backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tamsulosin (တမ်ဆူလိုစင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Tamsulosin (တမ်ဆူလိုစင်)

Tamsulosin (တမ်ဆူလိုစင်) ဆိုတာက ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို သက်သာစေဖို့ အသုံးပြုပေးတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးတွေက ကြီးနေတဲ့ ဆီးကျိတ်ကို ပြန်ကျုံ့သွားစေတာမျိုး မဟုတ်ဘဲ ဆီးကျိတ်တွေနဲ့ ဆီးအိမ် ကြွက်သားတွေကို ပြေလျော့စေတာ ဖြစ်ပါတယ်။

Tamsulosin (တမ်ဆူလိုစင်) ဆိုတာ

Tamsulosin ဆိုတာက alpha blocker ဆေးအမျိုးအစားဝင် ဆေးတစ်မျိုးပါ။ Tamsulosin ကို သွေးတိုးရောဂါ ရှိသူတွေမှာလည်း အသုံးပြုကြပါတယ်။

ဒီဆေးက သွေးတွေကို ညှစ်ထုတ်ပေးတဲ့ norepinephrine ဟော်မုန်းကို တားဆီးပေးတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ပေးပါတယ်။

ရလဒ်တစ်ခု အနေနဲ့ သွေးကြောထဲက သွေးတွေ စီဆင်းမှု ကောင်းစေပြီး ဆီးကျိတ် ကြွက်သားတွေကို ပြေလျော့စေဖို့ လုပ်ဆောင်ပေးပါတယ်။

အသုံးပြုပုံများ

Tamsulosin (တမ်ဆူလိုစင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Tamsulosinက ဆီးကျိတ်ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်က ဆီးကျိတ်ကြီးတာကြောင့် ခံစားရတဲ့ ဆီးသွားရခက်တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးခဏခဏ သွားတာမျိုးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။

ဒီဆေးကို ဆီးထဲကနေတဆင့် ကျောက်ကပ်မှာ တည်နေတဲ့ ကျောက်တွေကို ထွက်စေပြီး အမျိုးသမီးတွေမှာ ဆီးအိမ်ပြဿနာတွေ သက်သာစေဖို့ ကုသရာမှာလည်း အသုံးပြုပေးလို့ ရပါတယ်။

Tamsulosin (တမ်ဆူလိုစင်)ကို ဘယ်လိုသောက်သုံးသင့်သလဲ

Tamsulosin (တမ်ဆူလိုစင်)ကို ဆီးကျိတ်ရောဂါတွေအတွက် ဆရာဝန်ညွှန်ကြားတဲ့ ပမာဏနဲ့ ရက်အတိုင်းသောက်ဖို့ လိုပါတယ်။

Tamsulosin (တမ်ဆူလိုစင်)ဆေးတောင့်ကို များသောအားဖြင့် အစာစားပြီး နာရီဝက်နေရင် သောက်ရပါတယ်။ နေ့တိုင်း အချိန်မှန်မှန် သောက်ပေးဖို့ လိုပါတယ်။

ဆေးတောင့်ကို ရေတစ်ခွက်နဲ့ မျှောချပြီး သောက်ရပါမယ်။ ဆေးကို ကြိတ်ခြေတာမျိုး၊ ဝါးစားတာမျိုး၊ ဆေးတောင့်ကို ဖောက်ပြီး အထဲက ဆေးမှုန့်ကို သောက်တာမျိုး မလုပ်ပါနဲ့။

ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို သက်သာစေဖို့အတွက် ဆေးကို အနည်းဆုံး ၄ ပတ်ကြာ သောက်ပေးရပါမယ်။ တကယ်လို့ လက္ခဏာက တိုးတက်မလာဘူး။ ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်ကို ပြသတိုင်ပင်ပါ။

Tamsulosin (တမ်ဆူလိုစင်)ကို ဘယ်လိုသိမ်းဆည်းသင့်သလဲ။

Tamsulosin (တမ်ဆူလိုစင်)ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tamsulosinကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tamsulosin (တမ်ဆူလိုစင်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

Tamsulosin (တမ်ဆူလိုစင်)ကို များသောအားဖြင့် အမျိုးသား ဆီးကျိတ်ပြဿနာတွေအတွက်ပဲ အသုံးပြုကြတာပါ။

ဒီဆေးက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နို့တိုက်မိခင်တွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိသလားဆိုတာကို တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

ဖြစ်နိုင်ခြေ အန္တရာယ်တွေကို သေသေချာချာ သိရှိနိုင်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tamsulosin (တမ်ဆူလိုစင်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • မိုက်ခနဲ မူးတာ
  • မူးဝေတာ
  • အိပ်ငိုက်တာ
  • မအီမသာဖြစ်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • ခါးနာတာ
  • အမြင်တွေ ဝါးတာ
  • သွားပြဿနာ
  • အိပ်စက်မှု ပြဿနာ (အိပ်မပျော်တာ),
  • ပုံမှန်မဟုတ်တဲ့ သုက်လွှတ်တာ
  • လိင်စိတ် နည်းလာတာ
  • လည်ချောင်းနာတာတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ အင်ပြင်တွေထွက်တာ၊ အသက်ရှူရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ နဲ့ လည်ပင်းတွေ ရောင်ရမ်းတာလိုမျိုး ဓာတ်မတည့်တာတွေ ဖြစ်မယ်ဆိုရင် ဆေးကုသမှု ချက်ချင်း ခံယူဖို့ လိုပါမယ်။

အောက်မှာဖော်ပြထားတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရှိရမယ်ဆိုရင် ဆေးသောက်တာကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသပေးပါ

  • သတိလစ် မေ့မြောတာ
  • ရင်ဘတ်အောင့်တာ
  • အဖျားဝင်တာ ချမ်းတုန်တာ
  • လိင်တံထောင်မတ်ချိန်မှာ နာကျင်တာ
  • လိင်တံထောင်မတ်ချိန်က ၄ နာရီထက် ကြာမြင့်နေတာမျိုးဖြစ်မယ်ဆိုရင်ပါ။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

Tamsulosinက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • အခြား alpha-blockers (ဥပမာ – doxazosin ၊ alfuzosin၊ prazosin နဲ့terazosin)
  • အခြားသွေးပေါင်ကျဆေးများ
  • ပန်းသေပန်းညှိုး ရောဂါအတွက် သောက်ရတဲ့ ဆေးများ (ဥပမာ –  sildenafil ၊ tadalafil နဲ့ vardenafil)
  • သွေးထဲက tamsulosin ကို လျှော့ချပေးတဲ့ဆေးတွေ  (ဥပမာ – မှိုသတ်ဆေးအဖြစ် သုံးတဲ့  ketoconazole ) နဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေဖြစ်ကြတဲ့ erythromycin နဲ့ clarithromycin
  • စိတ်ကျရောဂါ သောက်ဆေး၊ ရင်ဘတ်အောင့်တာ သက်သာစေတဲ့ နိုက်ထရိတ်ဆေးတွေ၊ ကြွက်သားပြေလျော့စေတဲ့ beclofen ဆေးတွေ၊ ပါကင်ဆန်ရောဂါအတွက် အသုံးပြုတဲ့ cocareldopa နဲ့ levodopa တို့နဲ့ အခြားသွေးကျဆေးတွေပါ။

အစားအသောက်တွေနဲ့ အရက်က Tamsulosinနဲ့ ဓာတ်ပြုနိုင်သလား

Tamsulosinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tamsulosinနဲ့ ဓာတ်ပြုနိုင်သလဲ

Tamsulosinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ဆာလဖာပါဝင်သော ဆေးများနဲ့ မတည့်ရင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • သွေးပေါင်ကျလေ့ရှိရင်  သွေးပေါင်ပိုကျစေသဖြင့် သတိထားသုံးပါ။
  • ပြင်းထန်သော ကျောက်ကပ်ရောဂါ
  • ပြင်းထန်သော အသည်းရောဂါ ရှိရင် ဆေးကိုခန္ဓာကိုယ်မှ ဖယ်ထုတ်ရာတွင် ပုံမှန်ထက် နှေးတာကြောင့် ဆေးရဲ့အကျိုးသက်ရောက်မှုမှာ လိုအပ်တာထက် ပိုများနိုင်တဲ့အတွက် သတိထားသုံးစွဲရပါမယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

  • ဆီးကျိတ်ကြီးတာ အတွက် – စစသောက်ချင်းမှာ 0.4 mg  တစ်နေ့တစ်ကြိမ်ပါ။ လိုအပ်မယ်ဆိုရင် တစ်နေ့ကို 0.8 mg အထိ ဆရာဝန်က တိုးပေးပါလိမ့်မယ်။

ကလေးအတွက် အသုံးပြုရမယ့်ပမာဏ

  • ကလေးတွေအတွက်တော့ သောက်သုံးဖို့ သင့်တော်တယ်လို့ ဖော်ပြထားတာမျိုး မရှိပါဘူး။

အသေးစိတ်အချက်အလက်တွေကို ပိုမိုသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

Tamsulosin ကို ဘယ်လိုရရှိနိုင်သလဲ

Tamsulosinကို များသောအားဖြင့် ဆေးအာနိသင် ဖြည်းဖြည်းချင်း ပြတဲ့ ဆေးပြားတွေ ဒါမှမဟုတ် 0.4 mg ဆေးတောင့်ပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tamsulosinကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement