backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Idoxuridine Ophthalmic


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Idoxuridine Ophthalmic ကို ဘာအတွက်အသုံးပြုကြသလဲ

ရေယုန်ဗိုင်းရပ်စ်ပိုး (herpes simplex virus – HSV) နဲ့vacciniaဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာတဲ့မျက်ကြည်လွှာရောင်ရမ်းခြင်းကိုကုသဖို့အတွက်Idoxuridine ophthalmic ကိုအသုံးပြုပါတယ်။ မျက်စိပိုးဝင်ခြင်းတွေကိုကုသဖို့အတွက်Idoxuridine ophthalmic ကိုအများဆုံးအသုံးပြုလေ့ရှိပါတယ်။

Idoxuridine Ophthalmic ဘယ်လိုသောက်သုံးသင့်သလဲ

Idoxuridine ophthalmic ကိုမျက်စဉ်းဆေးအနေနဲ့ရရှိနိုင်ပြီး၎င်းကိုအသုံးပြုဖို့အတွက်အောက်ဖော်ပြပါအချက်တွေကိုလိုက်နာရပါမယ်။

  • ဆပ်ပြာနဲ့ရေကိုအသုံးပြုပြီးလက်ကိုစင်ကြယ်အောင်ဆေးပါ။
  • မှန်ကိုအသုံးပြုပြီးမျက်စဉ်းခတ်နိုင်သလိုအခြားတယောက်ယောက်ကိုလည်းအကူအညီတောင်းနိုင်ပါတယ်။
  • ဗူးအဖုံးလေးကိုဖွင့်ပါ။ မျက်စဉ်းဆေးတောင့်ရဲ့ထိပ်ပိုင်း (ဆေးရည်ထွက်လာမယ့်နေရာ)မှာကွဲရာ၊ပွန်းရာ၊ပဲ့ရာတွေရှိမရှိသေချာစစ်ဆေးပါ။ မျက်စဉ်းဆေးရည်ခပ်နောက်နောက်ဖြစ်နေသလားဆိုတာကိုလည်းသေချာစွာစစ်ဆေးပါ။
  • မျက်စဉ်းဆေးတောင့်ရဲ့ထိပ်ပိုင်း (ဆေးရည်ထွက်လာမယ့်နေရာ)ကိုသင့်မျက်စိသို့မဟုတ်တခြားဘာနဲ့မှမထိပါစေနဲ့။
  • မျက်စဉ်းဆေးစက်တွေဗူးအတွင်းပိုင်းထဲ ပြန်ဝင်ပြီးကျန်ရှိနေသေးတဲ့ဆေးရည်တွေနဲ့ရောမသွားရစေအောင်မျက်စဉ်းဆေးတောင့်ရဲ့ထိပ်ပိုင်းကိုအမြဲဇောက်ထိုးထားထားပါ။
  • ပက်လက်လှန်လိုက်ပါသို့မဟုတ်ခေါင်းကိုအနောက်ဖက်လှန်လိုက်ပါ။
  • မျက်စဉ်းဆေးတောင့်ကိုသင့်လက်မ၊လက်ညှိုးနှစ်ချောင်းနဲ့ညှပ်ပြီးကိုင်ပါ။ ပြီးရင်ဆေးတောင့်ရဲ့ထိပ်ပိုင်းကိုသင့်မျက်ခွံနဲ့နီးနိုင်သမျှနီးအောင်ထားပါ (ထိတော့မထိပါစေနဲ့)။
  • ကျန်ရှိတဲ့လက်သုံးချောင်းနဲ့သင့်ပါးသို့မဟုတ်နှာခေါင်းကိုထိန်းထားပါ။
  • သင့်နောက်လက်တဖက်ရဲ့လက်ညှိုးကိုအသုံးပြုပြီးအောက်မျက်ခမ်းကိုဆွဲချပါ။ အချိုင့်ခွက်ခွက်လေး ဖြစ်သွားပါလိမ့်မယ်။
  • အဆိုပါချိုင့်ခွက်လေးထဲကို (ညွှန်ကြားထားတဲ့အစက်ရေအတိုင်း) မျက်စဉ်းစက်ချပေး/ခတ်ပေးရပါမယ်။
  • မျက်စိအသားပေါ်တည့်တည့်အစက်ချရင်အနည်းငယ်ကသိကအောင့်ခံစားရတတ်လို့ပါ။
  • ပြီးရင်မျက်စိမှိတ်ပြီးအောက်မျက်ခမ်းကို၂ – ၃မိနစ်လောက်လက်ချောင်းလေးနဲ့အသာဖိထားလိုက်ပါ။ ဒါမှဆေးရည်တွေအပြင်မထွက်သွားမှာပါ။ မျက်တောင်မခတ်ပါနဲ့။
  • အဖုံးကိုသေချာစွာ ပြန်ပိတ်ပါ။ ကျပ်ကျပ်ပိတ်ပါ။ လက်နဲ့သုတ်ပစ်တာမျိုး၊ရေဆေးပစ်တာမျိုးမလုပ်ပါနဲ့။

Idoxuridine Ophthalmic ဘယ်လိုသိမ်းဆည်းရမလဲ

Idoxuridine ophthalmic ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Idoxuridine ophthalmic ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Idoxuridine ophthalmic ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Idoxuridine ophthalmic ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Idoxuridine ophthalmic ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Idoxuridine Ophthalmic အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်တွေရှိနေရင်ဆရာဝန်ကိုကြိုပြောပါ။

  • ကိုယ်ဝန်ရှိနေခြင်းသို့မဟုတ်နို့တိုက်နေခြင်း။ ဘာလို့လဲဆိုတော့ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်မိခင်နို့တိုက်ကျွေးနေချိန်တွေမှာဆရာဝန်ညွှန်ကြားချက်ရှိမှသာဆေးဝါးတွေကိုသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
  • အခြားသောဆေးဝါးများကိုသုံးစွဲနေခြင်း။ အခြားသောဆေးဝါးများဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်။
  • Idoxuridine ophthalmic သို့မဟုတ်အခြားဆေးဝါးတမျိုးမျိုးနဲ့ဓါတ်မတည့်ခြင်း။
  • အခြားသောရောဂါအခြေအနေတမျိုးရှိနေခြင်း၊နာမကျန်းခြင်းစတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Idoxuridine Ophthalmic ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Idoxuridine Ophthalmic ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

  • မျက်စိနာကျင်ခြင်း၊စပ်ခြင်း။
  • နီရဲခြင်း။
  • ယားယံခြင်း။
  • မျက်စိရောင်ခြင်း။
  • အလင်းစူးစူးကိုမကြည့်နိုင်ခြင်း။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Idoxuridine Ophthalmic နဲ့ ဓါတ်ပြုနိုင်သလဲ

Idoxuridine ophthalmic ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Idoxuridine Ophthalmic နဲ့ ဓါတ်ပြုနိုင်သလား

Idoxuridine ophthalmic ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Idoxuridine Ophthalmic နဲ့ ဓါတ်ပြုနိုင်သလဲ

Idoxuridine ophthalmic ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Idoxuridine Ophthalmic ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရေယုန်ရောဂါ :

0.1% ပြင်းအားရှိမျက်စဉ်းဆေးရည် : ရောဂါဖြစ်နေတဲ့မျက်စိထဲကိုတနာရီတခါတစက်စီထည့်ပေးပါ။ သက်သာလာတဲ့အခါနှစ်နာရီခြားတခါထည့်ခြင်းသို့မဟုတ်တနေ့ကိုလေးကြိမ်ထည့်ခြင်းဖြင့်ဆေးသုံးစွဲမှုအကြိမ်ရေကိုလျှော့ချပါ။ မျက်စဉ်းဆေးကိုအနည်းဆုံး၇ရက်တိတိသုံးစွဲရမှာ ဖြစ်ပါတယ်။

ကလေးတွေအတွက် Idoxuridine Ophthalmic ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Idoxuridine Ophthalmic ကိုဘယ်လိုရရှိနိုင်သလဲ

Idoxuridine ophthalmic ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • မျက်စဉ်းဆေးရည်ဝ.၁%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Idoxuridineophthalmicကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement