backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Omeprazole (အိုမီပရာဇော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Omeprazole (အိုမီပရာဇော)

Omeprazole (အိုမီပရာဇော) ဆိုတာ Proton pump inhibitors အမျိုးအစားဖြစ်ပြီး အစာအိမ်အက်စစ်တွေ ထွက်မလာအောင် တားဆီးပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

အသုံးပြုပုံများ

Omeprazole (အိုမီပရာဇော) ကို ဘာအတွက်အသုံးပြုကြသလဲ

Omeprazole ကို အစာအိမ်အက်စစ်လွန်ကဲမှုကြောင့် ဖြစ်တဲ့ အစာအိမ်ပြဿနာများ နဲ့ အစာရေမြိုပြဿနာများအတွက် အသုံးပြုနိုင်ပါတယ်။ ဒီဆေးက အစာအိမ်က ထုတ်တဲ့ အက်ဆစ်ကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။

Omeprazole ကို

  • ရင်ပူတာ
  • စားချဉ့်ပြန်တာကြောင့် ရင်ဘတ်ထဲမှာ တစ်စို့စို့ဖြစ်နေတာ
  • အစာအိမ်အက်စစ်ဆန်တက်တာကြောင့် ချောင်းဆိုးတာတ
  • အစာအိမ်အက်စစ်ကြောင့် အစာအိမ်နဲ့ အစာရေမျိုပြွန်မှာ အနာဖြစ်တာတွေ သက်သာအောင် သုံးလို့ရပါတယ်။
advertisement iconadvertisement

ဒီလိုအာနိသင်ရှိတာကြောင့် အစာအိမ်အနာနဲ့ အစာရေမျိုပြွန်ကင်ဆာကိုပါ သွယ်ဝိုက်ပြီး ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

Omeprazole (အိုမီပရာဇော) ဘယ်လိုသောက်သုံးသင့်သလဲ

Omeprazole (အိုမီပရာဇော)ကို မသောက်ခင်မှာ ဆေးညွှန်းကို သေချာ ဖတ်ပါ။ အခြား တိတိကျကျ သိရှိလိုတာရှိမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

Omeprazoleကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးလို့ ရပါတယ်။ များသောအားဖြင့်ကတော့ တစ်နေ့ တစ်ကြိမ်ပါ။ အစားမစားခင် သောက်ပေးရမှာပါ။ ဆေးစာမပါဘဲ ဝယ်မယ်ဆိုရင်တော့ ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်း သုံးပေးရပါမယ်။

ခန္ဓာကိုယ်က တုံ့ပြန်တာကို လိုက်ပြီး ဆေးပမာဏကို အတိုးအလျော့ လုပ်ပေးလို့ ရပါတယ်။ ကလေးတွေအတွက်ဆိုရင် အသက်အရွယ်နဲ့ ကိုယ်အလေးချိန်အပေါ်မှာ မူတည်ပြီး ဆေးပမာဏ ကွာခြားနိုင်ပါတယ်။

ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ဆေးပမာဏကို တိုးတာ၊ မကြာခဏသောက်တာမျိုး မလုပ်ပါနဲ့။ အခြားသိချင်တာမျိုး ရှိမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

ဆေးကို ဝါးစားတာ၊ ကြိတ်ခြေတာမျိုး မလုပ်ပါနဲ့။ ဆေးကို ရေနဲ့ အလုံးလိုက် မျိုချပေးပါ။

လိုအပ်မယ်ဆိုရင် Omeprazole (အိုမီပရာဇော)ကို အစာအိမ်အက်ဆစ်ပြယ်ဆေးတွေနဲ့ တွဲသောက်ပေးတာမျိုး လုပ်ရနိုင်ပါတယ်။ ဥပမာ အစောကတည်းက sucralfate ကို သောက်နေရတာမျိုး ဖြစ်မယ်ဆိုရင် Omeprazole ကို နာရီဝက်ကြိုသောက်ပေးပါ။

ဆေးကို အာနိသင် ကောင်းကောင်းရစေဖို့ မှန်မှန်လေး သောက်ပေးပါ။ ဆေးသောက်ဖို့ မမေ့အောင် နေ့စဉ် အချိန်မှန် သောက်ပေးပါ။

သက်သာလာရင်တောင်မှ ဆေးကို ရပ်လိုက်တာမျိုး မလုပ်ဘဲ ဆေးပတ်လည်အောင် သောက်ပါ။ ဆေးကို ဆရာဝန်ညွှန်တာ မဟုတ်ဘဲ သောက်မယ်ဆိုရင် ၁၄ ရက်ထက် ကျော်မသောက်ပါနဲ့။

ရောဂါအခြေအနေက သက်သာလာတာမျိုး မရှိဘဲ ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်သဘောနဲ့ ကိုယ် သောက်နေတာ ဖြစ်မယ်ဆိုရင်လည်း ဆေးသောက်ပြီး ၁၄ ရက်ကြာတာတောင် မသက်သာရင်  ဒါမှမဟုတ် ဆေးသောက်တာကို ၄ လအတွင်းမှာ ၁ ကြိမ်ထက်ပိုသောက်နေရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။

ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ ရှိမယ်ဆိုရင် ချက်ချင်း ဆေးကုသမှု ခံယူပေးပါ။

Omeprazole (အိုမီပရာဇော) ဘယ်လိုသိမ်းဆည်းရမလဲ

Omeprazoleကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Omeprazole (အိုမီပရာဇော)ကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Omeprazole (အိုမီပရာဇော)ကို အသုံးမပြုခင်မှာ အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Omeprazoleက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အဖျားတက်တာ
  • တုပ်ကွေး လက္ခဏာတွေလိုမျိုး နှာစေးတာ၊ နှာချေတာ၊ လည်ချောင်းနာတာ
  • ဗိုက်အောင့်တာ
  • မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်တာ
  • ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများကတော့

  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် နည်းနေတာကြောင့် မူးဝေတာ၊ အာရုံရှုပ်ထွေးတာ၊ နှလုံးခုန်နှုန်း မမှန်တာ၊ ရုတ်တရက် ကြွက်သား လှုပ်ရှားမှု ဖြစ်တာ၊ အာရုံတွေ ဝေဝါးတာ၊ ကြွက်တက်တာ၊ ကြွက်သားအားနည်းတာ၊ ခေါင်းမူးတာ၊ ချောင်းဆိုးတာ၊ သီးတာ၊ တက်တာလိုမျိုးတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Omeprazole (အိုမီပရာဇော)နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Omeprazoleက လောလောဆယ် အသုံးပြုနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိ အသုံးပြုနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
advertisement iconadvertisement
  • Rilpivirine
  • Atazanavir
  • Bendamustine
  • Citalopram
  • Clopidogrel
  • Clorazepate
  • Clozapine
  • Dabrafenib
  • Dasatinib
  • Delavirdine
  • Erlotinib
  • Eslicarbazepine Acetate
  • Indinavir
  • Ketoconazole
  • Ledipasvir
  • Methotrexate
  • Mycophenolate Mofetil
  • Nelfinavir
  • Nilotinib
  • Pazopanib
  • Saquinavir
  • Tacrolimus
  • Topotecan
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Omeprazole (အိုမီပရာဇော)နဲ့ ဓာတ်ပြုနိုင်ပါသလား။

Omeprazoleက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Omeprazole (အိုမီပရာဇော)နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

Omeprazole (အိုမီပရာဇော)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ဝမ်းပျက်ဝမ်းလျှော
  • Hypomagnesemia (သွေးထဲမှာ မဂ္ဂနီဆီယမ် နည်းတာ) ဒါမှမဟုတ် သွေးထဲမှာ မဂ္ဂနီဆီယမ် နည်းဖူးမယ်ဆိုရင်
  • အရိုးပွတာ (အရိုးပြဿနာ)
  • အတက်ရောဂါ
  • အသည်းရောဂါရှိနေရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

တစ်နေ့တစ်ကြိမ် အစားမစားခင် 20 mg သောက်ပေးပါ။ ၁၄ ရက် ကြာသောက်ပေးပါ။

  • အူသိမ်အနာအတွက်

တစ်နေ့တစ်ကြိမ် အစားမစားခင် 20 mg သောက်ပေးပါ။ အများစုက ၄ ပတ် ကနေ ၈ ပတ်ထဲမှာ သက်သာသွားနိုင်ပါတယ်။

  • အစာအိမ်အနာအတွက်

တစ်နေ့တစ်ကြိမ် အစားမစားခင် 40 mg သောက်ပေးပါ။ ၄ ပတ် ကနေ ၈ ပတ်အထိ သောက်ပေးပါ။

  • Erosive esophagitis (အစာရေမျိုပြွန်ရောင်ရမ်းခြင်း) အတွက်

တစ်နေ့တစ်ကြိမ် အစားမစားခင် 20 mg သောက်ပေးပါ။ လူနာရဲ့ တုံ့ပြန်မှုကို လိုက်ပြီး တစ်နေ့ကို 40mg အထိ တိုးပေးလို့ ရပါတယ်။

advertisement iconadvertisement

စစသောက်ချင်းမှာ  60 mg တစ်နေ့တစ်ကြိမ် သောက်ပေးရပါမယ်။  လူနာရဲ့ လိုအပ်ချက်ကို လိုက်ပြီး ဆေးပမာဏ ကွာခြားနိုင်ပါတယ်။ စစသောက်ချင်းမှာ  တစ်နေ့ကို 120 mg အထိ သောက်နိုင်ပြီး ၃ ကြိမ် ခွဲသောက်ပေးရပါမယ်။ နေ့စဉ်သောက်သုံးမှု ပမာဏက 80 mg ထက် ကျော်နေမယ်ဆိုရင် တစ်ကြိမ်တည်း မသောက်ဘဲ ခွဲသောက်ပေးပါ။

စစသောက်ချင်းမှာ တစ်နေ့ကို 20 mg အစားမစားခင် သောက်ပေးပါ။  ၄ ပတ် ကနေ ၈ ပတ်ကြာတဲ့အထိ သောက်ပေးပါ။ လိုအပ်မယ်ဆိုရင် တစ်နေ့ကို 40 mg အထိ တိုးသောက်ပေးလို့ ရပါတယ်။ ဆက်သောက်သုံးရမယ့် ပမာဏက ရေရှည် ကုသမှုအတွက် တစ်နေ့ကို 10-20 mg  လိုအပ်မှာဖြစ်ပြီး ဒီလောက်ကတော့ စွဲသောက်ဖို့ ဘေးကင်းပါတယ်။

  • Multiple endocrine adenomas အတွက်

စစသောက်ချင်းမှာ အစားမစားခင် တစ်နေ့တစ်ကြိမ် 60 mgပါ။ တုံ့ပြန်မှု အခြေအနေကို မူတည်ပြီး ဆေးပမာဏကို ပြောင်းလဲပေးနိုင်ပါတယ်။ ဆက်လက်သောက်သုံးရမယ့် ဆေးပမာဏက 120 mg ကို တစ်နေ့ကို ၃ ကြိမ်ပါ။ နေ့စဉ်သောက်သုံးမှု ပမာဏက 80 mg ထက် ကျော်နေမယ်ဆိုရင် တစ်ကြိမ်တည်း မသောက်ဘဲ ခွဲသောက်ပေးပါ။

  • Systemic mastocytosis အတွက်

စစသောက်ချင်းမှာတစ်နေ့တစ်ကြိမ် အစားမစားခင် 60 mg ပါ။ တုံ့ပြန်မှု အခြေအနေကို မူတည်ပြီး ဆေးပမာဏကို ပြောင်းလဲပေးနိုင်ပါတယ်။ ဆက်လက်သောက်သုံးရမယ့် ဆေးပမာဏက 120 mg ကို တစ်နေ့ကို ၃ ကြိမ်ပါ။ နေ့စဉ်သောက်သုံးမှု ပမာဏက 80 mg ထက် ကျော်နေမယ်ဆိုရင် တစ်ကြိမ်တည်း မသောက်ဘဲ ခွဲသောက်ပေးပါ။

ကလေးများအတွက် ဆေးပမာဏ

ကလေးတွေအတွက် ဆေးပမာဏက အောက်ပါအတိုင်းဖြစ်ပါတယ်။

အသက် ၅ နှစ်အောက်

အစာခြေအက်ဆစ် ပြန်ဆန်တက်တာအတွက် : 0.7 mg/kg/dose တစ်နေ့တစ်ကြိမ်

အသက် ၁ နှစ်မှ ၁၆ နှစ်ကြား

အစာခြေအက်ဆစ် ပြန်ဆန်တက်တာနဲ့ အစာအိမ် အနာ၊ အစာရေမြိုရောင်တာသက်သာစေဖို့

  • ကိုယ်အလေးချိန် 5 – 10 kg: တစ်နေ့ကို 5 mg တစ်ကြိမ်
  • ကိုယ်အလေးချိန် 10 – 20 kg: တစ်နေ့ကို 10 mg တစ်ကြိမ်
  • ကိုယ်အလေးချိန် 20 kg အထက် : တစ်နေ့ကို 20 mg တစ်ကြိမ်

(သို့မဟုတ်) အသက် ၁ နှစ် ကနေ ၁၆ နှစ်ကြား : 1 mg/kg/dose တစ်နေ့ တစ်ကြိမ် ကနေ ၂ ကြိမ် သောက်ပေးလို့ ရပါတယ်။

Helicobacter pylori ကြောင့် ဖြစ်သော အူသိမ်အနာကို ကုသရန်အတွက် (ပိုးသတ်ဆေးများဖြစ်ကြသော clarithromycin သို့မဟုတ် clarithromycin + amoxicillin နဲ့ တွဲဖက်သောက်ရန်)

  • ကိုယ်အလေးချိန် 15 – 30 kg: 10 mg တစ်နေ့ ၂ ကြိမ်
  • ကိုယ်အလေးချိန် 30 kg အထက် : 20 mgတစ်နေ့ကို ၂ ကြိမ် သောက်သုံးရပါမယ်။

မှတ်ချက်: အသက် ၁ နှစ်အောက် ကလေးတွေမှာ omeprazoleကို အသုံးပြုဖို့ စိတ်ချရတယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ ကလေးတွေမှာ အစာခြေအက်ဆစ် ပြန်ဆန်တာနဲ့ အစာရေမြိုရောင်ရမ်းတာကလွဲပြီး တခြားအခြေအနေတွေမှာ သုံးဖို့ စိတ်ချရတယ်ဆိုတဲ့ အထောာက်အထားလည်း မရှိသေးပါဘူး။

Omeprazole (အိုမီပရာဇော) ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Omeprazole (အိုမီပရာဇော)ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့် : 10 mg; 20 mg; 40 mg
  • ဆေးရည် : 2.5 mg; 10 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Omeprazole (အိုမီပရာဇော)ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement