မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ!

ရေခဲကပ်တယ် ဆိုတာကို တော်တော်များများ သိထားမိနိုင်တာက ထိခိုက်ဒဏ်ရာတွေကိုပဲ ကပ်တာ၊ အရိုးအဆစ်တွေ နာတာ၊ ကြွက်သားတွေ နာကျင်တာကို သက်သာစေဖို့ပဲ အသုံးပြုကြတယ်လို့ သိထားကြတာပါ။ တကယ်ကတော့ ရေခဲကို မျက်လုံးလေးတွေကိုလည်း ကပ်ပေးလို့ ရပါတယ်။ ဒီတော့ ဆက်ပြောချင်တာက မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ! ဆိုတာပါ။ ကဲ .... အတူတူ ကြည့်လိုက်ရအောင်နော်။ မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ! မျက်လုံးကို ရေခဲကပ်ပေးတာက မျက်လုံး ရောင်ရမ်းတာ၊ နာကျင်တာ နဲ့ မျက်လုံးခြောက်သွေ့တာတွေကို သက်သာစေနိုင်ပါတယ်။ မျက်စိနာကျင်တာကို သက်သာစေဖို့လည်း  ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။ မျက်လုံးကို ရေခဲဝတ်နဲ့ ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးကြောလေးတွေကို ကျန်းမာစေပြီး မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အချို့​သော မျက်လုံးပြဿနာတွေအတွက်တော့ ရေခဲဝတ် ကပ်ပေးတာထက် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ

မျက်လုံးတွေ ကြည့်ရတာ မကောင်းလို့ ဖြစ်ဖြစ်၊ အဝေးမှုန်လာလို့ဖြစ်ဖြစ်၊ စာလုံးသေးသေးလေးတွေဆို မမြင်ရလောက်အောင်ကို အနီးမှုန်လာလို့ ဖြစ်ဖြစ် မျက်လုံး ကျန်းမာရေး ကောင်းရဲ့လားဆိုပြီး မျက်လုံး ကျန်းမာရေးကို စစ်ဆေးတာက မျက်လုံးကျန်းမာရေးကိုတင် မဟုတ်ဘဲ အပိုဆုအနေနဲ့ သိရတဲ့ အခြားသော ကျန်းမာရေး အခြေအနေတွေပါ ရှိသေးတယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက ဘယ်လို ကျန်းမာရေး အခြေအနေတွေကို သိရှိနိုင်သေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မျက်လုံးဆိုတာက ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ပြတင်းပေါက်ပါ မျက်လုံးဆိုတာက ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ပြတင်းပေါက်ပါ။ ဒီလိုပြောရတာက မျက်လုံးတွေက ခန္ဓာကိုယ် အနှံမှာ ရှိနေတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ၊ တွယ်ဆက်တစ်ရှူးတွေရဲ့ လုပ်ဆောင်မှုတွေကို တိုက်ရိုက်မြင်တွေ့နေရတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာ ခံစားနေရပြီဆိုရင် အများစုကို […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ပါဝင်ပါတယ်။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့

ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ ဒေါသဖြစ်စရာတွေ ကြုံလို့ အားရပါးရ ငိုလိုက်တယ်။ ငိုတာမှ တွေးမိတိုင်း ငိုထားတာ၊ တစ်ညလုံးလိုလို အိပ်မပျော်မချင်း ငိုထားမိတယ်။ ငိုတုန်းကတော့ စိတ်ခံစားမှုအတိုင်း ငိုထားမိတာ နောက်နေ့မနက်လည်း ရောက်ရော မျက်လုံးတွေက မို့အစ်နေလို့ အပြင်ကို ဘယ်လို ထွက်ရမလဲ မသိဘူးဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားလို့ ဖတ်ကြည့်လိုက်ဦးနော်။ ငိုရင်ဘာကြောင့် မျက်လုံးတွေ မို့အစ်လာရတာလဲ ........ မျက်လုံးထဲက မျက်ရည်တွေဆိုတာက semipermeable အမြှေးပါးကနေတဆင့် ဖြတ်ပြီး စီးဆင်းလာတာပါ။ ငိုတဲ့အခါ မျက်လုံးကြွက်သားတွေက မျက်ရည်ကို ညှစ်ထုတ်ရတဲ့ အားစိုက်မှုကြောင့် မျက်လုံးထဲက သွေးကြောငယ်လေးတွေ ပျက်စီးရပါတယ်။ ဒီလိုပျက်စီးမှုကြောင့် မျက်လုံးတွေ မို့အစ်တာဖြစ်တတ်ပါတယ်။ ဒီလို မျက်ရည်တွေ စီးကျလာပြီးတဲ့အခါ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့

ခုနကအထိ မျက်လုံးတွေက အကောင်းပါ။ ညအိပ်ခါနီးတုန်းကအထိလည်း မျက်လုံးတွေက မို့အစ်နေတာမျိုး မရှိပါဘူး။ အခုမှ မျက်လုံးက ကြည့်မကောင်းလိုက်တာဆိုပြီး မှန်ထဲ ကြည့်လိုက်မှ မျက်လုံးတွေက ရောင်နေတယ်။ နှာစေးလွန်းလို့လို့ မျက်လုံးတွေကရောင်နေတယ်။ ဘာကြောင့်မှန်း မသိ မျက်လုံးတွေက ရောင်နေတယ်ဆိုတဲ့ သူတွေ ရှိလား .... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ ဘာတွေ လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်လုံးတွေ ဘာကြောင့်ရောင်ရတာလဲ။ မျက်လုံးတွေ ရောင်ရတဲ့ အကြောင်းအရင်းက တစ်ခု မကရှိနိုင်ပါတယ်။ ငိုထားလို့ မျက်လုံးခြောက်လို့ နှာစေးလို့ ချောင်းဆိုးလို့ အငန် အစားများလို့ ဓာတ်မတည့်လို့ မျက်စိပိုးဝင်လို့ ထိခိုက်မိလို့ စတာတွေကြောင့် မျက်လုံးတွေ ရောင်နိုင်ပါတယ်။ မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံးအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ။

မျက်လုံးအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ ဆိုလို့ ထူးဆန်းသွားသလား။ ကြွက်သားတွေနဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်း လုပ်ရတယ်ဆိုတာ အားလုံး သိထားပြီးသားပါ။ ဒါဆို အမြင်အာရုံ ကောင်းစေဖို့အတွက်ရော လေ့ကျင့်ခန်း လုပ်ဖို့ လိုမလား။ မျက်လုံးကတော့ ဘယ်လို လေ့ကျင့်ခန်း လုပ်ရပါ့မလဲ။ မျက်လုံးအတွက် လေ့ကျင့်ခန်း ဆိုတာလည်း ရှိမယ် မထင်ပါဘူးလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ပြောပြချင်တာက မျက်လုံးအတွက် လေ့ကျင့်ခန်း ရှိပါတယ်။ မျက်လုံး လေ့ကျင့်ခန်းက အမြင်အာရုံကို ကောင်းစေပြီး အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုကောင်းစေပါတယ်။ ဒါဆို ကိုယ်ကာယလေ့ကျင့်ခန်းတွေလို gym မှာ သွားလေ့ကျင့်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်တိုင် အိမ်မှာထိုင်နေရင်းနဲ့တင် လုပ်ဆောင်လို့ ရပါတယ်။ မျက်လုံးကို လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက မျက်လုံးတွေ ညောင်းတာကစလို့ အမျိုးမျိုးသော အမြင်အာရုံပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ မျက်လုံး […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ

မျက်လုံး တွေက ကြည့်ရင်းနဲ့ ကျိန်းစပ်လာတယ်။ အာရုံစိုက်ရတာလည်း အတော်လေး ခက်နေတယ်။ အိပ်ငိုက်တာ မဟုတ်ဘဲ မျက်လုံးတွေ က ဝေဝါးလာပြီဆိုရင် အိပ်ရေးများ ပျက်ထားလားဆိုတာကို သေချာ စဉ်းစားကြည့်ပါ။ ညဘက်တွေမှာ အိပ်ရေးပျက်တာက အမြင်အာရုံကို ထိခိုက်စေနိုင်သလို တစ်နေ့တာ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာလည်း အာရုံစိုက်ဖို့ ခက်ခဲပြီး မျက်လုံးတွေက အရမ်းပင်ပန်းနေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ သက်သာစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါသက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ မျက်လုံးတွေကို စခရင်မ် မကြည့်ဘဲ အနားပေးလိုက်ပါ အိပ်ရေးပျက်ထားတာကြောင့် မျက်လုံးတွေ ပင်ပန်းနေချိန်မှာ တီဗွီ၊ ကွန်ပျူတာ၊ စမတ်ခ်ဖုန်းလိုမျိုး စခရင်မ်တွေကို ထိတွေ့တာက မျက်လုံးတွေကို ပိုပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Blue block မျက်မှန် တွေက တကယ်ပဲ မျက်စိကို ကာကွယ်ပေးသလား။

ခုလို တစ်နေကုန် အိမ်မှာပဲနေရ၊ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတဲ့ အချိန်မှာ ဖုန်းကြည့်တာ၊ ကွန်ပျူတာ ကြည့်တာက ပိုပြီး များလာပါတယ်။ အရင်ကဆို အစည်းအဝေးတွေကို လူချင်းတွေ့ပြီး လုပ်ကြပေမယ့် ခုဆို အွန်လိုင်းကနေပဲ လုပ်ကြပါတယ်။ ကလေးတွေဆိုရင်လည်း အွန်လိုင်းကနေပဲ စာသင်ကြတဲ့အတွက် Screen timeတွေ ပိုများလာကြပါပြီ။ ဒါကြောင့် မျက်စိ မထိခိုက်စေဖို့ Blue block မျက်မှန် တွေ တပ်လာကြပါတယ်။ ဒါတွေက တကယ်ပဲ အကျိုးရှိရဲ့လား။ Blue block မျက်မှန် က ဘာကို ကာကွယ်ပေးတာလဲ။ Blue block မျက်မှန် တွေက blue lightတွေကို ကာကွယ်ပေးပါတယ်။ ရောင်စဉ်တန်းမှာ အရောင်မျိုးစုံပါပြီး blue lightက ၄၃၅- ၅၀၀ နာနိုမီတာ ရှိပါတယ်။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အိပ်ရေးပျက်တာက အမြင်အာရုံကို ဘယ်လို ထိခိုက်စေသလဲ........

အိပ်ရေးပျက်တာက မကောင်းဘူးဆိုတာကိုတော့ တော်တော်များများက သိထားပြီးသား ဖြစ်မှာပါ။ အိပ်ရေးပျက်တာက ကိုယ်ခံအားကို အားနည်းစေပြီး ဖျားနာလွယ်တယ်။ စိတ်ဖိစီးစေပြီး ရေရှည်မှာ စိတ်ဓာတ်ကျလာစေနိုင်တယ်ဆိုတာကိုတော့ အားလုံးလိုလို သိထားပြီးသားပါ။ နောက်တစ်ချက်က အိပ်ရေးပျက်တာက ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်တယ်ဆိုတာပါ။ အိပ်ရေးပျက်တဲ့အခါ အာရုံစူးစိုက်ဖို့ ခက်လာပြီး ဖန်တီးနိုင်စွမ်းတွေလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ဒီအချက်တွေတင် မဟုတ်ဘဲ အိပ်ရေးပျက်တာကြောင့် နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ထိခိုက်လာစေနိုင်တဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ထိခိုက်လာနိုင်တဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ယနေ့ခေတ်မှာ ညဘက်ကို ဖုန်းသုံးရင်း၊ ဂိမ်းဆော့ရင်းနဲ့ အိပ်ရေးဝဝ အိပ်မိတယ်ဆိုသူက ခပ်ရှားရှားပါ။ ညတိုင်းမှာ အိပ်ချိန် ပြည့်ဝတဲ့သူဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထားပါ။ အိပ်ရေးပျက်တာက နောက်တစ်နေ့တာရဲ့ လုပ်ဆောင်နိုင်စွမ်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ အရေးပါတဲ့ […]


အခြားမျက်လုံးပြဿနာများ

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျက်လုံး ထိခိုက်မှုမျိုးကို Eye Sunburn လို့ ခေါ်ပါတယ်။ နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ မျက်လုံးထိခိုက်တာဖြစ်ပါတယ်။ နေရောင်ကြောင့် Sunburn သို့ Photokeratitis ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး လူအတော်များများသိထားတာက အရေပြားမှာပဲ ထိခိုက်မိတယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ နေရောင်ခြည်မှာပါတဲ့ ပြင်းထန်တဲ့ UV (ultraviolet) rays တွေဟာ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။ ဒီ UV အလင်းရောင်က မျက်လုံးထဲက Cornea အလွှာကို ထိခိုက်စေပြီး မျက်စိနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားကိုပါ ဆက်ပြီး ဖြစ်ပေါ်စေတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ တိမ်စွဲတာ၊ Age-related macular degeneration နဲ့ မျက်ခမ်းစပ်ကင်ဆာတွေအထိဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Eye Sunburn ရဲ့ လက္ခဏာများ နေရောင်ထဲမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း