အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ!
ဆေးမှားပြီး သောက်မိလို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအာနိသင်ပြမလဲ သိချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်မရအောင် တားဆီးနိုင်မလား ဆိုပြီး သိချင်လို့ပဲဖြစ်ဖြစ် အမျိုးသမီးသုံး သန္ဓေတား သောက်ဆေး၊ အရေးပေါ် သန္ဓေတားဆေးတွေကို သောက်လိုက်ရင် ဘယ်လိုတွေများ အာနိသင်ပြမလဲဆိုပြီး သိချင်နေတဲ့ အမျိုးသားတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ ဆိုတာကို ပြောပြပေးမှာမို့ အဆုံးထိ ဖတ်ကြည့်လိုက်တော့နော်။ အမျိုးသားတွေအတွက် သားဆက်ခြား သောက်ဆေး ရှိလား ကိုယ်ဝန်မရအောင်ဆိုပြီး သားဆက်ခြားတဲ့ နည်းလမ်းတွေက အစုံပါပဲ။ ဒီလို သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေအတွက် ထုတ်ထားတာတွေပဲ များပါတယ်။ လက်ရှိအထိ အမျိုးသားတွေ သုံးလို့ ရတဲ့ သားဆက်ခြားနည်းဆိုလို့ ကွန်ဒုံးပဲ ရှိပါမယ်။ အမျိုးသားတွေ သောက်သုံးဖို့ သားဆက်ခြား သောက်ဆေးတွေကတော့ လက်ရှိမှာ စမ်းသပ်နေဆဲပါ။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသမီးတွေ […]