backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lysine (လိုင်ဆင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Lysine (လိုင်ဆင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Lysine ကို ရေယုန် နှင့် ရေယုန်ကြောင့်ဖြစ်သော အရည်ကြည်ဖုများအား ကာကွယ်ရန်နှင့် ကုသရန်အသုံးပြုပါသည်။lysine သည် အူအတွင်းသို့ ကယ်လ်ဆီယမ်ဓါတ် စုပ်ယူမှုကို များစေပြီး ကျောက်ကပ်မှတဆင့် စွန့်ပစ်မှုကိုလည်းများစေသည့်အတွက် အရိုးပွခြင်းအတွက် အကျိုးရှိပါသည်။ ထို့အပြင် lysine သည် ကြွက်သားထုတက်စေခြင်း၊ ဂလူးကို့စ်ပမာဏကို လျှော့ချပေးခြင်း နှင့် စိတ်ပူပန်မှုတို့ကို လျော့ပါးစေသော အာနိသင်လည်း ရှိသည်ဟု လေ့လာချက်များအရ သိရှိရပါသည်။ အခြားသော လေ့လာချက်များအရ lysine သည် ရင်ဘတ်အောင့်ခြင်းကိုလည်း သက်သာစေသည်ဟု ဆိုပါသည်။lysine acetylsalicylate သည် နာကျင်ခြင်းသက်သာစေရန်နှင့် ဘိန်းဖြူအသုံးပြုပြီးနောက် ခန္တာကိုယ်မှ အဆိပ်အတောက်များ ဖယ်ရှားရန်အတွက်လည်း အသုံးဝင်ပါသည်။lysine clonixinate ကို ခေါင်းတခြမ်းကိုက်ခြင်းနှင့် အခြားသော နာကျင်သည့်အခြေအနေများတွင်လည်း သုံးသည်။ သို့သော် lysine ကို အထက်ပါ အခြေအနေများအတွက် အသုံးပြုခြင်းအား စမ်းသပ်သုတေသနပြုမှု အနည်းငယ်သာ ပြုလုပ်ရပါသေးသည်။

Lysine (လိုင်ဆင်း) ဘယ်လိုသောက်သုံးသင့်သလဲ

lysineကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။ ဆေးညွန်းတွင်ပါသော အချက်များကို တိကျစွာလိုက်နာပါ။ မသေချာသော၊မရှင်းသော အချက်များရှိပါက ဆရာဝန်ကို မေးမြန်းပါ။ အကယ်၍ ရောဂါမသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် သို့မဟုတ် လက္ခဏာအသစ်များ ပေါ်လာလျင် ဆရာဝန်ကို အကြောင်းကြားပါ။ သင့်တွင် ဆိုးရွားသော ကျန်းမာရေးအခြေအနေရှိနေပြီဟု ယူဆပါက အရေးပေါ်ကုသမှုကို ခံယူပါ။

Lysine (လိုင်ဆင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Lysine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lysine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Lysine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Lysine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Lysine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lysine (လိုင်ဆင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Lysine ကို မသောက်သုံးမီ အောက်ပါအချက်များရှိပါက ဆရာဝန်ကို ကြိုပြောပါ။

-သွေးထဲ သို့မဟုတ် ဆီးထဲတွင် Lysine ပမာဏ များနေခြင်း။

-ကျောက်ကပ် သို့မဟုတ် အသည်းမကောင်းခြင်း။

-Lysine နှင့်ဓါတ်မတည့်ခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lysine (လိုင်ဆင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Lysine (လိုင်ဆင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်တော်သော Lysine ပမာဏကို သောက်ဆေးအဖြစ် တစ်နှစ်ခန့်အထိ သောက်သုံးပါက သို့မဟုတ် အရေပြားလိမ်းဆေးအဖြစ် ကာလတိုအသုံးပြုပါက လူအများစုတွင် မည်သည့် ဘေးထွက်ပြဿနာမှ မဖြစ်ကြောင်းတွေ့ရှိရပါသည်။ Lysine သည် ဗိုက်နာ/အောင့်ခြင်း နှင့် ဝမ်းလျှောခြင်း တို့ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပါသည်။

ဘေးထွက်ဆိုးကျိုးအဖြစ် ကျောက်ကပ်ရောင်ခြင်းလည်း ရှားရှားပါးပါးဆိုသလို ဖြစ်လေ့ရှိပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lysine (လိုင်ဆင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lysine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ကယ်လ်ဆီယမ် ဖြည့်စွက်အားဆေးများကို Lysine နှင့် တွဲဖက် အသုံးပြုပါက အူအတွင်းသို့ ကယ်လ်ဆီယမ်ဓါတ် စုပ်ယူမှုကို များစေပြီး ကျောက်ကပ်မှတဆင့် စွန့်ပစ်မှုကိုလည်းများစေပါသည်။ Lysine သုံးစွဲသူများတွင် aminoglycoside ဆေးလွန်ပါက ပိုဆိုးစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Lysine (လိုင်ဆင်း) နဲ့ ဓါတ်ပြုနိုင်သလား

Lysine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lysine (လိုင်ဆင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lysine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

=နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ။

=သွေးတွင်း ကိုလက်စထရောဓါတ်များခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lysine (လိုင်ဆင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရေယုန် ကို ကာကွယ်ရန်နှင့် ကုသရန်အတွက်

-ရောဂါလက္ခဏာများကို ကုသရန် : စုစုပေါင်းပမာဏ ၃၀၀၀ – ၉၀၀၀ မီလီဂရမ်ကို သင့်တော်သလို အကြိမ်ရေ ခွဲပေးနိုင်သည်။

-ပြန်လည်ဖြစ်ခြင်းမှ ကာကွယ်ရန် : တနေ့လျှင် ၅၀၀ – ၁၅၀၀ မီလီဂရမ်။

ဖြည့်စွက်စာအဖြစ်

-သောက်ဆေး : တနေ့လျှင် ၅၀၀ – ၁၀၀၀ မီလီဂရမ်။

ကလေးတွေအတွက် Lysine (လိုင်ဆင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Lysine (လိုင်ဆင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Lysine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့် : ၅၀၀ မီလီဂရမ်၊ ၁၀၀၀မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lysine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement