backup og meta

ကြွက်သားကိုက်ခဲခြင်းကို ကုသသည့်ဆေးများ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်သားကိုက်ခဲခြင်းကို ကုသသည့်ဆေးများ

    ကြွက်သားတွေနာကျင်ကိုက်ခဲ့တဲ့အခါ ဆရာဝန်က ကြွက်သားများပြေလျော့စေသောဆေးတွေနဲ့ ပြေလျော့စေပါလိမ့်မယ်။ ထိုကြွက်သားပြေလျော့ဆေးတွေက တကယ်တော့ကြွက်သားပေါ်မှာအလုပ်လုပ်တာမဟုတ်ဘဲ နာကျင်ခြင်းအချက်ပြမှုနဲ့ အာရုံကြောတွေမှာ အလုပ်လုပ်ပြီး တကိုယ်လုံးကိုပြေလျော့စေတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။

    ကြွက်သားများနာကျင်မှုအတွက်ဆေးက သုံးမျိုးရှိတယ်။ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတို့ဖြစ်တယ်။

    အလွယ်တကူဝယ်ယူရရှိနိုင်သောအကိုက်အခဲပျောက်ဆေး

    ပါရာစီတမော၊ အရောင်ကျဆေးများ

    ထိုဆေးနှစ်မျိုးစလုံးကနာကျင်မှုကိုသက်သာဖို့အတွက်သုံးနိုင်တယ်။ အလုပ်လုပ်ပုံကတော့ကွာခြားပါတယ်။ ပါရာစီတမောက နာကျင်မှုကိုလက်ခံတဲ့ဦးနှောက်အပိုင်းမှာအလုပ်လုပ်တယ်။

    NSAID ကတော့ နာကျင်မှုကိုဖြစ်စေတဲ့ ကယ်မီကယ်တွေထွက်ခြင်းကို လျှော့ချခြင်းဖြင့်အလုပ်လုပ်တယ်။ အဖျားကျစေပြီး ကြွက်သားများတောင့်တင်းခြင်းကြောင့်ရတဲ့ နာကျင်မှုကိုသက်သာစေနိုင်သလို အရောင်လည်းကျစေပါတယ်။

    NSAID သုံးခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ကို အားပေးနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့အစာအိမ်တွေမှာ အနာတွေလည်းဖြစ်စေနိုင်တယ်။

    COX-2 inhibitors (Celebrex)

    NSAID တစ်မျိုးဖြစ်ပြီး ရောင်ရမ်းခြင်းတွေဖြစ်စေတဲ့ လုပ်ငန်းတွေကိုရပ်တန့်စေပါတယ်။ COX-2 inhibitor နဲ့ ပုံမှန် NSAID ကြားမှကွာခြားချက်ကတော့ COX-2 inhibitor မှာ COX-2 အင်ဇိုင်းထွက်ခြင်းကိုသာပိတ်နိုင်တာဖြစ်တယ်။ ထိုအင်ဇိုင်းက ရောင်ရမ်းခြင်း၊ ဖျားခြင်း၊ နာကျင်ခြင်းတွေနဲ့ဆက်နွယ်နေပါတယ်။ NSAID နဲ့မတူဘဲ COX-2 inhibitor က အစာအိမ်မထိပါဘူး။

    ဆရာဝန်ညွှန်းနိုင်သောအနာကျဆေးများ

    Corticosteroid

    Corticosteroid တွေဟာ အားပြင်းတဲ့ အရောင်ကျဆေးတွေဖြစ်ပြီး အချိန်တိုအတွက်သာသုံးသင့်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့လာနိုင်ပြီး ၅ ရက်၊ ၆ ရက်အတွင်းမှာ ပမာဏများများမှ နည်းနည်းတဖြေးဖြေးလျှော့သောက်တဲ့ပုံစံနဲ့ မှီဝဲလေ့ရှိပါတယ်။

    ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိနိုင်ပြီး အလေးချိန်တက်ခြင်း၊ အစာအိမ်မကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ်ခံအားကျခြင်း၊ အရိုးပါးခြင်းတို့ဖြစ်နိုင်တယ။်

    Opioid

    Opioid တွေကို ရုတ်တရတ်အချိန်တိုနာကျင်မှု၊ ဥပမာ ခွဲစိတ်အပြီးနာကျင်မှုမျိုးအတွက်သာသုံးလေ့ရှိတယ်။ သဘာ၀ နဲ့ ထုတ်လုပ်ထားသော opiates ဆိုပြီးရှိနိုင်ပြီး ဦးနှောက်မှ နာကျင်မှုကိုလက်ခံသော ပစ္စည်းများကိုသွားပေါင်းကာ နာကျင်မှုကိုသက်သာစေပါတယ်။ အသက်ရှူနှေးစေကာ စိတ်ငြိမ်စေခြင်း၊ စိတ်ဓါတ်ကျခြင်းကိုတားဆီးခြင်းတို့လည်း လုပ်ဆောင်ပေးတယ်။ ဥပမာတချို့ကတော့ –

    • Morphine;
    • Fentanyl;
    • Oxycodone;

    Opioid ရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ရီဝေဝဖြစ်ခြင်း၊ ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ယားယံခြင်း၊ အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဖြစ်တတ်ပါတယ်။ အချိန်ကြာသုံးမိပါကလည်း ဆေးစွဲနိုင်ပါတယ။်

    စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ

    နာကျင်ခြင်းကို ဦးနှောက်ရှိကယ်မီကယ်ပမာဏကို ထိန်းညှိခြင်းဖြင့်ကုသပေးပါတယ်။ နာတာရှည်နာကျင်သူများ၊ တခြားကုသမှုများနှင့်မတိုးတော့သူများမှာ ထိုဆေးများကိုသုံးတတ်ပါတယ်။

    တချို့သုံးလေ့ရှိသောဆေးများမှာ-

    • citalopram (Celexa), fluoxetine (Prozac), paroxetine (Paxil), sertraline (Zoloft) ကဲ့သို့ SSRI များ
    • amitriptyline, desipramine (Norpramin), doxepin (Silenor), imipramine (Tofranil), nortriptyline (Pamelor)ကဲ့သို့ Tricyclic antidepressants များ
    • venlafaxine (Effexor), duloxetine (Cymbalta).ကဲ့သို့ SNRI များ

    တွေ့ရတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ အမြင်အာရုံေဝဝါးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးသွားရခက်ခြင်း၊ အာခြောက်ခြင်း၊ နွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်တယ်။

    အတက်ကျဆေးများ

    ခွဲစိတ်မှုအပြီးနာကျင်မှုများ၊ အာရုံကြောဆိုင်ရာနာကျင်မှုများအတွက်သုံးတယ်။ အချိန်ကြာသုံးစွဲနိုင်ပါတယ်။ ပုံမှန်အားဖြင့် အတက်ကျဆေးတွေဟာ မတည့်ခြင်းမျိုးသိပ်မရှိဘဲ ဘေးထွက်ဆိုးကျိုးတွေကတော့ မူးခြင်း၊ ရီဝေဝဖြစ်ခြင်း၊ နွမ်းနယ်ခြင်း၊ ပျို့ခြင်းတို့ဖြစ်တယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement