ကောင်းမွန်သော စီမံမှုများ နည်းပညာများ ကျင့်သုံးသည်။ ၎င်းတို့မှာ – ပုဂ္ဂိုလ်ရေး အချက်အလက်များ အနည်းဆုံး စုဆောင်းခြင်း၊ စစ်မှန်မှုရှိစေခြင်းနှင့် (လျို့ဝှက်နံပါတ်ထားခြင်း၊ ဖွင့်ဟရန် အခြေခံလိုအပ်မှုများ ကဲ့သို့သော) ထိန်းချုပ်ခြင်း၊ အချက်အလက်များ ကုဒ်ပြောင်းခြင်း၊ အမည်မသိစေခြင်း၊ antivirus များဖြင့် ကာကွယ်ခြင်း၊ ဆော့ဝဲလ်နှင့် လုပ်ဆောင်မှုစနစ်အား ပုံမှန်စစ်ဆေးခြင်း၊ ဖယ်ရှားခြင်းမပြုမီ ကရိယာများတွင် အချက်အလက်များ ဖျက်ခြင်း၊ Web လုံခြုံရေး အစီအမံများထားခြင်း၊ တစ်ကြိမ်လျှင် လျို့ဝှက်နံပါတ်တစ်ခုသာ သုံးခြင်း၊ ဝင်ရောက်ခွင့်ပေးရန် အချက် (၂) ချက် သို့မဟုတ် အချက်များ စစ်ဆေးခြင်း၊ လုံခြုံရေးစနစ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ပုံမှန်စစ်ဆေးခြင်း စသည့်တို့ ဖြစ်သည်။ ဝန်ဆောင်မှုများတွင် ထည့်သွင်းသော ကျန်းမာရေးအချက်အလက်များအပါအဝင် အချက်အလက်များ ထည့်သွင်းသည့်အခါ (Secure Socket Layer) ဟုခေါ်သော နည်းပညာဖြင့် အချက်အလက်များကို ကုဒ်များ ပြောင်းလဲ မှတ်သားထားသည်။

သို့သော် အင်တာနက်ပေါ်တွင် ထိုသို့ပြောင်းလဲမှတ်သားခြင်းများသည် လုံးဝလုံခြုံမှုရှိသည့် နည်းလမ်းမဟုတ်သည်ကို သတိပြုသင့်သည်။ ထိုသို့ သတင်းလုံခြုံမှု အာမခံမရှိသည့်အတွက် သင့်အချက်အလက်များ လုံခြုံမှုရှိရန် အကာအကွယ် ပေးခြင်းနှင့် ကျွန်ုပ်တို့၏ အချက်အလက်များ လုံခြုံရေး အစီအမံများ ကောင်းမွန်ရေးကို အမြဲတမ်း သုံးသပ် အားထုတ်လျက် ရှိသည်။ ထိုသို့ ကာကွယ်ပေးနိုင်လည်း အားထုတ်သော်လည်း အခွင့်မရှိသည့် အဖွဲ့အစည်းများက ကျွန်ုပ်တို့ လုံခြုံ‌ရေးစည်းများအား နည်းလမ်းရှာ ဖောက်ထွက်၍ လည်းကောင်း၊ အင်တာနက်တွင် အချက်အလက်များ ပေးပို့ရာ၌ ကြားဖြတ်၍ လည်းကောင်း ထရယူနိုင်ချေများ ရှိပါသည်။  

သင့်အကောင့်အား ထိန်းချုပ်နိုင်မှုမရှိလျှင် ကျွန်ုပ်တို့ထံ ဖြစ်လျှင်ဖြစ်ချင်း အကြောင်းကြားရန် ကျေးဇူးပြု၍ သိစေပါသည်။ သင့် လက်ကိုင်ဖုန်း ပျောက်ပျက်ပါက သင့်အကောင့်၏ အချက်အလက်များနှင့် လျို့ဝှက်နံပါတ်များ လုံခြုံရေးသည် သင့်၏တာဝန်ပင်ဖြစ်သည်။

 ၁၀။ ကိုယ်ရေးအချက်အလက် တိကျမှု

ကျွန်ုပ်တို့သည် သင် (ဒါမှမဟုတ် သင့်ကိုယ်စားလှယ်)မှ ပေးသွင်းထားသော ကိုယ်ရေးအချက်အလက်များကိုသာ ယေဘုယျအားဖြင့် ယုံကြည်ပါသည်။ သင့်၏ ကိုယ်ရေးအချက်အလက်များသည် လက်ရှိအခြေအနေများ ဖြစ်ကြောင်း၊ ပြည့်စုံပြီး တိကျကြောင်း သေချာစေရန် သင့်ကိုယ်ရေးအချက်အလက်များတွင် အပြောင်းအလဲတစ်စုံတစ်ရာ ရှိပါက အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရမည့် အချက်အလက်များမှတဆင့် ကျွန်ုပ်တို့၏ Data Protection Officer အချက်အလက်ကာကွယ်ရေး ဝန်ထမ်းထံ ဆက်သွယ်နိုင်ပါသည်။

၁၁။ ကိုယ်ရေးအချက်အလက်များကို မည်သို့ ထိန်းသိမ်းထားပါသနည်း။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို ကောက်ခံရသည့် ရည်ရွယ်ချက်များ မပြည့်မီမချင်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားပါသည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် ကောက်ခံရသည့် ရည်ရွယ်ချက်များနှင့် မကိုက်ညီတော့လျှင်၊ ဥပဒေအရ သို့မဟုတ် စီးပွားရေးအရ မလိုအပ်တော့လျှင် သင်၏ ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းထားခြင်းကို ရပ်တန့်ပါမည် သို့မဟုတ် ဖယ်ရှားပါမည်။

 ၁၂။ စင်ကာပူနိုင်ငံပြင်ပသို့ ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခြင်း

ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ထိန်းသိမ်းမှုများသည် ဗီယက်နမ်နိုင်ငံတွင် တည်ရှိပါသည်။ သင်ဖြည့်သွင်းထားသည့် ကိုယ်ရေးအချက်အလက်များကို စင်ကာပူနိုင်ငံရှိ ဆာဗာများတွင် သိမ်းဆည်းထားပါသည်။ အကယ်၍ သင်သည် အခြားဥပဒေတည်ရာဒေသတွင် ရှိနေပါက သင့်မှာ ဝန်ဆောင်မှုများ ပေးနိုင်ရန် သင်၏ ကိုယ်ရေးအချက်အလက်များကို ပေါ်လစီနှင့်အညီ သိမ်းဆည်းအသုံးပြုရန် စင်ကာပူနိုင်ငံသို့ လွှဲပြောင်းရမည်ဖြစ်ကြောင်းကို သိရှိထားရပါမည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို အခြားနိုင်ငံရှိ ဝန်ဆောင်မှုပေးသူများထံသို့ လွှဲပြောင်းရနိုင်ပါသည်။ ဤနေရာတွင်  သင်သည်  ထိုကဲ့သို့ စင်ကာပူနိုင်ငံနှင့် အခြား Hello Health Groupရှိရာ ဥပဒေတည်ရာဒေသများတွင် အချက်အလက်များ ကောက်ခံခြင်း၊ သိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်းများကို နားလည်ခွင့်ပြုပြီးဖြစ်ပါသည်။ အကယ်၍ အထက်တွင် ဖော်ပြထားသောဒေသများမှအပ အခြားဒေသများသို့ သင်၏ ကိုယ်ရေးအချက်အလက်များကို လွှဲပြောင်းမည်ဆိုပါက ထိုသို့လွှဲပြောင်းခြင်းအတွက် သင့်ထံမှ သီးခြားခွင့်ပြုချက်ကို တောင်းခံမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို ချမှတ်ထားသော ဥပဒေ သို့မဟုတ်  သင်နေထိုင်ရာဒေသ၏ ဥပဒေ  ထိုနှစ်ခုအနက် ပို၍တင်းကျပ်သော စံကာကွယ်နည်းများဖြင့် ကာကွယ်ရန် သင့်တော်သော အဆင့်များကို လိုက်နာပါမည်။

 ၁၃။ ကျွန်ုပ်တို့၏ Data Protection Officer အချက်အလက်ကာကွယ်ရေး ဝန်ထမ်းထံ ဆက်သွယ်ရန်

သင်သည် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် ထိန်းသိမ်းခြင်း ပေါ်လစီနှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သိလိုပါက သို့မဟုတ် မှတ်ချက်ပေးလိုပါက သို့မဟုတ် တောင်းဆိုစရာရှိပါက အောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည်။ 

  • ဆက်သွယ်ရန်.  : +84 32612 6496
  • အီးမေးလ်        : [email protected]

ကျွန်ုပ်တို့သည် သင်၏ တောင်းဆိုရန်များကို သင့်တော်သည့် အချိန်ကာလအတွင်း ပြန်လည်တုံ့ပြန်နိုင်ရန် ကြိုးစားမည်ဖြစ်ပြီး သင့်တော်သော တုံ့ပြန်မှုပေးနိုင်ရန် လိုအပ်သော အချက်အလက်များကိုလည်း တောင်းခံသွားမည် ဖြစ်ပါသည်။ သင့်အား သင့်တော်သော တုံ့ပြန်မှုပေးနိုင်ရန် ထပ်ဆောင်းအချက်အလက်များကိုလည်း သင့်ထံမှ ရှာဖွေသွားမည် ဖြစ်ပါသည်။ အခြားသိလိုသည်များရှိပါက သင်သည် ဒေသဆိုင်ရာ စားသုံးသူ ဝန်ဆောင်မှု Customer Service ထံ ဆက်သွယ်နိုင်ပါသည်။ 

၁၄။ ပေါ်လစီ၏ သက်ရောက်မှုနှင့် ပေါ်လစီ အပြောင်းအလဲ

ကျွန်ုပ်တို့သည် ဤပေါ်လစီကို သင့်ထံမှ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်ဟခြင်းအတွက်  အခြားပေါ်လစီများ၊ စာချုပ်များ၊ ခွင့်ပြုချက်တောင်းခံခြင်းများနှင့် တွဲဖက်အသုံးပြုပါသည်။

ကျွန်ုပ်တို့သည် ဤပေါ်လစီကို လိုအပ်သည့်အချိန်တွင် ကြိုတင်အသိပေးချက်မရှိဘဲ ပြောင်းလဲနိုင်ပါသည်။ ဤပေါ်လစီကို နောက်ဆုံးပြုပြင်ထားသော ရက်စွဲကို ကြည့်ပြီး ပြောင်းလဲမှုလုပ်ထားခြင်း ရှိမရှိကို သင်သိနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤပေါ်လစီအား ပြောင်းလဲခဲ့ပါက ထိုပြောင်းလဲချက် အသက်မဝင်ခင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် သတိပေးချက် ထုတ်ပြန်၍ဖြစ်စေ၊ စာရင်းသွင်းထားသော အသုံးပြုသူများထံ အီးမေးလ်ပို့၍ ဖြစ်စေ (စာရင်းသွင်းစဉ်က ထည့်သွင်းခဲ့သော အီးမေးလ်သို့ ပို့မည်ဖြစ်သည်) အကြောင်းကြားမည်ဖြစ်ပါသည်။ သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ဝက်ဘ်ဆိုက်များကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြောင်းလဲချက်များကို သိရှိလက်ခံပြီးဖြစ်သည်ဟု ယူဆပါသည်။

၁၅။ ပေါ်လစီ၏ သက်ရောက်မှုနှင့် ပေါ်လစီ အပြောင်းအလဲ

သင့်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များကို ဖျက်သိမ်းလိုပါက အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။

အဆင့် ၁ : ကိုယ်ရေးအချက်အလက် စာမျက်နှာကိုရှိ “အကောင့်ဆက်တင်”မှ “အကောင့်အား ပယ်ဖျက်မယ်”ကို နှိပ်ပါ။

အဆင့် ၂ : အကောင့်ဖျက်သိမ်းရသည့် အကြောင်းအရင်း (များ)အတွက် “တခြားအကောင့်ဖွင့်မည်”၊ “အကောင့်ကို အပြီး ဖျက်သိမ်းမည်” သို့မဟုတ် အခြားအကြောင်းပြချက်ကို တစ်ခုခုကို ရွေးပါ။

အဆင့် ၃ : အတည်ပြုကြောင်း မက်ဆေ့ကို ဖတ်ပါ။ ထို့နောက် “အကောင့်အားဖျက်သိမ်းမည်”ကို နှိပ်ပါ။ သင့်အကောင့်သည် ချက်ချင်း ပျက်သွားပါလိမ့်မည်။ သင့်အကောင့်ဖျက်သိမ်းကြောင်းကို အဆင့် ၂တွင် သင်ရွေးခဲ့သော အကြောင်းပြချက်နှင့်အတူ အတည်ပြုမက်ဆေ့ကို တွေ့ပါလိမ့်မည်။

သင့်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များကို ဖျက်သိမ်းပြီးပါက နောက်ဆက်တွဲအချက်အလက်နှင့် အချိန်ကာလအတွက် အောက်ပါတို့ကို သတိပြုပါ။

၂၈ရက်အတွင်း သင့်အကောင့်နှင့် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များ အားလုံးကို ကျွန်ုပ်တို့၏ စနစ်မှ အပြီးတိုင် ပယ်ဖျက်လိုက်ပါမည်။ ဖျက်ပြီးမှက ဒေတာများကို ပြန်ဆယ်၍ရမည် မဟုတ်ပါ။

အကယ်၍ စိတ်ပြောင်းသွားပြီး အကောင့်ကို ပြန်အသုံးပြုလိုပါက ၂၈ရက်အတွင်း အကောင့်လော့အင် ပြန်ဝင်ပြီး အသုံးပြုရုံဖြင့် သင့်အချက်အလက်များကို ပြန်လည်ရရှိပါလိမ့်မည်။

၂၈ရက် ကျော်လွန်သွားပါက သင့်အကောင့်ကို ပြန်ဆယ်၍ရမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုလိုပါက အကောင့်အသစ်ထပ်ဖွင့်ရမည် ဖြစ်ပါသည်။