backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prazosin (ပရာဇိုစင်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Prazosin (ပရာဇိုစင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Prazosin ကို သွေးတိုးရောဂါကို ကုသရန်အတွက် တစ်မျိုးတည်းဖြစ်စေ၊ အခြားဆေးများနှင့် တွဲဖက်၍ဖြစ်စေ အသုံးပြုလေ့ရှိပါသည်။ သွေးတိုးရောဂါကို ထိန်းချုပ်ခြင်းဖြင့် လေဖြတ်ခြင်း၊ရုတ်တရက် နှလုံးရပ်ခြင်း နှင့် ကျောက်ကပ်ပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။ Prazosin သည် Alpha Blocker တစ်မျိုးဖြစ်သည်။ ၎င်းသည် သွေးကြောများကို ဖြေလျှော့စေခြင်း နှင့် ကျယ်စေခြင်းအားဖြင့် သွေးအသွားအလာကောင်းစေကာ သွေးပေါင်ကို ကျစေသည်။

အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုနိုင်သော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Prazosin ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

Prazosin ကို သွေးလည်ပတ်မှုဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည့် Raynaud’s phenomenon (လက်ထိပ်၊ခြေထိပ်ထုံခြင်း၊အေးစက်ခြင်း၊ အပူအအေးနဲ့တွေ့လျှင် အရောင်ပြောင်းခြင်းကို ဖြစ်စေသော သွေးကြောကျဉ်း ရောဂါတစ်မျိုး )ကို ကုသရာတွင်သုံးနိုင်သည်။ ဆီးကြိတ်ကြီးခြင်းကို ကုသရာတွင် သုံးနိုင်သလို ဆီးကျောက်တည်ခြင်းကို ကုသရာတွင်လည်း အသုံးပြုနိုင်သည်။

Prazosin (ပရာဇိုစင်) ဘယ်လိုသောက်သုံးသင့်သလဲ

Prazosin ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့လျင် ၂ကြိမ် (သို) ၃ကြိမ် (သို့) သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ အကယ်၍ ဗိုက်အောင့်ဗိုက်နာခြင်းရှိပါက အစာသို့မဟုတ် နွားနို့နှင့် တွဲဖက်သောက်ပါ။ ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုံ့ပြန်မှုအပေါ် မူတည်သည်။Prazosin သည် ပထမဦးဆုံး စတင်သောက်သည့်အခါဖြစ်စေ၊ဆေးပမာဏကို တိုးသည့်အခါဖြစ်စေ (ရှားရှားပါးပါး) ရုတ်တရက် သတိမေ့လဲခြင်းကို ဖြစ်စေတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် သင့်အား ဆရာဝန် ပထမဆုံးပေးသည့် ဆေးပမာဏသည် နည်းနိုင်သမျှ ပမာဏအနည်းဆုံးဖြစ်ရပါမည်။ ထို့အပြင် ပထမဆုံးသော ဆေးကို ညအိပ်ယာဝင်ချိန်တွင် သောက်ခြင်းအားဖြင့် မေ့လဲနိုင်ခြေကိုလည်း များစွာ လျော့နည်းနိုင်မည် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဆေးပမာဏကို ဖြည်းဖြည်းချင်း တိုးရမည်ဖြစ်ပါသည်။ ဆေးပမာဏ တိုးပြီးပထမဆုံးသောက်ရမည့်ဆေးကိုလည်း အထူးတလည်ညွှန်ကြားထားချက် မရှိလျင် ညအိပ်ယာဝင်ချိန်၌ သောက်ပါ။

ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တစ်ခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ သွေးတိုးရောဂါအတွက် Prazosin ကို သောက်သုံးသည့် အခါ ဆေး၏ အာနိသင် အပြည့်အဝရရှိစေရန် ရက်သတ္တပတ်အတော်ကြာကြာ အချိန်ယူရလေ့ရှိပါသည်။ ထို့ကြောင့် သင့်ကိုယ်သင် ကောင်းသွားပြီဟု ထင်မှတ်စေကာမူ ဆေးကို မှန်မှန်ဆက်သောက်ရန် အရေးကြီးပါသည်။ သွေးတိုးရောဂါရှိသူအများစုမှာ အကောင်းပကတိပင်ဖြစ်သည်။

ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးသောက်ခြင်းကို မိမိသဘောဖြင့် ရုတ်တရက် ရပ်လိုက်ခြင်းကို ရှောင်ကြဉ်ပါ။ ထိုသို့ ဆေးကို ရုတ်တရက် ရပ်လိုက်လျှင် ရောဂါအခြေအနေကို ပိုဆိုးသွားစေနိုင်သည်။ ထို့ကြောင့် ရုတ်တရက် မရပ်ဘဲ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့သွားရမည်ဖြစ်သည်။

သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ (ဥပမာ။ ။ သွေးပေါင်ချိန် တက်မြဲတက်နေဆဲ သို့မဟုတ် ပိုတက်လာခြင်း ) ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်။

Prazosin (ပရာဇိုစင်) ဘယ်လိုသိမ်းဆည်းရမလဲ

Prazosin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Prazosin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Prazosin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Prazosin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Prazosin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Prazosin (ပရာဇိုစင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Prazosin ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Prazosinဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Prazosin၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

အသက်ကြီးသူများတွင် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Prazosin (ပရာဇိုစင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Prazosin (ပရာဇိုစင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Prazosin သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

• နှလုံးခုန် မြန်ခြင်း၊တဒိုင်းဒိုင်းခုန်နေခြင်း၊ ရင်တလှပ်လှပ် ဖြစ်နေခြင်း။

• မေ့လဲသွားတော့မည်ဟု ခံစားရခြင်း။

• အသက်ရှုရခက်ခြင်း။

• လက်၊ခြေ နှင့် ခြေကျင်းဝတ်တို့တွင် ဖောရောင်ခြင်း။

• ၄နာရီထက်ကြာအောင် လိင်တံမာတောင့်နေပြီး နာကျင်ခြင်း။

• သာမန် ဘေးထွက်လက္ခဏာများမှာ

• အနည်းငယ်မူးဝေထိုင်းမှိုင်းခြင်း။

• အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။

• ခေါင်းကိုက်ခြင်း။

• ပျို့ခြင်း၊ မအီမသာဖြစ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Prazosin (ပရာဇိုစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Prazosin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Prazosin ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့ Prazosin ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

• Amifampridine

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Prazosin နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• obicistat

• Tadalafil

• Topotecan

• အောက်ဖော်ပြပါ ဆေးများသည် Prazosin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Acebutolol

• Alprenolol

• Atenolol

• Betaxolol

• Bevantolol

• Bisoprolol

• Bucindolol

• Carteolol

• Carvedilol

• Celiprolol

• Dilevalol

• Esmolol

• Labetalol

• Levobunolol

• Mepindolol

• Metipranolol

• Metoprolol

• Nadolol

• Nebivolol

• Oxprenolol

• Penbutolol

• Pindolol

• Propranolol

• Sildenafil

• Sotalol

• Talinolol

• Tertatolol

• Timolol

• Vardenafil

အစားအသောက်တွေနဲ့ အရက်က Prazosin (ပရာဇိုစင်) နဲ့ ဓါတ်ပြုနိုင်သလား

Prazosin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Prazosin (ပရာဇိုစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Prazosin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

• ရင်ဘတ်အောင့်ခြင်း။

• ပြင်းထန်သော နှလုံးရောဂါ။

• ထိုင်နေ၊ လှဲနေရာမှ မတ်တပ်ရပ်သော အခါ သွေးပေါင်ကျသည့်ရောဂါ ——–> Prazosin သည် ဤအခြေအနေကို ပိုဆိုးစေမည်။

• အတွင်းတိမ်ခွဲထားခြင်း——->Prazosin သောက်နေသော သို့မဟုတ် မကြာသေးမီက သောက်ထားဖူးသော လူနာတွင် အတွင်းတိမ်ခွဲသော အခါ Intraoperative Floppy Iris Syndrome (IFIS)ဟုခေါ်သော နောက်ဆက်တွဲမျက်စိပြဿနာနှင့် ရင်ဆိုင်ရနိုင်ပါသည်။

• ကျောက်ကပ်ရောဂါ ——-> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Prazosin (ပရာဇိုစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နှလုံးအလုပ်မလုပ်နိုင်တော့၍ ခန္ဓါကိုယ်အနှံ့အရည်ဖုံးသောရောဂါ (congestive heart failure) အတွက်

—->ကနဦးဆေးပမာဏ—->၁မီလီဂရမ် ကို တစ်နေ့လျှင် ၂ကြိမ်မှ ၃ကြိမ်အထိ သောက်နိုင်သည်။

—->ဆက်လက်သောက်ရန်ဆေးပမာဏ—–>နေ့စဉ် ၆ – ၁၅ မီလီဂရမ်ကို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

သွေးတိုးရောဂါအတွက်

—->ကနဦးဆေးပမာဏ—->၁မီလီဂရမ် ကို တစ်နေ့လျှင် ၂ကြိမ်မှ ၃ကြိမ်အထိ သောက်နိုင်သည်။

—->ဆက်လက်သောက်ရန်ဆေးပမာဏ—–>နေ့စဉ် ၆ – ၁၅ မီလီဂရမ်ကို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

ဆီးကြိတ်ရောင်/ကြီး ခြင်းအတွက်

—->ကနဦးဆေးပမာဏ—->၁မီလီဂရမ် ကို တစ်နေ့လျှင် ၂ကြိမ်မှ ၃ကြိမ်အထိ သောက်နိုင်သည်။

—->ဆက်လက်သောက်ရန်ဆေးပမာဏ—–>နေ့စဉ် ၆ – ၁၅ မီလီဂရမ်ကို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

ကလေးတွေအတွက် Prazosin (ပရာဇိုစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Prazosin (ပရာဇိုစင်) ကိုဘယ်လိုရရှိနိုင်သလဲ

Prazosin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဆေးပြား :၁မီလီဂရမ်၊ ၂မီလီဂရမ်၊ ၅မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်ခြင်း၏ လက္ခဏာများမှာ

• မူးဝေထိုင်းမှိုင်းခြင်း။

• ငိုက်မြည်းခြင်း။

• လှုံ့ဆော်မှုကို တုံ့ပြန်နိုင်စွမ်း ကျဆင်းခြင်း။

• မေ့လဲတော့မယောင်ခံစားရခြင်း။

• သတိလစ် ၊မေ့လဲခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Prazosin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement