backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Phenytoin (ဖီနက်တွိုင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Phenytoin (ဖီနက်တွိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Phenytoin သည် အတက်ရောဂါကို ကာကွယ်ကုသရန် အသုံးပြုသော အတက်ကျဆေးဖြစ်ပါသည်။၎င်းသည် အတက်ဝေဒနာကို ဖြစ်စေသော လှုပ်ရှားမှုများ ဦးနှောက်အတွင်း ပျံ့နှံ့မှုကို ထိန်းချုပ်ပေးသည်။

အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Phenytoin ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

Phenytoin ကို အချို့သော နှလုံးခုန်မမှန်သည့် ပုံစံများကို ကုသရန်သုံးသည်။

Phenytoin (ဖီနက်တွိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။ မြိုမချမီ ဆေးပြားကို ကျေညက်စွာဝါးပါ သို့မဟုတ် တခုလုံးကို မြိုချပါ။ဤဆေးကို ဆရာဝန် ညွှန်ကြားသည့် အတိုင်း သို့မဟုတ် တနေ့လျှင် ၂ကြိမ်မှ ၃ကြိမ် သောက်ပါ။ ဤဆေးကို တနေ့လျှင် တကြိမ်ထက်ပို၍ သောက်သင့်ပါသည်။ အကယ်၍ ဆေးကြောင့် ဗိုက်အောင့်လျှင် အစာရှိမှ သောက်ပါ။ ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိလျှင် ဆေးကို ရေများများဖြင့်သောက်ပါ။ ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ကယ်လ်ဆီယမ်ပါသော ဆေးဝါးများ (ဥပမာ။ ။ အစာအိမ်ဆေး၊ကယ်လ်ဆီယမ် အားဆေး) နှင့် နှာခေါင်းပိုက်မှတဆင့် အစာစားနေရခြင်းသည် သွေးအတွင်းသို့ Phenytoinကို စုပ်ယူနိုင်စွမ်းအား လျော့နည်းစေသဖြင့် အဆိုပါဆေး/အစာ များကို Phenytoin သောက်ချိန်နှင့် တချိန်တည်း သို့မဟုတ် နီးကပ်စွာ မသောက်/မစားပါနှင့်။ အာဟာရဓါတ်အတွက် ပေးသည့် အရည်များကို Phenytoin နှင့် အနည်းဆုံး တစ်နာရီခန့်ခွာပြီးမှ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ ဆရာဝန် မညွှန်ကြားဘဲ ဆေးသောက်ခြင်းကို ရုတ်တရက် ရပ်လိုက်လျှင် အတက်ရောဂါကို ပိုဆိုးစေနိုင်သဖြင့် ဆေးပမာဏကို ဖြည်းဖြည်းခြင်းသာ လျှော့သွားရန်လိုအပ်ပါသည်။

အခြေအနေ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန် သို့ မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Phenytoin (ဖီနက်တွိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Phenytoin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Phenytoin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Phenytoin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Phenytoin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Phenytoin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Phenytoin (ဖီနက်တွိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Phenytoin ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Phenytoinဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Phenytoin၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Phenytoin၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော် သက်ကြီးရွယ်အိုများတွင် အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အ သည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် Phenytoinဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Phenytoin (ဖီနက်တွိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Phenytoin (ဖီနက်တွိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

ဘေးထွက်လက္ခဏာအသစ်များပေါ်လာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အမြန်အသိပေးပါ။(ဥပမာ။ ။ စိတ်နေစိတ်ထား၊အမူအကျင့်များပြောင်းလဲလာခြင်း၊စိတ်ကျခြင်း၊စိုးရိမ်ပူပန်စိတ်များခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊ရန်လိုဒေါသထွက်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊(စိတ်ပိုင်းဆိုင်ရာ သို့ ရုပ်ပိုင်းဆိုင်ရာ) အလွန်တက်ကြွနေခြင်း သို့မဟုတ် မိမိကိုယ်ကို နာကျင်အောင်လုပ်လိုစိတ်များ၊သတ်သေလိုစိတ်များပေါ်လာခြင်း။

အောက်ပါလက္ခဏာများ ခံစားရပါက Phenytoin သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-ဖျားခြင်း၊အကြိတ်များရောင်ခြင်း၊တုပ်ကွေးကွေးသကဲ့သို့ တကိုယ်လုံးနာကျင်ကိုက်ခဲခြင်း။

-ထုံနာကျဉ်နာဖြစ်ခြင်း၊ကြွက်သားနာခြင်း၊အားနည်းခြင်း။

-ဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊နာခြင်း၊အစားအသောက်ပျက်ခြင်း။

-ဆီးအရောင်ရင့်ခြင်း၊အသားဝါခြင်း၊မျက်လုံးဝါခြင်း။

-ရင်ဘတ်အောင့်ခြင်း၊နှလုံးခုန်စည်းချက်မမှန်ခြင်း၊အသက်ရှုမဝခြင်း။

-စိတ်ရှုပ်ထွေးခြင်း၊ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း၊ဖောရောင်ခြင်း၊ကိုယ်အလေးချိန်လျှင်မြန်စွာတက်ခြင်း၊ဆီးနည်းသွားခြင်း၊လုံးဝမသွားခြင်း။

-အဖျားတက်ခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှုရခက်ခြင်း။

-အကြောဆွဲခြင်း၊မျက်စိ၊လျှာ၊မေးရိုး၊လည်ပင်းကြွက်သားများ ဂဏှာမငြိမ် အကြောဆွဲခြင်း။

-အရေပြားတွင် အကွက်များထွက်ခြင်း၊အနီစက်ထွက်ခြင်း၊ပါးနှစ်ဖက်နှင့် နှာခေါင်းတို့တွင် လိပ်ပြာပုံစံ အနီကွက်ကြီး ဖြစ်လာခြခြင်း (နေပူထဲထွက်လျှင် ပိုဆိုးသည်)

-ဆိုးရွားပြင်းထန်သော အရေပြားတုန့်ပြန်မှုများ -ဖျားခြင်း၊လည်ချောင်းနာခြင်း၊မျက်နှာ သို့မဟုတ် လျှာ ရောင်ရမ်းဖောရောင်လာခြင်း၊မျက်လုံးပူခြင်း၊အရေပြားနာခြင်း၊ထို့နောက် အရေပြားတွင် အနီ သို့မဟုတ် ခရမ်းရောင်ကွက်များ ထွက်လာကာ ပျံ့နှံ့သွားပြီး(အထူးသဖြင့် မျက်နှာ သို့မဟုတ် ခန္တာကိုယ်အထက်ပိုင်းသို့) အရည်ကြည်ဖုများဖြစ်ကာ အရေပြားများ ကွာကျခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-စကားပီပီသသမပြောနိုင်ခြင်း၊ဟန်ချက်မထိန်းနိုင်ခြင်း။

-လျှာရောင်လာခြင်း၊နာခြင်း။

-ခေါင်းကိုက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ဂဏှာမငြိမ်ခြင်း၊အိပ်မပျော်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Phenytoin (ဖီနက်တွိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Phenytoin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Phenytoin ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့Phenytoin ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

 Amifampridine

 Artemether

 Atazanavir

 Boceprevir

 Daclatasvir

 Delamanid

 Delavirdine

 Lurasidone

 Maraviroc

 Piperaquine

 Praziquantel

 Ranolazine

 Rilpivirine

 Telaprevir

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့်Phenytoin နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

 Abiraterone Acetate

 Afatinib

 Apazone

 Apixaban

 Apremilast

 Aripiprazole

 Axitinib

 Beclamide

 Bedaquiline

 Bortezomib

 Bosutinib

 Bupropion

 Cabazitaxel

 Cabozantinib

 Canagliflozin

 Carbamazepine

 Ceritinib

 Clarithromycin

 Clozapine

 Cobicistat

 Crizotinib

 Cyclophosphamide

 Dabigatran Etexilate

 Dabrafenib

 Dasatinib

 Diazepam

 Diazoxide

 Dolutegravir

 Dopamine

 Doxorubicin

 Doxorubicin Hydrochloride Liposome

 Dronedarone

 Eliglustat

 Elvitegravir

 Enzalutamide

 Erlotinib

 Eslicarbazepine Acetate

 Ethosuximide

 Etravirine

 Everolimus

 Exemestane

 Ezogabine

 Fentanyl

 Fluvastatin

 Halothane

 Hydrocodone

 Ibrutinib

 Idelalisib

 Ifosfamide

 Imatinib

 Infliximab

 Irinotecan

 Itraconazole

 Ivabradine

 Ivacaftor

 Ixabepilone

 Ketoconazole

 Ketorolac

 Lapatinib

 Ledipasvir

 Lidocaine

 Linagliptin

 Lopinavir

 Macitentan

 Methotrexate

 Miconazole

 Mifepristone

 Netupitant

 Nifedipine

 Nilotinib

 Nimodipine

 Nintedanib

 Nitisinone

 Oritavancin

 Orlistat

 Pazopanib

 Perampanel

 Pixantrone

 Pomalidomide

 Ponatinib

 Posaconazole

 Regorafenib

 Reserpine

 Rifampin

 Rivaroxaban

 Rocuronium

 Roflumilast

 Romidepsin

 Sertraline

 Siltuximab

 Simeprevir

 Sofosbuvir

 Sorafenib

 St John's Wort

 Sunitinib

 Tacrolimus

 Tasimelteon

 Tegafur

 Temsirolimus

 Theophylline

 Thiotepa

 Ticagrelor

 Tofacitinib

 Tolvaptan

 Trabectedin

 Ulipristal Acetate

 Vandetanib

 Vemurafenib

 Vilazodone

 Vincristine Sulfate

 Vincristine Sulfate Liposome

 Vinflunine

 Vorapaxar

 Voriconazole

 Vortioxetine

အောက်ဖော်ပြပါ ဆေးများသည် Phenytoin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

 Acetaminophen

 Acetazolamide

 Acyclovir

 Amiodarone

 Amitriptyline

 Amprenavir

 Aprepitant

 Atorvastatin

 Betamethasone

 Bexarotene

 Bleomycin

 Busulfan

 Capecitabine

 Carboplatin

 Caspofungin

 Chloramphenicol

 Cimetidine

 Ciprofloxacin

 Cisplatin

 Clobazam

 Clofazimine

 Clopidogrel

 Cortisone

 Cyclosporine

 Desogestrel

 Dexamethasone

 Dicumarol

 Dienogest

 Digitoxin

 Diltiazem

 Disopyramide

 Disulfiram

 Doxepin

 Drospirenone

 Estradiol Cypionate

 Estradiol Valerate

 Ethinyl Estradiol

 Ethynodiol Diacetate

 Etonogestrel

 Felbamate

 Fluconazole

 Fludrocortisone

 Fluorouracil

 Fluoxetine

 Fluvoxamine

 Folic Acid

 Fosamprenavir

 Gefitinib

 Ginkgo

 Ibuprofen

 Imipramine

 Isoniazid

 Levodopa

 Levomethadyl

 Levonorgestrel

 Levothyroxine

 Medroxyprogesterone Acetate

 Meperidine

 Mestranol

 Methoxsalen

 Methsuximide

 Midazolam

 Nafimidone

 Nelfinavir

 Nilutamide

 Nisoldipine

 Norelgestromin

 Norethindrone

 Norgestimate

 Norgestrel

 Ospemifene

 Oxcarbazepine

 Paclitaxel

 Pancuronium

 Paroxetine

 Phenprocoumon

 Piperine

 Prednisolone

 Prednisone

 Progabide

 Quetiapine

 Quinidine

 Quinine

 Remacemide

 Rifapentine

 Risperidone

 Rufinamide

 Sabeluzole

 Shankhapulshpi

 Simvastatin

 Sirolimus

 Sulfamethizole

 Sulfamethoxazole

 Sulfaphenazole

 Sulthiame

 Telithromycin

 Tenidap

 Tiagabine

 Ticlopidine

 Ticrynafen

 Tirilazad

 Tizanidine

 Tolbutamide

 Topiramate

 Trazodone

 Triamcinolone

 Trimethoprim

 Tubocurarine

 Valproic Acid

 Vecuronium

 Verapamil

 Vigabatrin

 Viloxazine

အစားအသောက်တွေနဲ့ အရက်က Phenytoin (ဖီနက်တွိုင်း) နဲ့ ဓါတ်ပြုနိုင်သလား

Phenytoin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Phenytoin (ဖီနက်တွိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Phenytoin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-သွေးနှင့် ရိုးတွင်းချဉ်ဆီပြဿနာများ (ဥပမာ။ ။Agranulocytosis, Leucopenia, Thrombocytopenia)

-ဆီးချို

-နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်း။

-နှလုံးခုန်စည်းချက် မမှန်သည့်ပြဿနာများ။

-သွေးပေါင်ကျခြင်း။

-ပြန်ရည်ကြောအကြိတ်များ ကြီးခြင်း။

-Porphyria (အင်ဇိုင်းမ် ပြဿနာတမျိုး) —–>အခြေအနေကို ပိုဆိုးစေသည်။ သတိနှင့်သုံးပါ။

-နှလုံးရောဂါများ (Adams-Stokes syndrome, AV block, sinoatrial block)

-နှလုံးခုန်နှေးသည့်ရောဂါတမျိုး (Sinus bradycardia)—->ဤအခြေအနေတွင် အသုံးမပြုသင့်ပါ။

-သွေးတွင်း အယ်လ်ဗျူမင်ပမာဏနည်းပါးခြင်း။

-ကျောက်ကပ်ရောဂါ

-အသည်းရောဂါ —-> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Phenytoin (ဖီနက်တွိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အတက်ရောဂါအတွက်

—->သောက်ဆေး (အရည်ပုံစံမှ အပ)<—-

—->ဆေးပမာဏ အများအပြားပေးခြင်း —-> ဆေးရုံတက်နေသော လူနာများတွင်သာ အသုံးပြုသည်။

၁ဂရမ်ကို ၂နာရီခြားတခါ ဖြင့် ၃ခါ ခွဲပေးသည်။ (၄၀၀၊၃၀၀၊၃၀၀ မီလီဂရမ်)။ ထို့နောက် ၂နာရီအကြာတွင် ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏကို ဆက်ပေးသည်။

—->ကနဦး ဆေးပမာဏ —->ကြာရှည်စွာ အာနိသင်ပြသော ဆေးပုံစံ ၁၀၀မီလီဂရမ်ကို တနေ့လျှင် ၃ကြိမ်သောက်ရသည်။

—->ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏ—–> ၁၀၀မီလီဂရမ်ကို တနေ့လျှင် ၃ကြိမ်မှ ၄ကြိမ် သောက်ရသည်။ အကယ်၍ ၁၀၀မီလီဂရမ်ဆေးတောင့်ကို တနေ့၃ကြိမ်သောက်ခြင်းဖြင့် အတက်ရောဂါကို ထိန်းထားနိုင်လျှင် ကြာရှည်စွာ အာနိသင်ပြသော ဆေး ၃၀၀မီလီဂရမ် တနေ့လျှင် တကြိမ်သောက်သည့် ပုံစံသို့ ပြောင်းနိုင်သည်။

—–>သောက်ဆေးရည်<——

-ယခင်က Phenytoin မသောက်ဖူးသူ လူနာများ အနေဖြင့် သောက်ဆေးရည် ၁၂၅မီလီဂရမ် (လက်ဖက်ရည်ဇွန်း တဇွန်းစာ)ကို တနေ့လျှင် ၃ ကြိမ် နေ့စဉ်သောက်သည့် ပုံစံဖြင့် စတင်နိုင်သည်။ ထို့နောက် ဆေးပမာဏကို လိုအပ်သလို ချိန်ဆနိုင်သည်။ လိုအပ်လျှင် တနေ့လျှင် လက်ဖက်ရည်ဇွန်း၅ဇွန်းအထိ သောက်နိုင်သည်။

—–>အကြောသွင်းဆေး<—–

50mg/min နှုန်းထက် မပိုရ။

—->ဆေးပမာဏ အများအပြားပေးခြင်း —->10 -15 mg/kg ကို ဖြည်းညင်းစွာ ပေးရမည်။

—->ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏ—–> ၁၀၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တခါ ပေးပါ။

—->အသားထိုးဆေး<—–

-သွေးထဲသို့ စုပ်ယူမှုပုံမှန်မရှိသဖြင့် အသားထိုးဆေး မပေးပါ။

နှလုံးခုန်အလွန်မြန်ခြင်းအတွက်

—->ဆေးပမာဏ အများအပြားပေးခြင်း —-> 1.25mg/kg ကို ၅မိနစ်တခါနှုန်းဖြင့် 15mg/kg ရောက်သည်အထိ ပေးရမည်။ (သို့မဟုတ်) သောက်ဆေး ၂၅၀မီလီဂရမ်ကို ပထမရက်တွင် ၄ကြိမ်ပေးရမည်။ ထို့နောက် ၂၅၀မီလီဂရမ်ကို တနေ့လျှင် ၂ကြိမ်ဖြင့် နောက်ထပ်၂ရက် ဆက်လက်ပေးရမည်။

—->ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏ—–> တနေ့လျှင် ၄၀၀မီလီဂရမ်ကို တကြိမ်မှ လေးကြိမ်အထိ ခွဲပြီးပေးနိုင်သည်။

Status epilapticus အတက်ရောဂါအတွက်

—->အကြောသွင်းဆေး<—-

—->ဆေးပမာဏ အများအပြားပေးခြင်း —->10 – 15 mg/kg ကို 50mg/min ထက်မပိုသော နှုန်းဖြင့် ဖြည်းညင်းစွာ ပေးသင့်သည်ဟု ဆိုပါသည်။ (သို့မဟုတ်) 15 – 20 mg/kg ကို 50mg/min ထက်မပိုသော နှုန်းဖြင့် ဖြည်းညင်းစွာ ပေးသင့်သည်။

—->ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏ—–> ၁၀၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တခါ ပေးပါ။(သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး)

—->အများဆုံးပေးနိုင်သည့် ပမာဏ—-> တမိနစ်လျှင် ၅၀မီလီဂရမ် နှုန်း။

ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ခြင်းအတွက်

၁၀၀ – ၂၀၀မီလီဂရမ်ကို အသားထိုးဆေးအဖြစ် ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးကာစတွင် ၄နာရီခြား တခါပေးရမည်။(ဆေးဝါးထုတ်လုပ်သူများက အသားထိုးဆေးထိုးသင့်သည်ဟု ဆိုသော်ငြား ထိုသို့အသားဆေးထိုးခြင်းသည် ထိုးသည့်နေရာတွင်ရှိသည့် တစ်ရှူးများ ပျက်စီးခြင်း သို့မဟုတ် ပုပ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အသားထိုးဆေးအသုံးပြုရန် လိုအပ်သော အနေအထားမျိုးတွင် fosphenytoin ကို သုံးရန် အချို့သော ဆရာဝန်များက ဆိုသည်)။ အကယ်၍ အသားထိုးဆေး ထိုးရန်မလိုလျှင် ၁၀၀ – ၂၀၀ မီလီဂရမ်ကို အကြောထိုးဆေးအဖြစ် ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးကာစတွင် ၄နာရီခြား တခါပေးရမည်။

ကလေးတွေအတွက် Phenytoin (ဖီနက်တွိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

အတက်ရောဂါအတွက်

Status epilapticus အတက်ရောဂါအတွက်——>-ကလေးငယ်များတွင်—>ဆေးပမာဏ အများအပြားပေးခြင်း —-> 15 – 20 mg/kg ကို အကြောသွင်းဆေးအဖြစ် တခါတည်း သို့မဟုတ် အကြိမ်ခွဲပြီးပေးနိုင်သည်။

အတက်ကျဆေးအဖြစ်——>မည်သည့်အသက်အရွယ်အတွက်မဆို——->ဆေးပမာဏ အများအပြားပေးခြင်း —-> 15 – 20 mg/kg ကို သောက်ဆေးအဖြစ် (သွေးအတွင်းရှိ phenytoin ပမာဏနှင့် လက်ရှိသောက်နေသော ဆေးပမာဏတို့အပေါ်မူတည်၍) ပေးရမည်။၎င်းကို ၂နာရီခြား သို့မဟုတ် ၄နာရီခြားပြီး ၃ကြိမ်ခွဲပေးနိုင်သည်။

—->ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏ—–>(သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး) (ဦးစွာ တနေ့လျှင် ၃ကြိမ်ခွဲပေးရမည်။ ထို့နောက် သင့်တော်သလို ချိန်ဆပြီး ဆက်လက်ပေးရမည်။)

၄ပတ် သို့မဟုတ် ထို့ထက်နည်းလျှင် —–>ဦးစွာ 5mg/kg/day ကို တနေ့လျှင် ၂ကြိမ်ခွဲပေးရမည်။ ထို့နောက် 5-8mg/kg/day ကို အကြောထိုးဆေးအဖြစ် ၂ကြိမ်ခွဲပေးရမည်။(၈နာရီခြားတခါ ပေးရန်လိုသည်)။

၄ပတ်ထက် များလျှင် ——> ဦးစွာ 5mg/kg/day ကို တနေ့လျှင် ၂ကြိမ် သို့မဟုတ် ၃ ကြိမ် ခွဲပေးရမည်။ ထို့နောက် အောက်ပါအတိုင်း ဆက်ပေးရမည်။

—–>၆လမှ ၃နှစ် —–> 7.5 – 9 mg/kg/day

——>၇နှစ် မှ ၉နှစ် —–> 7 – 8 mg/kg/day

—–>၁၀နှစ် မှ ၁၆ နှစ် —-> 6 – 7 mg/kg/day

နှလုံးခုန် အလွန်မြန်ခြင်းအတွက်

အသက်၁နှစ်အထက် ကလေးများအတွက်

—>ဆေးပမာဏ အများအပြားပေးခြင်း —-> 1.25 mg/kg ကို အကြောသွင်းဆေးအဖြစ် ၅မိနစ်တခါ သွင်းရမည်။ 15mg/kg ရောက်သည်အထိ ထပ်ခါထပ်ခါ ပေးနိုင်သည်။

—->ဆက်လက်ထိန်းသိမ်းရမည့် ဆေးပမာဏ—–> 5 – 10 mg/kg/day ကို သောက်ဆေး သို့မဟုတ် အကြောသွင်းဆေးအဖြစ် ၂ခါ သို့မဟုတ် ၃ခါ ခွဲပေးနိုင်သည်။

Phenytoin (ဖီနက်တွိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Phenytoin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့် : ၃၀၊၁၀၀၊၂၀၀၊၃၀၀ မီလီဂရမ်

ထိုးဆေးအရည် : 50mg/ml

သောက်ဆေးအရည် : 125mg/5ml (237ml) ; 125mg/5ml (4ml, 237ml)

ဝါးစားနိုင်သော ဆေးပြား : ၅၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်သော လက္ခဏာများမှာ

-မျက်လုံးများ ထိန်းချုပ်မရအောင် လှုပ်ခါခြင်း။

-ခန္တာကိုယ် အစိတ်အပိုင်းများနှင့် ဦးနှောက်တို့ စည်းချက်ညီစွာ အလုပ်မလုပ်နိုင်တော့ခြင်း။

-စကားမပီတော့ခြင်း။

-တကိုယ်လုံး အကြောဆွဲခြင်း။

-ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း။

-အသိစိတ်လွတ်ခြင်း။

-ကိုမာဝင်ခြင်း(ကာလကြာရှည်စွာ သတိလစ်မေ့မြောခြင်း)။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Phenytoin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement