backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lactacyd (လက်တက်စစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Lactacyd (လက်တက်စစ်)

Lactacyd (လက်တက်စစ်) ဆိုတာက အမျိုးသမီးသန့်စင်ဆေးရည်ရဲ့ brand name ပါ။ ဒီ အမျိုးသမီး သန့်စင်ဆေးရည်မှာ lactic acid နဲ့ lactoserumတို့ ပါဝင်ပါတယ်။ နေ့စဉ် အမျိုးသမီးအင်္ဂါတဝိုက်ကို သန့်ရှင်းစေဖို့ နေ့စဉ် အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံများ

Lactacyd (လက်တက်စစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lactacydဆိုတာက aqueous solution တစ်မျိုးပါ။ ဒီဆေးရည်မှာ lactoserum (pH 3.5) နဲ့ လက်တစ်အက်ဆစ်ပါဝင်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေကို သက်သာစေဖို့အတွက်နဲ့ ပိုးဝင်တဲ့ပြဿနာတွေကို သက်သာစေဖို့ တခြားဆေးဝါးတွေနဲ့ တွဲဖက်အသုံးပြုပေးလို့ ရပါတယ်။

Lactacyd (လက်တက်စစ်) ဘယ်လိုသုံးသင့်သလဲ

Lactacydကို ရေချိုးချိန်မှာ ဆပ်ပြာအရည်အနေနဲ့ မိန်းမကိုယ် အပြင်ဘက်ကို သန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်။

  • လက်ဖဝါးပေါ်ကို အနည်းငယ် အစက်ချပြီး  အမြှုပ်ထအောင် ပွတ်လို့ သန့်စင်ပေးပါ။
  • ပြီးရင် ရေနဲ့ ကောင်းကောင်းဆေးချလိုက်ပါ။

Lactacyd ဆေးက အလွန်ပျော့တာကြောင့် နေ့တိုင်းအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် သုံးလိုတဲ့ အချိန်တိုင်း အသုံးပြုလို့ ရပါတယ်။

Lactacyd (လက်တက်စစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lactacyd (လက်တက်စစ်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အသုံးမပြုခင်မှာ အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lactacyd (လက်တက်စစ်) ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုတဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ယေဘုယျအားဖြင့်တော့ စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Lactacyd (လက်တက်စစ်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lactacydနဲ့ ဓာတ်ပြုနိုင်သလဲ

Lactacydက လောလောဆယ် အသုံးပြုနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိ အသုံးပြုနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Lactacydနဲ့ ဓာတ်ပြုနိုင်သလား

Lactacydက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lactacyd (လက်တက်စစ်)နဲ့ ဓာတ်ပြုနိုင်သလဲ

Lactacydက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ

အသုံးပြုရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် Lactacydရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မိန်းမကိုယ်ပြင်ပ ဆေးကြောမှုအတွက် 

ဆေးရည် နည်းနည်း လက်ဖဝါးတွေထဲ ထည့်ပါ။ မိန်းမကိုယ် အပြင်တဝိုက်ကို ခပ်ဖွဖွလေး ပွတ်တိုက်ဆေးကြောပါ။ ပြီးရင် ရေစင်အောင် ဆေးပါ။ ရာသီလာနေချိန်မှာ နေ့တိုင်း သုံးပေးပါ။

မိန်းမကိုယ် အတွင်းပိုင်း ဆေးကြောစန့်စင်ဖို့အတွက်

တစ်လကို ၂ ကြိမ် ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အသုံးပြုပေးပါ။

မိန်းမကိုယ် ပိုးဝင်တာ

ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးတွေနဲ့ အတူ နေ့စဉ် ဆေးကြောနိုင်ပါတယ်။

ကလေးတွေအတွက် Lactacydရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

ကလေးတွေအတွက် ဆေးညွှန်းဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် အသုံးပြုဖို့ စိတ်ချရမှု ရှိမရှိ မသိရသေးပါဘူး။ ဆေးဝါးတွေကို အသုံးမပြုခင်မှာ ဘေးကင်းစိတ်ချရရေးကို သေသေချာချာ သဘောပေါက် နားလည်ထားဖို့ လိုပါမယ်။ ပိုမိုသိရှိနိုင်စေဖို့ ဆေးဝါးနဲ့ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပါ

Lactacyd (လက်တက်စစ်)ကို ဘယ်လိုရရှိနိုင်သလဲ

Latacyd ကို အောက်ပါ ပုံစံများနဲ့ ရနိုင်ပါတယ်။

  • မိန်းမကိုယ် သန့်စင်ဆေးရည် 5 mL, 60 mL, 150 mL, 250 mL ပုံစံဖြင့်
  • Wet တစ်ရှူး အနေနဲ့ ရရှိနိုင်ပါတယ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Latacyd ကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement