backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dynastat (Parecoxib) (ဒိုင်နာစတက်ခ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Dynastat (Parecoxib) (ဒိုင်နာစတက်ခ်)

အသုံးပြုပုံများ

Dynastat (Parecoxib) (ဒိုင်နာစတက်ခ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Dynastat® (ဒိုင်နာစတက်ခ်) ဆိုတာ ဆေးနာမည်ဖြစ်ပြီး ပါဝင်ပစ္စည်းက Parecoxib ဖြစ်ပါတယ်။

ရုတ်တရက်ဆိုးရွားလာတတ်တဲ့ နာကျင်ကိုက်ခဲခြင်းနဲ့ ခွဲစိတ်ပြီး နာကျင်ကိုက်ခဲခြင်းတို့ကို ကာလတို ကုသရာမှာ အသုံးပြုပါတယ်။ ဥပမာ – ခံတွင်းခွဲစိတ်ခြင်း၊ သားအိမ်ထုတ်ခြင်း၊ သားအိမ်အသားလုံးခွဲစိတ်ခြင်း၊ ဒူးဆစ်အစားထိုးခြင်း၊ ပေါင်ရိုးဆစ် ခွဲစိတ်ပြုပြင်ခြင်း၊ ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် သည်းခြွေပြွန်ခွဲစိတ်ကုသခြင်း၊ အူကျရောဂါခွဲစိတ်ခြင်း၊ ရောဂါရှာဖွေရန် မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်ခွဲစိတ်ခြင်း၊ အူအတက်ပေါက်လို့ ခွဲစိတ်ခြင်း၊ သိုင်းရွိုက်ခွဲစိတ်ခြင်း၊ ဘေလုံးခွဲစိတ်ခြင်းစတဲ့ ခွဲစိတ်ခြင်းအမျိုမျိုးအတွက် အသုံးပြုပါတယ်။

Dynastat (Parecoxib) (ဒိုင်နာစတက်ခ်)ဘယ်လိုသောက်သုံးသင့်သလဲ

Dynastat® ထိုးဆေးကို ဆရာဝန်ကနေ ဆေးပမာဏ တွက်ချက်ပြီး ဆေးရုံမှာပဲ ကျွမ်းကျင်သူတွေနဲ့ ထိုးသင့်ပါတယ်။ ဆေးမထိုးခင်မှာ ပျော်ရည်နဲ့ ဖျော်ရပါတယ်။ ဒီဆေးကိုမသုံးခင်မှာဆေးညွှန်းစာမှ အချက်အလက်အားလုံးကို ဖတ်ပါ။

အညွှန်းစာမှာ ပါဝင်တဲ့အချက်တွေမှာ မရှင်းတာရှိရင် ဆရာဝန်ကိုမေးမြန်းပါ။

Dynastat (Parecoxib) (ဒိုင်နာစတက်ခ်) ဘယ်လိုသိမ်းဆည်းရမလဲ

Dynastat®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Dynastat® ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Dynastat®ကို အိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dynastat® (Parecoxib) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Dynastat®ကို အသုံးမပြုခင် အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆေးမသောက်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • Dynastat®ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dynastat ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Dynastat®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Dynastat (Parecoxib) (ဒိုင်နာစတက်ခ်) ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

များသောအားဖြင့် အန္တရာယ်ကင်းပြီး ဘေးထွက်ဆိုးကျိုးလည်း ရှားပါတယ်။ ဒါပေမယ့် တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လေပွခြင်း
  • ခါးနာခြင်း
  • ခြေလက်ဖောရောင်ခြင်း
  • သွားအရင်းရောင်ခြင်း
  • မူးဝေခြင်း
  • အိပ်မပျော်ခြင်း
  • ဆီးနည်းခြင်း
  • ချွေးထွက်များခြင်း၊ ယားယံခြင်း
  • သွေးပေါင်ကျခြင်း
  • နှလုံးခုန်နှေးခြင်း
  • လည်ချောင်းနာခြင်း
  • အရေပြားပေါ် အကွက်များဖြစ်ခြင်း
  • သွေးကြောဆိုင်ရာပြသနာများ

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ ဒီထဲမှာ မပါတဲ့ တခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Dynastat (Parecoxib) (ဒိုင်နာစတက်ခ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Dynastat®က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဘယ်ဆေးကိုမှ စသောက်တာ၊ ရပ်တာ၊ ဆေးအတိုးအလျှော့လုပ်တာတွေ မလုပ်ရပါဘူး။

  • Fluconazole နှင့် Ketoconazole
  • ACE Inhibitors, Angiotensin II Antagonists, Beta-Blockers၊ ဆီးဆေးများစသည့် သွေးကျဆေးများ
  • ဆီးဆေးများ
  • Cyclosporine
  • Methotrexate
  • Lithium

အစားအသောက်တွေနဲ့ အရက်က Dynastat (Parecoxib) (ဒိုင်နာစတက်ခ်) နဲ့ ဓာတ်ပြုနိုင်သလား

Dynastat®က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်နာတာ၊ သွေးထွက်များစေတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်တာကြောင့် ဆေးကို အရက်နဲ့ တွဲမသောက်ပါနဲ့။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Dynastat® နဲ့ ဓာတ်ပြုနိုင်သလဲ

Dynastat®က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

ရုတ်တရက်ဆိုးရွားလာတဲ့ နာကျင်ကိုက်ခဲခြင်းအတွက်

အသုံးပြုလို့ရတဲ့ ကနဦးပမာဏကတော့ ၄၀မီလီဂရမ်ကို အကြောဆေး (သို့) အသားဆေးအနေနဲ့ ပေးနိုင်ပါတယ်။ နောက်ထပ် ၆-၁၂ နာရီကြာတိုင်း ၂၀ (သို့) ၄၀မီလီဂရမ်ကို လိုအပ်သလိုပေးနိုင်ပါတယ်။ အများဆုံးတနေ့ကို ၈၀မီလီဂရမ်ထိ ပေးနိုင်ပါတယ်။ သွေးပြန်ကြောထဲကို တိုက်ရိုက်ထိုးနိုင်သလို ပုလင်းကြီးချိတ်ထားတဲ့ လိုင်းထဲကိုလည်း ပေးနိုင်ပါတယ်။ အသားဆေးထိုးမယ်ဆိုရင် ကြွက်သားအောက်ပိုင်းခပ်နက်နက်ထိုးရပြီး ဖြည်းဖြည်းထိုးရပါတယ်။

ခွဲစိတ်ပြီး နာကျင်ကိုက်ခဲခြင်းများ ကာကွယ်ဖို့ ဒါမှမဟုတ် ကာကွယ်ဖို့အတွက်

ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ၄၀မီလီဂရမ် ဖြစ်ပြီးအကြောဆေး (သို့) အသားဆေးအနေနဲ့ ပေးနိုင်ပါတယ်။ အကြောဆေးကို ပိုအသုံးများပါတယ်။ ခွဲစိတ်ခြင်းမတိုင်မီ နာရီဝက်-၄၅မိနစ်ခန့် ကြိုပေးရပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေမှာ သုံးဖို့ စိတ်မချရသေးပါဘူး။ ဆေးဝါးတစ်ခုကို မသုံးခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ် ဆိုတာ သိဖို့ လိုပါတယ်။ ပိုသိရအောငိ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Dynastat®ကို ဘယ်လိုရရှိနိုင်သလဲ

Dynastat®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်

  • ဆေးဖျော်ရန်ဆေးမှုန့် 40 mg/5mL (includes NaCl 9mg/mL as diluent)

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr. Zin Thu Thu Win

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement