banner

နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ

ရှေးဦးသူနာပြုစုခြင်း

နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ

နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တစ်နှစ်ထက် တစ်နှစ် နွေက ပိုပူလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ နှစ်တိုင်း အပူ လျှပ်တဲ့သူတွေ ပိုများလာပါပြီ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုခံရပါတယ်။ အပူမလျှပ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုခံရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ကြည့်ရအောင်။ အရေးပေါ် အပူပြဿနာလို့ ပြောရင် ၃ခုရှိပါတယ်။ အပူကြောင့် ကြွက်တက်တာရယ်၊ အပူကြောင့် အားအင်ကုန်ခမ်းတာရယ်၊ အပူလျှပ်တာရယ်ပါ။ ၃ခုလုံးက အရေးပေါ်အခြေအနေဖြစ်လို့ အရေးကြီးပါတယ်။ အပူချိန်များတဲ့ နေရာမှာ နေတယ်။ ဒါမှမဟုတ် နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ၃ခုအကြောင်းကို သိကို […]

နွေရာသီနဲ့ ဆောင်ရန် ရှောင်ရန် အစားအသောက်များ

နွေရာသီမှာ အေးနေစေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်ဆောင်များနဲ့ နွေရာသီ

ကလေးငယ်များနဲ့ နွေရာသီ

ဘိုးဘိုးဘွားဘွားနဲ့ နွေရာသီ

နွေရာသီမှာ အန္တရာယ်ကင်းစွာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့

အခြားလေ့ကျင့်ခန်းများ

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

အခုလို နွေရာသီ အချိန်ရောက်လာတဲ့အခါ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာ အပူဒဏ်ကို အလွန့်အလူး ခံစားကြရပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာလည်း အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတာကို တွေ့ရပါတယ်။ နေပူအောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာ၊ နေရောင်ကို ကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေကြောင့် အပူလျှပ်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလို ပူပြင်းတဲ့ ရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကို ရှောင်ပြီးနေကြဖို့၊ မိမိကိုယ်ကို ဂရုစိုက်ကြဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။  ဒါဆိုရင် ဒီလို နွေရာသီ မှာ လေ့ကျင့်ခန်းမလုပ်သင့်ဘူးလား။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ကိုယ်ကိုပါ ကောင်းကျိုးတွေ အများကြီးဖြစ်စေနိုင်ပေမယ့် ဒီလို […]

အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ

လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ခန္ဓာကိုယ်မှာ ချွေးတွေ အရမ်းထွက်ပြီး ရေဓာတ်ရော ဓာတ်ဆားဓာတ်ပါ ဆုံးရှုံးနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ဒီလို ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်ဖို့ လိုပါမယ်။ ဒါကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်တာပါ။ ဒီတော့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ဘယ်လို အကြောင်းအရာတွေကြောင့် ရေသောက်သင့်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/health-fitness/exercise-safety-tips/precautions-tips-for-exercises-in-monsoon/ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ပါ လို့ ပြောရတာက လေ့ကျင့်ခန်း လုပ်တာရဲ့ အကျိုးကျေးဇူး ပြည့်ပြည့်ဝဝ ရရှိစေဖို့ပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်တာကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ […]

ချွေးထွက်များတဲ့ နွေရာသီနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နွေရာသီအတွက် ရေချိုးနည်း နိဿရည်း

နွေရာသီအတွက် ရေချိုးနည်း နိဿရည်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ နွေကတော့ မှန်မှန်ကြီးကို အပူရှိန်ပြင်းပြင်းနဲ့ တာထွက်လာခဲ့ပြီ။ ထုံးစံအတိုင်း နွေရောက်ပြီဆိုတာနဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ရေချိုး တဲ့ကိစ္စက တွဲလျက်သားပါလာပြီ။ ပုံမှန် ရေချိုးပျင်းတဲ့လူတွေတောင် နွေမှာတော့ တတ်နိုင်သမျှ သည်းညီးခံပြီး ရေချိုးရတာပါပဲ။ ပူတာကိုး။ ရေချိုးတယ်ဆိုတာကလည်း ခဏခဏ ချိုးရင် ကောင်းတာမဟုတ်ဘူးရယ်။ ချိုးတဲ့ အချိန်ကလည်း ရှိသေးတယ်၊ အချိန်တိုင်း ချိုးလို့ သင့်လျော်တာမဟုတ်ဘူး။ မချိုးပဲနေရင်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းမှာ အဆင်မပြေပြန်ဘူး။ ဒီတော့ နွေပူပူမှာ ရေဘယ်လိုချိုးသင့်သလဲဆိုတာကို လမ်းညွှန်ပြမယ်နော်။ နွေရာသီအတွက် ရေချိုးနည်း နိဿရည်း နွေရာသီအတွက် ရေချိုးနည်း နိဿရည်း ကတော့ ရေဘယ်နှစ်ကြိမ် ချိုးသင့်သလဲ ပုံမှန်ဆိုရင် တစ်ပတ်ကို ၃ ကြိမ် - ၄ ကြိမ်လောက်ပဲ ချိုးတာနဲ့တင် လုံလောက်တယ်လို့ Dermatologist […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေ ရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း..... အဟမ်း.... ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကို ရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေအသက် တစ်မနက်ပါ ရေအသက် တစ်မနက်ပါနော်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ ဝမ်းနဲ့ ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။ သန့်ရှင်းတဲ့ရေ လုံလောက်အောင်မရရင် ဘာဖြစ်မလဲ သန့်ရှင်းတဲ့ရေ မရလို့ လုံလောက်အောင် […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ခေါင်း ချွေးထွက် လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့ အဖြစ်မျိုး လူတိုင်း ကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ချွေးထွက်တယ် ဆိုတာ ကိုယ်တွင်းမှာ ရှိနေတဲ့ အပူတွေကို ချွေးအဖြစ် ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များ တဲ့အခါကျ ချွေးနဲ့ ပြင်ပက ဖုန်တွေ ရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့ ဆံပင်တွေ ကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။ ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြား ချွေးထွက် ရတာလဲ။ ဦးရေပြားမှာ ချွေးထွက် သန်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ၊ ပူပန်စရာတွေ များတာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်

ခုဆိုရင် ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့ မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွေရာသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဟာ ဘာလို့ အရေးကြီးတာလဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို […]

နွေရာသီနဲ့ Skin care

အသားအရေ ထိန်းသိမ်းခြင်း

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

နွေရာသီမှာ မိတ်ပေါက်တာ မဆန်းပေမယ့် မိတ်ပျောက် သွားရင်တော့ ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေပျောက်သွားရင် ကျန်ခဲ့တဲ့ အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလို အထင်ခံရတာ တော်တော်ဆိုးပါတယ်။ သူကတော့ အန္တရာယ် မပေးနိုင်ပေမယ့် နေရခက်စေတာရယ်၊ အမာရွတ် ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့် နည်းလမ်းကို ရှာရပါတော့တယ်။ ဒီတစ်ခေါက်တော့ မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိတ်ဖုလေးတွေ ဟာ အပူချိန်ပြင်းလွန်းလို့ အရေပြားက တုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေ ပိတ်ဆို့ပြီး အရေပြားထဲမှာ ချွေးတွေ ငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖု အသေးလေးတွေ ခပ်ကျဲကျဲ သို့မဟုတ် အပြင်လိုက် ထွက်တတ်တဲ့ မိတ်ဖုလေးတွေ က အများအားဖြင့် အဝတ်အစားနဲ့ […]

အသားအရေ ထိန်းသိမ်းခြင်း

ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ကြမယ်။

နေအလင်းရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ဟာ လူတွေအတွက် အကာအကွယ်လေးတစ်ခုဖြစ်တဲ့ အရေပြားမှာရှိတဲ့ ဆဲလ်လေးတွေကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။ Ultraviolet Radiation (UV) လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပြင်ထန်တဲ့နေရောင်ခြည် တစ်မျိုးဖြစ်ပြီး ရောင်ခြည်ရဲ့လှိုင်းအကွာအဝေးအပေါ်မူတည်ပြီး UV-A, UV-B နဲ့ UV-C ဆိုပြီး ၃မျိုးရှိပါတယ်။ အဓိကအနေနဲ့ ဒီကမ္ဘာမြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်တာက UV A နဲ့ B ဖြစ်တဲ့ အတွက် အဲဒီ နှစ်မျိုးရန်ကနေ ကာကွယ်ဖို့က အရေးကြီးပါတယ်။  ခရမ်းလွန်ရောင်ခြည် က ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။ ခရမ်းလွန်ရောင်ခြည်ဟာ အဓိကအားဖြင့် အရေပြားနဲ့ မျက်လုံးအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ ၁။ အရေပြား အရေပြားဆဲလ်လေးတွေကို ပျက်စီးစေပြီး နီရဲ့လာတာ၊ အသားအရောင်ပြောင်းလဲစေတာ၊ တင်းတိပ်၊ မှဲ့ခြောက်နဲ့ […]

ကူးစက်နိုင်သော အရေပြားရောဂါများ

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရာသီဥတု ပူပြင်းချိန်မှာ ချွေးအရမ်းထွက်တာက အရေပြား ပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချွေးထွက်များတာကြောင့် အရေပြား ချွေးစားတာ နဲ့ ချွေးစားက ဘယ်လို နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ချွေးစားတယ် ဆိုတာ ချွေးစားတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပြီး ကုသပျောက်ကင်းတဲ့ အရေပြား ပြဿနာပါ။ ဒါပေမယ့် သေချာလေး ဂရုတစိုက် ကုသဖို့တော့ လိုပါမယ်။ ဒီလိုမှ မကုသဘူး ဆိုရင် အရေပြားမှာ ပိုးဝင်ကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။ ချွေးစားတာက အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ဒီလို အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာမှာ အရေပြား အချင်းချင်း ပွတ်တိုက်မိရာကနေ အရေပြားက နီမြန်းပြီး အဖုအပိမ့်တွေ […]

အသားအရေ ထိန်းသိမ်းခြင်း

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နွေရာက်ပြီလေ...ဆိုတာက သီချင်းစာသားအနေနဲ့ပဲ နားထောင်လို့ ကောင်းတာပါနော်။ နဖူးတွေ့ ဒူးတွေ့ ခံစားရတဲ့နွေရဲ့ အပူချိန်က ပူပြင်းလွန်းပါတယ်။ နေရထိုင်ရ ပူတဲ့အပြင် အသားတွေပါ မည်းတာနော်။ နွေရာသီ မှာ ဖြေရှင်းရတဲ့ အသားအရေပြဿနာကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့ အပူဒဏ်ကြာင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နည်းလေးတွေ ပြောပြမယ်နော်။ ကဲ ..... နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် လိုက်ကြတော့နော်။ နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် နေအပူကြောင့် အသားအရေထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့်အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပြောပါရစေနော်။ နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် ပါ။ ဗီတာမင် စီ (Vitamin C) များများစားပါ ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီ ပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် […]

အသားအရေ ထိန်းသိမ်းခြင်း

နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အခုလို ပူပြင်းတဲ့ နွေရာသီကို ရောက်လာတဲ့အခါမှာ နေလောင်ဒဏ်ကြောင့် အသားအရေ တွေ ထိခိုက်ပျက်စီးကြရပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ နေလောင်ကာကရင်မ် လိမ်းတာ၊ နေရောင်အောက်ကို တိုက်ရိုက်ထွက်တဲ့အခါ ဦးထုပ်၊ ထီး နဲ့ အခြားအကာအကွယ်တွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ ပြောပြပေးချင်တာကတော့ အဲဒီလို နည်းလမ်းတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေအကြောင်း ဖြစ်ပါတယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဆိုရင် ၁။ Blueberries ( ဘလူးဘယ်ရီသီး ) နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicals လေးတွေ ထွက်လာပါတယ်။ Blueberries သီးလေးတွေမှာ […]

မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေကာမျက်မှန် ကို ဘာကြောင့်တပ်သင့်သလဲ။

နွေတုန်းကဆို ပူလိုက်တာမှ ခေါင်းတွေပါ ကိုက်လာတဲ့အထိပဲ။ နားထင်ကြောတွေထင်းပြီး မျက်လုံးတွေပါ ဝါးလာတယ်ဟုတ်။ နွေရာသီမှာ ထီးတွေဆောင်း sunscreenတွေ လိမ်းကြပေမယ့် မသိလိုက် မသိလိုက်ဘာသာနဲ့ ဂရုစိုက်ဖို့ လွတ်သွားတာ ရှိပါတယ်။ ဒါကတော့ မျက်လုံးပါ။ မျက်လုံးကို တော်ရုံတန်ရုံ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ မျက်လုံးကို အပူဒဏ်က ကာကွယ်ဖို့ဆိုရင် နေကာမျက်မှန် တပ်ရမှာပါ။ အရင်ကတော့ နေကာမျက်မှန်ဆိုတာ ဖက်ရှင်တစ်ခုလို စတိုင်ထုတ်ပြီး တပ်ကြပေမယ့် အောက်က ဆောင်းပါးကို ဖတ်ပြီးသွားရင်တော့ ကျန်းမာရေးအရလည်း နေကာမျက်မှန်ဆိုတာ လိုပါလားလို့ သိသွားမှာပါ။ နေကာမျက်မှန် ဝယ်မယ်ဆိုရင် အဲ့တာ အရင်မပြောခင် အရင်ဆုံး နေကာမျက်မှန်ကို ဘယ်လို ရွေးရမလဲဆိုတာ ပြောပြပေးပါ့မယ်။ မျက်နှာနဲ့ လိုက်ဖက်တာတွေ၊ brandတွေကို ခဏထားပြီး ကျန်းမာရေး အရ သင့်တော်တဲ့ နေကာမျက်မှန်ကို အရင်ရွေးရအောင်။ […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ် ကို ဘယ်လိုကာကွယ်မလဲ

နေပူကျဲကျဲကို ထွက်မိတဲ့အခါ ချွေးတလုံးလုံးနဲ့ အသားတွေ ပူစပ်ပြီး ဆိုးရွားတဲ့ဝေဒနာမျိုး ခံစားကြရဖူးတယ် မဟုတ်လား။ မြန်မာပြည်လို အပူပိုင်းဒေသတိုင်းပြည်တစ်ခုမှာ နေပူတာ အထူးအဆန်းမဟုတ်ဘူးဆိုပေမယ့် ပြင်းထန်တဲ့ နေလောင်ဒဏ် ကြောင့် ကျန်းမာရေးပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။ အထူးသဖြင့်တော့ အရေပြားကင်ဆာပေါ့။ ဒီလိုကျန်းမာရေးပြဿနာမျိုးကို ရင်မဆိုင်ချင်ဘူးဆိုရင် နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့ရာမှာ ဂရုစိုက်ပြုမူရမှာတွေရှိနေတာကို သိနားလည်ထားဖို့ လိုအပ်မှာပါ။ အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီးတော့ နုနယ်တဲ့အစိတ်အပိုင်းတစ်မျိုးလည်းဖြစ်ပါတယ်။ နေရောင်ခြည်က UV တွေကို တိုက်ရိုက်စုပ်ယူမိတဲ့အခါ အရေပြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။ ဒါတွေကိုကာကွယ်နိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကို သတိထားလိုက်နာဖို့ လိုအပ်ပါတယ်။ နေလောင်ဒဏ် ကို ကာကွယ်နိုင်ဖို့ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့ချိန်ကို လျှော့ချပါ။ မနက် ၁၀ နာရီနဲ့ ၄ နာရီအကြားမှာ အပြင်ထွက်သွားလာတာမျိုးကို လျှော့ချဖို့ လိုအပ်ပါတယ်။ ဒီကာလတွေမှာ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ နေရောင်ခြည်ဟာ […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ခံ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ခံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံ ရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့  အပေါ်ယံ လက္ခဏာတစ်ခုပါ။ နေလောင်ခံ ရတာ စိတ်ပူစရာလိုလား။ နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ မွဲခြောက်လာမယ် အိုမင်းရင့်ရော်လာမယ် ကြမ်းတမ်းလာမယ် အကြေးခွံတွေ ထလာမယ် အရောင်မှိန်လာမယ် အရေးအကြောင်းတွေ ထင်လာမယ် ပျက်စီးဖို့ လွယ်ကူလာမှာပါ။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊ မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဘာကြောင့် ရှားစောင်းလက်ပပ်ကို နေလောင်ခံ အသားအရေ ကုသတဲ့နေရာမှာ အသုံးများတာလဲ။ ရှားစောင်းလက်ပပ်ကို […]

အသားအရေ ထိန်းသိမ်းခြင်း

အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း

နေရောင်ခြည်နုနုလေးက ကျန်းမာရေးအတွက်ကောင်းတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D ဖြည့်စွက်ပေးတယ်ဆိုပေမယ့် နေ့လယ်ခင်းမှာ ပူတဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက နေလောင်ကာခရင်မ် လိမ်းတာလည်း အပါအဝင်ပါ။ ဒီတစ်ခေါက်တော့ အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း ကို ဖော်ပြပေးလိုက်ပါတယ်။ ဘာကြောင့် နေလောင်ကာခရင်မ် လိမ်းသင့်တာလဲ........... နေလောင်ကာခရင်မ်လိမ်းသင့်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ အသားအရေကို နေလောင်တာကနေ ကာကွယ်ဖို့ အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်ဖို့ အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ဖို့ အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ စတဲ့ အသားအရေကျန်းမာရေးကို အားပေးဖို့အတွက် နေလောင်ကာခရင်မ်လိမ်းသင့်ပါတယ်။ ဘယ်လိုရွေးမလဲ......... နေလောင်ကာခရင်မ် နေလောင်ကာခရင်မ်ဆိုတိုင်း […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ

နေရောင်ကနေ ကာကွယ်ဖို့နေလောင်ကာခရင်မ်ကို လူးနေကြတယ်။ ဒါပေမယ့်  နေလောင်ကာခရင်မ် ကို နေမလောင်အောင်သာလူးမိနေတယ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ ကတော့ အများကြီးများဖြစ်နေလား..... ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နေလောင်ကာခရင်မ် နေလောင်ကာခရင်မ်ဆိုတာက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UV-A နဲ့ UV-B တို့ကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်​ပေးတာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် မွန်းတည့်ချိန်မှာ ပူတဲ့နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်က အသားအရေကို ဘယ်လိုထိခိုက်စေနိုင်လဲ......... နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို နေလောင်စေတယ် အသားအရေမွဲခြောက်မှု ဖြစ်စေတယ် အသားအရောင် မညီတာမျိုး ဖြစ်စေတယ် အရေးအကြောင်းတွေ ဖြစ်စေတယ် အစက်အပြောက်တွေ ဖြစ်စေတယ် အရေပြားကင်ဆာ ဖြစ်စေတယ် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး ဖြစ်စေတယ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်း အရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ ဒီလို ထိန်းသိမ်းပါ။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် အခုလိုလေး ထိန်းသိမ်းပေးပါ။ ဆံသားတွေကို အပူဒဏ်ကနေ ကာကွယ်ပါ။ နွေရာသီမှာ နေရောင်ကြောင့် […]

အသားအရေ ထိန်းသိမ်းခြင်း

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီဥတုတွေကြောင့် အသားအရေ ပျက်စီးမှုက အနည်းနဲ့အများတော့ ရှိကြပါတယ်။ အေးလွန်းတဲ့ ဆောင်းရာသီမှာဆိုရင်တော့ အသားခြောက်တာ၊ အသားပပ်တာနဲ့ အသားအရေ အက်ကွဲတာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေ ထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်ထိတွေ့တာကြောင့်ပါ။ ခုဆိုရင်နွေရာသီက တော်တော်လေး ပူလာပြီဆိုတော့ အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ ဘယ်လိုတွေ ထိန်းသိမ်းရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။ ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့ (၁) ရေအဝသောက်ပါ နွေရာသီမှာ အသားအရေခြောက်သွေ့တာတွေကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းတဲ့ ရေများများ သောက်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။ ရေက အစိုဓာတ်ပေးစွမ်းနိုင်တာမို့ အသားအရေ ကြည်လင်နေစေမှာပါ။ ရေဓာတ်များများ ပါဝင်တဲ့ အသီးအနှံစားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအဖို့ နေရောင်ခြည်နဲ့ မထိတွေ့ဘဲနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာပဲနေတယ်ဆိုရင်တောင် ပြတင်းပေါက်တွေ၊ မှန်တွေကနေတဆင့် ဝင်လာတဲ့ နေရောင်ခြည်တွေကို ရှောင်လွဲလို့မရဘဲ ထိတွေ့မိမှာသေချာပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အများကြီးထိတွေ့မိရင်တော့ နေလောင် တာနဲ့ အရေပြားပြဿနာအမျိုးမျိုးကို ခံစားရမှာ မလွဲပါဘူး။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေပါတယ်။ နေလောင်တဲ့အခါ အသားအရေက အရောင်ပြောင်းသွားတာမျိုးရှိနိုင်သလို အရေပြားမှာ အဖုအပိမ့်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိုးရွာတဲ့နေ့၊ တိမ်ထူတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မိနိုင်တယ်ဆိုတာကိုတော့မေ့လို့မဖြစ်ပါဘူး။ နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့အခါ အသားအရောင်မညီမညာနဲ့ ကြည့်ရတာ အဆင်မပြေပါဘူး။ ခရီးသွားပြီးလို့ပဲဖြစ်ဖြစ်၊ နေရောင်ထဲမှာ အကြာကြီးနေမိတာနဲ့ နေဒဏ်လေဒဏ်တွေကြောင့် အသားအရေတွေ ခြောက်သွေ့ပျက်စီးသွားတဲ့အခါ သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေရှိမယ်ဆိုရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ နည်းလမ်းလေးတွေ ပြောပြမယ်နော်။ နေလောင် တာကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုထိန်းသိမ်းမယ် နေလောင်ပြီး […]

အသားအရေ ထိန်းသိမ်းခြင်း

ကမ်းခြေသွားပြီး အသားအရေနေလောင် လို့ စိတ်ညစ်နေပြီလား

ကမ်းခြေကို အပန်းဖြေခရီးသွားပြီး ပြန်လာတဲ့အခါ တော်တော်များများ ပြောကြတဲ့အရာကတော့ “ငါ့အသားတွေ မည်းသွားတယ်” ဆိုတာပါပဲ။ လူအများစုက ကမ်းခြေရာက်ပြီဆိုရင် အင်္ကျီ၊ ဘောင်းဘီအတိုနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်ကြတာပါပဲ။ ဒါပေမယ့် ကိုယ့် အသားအရေနေလောင် နိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေဟာ ရေဓာတ်ခမ်းခြောက်ပြီး မွဲခြောက်လာတယ်။ ညိုပြီး မည်းလာတယ်။ နေလောင်ခံရတာ ပြင်းထန်တဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာပြီး တော်တော်လေးကို နာကျင်တဲ့ ဒုက္ခ ခံစားရနိုင်ပါတယ်။ အသားအရေနေလောင် ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ နေပူထဲ အကာအကွယ်မပါဘဲ၊ လုံခြုံတဲ့ အဝတ်အစားတွေ မဝတ်ဆင်ဘဲ အကြာကြီးထွက်လိုက်တဲ့အခါ နေလောင်ခံရပြီး အရေပြားကို ထိခိုက်စေပါတယ်။ ၁။ နေလောင်သွားတဲ့ အသားအရေဟာ အရင်ဆုံး နီရဲပြီး ရောင်ရမ်းလာမယ်။ ၂။ ပူစပ်ပူလောင်ဖြစ်ပြီး အရည်ကြည်ဖုတွေ ထွက်လာမယ်။ ၃။ ရေဓာတ်ခမ်းခြောက်မယ်။ ၄။ […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာလိမ်းဆေး မလိမ်းခင် ဘာတွေ သိထားသင့်လဲ

နေရောင်ခြည်ထဲမှာပါဝင်တဲ့ UV-A နဲ့ UV-B ခရမ်းလွန်ရောင်ခြည် ၂မျိုးဟာ အသားအရေကို မည်းခြောက်ပြီး ကြမ်းတမ်းစေတယ်။ အရေးအကြောင်း ထွက်လာပြီး လူကို အိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် တခြား အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ အရေပြားကင်ဆာတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ခရမ်းလွန်ရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ နေလောင်ကာလိမ်းဆေး ကို အပြင်ထွက်တိုင်း လိမ်းပေးကြပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတိုင်းလည်း နေလောင်ကာလိမ်းဆေးတွေရဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ နေလောင်ကာလိမ်းဆေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ နေလောင်ကာလိမ်းဆေး မလိမ်းခင် သိထားသင့်တဲ့ အချက်များ ၁။ အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းတဲ့ ဆေးတွေ အသုံးမပြုခင် ကိုယ်နဲ့ ဓာတ်တည့်၊ မတည့် အရင်ဆုံး […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ်ခံထားရတဲ့ နှုတ်ခမ်း လေးတွေကို ဘယ်လိုကုစားမလဲ

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ ပြဿနာက မကြာခဏဆိုသလို တွေ့ရမြင်ရ၊ ကြားနေရပါတယ်။ ကမ်းခြေသွားပြီး ပြန်လာလို့ အသားတွေ မည်းလာတယ်။ သင်္ကြန်မှာ ရေကစားပြီးလို့ အသားတွေ ပပ်ပြီး ပျက်စီးသွားတယ်။ နေပူထဲ အကာအကွယ်မပါဘဲ ထွက်ပြီး ပြန်လာတော့ အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ် အစရှိသဖြင့် ပြဿနာကတော့ အစုံပါပဲ။ ဒီလိုနေလောင်တဲ့ အထဲမှာ နှုတ်ခမ်း ကတော့ ဘေးကင်းမယ်ထင်ရင် မှားသွားပါလိမ့်မယ်။ မျက်နှာအရေပြားလိုပဲ တော်တော်လေး နူးညံ့ပြီး ထိခိုက်ပျက်စီးလွယ်တာကြောင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို အလွယ်တကူ ခံရတတ်ပါတယ်။ နှုတ်ခမ်း က နေလောင်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။ အသားအရေမှာ နေလောင်ရင် တွေ့ရတဲ့ လက္ခဏာတွေလိုပါပဲ။ နှုတ်ခမ်းက ပုံမှန်ထက်ပိုပြီး နီရဲနေတာ ဖူးရောင်နေတာ ထိမိလိုက်ရင် ပျော့အိအိလေးနဲ့ […]

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင်

အသားအရေကို နေရောင်ကြောင့် ပျက်စီးမှု မရှိစေဖို့အတွက် နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်တော့နော်။ နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင် နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။ နေလောင်ကာခရင်မ်ဆိုတာ ဘာလဲ။ အပြင်နေရောင်ခြည်မှာ ပါနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအေရကို မွဲခြောက်ပျက်စီးစေတယ်။ အရောင်မှိန်စေပြီး မွဲခြောက်ခြောက်ဖြစ်စေတယ်။ အရေးအကြောင်းတွေကို ထင်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ ကြာလာတဲ့အခါ အရေပြားကင်ဆာတွေ ဖြစ်စေနိုင်သည်အထိ ဒုက္ခပေးပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုနည်းစေဖို့ နေလောင်ကာခရင်မ်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။ SPF က ဘယ်လောက်ထိ အရေးကြီးလဲ။ နေလောင်ကာခရင်မ်တိုင်းမှာ SPF ပမာဏတစ်ခုစီ ပါဝင်ပါတယ်။ SPF (Sun Protection Factor) ဆိုတာ အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ SPF […]

အသားအရေ ထိန်းသိမ်းခြင်း

Sunscreen ကို နည်းစနစ်မှန်မှန် လိမ်းကြမယ်

နေရောင်ကြောင့် အသားအရေထိခိုက်မှာစိုးတယ်။ ဘာလုပ်ရမလဲ......... ဒါများစဉ်းစားနေသေးတယ်။ နေလောင်ကာခရင်မ် လူးလေလို့ ပြန်ပြောမယ် မဟုတ်လား..... နေရောင်ထဲထွက်ရင် နေလောင်ကာခရင်မ် လူးရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန်ရော လူးမိရဲ့လား.....နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန် မလူးမိဘူးဆိုရင်တော့ အလကားဖြစ်သွားမှာပါ။ ဒီတော့ နေရောင်ဒဏ်ကနေ အသားအရေကို အထိရောက်ဆုံး ကာကွယ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်လိုက်ကြည့်လိုက်ပါ။ နေလောင်ကာခရင်မ် သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ.............. နေလောင်ကာခရင်မ် ပုံမှန်အသုံးပြုပေးတာက အသားအရေကို နေလောင်တာကနေ ကာကွယ်ပေးတယ် အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်နိုင်တယ် အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်နိုင်တယ် အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ် အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ပေးတယ် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်။ စတဲ့ အသားအရေထိခိုက်မှုတွေကို ကင်းစေမှာပါ။ နည်းစနစ်မှန်မှန်နဲ့ Sunscreen လိမ်းကြမယ် နေလောင်ကာခရင်မ်လိမ်းတိုင်း […]

အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့

မျက်နှာက လူတစ်ယောက် အတွက် အရေးပါတဲ့ သွင်ပြင် လက္ခဏာ ပါနော်။ လူအများစု ပြောကြတာက စိတ်ဓာတ်ကို ကြည့်ပေါင်းတာ ဆိုပေမယ့် တကယ်တော့ စတွေ့စမှာ ရုပ်ရည်သွင်ပြင်ကို ကြည့်ကြတာပါ။ လှပကြော့ရှင်းတဲ့ သွင်ပြင်က ယုံကြည်မှုကိုပါ တိုးစေတာပါနော်။ ဒီလို အရေးပါတဲ့ မျက်နှာလေးမှာ နေလောင်ကွက်နဲ့ အမည်းစက်တွေ ဖြစ်နေမယ် ဆိုရင် တော်တော်လေး စိတ်ပျက်မိမှာ အမှန်ပဲနော်။ ဒီအရေးပါတဲ့ မျက်နှာ သွင်ပြင်လေးကို နေလောင်ဒဏ်နဲ့ အမည်းစက်တွေကြောင့် အလှမပျက်စေဖို့ နဲ့ မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ ဒီဆောင်းပါးလေး ကနေတဆင့် ကူညီပေးပါရစေ။ မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ဆိုရင် ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။ Beta-carotene သောက်မယ် လေ့လာသုတေသနပြုချက်တွေ အရ Beta-carotene […]

နွေရာသီအမှတ်တရ