ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mefanamic Acid (မီဖန်းနမစ်အက်ဆစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Mefanamic Acid (မီဖန်းနမစ်အက်ဆစ်)

Mefenamic Acid (မီဖန်းနမစ်အက်ဆစ်)က Nonsteroidal anti-inflammatory drugs (NSAIDs) အမျိုးအစား ဆေးဖြစ်ပါတယ်။ သာမန်နဲ့ အတော်အသင့် ပြင်းထန်နဲ့ နာကျင်မှုတွေ သက်သာစေဖို့ သုံးနိုင်ပါတယ်။ ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ ဆေးလည်း ဖြစ်ပါတယ်။

အသုံးပြုပုံများ

Mefenamic Acid (မီဖန်းနမစ်အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Mefenamic acid ကို

  • ကာလတို သာမန်နာကျင်ကိုက်ခဲခြင်းများ
  • ဓမ္မတာလာနေစဉ်ကာလတွင် နာကျင်ကိုက်ခဲမှုများ လျော့ပါးစေရန်နဲ့ သွေးဆုံးရှုံးမှု နည်းပါးစေရန်
  • အရိုးနဲ့ ကြွက်သား နာကျင်ခြင်းများ
  • နာကျင်ရောင်ရမ်းခြင်းများ
  • ခွဲစိတ်ပြီး နာကျင်ခြင်းများ သက်သာစေရန် အသုံးပြုနိုင်ပါတယ်။

Mefenamic Acid (မီဖန်းနမစ်အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးအညွှန်းမှာပါတဲ့ လမ်းညွှန်ချက် အားလုံးကို လိုက်နာပါ။ ဆေးအညွှန်းနဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ။

သောက်ဆေးအတွက် ဆေးပြားကို မဝါးဘဲ၊ မချေဘဲ၊ ရေတွင် မဖျော်ဘဲ သောက်ပါ။ အစာအိမ်မထိခိုက်စေရန် အစာစားပြီးမှ သောက်ပါ။

Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mefenamic Acid (မီဖန်းနမစ်အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်မိခင်များ အနေနဲ့ကတော့ ဒီဆေးကို မသောက်သင့်ပါ။ အထူးသဖြင့် ကိုယ်ဝန် ဒုတိယ ၃လပတ်နဲ့ နောက်ဆုံး ၃လပတ်မှာ ကလေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့ပြင် ဆေးက မိခင်နို့ထဲမှာလည်း ပါနိုင်တာကြောင့် နို့တိုက်နေရင် ဒီဆေး မသောက်သင့်ပါ။ သောက်ထားတယ်ဆိုရင်လည်း နို့တိုက်တာကို ရက်ပိုင်းလောက် ရပ်ထားသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဗိုက်အောင့်ခြင်း
  • ပျို့အန်ခြင်း
  • ရင်ပူခြင်း
  • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
  • အနီကွက်များထွက်ခြင်း
  • ခေါင်းမူးခြင်း
  • နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။

အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နဲ့ အမြန်ပြသပါ။

  • နှလုံးသွေးကြောပိတ်ခြင်း သို့မဟုတ် လေဖြတ်ခြင်း
  • ဖောရောင်ခြင်း
  • အစာအိမ်နဲ့ အူအနာ ဖြစ်လာခြင်း
  • အသည်းပြဿနာ
  • အရေပြားပြဿနာ
  • ဓာတ်မတည့်တုံ့ပြန်ခြင်းများပဲ ဖြစ်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Mefenamic Acid(မီဖန်းနမစ်အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Mefenamic acid က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ACE inhibitors အမျိုးအစား သွေးကျဆေး (e.g. captopril, enalapril)
  • Methotrexate
  • Magnesium hydroxide
  • Lithium
  • သွေးကျဲဆေးများ (e.g. aspirin, warfarin, coumarin)
  • ဆီးဆေးများ

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Mefenamic Acid (မီဖန်းနမစ်အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလား

Mefenamic acidက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်နေတဲ့ရက်တွေမှာ အရက်သောက်တာကို ရှောင်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mefenamic Acid (မီဖန်းနမစ်အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Mefenamic acid က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • သွေးအားနည်းရောဂါ
  • ပန်းနာရင်ကျပ်ရောဂါ
  • သွေးနဲ့ဆိုင်သော ပြဿနာများ
  • သွေးခဲခြင်း
  • ဖောရောင်ခြင်း
  • နှလုံးရောဂါရှိခြင်း
  • သွေးတိုးရှိခြင်း
  • ကျောက်ကပ်ရောဂါရှိခြင်း
  • အသည်းရောဂါရှိခြင်း
  • အစာအိမ် သို့မဟုတ် အူအနာရှိခြင်း၊ အနာမှ သွေးယိုခြင်း
  • လေဖြတ်ဖူးခြင်း
  • အက်စ်ပရင်ကြောင့် ပိုဆိုးတတ်တဲ့ ပန်းနာရင်ကျပ်ရှိခြင်း
  • ပြင်းထန်သော ကျောက်ကပ်ရောဂါရှိခြင်း
  • နှလုံးခွဲစိတ်ခြင်း (ဥပမာ နှလုံးသွေးကြောလမ်းကြောင်းလွှဲခြင်း)

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေ အသုံးပြုရမယ့်ပမာဏ

  • နာကျင်ခြင်းအတွက်

၅၀၀မီလီဂရမ် တစ်နေ့၃ကြိမ် သောက်နိုင်ပါတယ်။ ရေတိုအတွက်ပဲ သင့်တော်ပါတယ်။

ကလေးတွေ အသုံးပြုရမယ့်ပမာဏ

  • နာကျင်ခြင်းအတွက်

အသက် ၁၄နှစ်နဲ့အထက် ကလေးများတွင် : ၅၀၀မီလီဂရမ် တစ်နေ့၃ကြိမ် သောက်နိုင်ပါတယ်။

အသက် ၁၄နှစ်အောက် ကလေးများတွင် အသုံးမပြုရပါ။

Mefanamic Acid (မီဖန်းနမစ်အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Mefenamic acidကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့် : ၂၅၀ မီလီဂရမ်၊ ၅၀၀ မီလီဂရမ်

သောက်ဆေးပြား : ၂၅၀ မီလီဂရမ်၊ ၅၀၀ မီလီဂရမ်

ဆေးရည် : ၅၀ မီလီဂရမ်/ ၅မီလီလီတာ

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Mefenamic acidကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement
advertisement
advertisement