လက်ရှိ အခြေအနေနှင့် သက်ရောက်မှုများ

၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအနီးရှိ စစ်ကိုင်းကို ဗဟိုပြုကာ ပြင်းထန်သော ငလျင်ကြီး ၂ခု လှုပ်ခတ်ခဲ့ပါသည်။ ပထမတစ်ခုမှာ ဒေသစံတော်ချိန် နေ့လယ် ၁၂နာရီ ၅၀မိနစ်မှာ လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၇.၇ ရစ်ချက်တာစကေးရှိပါသည်။ ဒုတိယ တစ်ခုမှာ နေ့လယ် ၁နာရီ ၂မိနစ် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၄ ရစ်ချက်တာစကေး ရှိပါတယ်။ ငလျင်နှစ်ခုလုံးက အနက် ၁၀ကီလိုမီတာမှလာပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မန္တလေးမြို့မှ အနောက်မြောက်ဘက် ၁၉ ကီလိုမီတာအကွာကို ဦးတည်ခဲ့ပါသည်။ နောက်ဆက်တွဲ ငလျင်ငယ်များကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ခဲ့ရပါသည်။ ငလျင်များက စစ်ကိုင်းပြတ်ရွှေ့ကြောတလျှောက် စတင်ခဲ့ပြီး ၄င်းမှာ ကမ္ဘာ့အရှည်လျားဆုံးနှင့် အသက်ဝင်ဆုံး ပြတ်ရွှေ့အချပ်များတည်ရှိရာ ဖြစ်ပါသည်။

ငလျင်လှုပ်နေချိန်အတွင်း အန္တရာယ်ကင်းစေရန်

ငလျင်လှုပ်နေစဉ်အတွင်း ဆောင်ရန် ရှောင်ရန်နှင့် ဗဟုသုတဖြစ်ဖွယ်များကို ဖတ်ရှုနိုင်ပါသည်။

ရှေးဦးသူနာပြုစုခြင်း

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ

ကြိုတင် ခန့်မှန်းထားလို့ မရတဲ့ သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်တဲ့ ငလျင် လှုပ်ခတ်တဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်တယ် ဆိုပေမယ့် ကိုယ်တိုင်နဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ ဘေးအန္တရာယ် ကင်းစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန် ပရိသတ်ကြီးကို ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတာကို ဒီဆောင်းပါးလေး ကနေ တဆင့် ဖော်ပြပေး လိုက်ပါတယ်။ ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတော့ ငလျင် မလှုပ်ခင် ငလျင် မလှုပ်ခင်မှာ ဒီ အချက်လေးတွေကို ပြင်ဆင် ထားဖို့ လိုပါမယ်။ နေအိမ်ရဲ့ အနေအထားကို သေချာ လေ့လာ ထားပါ။ ဝင်ပေါက် ထွက်ပေါက် နေရာတွေကို သေချာလေး ရှင်းလင်းထားပါ။ […]

ငလျင်လှုပ်ပြီးနောက် လိုက်နာရန်

ငလျင်လှုပ်ပြီးနောက် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်နှင့် ဗဟုသုတဖြစ်ဖွယ်များကို ဖတ်ရှုနိုင်ပါသည်။

စိတ်ဒဏ်ရာများနှင့် စိုးရိမ်မှုများအတွက် ကူညီပေးခြင်း

ငလျင်ဒဏ်ကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာများနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်များကို ဖတ်ရှုနိုင်ပါသည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ထိခိုက်မှုဖြစ်ပြီးနောက် စိတ်ဒဏ်ရာရနေတဲ့ မိသားစုဝင်ကို ဘယ်လိုဖေးမကူညီမလဲ

တကယ်လို့ သင့်မိသားစုဝင်တစ်ယောက်ယောက်ဟာ post trauma stress syndrome (PTSD) ကို ခံစားနေရရင် သူတို့ဟာ စတင်ပြီး ထူးကဲစွာ ဆက်ဆံတာကြောင့် သင်က စိတ်ရှုပ်ရပါလိမ့်မယ်။ ဒီရောဂါရှိသူ မိသားစုတွေမှာ မိသားစုဝင်တွေဟာ ကြောက်ခြင်း၊ မိသားစုကြားဆက်ဆံရေးအတွက် စိတ်ပူခြင်း၊ မိသားစုကို ဘာတွေ ဖြစ်မယ်ဆိုတာ စဉ်းစားမိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ လူနာတွေက post trauma stress disorder ရဲ့ ပြဿနာတွေကို ကျော်လွှားဖို့အတွက် အခြားသူတွေဆီက ပံ့ပိုးမှုနဲ့ မေတ္တာလိုအပ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ တကယ့် ပြဿနာတွေကို နားလည်ခြင်းနဲ့ သေချာကုသခြင်းတွေဟာ သူတို့ကို ပြန်ကောင်းစေပြီး ဘဝကို ဆက်လျှောက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ Post trauma stress disorder နဲ့ ဆက်ဆံရေးအပေါ်သက်ရောက်မှုများ Post trauma stress disorder […]