backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cevimeline


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Cevimeline ကို ဘာအတွက်အသုံးပြုကြသလဲ

Cevimelineကိုများသောအားဖြင့် ကိုယ်ခံအားရောဂါတမျိုးဖြစ်တဲ့ Sjogrenရောဂါလက္ခဏာစုကြောင့် အာခေါင်ခြောက်ခြင်းအတွက်

ပေးပါတယ်။ cholinergic အုပ်စုဝင် ဆေးအမျိုးအစားဖြစ်ပါတယ်။ အာရုံကြောတချို့ကို လှုံ့ဆော်ရာကနေတံတွေးကိုထွက်စေပြီးစကားပြောရာမှာ၊ အစာစားရာမှာသက်တောင့်သက်သာဖြစ်စေပါတယ်။

Cevimeline ဘယ်လိုသောက်သုံးသင့်သလဲ

အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေဆရာဝန်ညွှန်တဲ့အတိုင်း (သို့) တနေ့၃ကြိမ်သောက်ပေးရပါတယ်။

ဆေးပမာဏဟာကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်းစတာတွေအပေါ် မူတည်ပါတယ်။

အာနိသင်အကာင်းဆုံးရအောင် အချိန်မှန်သောက်သုံးပါ။ မှတ်မိလွယ်အောင် နေ့စဉ် တူညီတဲ့အချိန်မှာသောက်သုံးသင့်ပါတယ်။

အာခေါင်ကိုစိုစွတ်စေဖို့ ရေနဲ့တခြားအရည်တမျိုးမျိုးကိုလည်းဆက်လက်သောက်သုံးနိုင်ပါတယ်။

တပတ်နှစ်ပတ်သောက်ပြိးရင် ဆေးရဲ့အကျိုးအာနိသင်ကိုရရှိနိုင်ပါတယ်။ အကောင်းဆုံးအခြေအနေရအောင်တော့ ၆ပတ်လောက် သောက်ရပါတယ်။ ရောဂါမသက်သာရင် ပိုဆိုးလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Cevimeline ဘယ်လိုသိမ်းဆည်းရမလဲ

Cevimelineကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Cevimelineဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Cevimelineကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cevimeline အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Cevimelineမသုံးစွဲခင်မှာသူနဲ့ဓါတ်မတည့်တာရှိရင်၊ တခြားဓါတ်မတည့်ခြင်းတွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကိုဖွင့်ပြောပါ။ ဒီပစ္စည်းမှာဓါတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဆေးမသုံးခင်မှာမိမိရဲ့ ကျန်းမာရေးရာဇဝင်ကို (အထူးသဖြင့်ပန်းနာရင်ကျပ်၊ နာတာရှည်အဆုတ်ရောင်ခြင်း၊ နာတာရှည်အဆုတ်ရောဂါ စသည့်ပြသနာများ)၊ ညအချိန်မမြင်ရခြင်း၊ မျက်စိရောင်ခြင်း၊ ရေတိမ် စသည့်မျက်စိပြသနာများ၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးပျက်စိးခြင်း၊ နှလုံးထိခိုက်ခြင်း၊ နှလုံးခုန်နှေးခြင်းစသည့် နှလုံးရောဂါများ၊ သွေးပေါင်ကျခြင်း၊ သွေးတိုးခြင်း၊ အသည်းရောဂါများ၊ သည်းခြေအိတ်ရောဂါများ၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ စိတ်ကျခြင်း၊ သတိမကောင်းခြင်းစသည့်စိတ်ပိုင်းဆိုင်ရာ ပြသနာများ၊ ရင်ပူခြင်းအစာအိမ်အနာဖြစ်ခြင်းစသည့် အစာအိမ်ပြသနာများစတာတွေရှိရင်) ဆရာဝန် (သို့) သူနာပြုကိုဖွင့်ပြောပါ။

ဒီဆေးဟာအိပ်ငိုက်စေပါတယ်။ အရက် ဆေးခြောက် စတာတွေနဲ့ တွဲသုံးရင် ပိုပြီးအိပ်ငိုက်တတ်ပါတယ်။ ကားမောင်းခြင်း၊ စက်ယန္တရားမောင်းခြင်း၊ နိုးနိုးကြားကြားလုပ်ဖို့လိုအပ်သောအလုပ်များလုပ်ကိုင်ခြင်းစတာတွေ မလုပ်ပါနဲ့။ အရက်သေစာရှောင်ပါ။ ဆေးခြောက်သုံးနေတယ်ဆိုရင် ဆရာဝန်ကိုပြောပါ။

ဒီဆေးဟာချွေးအလွန်ထွက်စေနိုင်ပါတယ်။ အရည်ဓါတ်ခန်းခြောက်ခြင်းမဖြစ်အောင် ရေများများသောက်ပါ။ အရည်ကိုလုံလောက်စွာမသောက်နိုင်ရင် ဆရာဝန်ကိုဖွင့်ပြောပါ။

ခွဲစိတ်မှု ခံယူရမယ်ဆိုရင် သောက်နေရတဲ့ ဆေးအမျိုးအစားအားလုံး (ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာ၀ ဆေးဘက်ဝင်ပစ္စည်းများ အပါအဝင်) ဆရာဝန်ကို ပြောပြပါ။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

မိခင်နို့ထဲကို ဖြတ်သန်းနိုင်ခြေရှိပါတယ်။ ဒါကြောင့်

ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cevimeline ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Cevimelineကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Cevimelineဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Cရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Cevimeline ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ချွေးထွက်ခြင်း၊ ပျို့တက်ခြင်း၊နှာစေးခြင်း၊ မျက်နှာနီမြန်းခြင်း၊ ဆီးမကြာခဏသွားလိုခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ဝမ်းပျက်ခြင်း၊ အမြင်အာရုံေဝဝါးခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီပြသနာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

ဒီဆေးသောက်ခြင်းဟာမျက်ရည်ကိုပိုထွက်စေပါတယ်။ မျက်လုံးခြောက်သွေ့တတ်သူတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် တောက်လျှောက်မျက်ရည်ကျပြီး ပြသနာရှိလာရင်တော့ ဆရာဝန်ကိုဖွင့်ပြောပါ။

ဆရာဝန်အနေနဲ့ ဒီဆေးကိုပေးရခြင်းဟာဆိုးကျိုးထက် ကောင်းကျိုးကပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒီဆေးကိုသုံးတဲ့ လူအများမှာတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နှလုံးခုန်မမှန်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်း၊ ချောင်းဆိုးခြင်းစသည့် အဆုတ်ပြသနာများ၊ စိတ်ရှုပ်ခြင်းစိတ်တိုလွယ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ ဆိုးရွားစွာဗိုက်အောင့်ခြင်းစတာတွေဖြစ်လာရင် ဆရာဝန်နဲ့ပြပါ။

Cevimelineကြောင့် ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းတွေဖြစ်တာရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cevimeline နဲ့ ဓါတ်ပြုနိုင်သလဲ

Cevimelineဟာmetoprolol, atenolol စတဲ့ beta blocker အုပ်စုဝင်ဆေးတွေနဲ့ ဓါတ်ပြုမှုဖြစ်နိုင်ပါတယ်။

Cevimelineကိုကိုယ်ခန္ဓါမှဖယ်ထုတ်ခြင်းအပေါ် သက်ရောက်မှုရှိစေတဲ့ဆေးတွေဟာcevimelineရဲ့ အာနိသင်ကိုသက်ရောက်မှုဖြစ်စေပါတယ်။ ဥပမာcimetidine, amiodarone, ritonavir, fluoxetineစတဲ့ဆေးတွေ ဖြစ်ပါတယ်။

Cevimelineဟာခြောက်သွေ့စေတဲ့အာနိသင်ရှိတဲ့ ဆေးတွေ (ဥပမာဟစ်စ်တမင်းဆန့်ကျင်ဆေးများ၊ ရင်ကျပ်ပန်းနာဆေးများ၊ ဆီးမကြာခဏသွားခြင်းကိုထိန်းပေးတဲ့ဆေးများ)ကိုအာနိသင်လျော့နည်းစေပါတယ်။ chlorpheniramine, diphenhydramine, atropine, belladonna alkaloids, benztropine, ipratropium, tolterodineစတဲ့ဆေးတွေ ဖြစ်ပါတယ်။ အဲဒီဆေးတွေဟာလည်းအာခေါင်ခြောက်ခြင်းကိုပိုဆိုးစေပြီးcevimelineရဲ့ အာနိသင်ကိုလည်းလျော့စေပါတယ်။

ဆေးတွေသောက်တဲ့အခါ အညွှန်းစာတွေကိုသေချာဖတ်ပါ။ နှာစေးချောင်းဆိုးပျောက်ဆေးတွေ၊ ဓါတ်မတည့်ရင် ပေးရတဲ့ဆေးတွေမှာခြောက်သွေ့မှုဖြစ်စေတဲ့ အာနိသင်ရှိပါတယ်။ အသေးစိတ်သိရအောင် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

cevimelineဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Cevimeline နဲ့ ဓါတ်ပြုနိုင်သလား

Cevimelineဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cevimeline နဲ့ ဓါတ်ပြုနိုင်သလဲ

Cevimelineဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Cevimeline ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများSjogrenရောဂါလက္ခဏာစုအတွက်

၃၀မီလီဂရမ်ကို တနေ့၃ကြိမ် သောက်ရပါတယ်။ အဲဒီပမာဏထက်ကျော်လွန်သုံးစွဲရင် ဘေးကင်းစိတ်ချရမှုနဲ့ အာနိသင်ထိရောက်မှုအတွက် လုံလောက်တဲ့အချက်အလက်တွေ မရှိသေးပါဘူး။

Sjogrenရောဂါလက္ခဏာစုမှာအာခေါင်ခြောက်ခြင်းအတွက် ပေးခြင်းဖြစ်ပါတယ်။

လူနာများအနေနဲ့ ညဘက်မှာအမြင်အာရုံကိုအနှောက်အယှက်ဖြစ်နိုင်တာမို့ ကားကိုဘေးကင်းစွာမောင်းနှင်နိုင်ဖို့ ခက်ခဲစေပါတယ်။ ချွေးထွက်များတာကြောင့် အရည်ဓါတ်ခန်းခြောက်ခြင်းဖြစ်စေပါတယ်။ ရေကိုပိုသောက်သင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။

ကလေးတွေအတွက် Cevimeline ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Cevimeline ကိုဘယ်လိုရရှိနိုင်သလဲ

Cevimelineကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Cevimelineဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement