အစားအသောက်တွေနဲ့ အရက်က Melatoninနဲ့ ဓာတ်ပြုနိုင်သလား
Melatoninက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Melatoninနဲ့ ဓာတ်ပြုနိုင်သလဲ
Melatoninက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
- ဆီးချိုရောဂါ
- စိတ်ကျဝေဒနာ
- သွေးရောဂါများ (ဥပမာ။ ။ သွေးမတိတ်ရောဂါ)
- သွေးပေါင်ကျတာ
- သွေးတိုးတာ
- အတက်ရောဂါများ ရှိမယ်ဆိုရင်ပါ။
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ
အကြမ်းအားဖြင့်တော့ ဆေးညွှန်းအတိုင်းသောက်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး ကွာခြားနိုင်တဲ့အတွက် မိမိမှာ ရောဂါအခံ၊ သောက်လက်စဆေးတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ
ကလေးတွေအတွက် ဆေးပမာဏ တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု မရှိပါဘူး။ ဆေးတွေကို အသုံးပြုရာမှာ ဘေးကင်းစေဖို့အတွက် ဘယ်လို သောက်သုံးရမလဲဆိုတာကို သေသေချာချာ နားလည်ဖို့ လိုပါမယ်။ ဆေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေကို သေချာလေး ဆွေးနွေးဖို့ လိုပါမယ်။
Melatonin (မယ်လတိုနင်) ကိုဘယ်လိုရရှိနိုင်သလဲ
Melatonin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးတောင့် : ၁၊ ၃၊ ၅ မီလီဂရမ်။
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Melatoninကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။