backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ceftazidime (ဆက်ဖ်တာဇီဒင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ceftazidime (ဆက်ဖ်တာဇီဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Ceftazidime ဟာ cephalosporin အုပ်စုဝင် ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ သူက ပြင်ပလှုံ့ဆော်မှုကိုသိရှိနိုင်တဲ့ ရောဂါပိုးတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

ဒီဆေးကို အောက်ကရောဂါတွေကို ဖြစ်စေတယ်လို့ သံသယရှိတဲ့ ရောဂါပိုးတွေရန်မှ ကုသရန်သုံးနိုင်ပါတယ်။

  • အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
  • အရိုးအဆစ်များ ပိုးဝင်ခြင်း
  • ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်း
  • ဦးနှောက်တွင်း ပိုးဝင်ခြင်း

Ceftazidime (ဆက်ဖ်တာဇီဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Ceftazidime ကို ဆေးခန်းနှင့် ဆေးရုံတွေမှာ ထိုးဆေးအနေနဲ့ သုံးပါတယ်။ တကယ်လို့သင်ဟာ ceftazidime ကို အိမ်မှာသုံးမယ်ဆိုလျှင် သင့်ကျန်းမာရေးစောင့်ရှောက်သူတွေ သင်ပေးထားတဲ့နည်းအတိုင်း ထိုးသင့်ပါတယ်။

တကယ်လို့ ဆေးမှာ အမှုန်တွေပါနေမယ်၊ အရောင်နောက်နေမယ် သို့မဟုတ် အရောင်ပြောင်းနေမယ်၊ ဆေးပုလင်းက ကြေနေမယ်၊ ပျက်ဆီးနေမယ်ဆိုလျှင် ဆေးကို မသုံးပါနဲ့တော့။

သင့်ရောဂါပိုးကို သေချာပျောက်ကင်းအောင် ကုသမယ်ဆိုလျှင် ဆေးကို သူ့သတ်မှတ်ထားတဲ့ အညွှန်းပြည့်တဲ့အထိ သုံးရပါမယ်။ ကျန်းမာပြီးနောက် ရက်အနည်းငယ်ကြာတဲ့အထိ သုံးရပါမယ်။

ဆေးပုလင်းနဲ့ ဆေးထိုးအပ်တွေ ဆေးထိုးပြွန်တွေကို ကလေးတွေ အိမ်မွေးတိလေးတွေနဲ့ ဝေးရာမှာ သိမ်းပါ။ ဆေးထိုးအပ်တွေ ဆေးထိုးပြွန်တွေနဲ့ တခြားပစ္စည်းတွေကို ပြန်မသုံးပါနဲ့။ ဒါတွေကိုသုံးပြီးရင် ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာကို သင့်ကျန်းမာရေးစောင့်ရှောက်သူကို မေးပါ။ သင့်နေရပ်က သုံးတဲ့ အမှိုက်ပစ်တဲ့ စည်းမျဉ်းတွေကို လိုက်နာပါ။

Ceftazidime (ဆက်ဖ်တာဇီဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Ceftazidime ကို ဆေးပညာရှင်တွေကပဲ ထိန်းသိမ်းတာ သိမ်းဆည်းတာ လုပ်လေ့ရှိပါတယ်။ တကယ်လို့ အိမ်မှာသုံးလျှင် ဆေးကို ဆေးဝါးကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သိမ်းပါ။ ပူသောနေရာ၊ စွတ်စိုသောနေရာနှင့် နေရောင်ခြည်တိုက်ရိုက် ထိတွေ့သောနေရာတွေကို ရှောင်ပါ။ ရေချိုးခန်းထဲမှာ မသိမ်းသင့်ပါဘူး။ ဆေးကို ကလေးတွေ အိမ်မွေးတိလေးတွေနဲ့ ဝေးရာမှာ သိမ်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ceftazidime (ဆက်ဖ်တာဇီဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဒီအခြေအနေတွေဖြစ်ရင် မသုံးသင့်ပါဘူး။

  • Ceftazidime ထဲပါတဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်လျှင် သို့မဟုတ် Cephalosporin အုပ်စုထဲက ဆေးတွေနဲ့ ဓါတ်မတည့်လျှင် ( ဥပမာ – cephalexin )
  • Chloramphenicol ဆေးသောက်နေလျှင်

သင့်ကျန်းမာရေး စောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်ကို သင်ဒါတွေသောက်နေရင် ပြောဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ceftazidime (ဆက်ဖ်တာဇီဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်

သင်က ကိုယ်ဝန်ရလာလျှင် ဆရာဝန်နှင့် ပြန်ပြပါ။ ကိုယ်ဝန်ဆောင်ချိန် ဒီဆေးသုံးလို့ ဖြစ်လာမယ့် ကောင်းကျိုးနှင့် ဆိုးကျိုးတွေကို ဆွေးနွေးတိုင်ပင်ပါ။

နို့တိုက်မိခင်

Ceftazidime က မိခင်နို့ထဲမှာ တွေ့ရနိုင်တယ်။ တကယ်လို့ သင်က ဒီဆေးသုံးနေရင်း ကလေးကို နို့တိုက်ရမယ်ဆိုလျှင် ဆရာဝန်နှင့် ပြသပါ။ သင့်ကလေးကို ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ceftazidime (ဆက်ဖ်တာဇီဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့ သင်ဟာ ဓါတ်မတည့်တဲ့ လက္ခဏာဖြစ်တဲ့ ဂျို့ထိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းတွေ ယောင်လာခြင်း စသည်တို့ဖြစ်ပါက အရေးပေါ်ဆေးကုသမှု ခံယူပါ။

တကယ်လို့ သင့်မှာ ဒီအခြေအနေတွေဖြစ်ပါက ဆရာဝန်နှင့်ပြပါ။

  • စိတ်အာရုံထွေပြားခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ အသိစိတ်ကင်းလွတ်သလို ခံစားရခြင်း
  • တက်ခြင်း
  • အသားအရည်အရောင်ဖျော့ခြင်းနှင့် အဝါရောင်ပြောင်းခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ဖျားခြင်း
  • အားနည်းခြင်း
  • ဗိုက်ပြင်းပြင်းထန်ထန်အောင့်ခြင်း
  • ချမ်းအေးသလို ခံစားရခြင်း
  • အရောင်မရှိခြင်း
  • လက်သည်းရှိ အရေပြားများ ပြောင်းလဲခြင်း

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အော်ဂလီဆန်ခြင်း
  • အန်ခြင်း
  • ဝမ်းပျက်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • ထုံကျဉ်သလို ခံစားရခြင်း
  • မိန်းမကိုယ်ယားခြင်း၊ အဖြူဆင်းခြင်း
  • ဒီထဲမှာ မပါတဲ့ တခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေကို သိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Ceftazidime (ဆက်ဖ်တာဇီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Ceftazidime ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြသသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့။

    Ceftazidime ဆေးနဲ့ဓါတ်ပြုသော တချို့ဆေးများမှာ

    • Aminoglycosides (e.g., gentamicin) or diuretics (e.g., furosemide) ဒီဆေးတွေက ကျောက်ကပ်ကို ပျက်ဆီးနိုင်ခြေ ပိုများပါတယ်။
    • Chlorampenicol ဆေးက Ceftazidime ဆေးရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။
    • ဟော်မုန်းပါသော သန္ဓေတားဆေး ( တားဆေးကဒ်) တွေက Ceftazidime ဆေးရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Ceftazidime (ဆက်ဖ်တာဇီဒင်း) နဲ့ ဓါတ်ပြုနိုင်သလား

    Ceftazidime ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။

    ဘယ်ရောဂါအခြေအနေတွေက Ceftazidime (ဆက်ဖ်တာဇီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Ceftazidime က သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Ceftazidime (ဆက်ဖ်တာဇီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူကြီးတစ်ယောက်အတွက် ဆေး ၁ဂရမ်ကို အသားထဲ သို့မဟုတ် အကြောထဲထိုးနိုင်ပြီး ၈-၁၂ကြားတစ်ခါ ပေးနိုင်ပါတယ်။

    ဆေးပမာဏနဲ့ ပေးရမယ့်လမ်းကြောင်းက ရောဂါဖြစ်စေတယ်လို့ သံသယရှိတဲ့ ပိုးမွှား၊ ရောဂါပြင်းထန်မှု နှင့် လူနာရဲ့ ကျောက်ကပ်နှင့် ကျန်းမာရေးအခြေအနေပေါ်မူတည်ပါတယ်။

    ကလေးတွေအတွက် Ceftazidime (ဆက်ဖ်တာဇီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသားထဲ သို့မဟုတ် အကြောထဲထိုးနိုင်ပြီး ၈-၁၂ကြားတစ်ခါ ဆရာဝန် ညွန်ကြားချက်အတိုင်း ပေးနိုင်ပါတယ်။ ဆေးပမာဏက ကျန်းမာရေးအခြေအနေနဲ့ ဆေးကို တုံ့ပြန်မှုအပေါ် မူတည်ပါတယ်။

    Ceftazidime (ဆက်ဖ်တာဇီဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    Ceftazidime ဆေးကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။

    • Ceftazidime 500mg vial
    • Ceftazidime 1g vial
    • Ceftazidime 2g vial

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက် အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    PasteTextHere

    တကယ်လို့သင်ဟာ ဆေးထိုးဖို့မေ့သွားလျှင် ချက်ခြင်းထိုးပါ။ ဒါပေမယ့် နောက်တကြိမ်ထိုးရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မထိုးတော့ဘဲ ပုံမှန်အချိန်မှာ ထိုးရမယ့် ဆေးကိုသာထိုးပါ။ ဆေး၂လုံးဆက် မထိုးပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement