backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

ဒီဆေးမှာ amide type ထုံဆေးနှစ်မျိုးပါဝင်ပါတယ်။ Lidocaine+Prilocaine ဖြစ်ပါတယ်။ ၎င်းကို ပုံမှန် မပျက်စီး

တဲ့အရေပြားမှာ သုံးခြင်း၊ပျက်စီးစုတ်ပြဲတဲ့အရေပြားနေရာ

တွေမှာ နာကျင်တာကို သက်သာစေရန်အတွက် တစ်ချို့

သော လုပ်နည်းများကို မလုပ်ခင်မှာ သုံးပါတယ်။ တစ်ချို့

လုပ်နည်းတွေကတော့ အပ်ထိုးတဲ့အချိန်၊ အရေပြား အစား

ထိုးချိန် သို့မဟုတ် အရေပြားကို လေဆာပစ် ခွဲစိတ်ကုသမှု

တွေမှာ သုံးပါတယ်။ ၎င်းက အရေပြားနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်

နေရာကို ယာယီထုံစေခြင်းနဲ့အလုပ်ဖြစ်စေပါတယ်။ ဒီဆေး

ကိုနားထဲထည့်ပြီးမသုံးရပါဘူး။

တကယ်လို့ဒီဆေးကို ကုသမယ့်နေရာမှာ အကုန်လုံးကို ထုံ

သွားအောင်မလုပ်နိုင်ဘူးဆိုပါက lidocaine ထိုးဆေးကို လို

အပ်တဲ့နေရာကို အရင်မထိုးခင် ထုံအောင်လုပ်လု့ိရပါတယ်။

(ဥပမာ လိင်အင်္ဂါကြွက်နို့ကိုဖယ်ရှားတဲ့နေရာမျိုး)

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကို ပုံမှန်အရေပြားနှင့် လိင်အင်္ဂါနေရာတွေမှာ အသုံး

ပြုပါတယ်။ ဆေးကို ပေါက်ပြဲ၊ယားယံ နေသော၊ ပွင့်နေသော

အနာများ များမှာ သင့်ဆရာဝန်က မညွှန်ပဲအသုံးမပြုရပါ။

ဒီဆေးကိုအသုံးမပြုခင်မှာ သင့်လက်များကိုသေချာဆေး

ကြောပါ။

ဒီဆေးကို ညွှန်ကြားတဲ့အတိုင်းသူ့အချိန်နဲ့သူလိမ်းပါ။ သင်က

ဘယ်လို လုပ်နည်းမျိုး လုပ်ရမလဲ ဆိုတာပေါ်မူတည်ပြီး ဆေးကို အရေပြားပေါ်မှာ ဘယ်လောက်ကြာအောင်ထားရမ

လဲဆိုတာက ကွာသွားပါတယ်။ များသောအားဖြင့်တော့ အပ်

နဲ့မထိုးခင် ၁နာရီအလိုနဲ့ အသေးစားခွဲစိတ်မှုများမပြုလုပ်ခင်

၂နာရီအလိုလောက်မှာ အသုံးပြုရပါမယ်။ လိင်အင်္ဂါနေရာ

များမှာ ပြုလုပ်မယ့် ကိစ္စများဆိုပါက ကျန်းမာရေးဝန်ထမ်းများမှသာ လိမ်းပေးသင့်ပါတယ်။ ဒီလို

အခြေနေမျိုးမှာ သင်က လှဲနေမှသာ ဆေးက အဲ့နေရာမှာ

နေနေမှာ ဖြစ်ပါတယ်။

လိမ်းဖို့ရန်အတွက် ဆေးကို လိုအပ်သလောက်ကို အရေပြား

ပေါ်ကိုတိုက်ရိုက်လိမ်းပေးပါ။ ဆေးကို မပွတ်ပါနဲ့။ လိမ်းထား

တဲ့နေရာကို လေလုံအောင် ပိတ်စည်းပြီး လုပ်ထားခြင်း သို့

မဟုတ်သင့်ဆရာဝန်ညွှန်သလိုထားပါ။ သင့်ဆရာဝန်ညွှန်

တဲ့အတိုင်း ခပ်ထူထူလေးလိမ်းပြီးဆေးကို အဲ့တစ်နေရာပဲ

ရှိနေအောင်ထားပါ။ ဆေးကို လုပ်နည်းတစ်ခုခုမလုပ်ခင်မှာ

ရေနဲ့သေချာဆေးပစ်ခြင်း သို့မဟုတ ်သင့်ဆရာဝန်ညွှန်ကြား

တဲ့အတိုင်းသေချာဆေးပါ။

ဆေးပမာဏနဲ့ ဆေးလိမ်းရမယ့်ကြာချိန်ဟာ သင့်ရဲ့အသက်နဲ့

ကျန်းမာရေးအခြေအနေနဲ့ လုပ်ကိုင်ရမယ့် နည်းလမ်းအပေါ်

မှာမူတည်ပြီး ကွာခြားပါတယ်။ ကလေးတွေမှာ ဆေးက ကိုယ်အလေးချိန်ပေါ်မှာမူတည်ပါတယ်။ ညွှန်ထားတာထက်

ပိုပြီး အများကြီးမသုံးပါနဲ့။ ဆေးကို အရေပြားနေရာတော်

တော်များများမှလိမ်းတာမျိုး ၊ ပူနေအောင်ထားတာမျို၊ ညွှန်

ကြားထားတာထက်ပိုပြီး ကြာကြာထားတာမျိုးတွေလုပ်ပါက

ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

သင်က ဒီဆေးကု ိသင့်ကလေးအပေါ်မှာ အသုံးပြုပါက ဆေးကို လိမ်းတဲ့နေရာမှာသာရှိစေရန်နှင့်သင့်ကလေးက ဆေးပါးစပ်ထဲမထည့်စေရန်၊ပတ်တီးဝတ်များကို ပါးစပ်ထဲမ

ထည့်မိစေဖို့သေချာကြည့်ရပါမယ်။ သင့်ကလေးက ဆေးကို

လက်နဲ့မထိမိစေဖို့ နှစ်ထပ်လောက်ကာထားတာက ပိုအဆင်

ပြေပါလိမ့်မယ်။

သင်ကလက်နေရာမှာလိမ်းတာမဟုတ်ဘူးဆိုပါက ဆေးလိမ်း

ပြီးတာနဲ့ဆေးကို ချက်ခြင်းရေဆေးချပါ။ ဆေးကို မျက်လုံး၊

နှာခေါင်း၊နားရွက်များ သို့မဟုတ် ပါးစပ်ထဲဝင်ခြင်းကို ရှောင်ပါ။ တကယ်လို့ဒီဆေးက မျက်စိထဲဝင်သွားပါက ဖြစ်

တဲ့ဖက်ကို ချက်ခြင်း ရေနဲ့ဆေးခြင်း သို့မဟုတ် saline

အရည်နဲ့ဆေးခြင်းပြုလုပ်ရပါမယ်။ မျက်လုံးထဲကို ဆေးဝင်ခြင်းက မျက်လုံးကို ထုံသွားစေပြီး မျက်လုံးထဲ အမှုန်

များဝင်ခြင်း၊တစ်ခြား အန္တရာယ်ဖြစ်စေသော ပစ္စည်းများဝင်

ခြင်းကို မတားဆီးနိုင်ပဲဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ခံစားမှု

တွေပြန်လာရချိန်အထိ မျက်လုံးကို အကာကွယ် ပေးထားပါ။

ထုံဆေးထိထားတဲ့နေရာဟာ လုပ်နည်းတွေလုပ်ပြီးတဲ့အထိ

ထုံနေနိုင်ပါတယ်။ အဲ့ဒီနေရာတွေထိခိုက်မှုမရှိဖို့ကာကွယ်

ပါ။ အဲ့နေရာကို ဆိတ်ခြင်း၊ ပွတ်ခြင်း၊ ကုတ်ခြင်း၊ပူလွန်းခြင်း၊

အေးလွန်းခြင်းများနဲ့ မထိမိစေဖို့၊ခံစားချက်ပြန်ရလာတဲ့အထိ

သတိထားပြီး ကာကွယ်ရပါမယ်။

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Lidocaine+Prilocaine ကိုနေအပူချိန်နဲ့မထိပဲအစိုဓါတ်မရစေပဲသာမန်အခန်းအပူချိန်မှာသိမ်းဆည်းထားနိုင်ပါတယ်။ ဆေးတွေပျက်စီးမှုမဖြစ်စေဖို့ သင်ကLidocaine+Prilocaine ကိုရေချိုးခန်းသို့မဟုတ် ရေခဲသေတ္တာထဲမှာမသိမ်းသင့်ပါဘူး။

Lidocaine+Prilocaineကိုကုမ္ပဏီအများကြီးကထုတ်ပြီးထိန်းသိမ်းဖို့လည်းနည်းမျိုးစုံရှိပါတယ်။ သင့်ရဲ့ ပစ္စည်းပေါ်ကအညွှန်းကိုဖတ်ပါ သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေး

မြန်းပြီးသိမ်းပါ။ လုံခြုံစိတ်ချရဖို့အတွက် သင်ကဆေးတွေ

အားလုံးကိုကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ဝေးရာကို

ထားရပါမယ်။

သင်က Lidocaine+Prilocaine ကို ညွှန်ကြားချက်မရှိပဲအိမ်သာထဲထည့်ခြင်းဆေးခြင်းများကိုမပြုလုပ်သင့်ပါဘူး။ ဆေးကဒိတ်ကုန်သွားပြီသို့မဟုတ် သုံးဖို့မလိုတော့ဘူးဆိုပါ

က သေချာစွာစွန့်ပစ်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ဆေးပစ္စည်းကို

ဘယ်လိုစွန့်ပစ်ရမလဲဆိုတာကိုအချက်အလက်တွေပိုသိရှိ

ဖို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူနဲ့ မေးမြန်းဆွေးနွေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Lidocaine+Prilocaine မသုံးခင်မှာ သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်က ဒီဆေးနဲ့ဓါတ်မတည့်ပါက သို့မဟုတ်တစ်ခြားသော amide anesthetics(e.g. bupivacaine) ဓါတ်မတည့်မှုတွေရှိပါက ကြိုပြော

ပါ။ ဒီဆေးက တစ်ခြားသောပါဝင်ပစ္စည်းပါနိုင်တာကြောင့် ဓါတ်မတည့်မှုတွေနဲ့အခြား

သောပြသနာများကို ဖြစ်စေနိုင်ပါတယ်။ အသေးစိတ်အချက်

အလက်များကို သိနိုင်ဖို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကို ပြော

ပါ။

သင့်မှာတစ်ချို့သော ကျန်းမာရေးဆိုင်ရာ အခြေအနေများ

ရှိပါက ဒီဆေးကိုအသုံးမပြုသင့်ပါဘူး ဒီဆေးကိုအသုံးမပြု

ခင်မှာ သင့်မှာ(methemoglobinemia) ရှိပါက သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေး

နွေးပါ။

ဒီဆေးကို မသုံးခင်မှာ သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင့်ရဲ့ကျန်းမာရေး နောက်ကြောင်း

များ အထူးသဖြင့် သွေးနဲ့ဆိုင်ရာပြသနာများ (G6PD deficiency, အထူးသဖြင့် ကလေးများ)၊နှလုံးရောဂါ (ဥပမာ

နှလုံးစည်းချက်မမှန်ခြင်း)၊ကျောက်ကပ်ရောဂါ၊အသည်းရောဂါများရှိပါက သင့်ဆရာဝန်ကို သေချာပြောပြပါ။

အသက်ကြီးတဲ့လူတွေမှာ ဒီဆေးကိုအသုံးပြုပါက သတိထား

ရပါတယ် ဘာလို့လဲဆိုတော့ ဒီဆေးကသူတို့အတွက် ပိုပြီး

မူးစေတဲ့အာနိသင်ကိုရနိုင်စေလို့ဖြစ်ပါတယ်။

ဒီဆေးကို ကလေးတွေမှာ အသုံးပြုတဲ့အခါမှာလည်း အထူး

သဖြင့် အသက်၃လအောက်နဲ့ သို့မဟုတ် သူ့အသက်အရ

သေးငယ်နေတဲ့ကလေးတွေမှာသုံးမယ်ဆိုပါကလည်း သတိ

ထားရပါမယ်။ ဒီကလေးတွေမှာ ရှားပေမယ့် methemoglobinemia လိုမျိုးသွေးနဲ့ဆိုင်တဲ့ပြသနာတွေဖြစ်

တတ်ပါတယ်။ သင့်ကလေးမှာ လက္ခဏာများဖြစ်တဲ့ ဖြူဖျော့

သောအသားအရည်သို့မဟုတ် အပြာရောင်ရှိသော အသား

အရေမျိုးကို ပါးစပ်နား ၊နှုတ်ခမ်းနာမှာ ပေါ်လာခြင်း သို့မဟုတ်နှလုံးခုန်နှုန်းမြန်လာတာမျိုးရှိပါက သင့်ဆရာဝန်ကို

ချက်ခြင်းခေါ်ပါ။ အရမ်းဆိုးတဲ့ဘေးထွက်ဆိုးကျိုးအန္တရာယ်

များဖြစ်တဲ့ (methemoglobinemia အပါအဝင်) ဆေးကို

လိုအပ်တာထက် ကလေးမှာ အများကြီးလိမ်းခြင်း ၊အချိန်အ

ကြာကြီးထားခြင်းတို့လုပ်ပါက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဆေးကို အရမ်းလိုအပ်မှသုံးသင့်ပါ

တယ်။ အကျိုးနဲ့အပြစ်များကို သိစေရန် သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

Lidocaine ကတော့ မိခင်နို့ထဲကနေဖြတ်သွားပါတယ်။ Prilocaine ကတော့ မိခင်နို့ထဲက ဖြတ်လားဆိုတာ မသိနိုင်

ပါဘူး။ နို့မတိုက်ခင်မှာ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ချိန်မှာအမျိုးသမီးတွေမှာဒီဆေးကိုသုံးဖို့ အန္တရာယ်ကင်းသလားဆိုတာကိုလေ့လာတဲ့

လုံလောက်တဲ့ လေ့လာစမ်းသပ်မှုတွေ မရှိသေးပါဘူး။ ဒီဆေး

သုံးခြင်းရဲ့ကောင်းကျိုးကဆိုးကျိုးထက် ပိုရဲ့လားဆိုတာကိုချိန်ဆဖို့သင့်ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေး

နွေးပါ။Lidocaine+Prilocaineကို ကိုယ်ဝန်သည်တွေမှာ အန္တရာယ်ရှိတဲ့ အမျိုးအစားBကိုပေးထားပါတယ် အမေရိကန်နိုင်ငံရဲ့ အစားအသောက်နဲ့

ဆေးဝါးကွပ်ကဲရေး ဌာနကအတိုင်းဖြစ်ပါတယ်။

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ရှိနိုင်တဲ့အမျိုးအစားများကို

အောက်ပါအတိုင်းပြောထားပါတယ်။

A=အန္တရာယ်မရှိ။

B=တစ်ချို့သောလေ့လာမှုတွေမှာ အန္တရာယ်မရှိ။

C=အန္တရာယ်တစ်ချို့ရှိနိုင်ခြင်း။

D=အန္တရာယ်ရှိတယ်လို့ ပြထားခြင်း။

X=ရှောင်ကိုရှောင်ရပါမယ်။

N=မသိ။

ဘေးထွက်ဆိုးကျိုးများ

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အရေပြားမှာနီခြင်း၊ ရောင်ခြင်း၊ကျင်ခြင်း၊ ပူခြင်းသို့မဟုတ် အ

သားဖြူလာခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့ဒီလိုဘေး

ထွက်ဆိုးကျိုးတွေက ပိုဆိုးလာပါက ဒါမှမဟုတ် ဆက်ဖြစ်

နေပါက သင်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို

ချက်ခြင်းပြောပါ။

သင့်ဆရာဝန်ကဒီဆေးကို ညွှန်တာဟာ ဒီဆေးရဲ့ဘေးထွက်

ဆိုးကျိုးထက်ကောင်းကျိုးက ပိုများလို့ပေးခြင်းဖြစ်ပါတယ်။

လူတော်တော်များများမှာတော့ အရမ်းဆိုးတဲ့ဘေးထွက်ဆိုး

ကျိုးမျိုးတွေကို မတွေ့ရပါဘူး။

သင့်အရေပြားမှာ ရေကြည်ဖုလိုမျိုးတွေပေါက်လာပါက သင့်

ဆရာဝန်ကိုချက်ခြင်း အကြောင်းကြားပါ။

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကိုခံစားရတာ

မျိုးမဟုတ်ပါဘူး။ အပေါ်မှာမပြောခဲ့တဲ့ဘေးထွက်ဆိုးကျိုး

တွေ ရှိနိုင်ပါသေးတယ်။ သင့်မှာစိုးရိမ်စရာရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရတယ်ဆိုပါကသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ဒီဆေးကိုအသုံးမပြုခင်မှာ သင်သောက်နေတဲ့ဆေးတွေ

အားလုံးအကြောင်းကို သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါး

ကျွမ်းကျင်သူကို ပြောပြပါ။ အထူးသဖြင့် တစ်ချို့သော သွေး

နဲ့ဆိုင်တဲ့ပြသနာများကို ရှားပါးစွာဖြစ်စေနိုင်ခြင်း methemoglobinemia(e.g. acetaminophen,benzocaine, Phenobarbital, ငှက်ဖျား

ဆေးများ chloroquine/primaquine/quinine/nitrates

such as nitroglycerin, nitrofurantoin, dapsone, နှလုံး

စည်းချက်မှန်ရန်အတွက်ဆေးများ (e.g. amiodarone, bretylium, mexiletine, phenytoin, sotalol) တို့ဖြစ်ပါက

ပြောပြထားရပါမယ်။

Lidocaine+Prilocaine က သင်လက်ရှိသောက်နေတဲ့ဆေးများနဲ့

ဓါတ်ပြုတုန့်ပြန်မှုဖြစ်နိုင်ပြီး သင့်ဆေးတွေရဲ့အ

လုပ်လုပ်ပုံကို ပြောင်းလဲစေခြင်းနဲ့ ဘေးထွက်

ဆိုးကျိုး အန္တရာယ်တွေကို ပိုဆိုးစေခြင်းတွေ ဖြစ်နိုင်ပါတယ်။

သင့်မှာ အဲ့လိုမျိုးတွေမဖြစ်အောင်လို့ လက်ရှိသောက်လက်စ

ဆေးတွေအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်း

ကျင်သူကို အကုန်ပြောပြရပါမယ်။ သင့်အတွက်စိတ်ချရစေ

ရန်အတွက် သင့်ဆရာဝန်ရဲ့ထောက်ခံမှုမပါပဲနဲ့ဆေးပမာဏ

များကို လျှော့ခြင်း တိုးခြင်း ရပ်ခြင်းများမပြုလုပ်ရပါဘူး။

အစားအသောက်တွေနဲ့ အရက်က Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) နဲ့ ဓါတ်ပြုနိုင်သလား

Lidocaine+Prilocaine ကအစားအသောက် သို့မဟုတ် အရက်နဲ့ ဓါတ်ပြုမှုဖြစ်နိုင်ပြီးဆေးအလုပ်လုပ်ပုံ ပြောင်းလဲခြင်းသို့မဟုတ်ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ခြင်းတွေရှိနိုင်ပါတယ်။ ဒီဆေးကိုမသုံးစွဲခင်မှာသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအစားအသောက်သို့မဟုတ် အရက်နဲ့ဓါတ်ပြုနိုင်ခြင်းရှိမရှိကိုဆွေးနွေးတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lidocaine+Prilocaine ကသင့်ကျန်းမာရေးအခြေအနေနဲ့ ဓါတ်ပြုမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုတုန့်ပြန်ဓါတ်ပြုမှု

ကြောင့် သင့်ကျန်းမာရေးအခြေအနေတွေ ပိုဆိုးလာခြင်းသို့မဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းလာခြင်း ဖြစ်နိုင်ပါတယ်။ သင့်မှာဘယ်လိုကျန်းမာရေးအခြေအနေတွေရှိတယ်ဆိုတာကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတွေ ကိုပြောပြဖို့လိုအပ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ထုံဆေးအတွက် ပုံမှန်လူကြီးဆေးပမာဏ။

အပ်ထိုးခြင်း၊သွေးဖောက်ခြင်း။ 2.5g(5g ဗူးဆိုတစ်ဝက်)ကို

20 to 25cm2 အရေပြားမှာ အနည်းဆုံး၁နာရီလောက်ကြို

ပြီးလိမ်းပေးပါ။

အရမ်းနာကျင်နိုင်တဲ့ အရေပြားဧရိယာတော်တော်များများမှာ

လုပ်ရမယ့် အရေပြား အစားထိုးခြင်းမျိုးမှာဆိုပါက 2g per 10cm2 လောက်ဧရိယာကို အနည်းဆုံး ၂နာရီလောက်ထား

ပြီးကြိုလိမ်းထားရပါတယ်။

အမျိုးသားအင်္ဂါ။ ထုံဆေးကို မထိုးခင်အကူအနေနဲ့ အသုံးပြု

ခြင်း 1g per 10cm2 ကို ၁၅မိနစ်လောက်ကြိုပေးရပါမယ်။

လိမ်းဆေး ကိုဖယ်ပစ်ပြီးပြီးချင်း ထုံဆေးထိုးရပါမယ်။ ဆေး

လိမ်းပြီး ၃နာရီလောက်ထိ အရေပြားမှာ နာတာကို မသိနိုင်

တာမျိုးတွေရှိနိုင်ပါတယ်။ လိမ်းဆေးဖယ်ပြီးတဲ့အထိ ၁နာရီမှ

၂နာရီထိ ကြာနိုင်တာလည်းရှိပါတယ်။

လိင်အင်္ဂါအနီးတစ်ဝိုက်က အရေပြားမျက်နှာပြင်များ(အမျိုး

သမီးများ)။ 5 to 10gကို 5 to 10 minutes လောက်ထား

ခြင်း။ လိမ်းထားတဲ့နေရာကို စုပ်အားကောင်းစေရန် ဖုံးအုပ်

ထားဖို့မလိုအပ်ပါ။ လုပ်နည်းတစ်ခုခု လုပ်ရန် သို့မဟုတ် ထုံ

ဆေးထိုးခြင်းတို့ကို လိမ်းဆေးဖယ်ပြီးပြီးချင်းချက်ခြင်း ပေး

ဖို့လုပ်ဖို့လိုပါတယ်။

နှုတ်ခမ်းနားတစ်ဝိုက်ကို ထုံဆေးလိမ်းနည်း။ lidocaine-prilocaine အရည်ကို သွားဖုံးပေါ်မှာ ရွေးချယ်ထားတဲ့သွား

နေရာမှာ လိမ်းတဲ့ပစ္စည်းလေးနဲ့ ထိပြီး လိမ်းပါ။ ၃၀စက္ကန့်

စောင့်ပါ ပြီးတော့ lidocaine-prilocaine အရည်ကို သွားဘေးကြားထဲဝင်အောင် ဆေးဗူးမှာ ပါတဲ့အသုံးပြုတဲ့

အတံလေးနဲ့ သေချာဝင်အောင်လိမ်းပေးပါ။ ကုသမှုမပြုခင်

စက္ကန့် ၃၀လောက်ထပ်စောင့်ပါ။ အချိန်အကြာကြီးပိုပြီးစောင့်

ခြင်း လုပ်ပါကလည်းထုံတဲ့အာနိသင်ကိုပိုပြီးမရစေနိုင်ပါဘူး။

ထုံတဲ့အာနိသင်ကို သွားရဲ့ဘေးနားနေရာကို ထိုးကြည့်ခြင်း

နဲ့ရမရစမ်းပါတယ်။ ကြာချိန်ကတော့အနီးစပ်ဆုံး မိနစ် ၂၀

ဖြစ်ပါတယ်။ တကယ်လု့ိ ထုံဆေးအာနိသင်ကစပြီးပြယ်လာ

တယ်ဆိုပါက lidocaine-prilocaineအရည်ကို လိုအပ်သလို

ပြန်ပေးဖို့လိုအပ်နိုင်ပါတယ်။ lidocaine-prilocaine အရည်

ကို တစ်ခါကုသမှုပေးဖို့အတွက် အမြင့်ဆုံးအကြံပေးထား

တဲ့ပမာဏကတော့ 5ဗူးဖြစ်ပါတယ်။

အသည်းအတွက်ဆေးချိန်ညှိခြင်း။

အသည်းအရမ်းပျက်စီးနေတဲ့လူနာများမှာ သွေးထဲမှာ အဆိပ်ဖြစ်စေနိုင်တဲ့ ပမာဏဖြစ်ဖို့ ပိုများစေတဲ့အန္တရယ်ရှိ

တယ်လို့ဆိုပါတယ်။

ကလေးတွေအတွက် Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးအတွက် ထုံးဆေး ပမာဏ။

မွေးကင်းစကလေးအတွက်။

လိမ်းဆေး။

မွေးကင်းစကလေးကို <37 wkဆိုပါက 0.5g/dose ကို သုံး

ဖို့ အကြံအများဆုံးပေးထားပါတယ်။ ပေါင်မစေ့ လမပြည့်တဲ့

ကလေး အယောက်၃၀( > or equal to 30wk) ကို လေ့

လာထားတာကတော့ ကလေးရဲ့ခြေဖနောင့်နေရာကို ၁နာရီ

လောက်လိမ်းထားကြည့်ခြင်းက methemoglobin levels

ကို အပြောင်းအလဲမရှိစေဘူးလို့ တင်ပြထားပါတယ်။

ကလေးအသက် > or equal to 37 wkဆိုပါက။

နာကျင်စေနိုင်တဲ့ procedures များအတွက်(ဥပမာ အသားဆေးထိုးခြင်း) 1gကို နေရာတစ်နေရာကို လိမ်းပြီး အနည်းဆုံးတစ်နာရီလောက်ထားထားခြင်း။

လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း။ လိင်တံ

ထိပ်ကို 1 to 2g လောက်လိမ်းပြီး မခွဲခင်မှာ မိနစ် ၆၀ မှ ၉၀

လောက်ထိ ပိတ်ထားပေးပါ။ ပတ်တီးစည်းထားပါ။

ထုတ်လုပ်သူရဲ့အကြံပေးချက်အရ အမြင့်ဆုံး ဆေးပမာဏနဲ့

လိမ်းဖို့နေရာ(အရေပြားအကောင်းတိုင်းရှိတဲ့နေရာပေါ်လိမ်း

တာနဲ့မူတည်ခြင်း)။

ကိုယ်အလေးချိန် 5kg ထက်နည်းပါက။

စုစုပေါင်းအမြင့်ဆုံးဆေးပမာဏ။ 1g

အများဆုံးလိမ်းနိုင်တဲ့ အရေပြားဧရိယာအကျယ်။ 10cm2

အမြင့်ဆုံး လိမ်းနိုင်တဲ့ကြာချိန်။ ၁နာရီ

ဆေးပမာဏက အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လိမ်းတဲ့

မျက်နှာပြင်၊ လိမ်းတဲ့ကြာချိန်ပေါ်မူတည်ပြီး အမြင့်ဆုံးဆေး

ပမာဏကို သတ်မှတ်ခြင်းဖြစ်ပါတယ်။

< or equal to 3 months(or < 5kg)။1g ,10cm2, 1hr

>3 to < or equal to 12months(>5kg)။ 2g, 20cm2, 4hr

တစ်နှစ်မှ ခြောက်နှစ်(>10kg)။ 10g,100cm2,4hr

၇နှစ်မှ ၁၂နှစ်(>20kg)။ 20g,200cm2,4hr

ဆေးပမာဏချိန်ညှိခြင်းများ။

အသက် ၃လထက်ကြီးတဲ့ကလေးတွေမှာ ဆေးလိမ်းဖို့အနည်းဆုံးလိုအပ်တဲ့ကိုယ်အလေးချိန်ကို မရောက်သေးတဲ့ကလေးတွေမှာဆေးပမာဏကို လူနာရဲ့ အလေးချိန်နဲ့တွက်ပြီး ဆေးပမာဏအများဆုံးကို သေချာချိန်

ညှိရပါမယ်။

သတိထားရန်။

Lidocaine-prilocaine ကို မွေးကင်းစကလေးငယ်တွေ<37wk နဲ့ အသက်၁၂လ

အောက်ငယ်တဲ့ကလေးတွေမှာ methemoglobin-inducing

Agentsတွေကို သုံးနေပါက လိမ်းဆေး ထုံဆေးကို ပေးဖို့

မသင့်တော်ပါ။

ဒီဆေးကို ခန္ဓါကိုယ်နေရာအနှံ့တော်တော်များများမှာလိမ်း

ခြင်း သို့မဟုတ် အချိန်ကို ၂နာရီထက်ပိုကြာအောင်ထားခြင်း

လုပ်ပါက သတိထားရပါမယ်။ ဘေးထွက်ဆိုးကျိုးတွေက

လိမ်းတဲ့ဧရိယာရယ် ထိတွေ့မှုပေါ်မှာမူတည်ပြီးတိုက်ရိုက်အ

ချိုးကြပါတယ်။

Lidocaine-prilocaine ကို amide-type ထုံဆေးမျိုးကို မတည့်တဲ့လူနာတွေမှာ ရှောင်ရပါမယ်။

Congenital or idiopathic methemoglobinemia ရှိတဲ့ လူနာတွေမှာ lidocaine-prilocaine လိမ်းဆေးကို မလိမ်း

သင့်ပါဘူး။ G6PD လျော့နည်းတဲ့လူနာတွေမှာလည်း methemoglobinemia ကို ဖြစ်စေနိုင်တဲ့ဆေးတွေနဲ့ တွဲ

သောက်နေရတဲ့ လူနာတွေမှာ methemoglolbinemia ကိုပို

ပြီးဖြစ်စေနိုင်တဲ့အန္တရာယ်တွေရှိပါတယ်။

မွေးကင်းစကလေးတွေနဲ့ ၃လလောက်ပဲရှိတဲ့ကလေးတွေမှာ

ဆေးကို အသုံးမပြုခင် methemoglobinemia ပမာဏကို

မသုံးခင်၊သုံးနေစဉ်နဲ့သုံးပြီးတဲ့အထိ စစ်ဆေးနေသင့်ပါတယ်။

Lidocaine-prilocaine ဆေးကိုနားထဲထိဝင်သွားနိုင်တဲ့

အခြေအနေတွေမျိုးမှာ သုံးဖို့မသင့်တော်ပါ။ guinea pigs တွေမှာ စမ်းသပ်ချက်အရဒီဆေးကို နားထဲကို ထည့်ပါက နား

ကို အန္တရာယ်ဖြစ်စေတဲ့အာနိသင်ရှိတာကို တွေ့ရပါတယ်။

နားအတွင်းထဲထိမရောက်ပဲ အပြင်ပိုင်း တွင်ပဲ ထိတွေ့မှုရှိ

တဲ့နေရာမှာတော့ တိရစ္ဆာန်တွေမှာ စမ်းသပ်မှုမှာ မူမမှန်တာ

မျိုးမတွေ့ရဘူးလို့ဆိုပါတယ်။ lidocaine or prilocaine

ဆေးရဲ့အာနိသင်ကို သိပ်ပြီးမခံနိုင်တဲ့ ရုတ်တရက်ဖျားနာ

သောလူနာများ၊ အသက်ကြီးသူများ၊ နာမကျန်းဖြစ်သူတွေ

မှာဆေးကို သတိနဲ့သုံးဖို့လိုပါတယ်။

တိရစ္ဆာန်တွေမှာစမ်းသပ်ချက်အရ မျက်လုံးထဲကို ဒီဆေးဝင်ပါက မျက်စိယားယံခြင်း၊စပ်ခြင်းတို့ဖြစ်နိုင်တာ

ကြောင့်ဒီဆေးကို မျက်လုံးထဲဝင်စေဖို့မသုံးသင့်ကြောင့်

ဆိုထားပါတယ်။ နောက်ပြီးတော့ မျက်လုံးပုတ်ခတ်ပုတ်ခတ်

လုပ်နိုင်တာတွေ ပျက်စီးသွားပါက မျက်လုံးကို ယားယံထိ

ခိုက်စေခြင်းနဲ့ ပွန်းပဲ့ခြင်းတွေဖြစ်စေနိုင်ပါတယ်။ မျက်လုံးနဲ့

ထိမိတာမျိုး ဖြစ်ပါက မျက်လုံးကို ရေနဲ့ သို့မဟုတ် ဆားရည်

နဲ့ ဆေးခြင်း ပြီးတော့ မျက်လုံးက ခံစားမှုပြန်ရလာတဲ့အထိ

ကာကွယ်ထားခြင်းတို့ပြုလုပ်ရပါမယ်။

အသည်းအရမ်းပျက်ဆီးနေတဲ့လူနာတွေမှာ lidocaine and

Prilocaine ဆေးပမာဏက သွေးထဲမှာ များလာနိုင်တဲ့အန္တ

ရာယ်ကြီးပါတယ်။

ဆေးလိမ်းထားတဲ့နေရာမှာ အရေပြားမှာထုံတာ ကျင်တာနာ

တာတွေကို မသိနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုမရှိစေဖို့

သတိထားရပါမယ်။

Class I antiarrhythmic drugsများသောက်နေတဲ့ လူနာ

များမှာ ဆေးရဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အာနိသင်နဲ့

ထပ်ပေါင်းဖြစ်စေတဲ့အာနိသင်တို့ကတွဲဖြစ်တတ်တာမို့

Lidocaine-prilocaine ဆေးကို သတိထားပြီးသုံးစွဲရပါမယ်။

Lidocaine + Prilocaine (လစ်ဒိုကိန်း + ပရီလိုကိန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Lidocaine+Prilocaine ကိုအောက်ပါ ပမာဏ၊ ဆေးညွှန်းနဲ့ ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

-လိမ်းဆေးခရင်မ်

-လိမ်းဆေးkit

-လိမ်းဆေး film

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

တကယ်လို့အရေးပေါ်အခြေအနေတွေဆေးသောက်တာ လွန်သွားတာတွေမှာဆိုပါကသင်နဲ့အနီးဆုံးအရေးပေါ်ဌာနကိုဆက်သွယ်ခြင်းနဲ့ အနီးဆုံးကျန်းမာရေး

စောင့်ရှောက်မှုရှိရာကိုသွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့သင်က Lidocaine + Prilocaine ဆေးညွှန်းကိုသုံး ်ဖို့တစ်ခါမေ့သွားတယ်ဆိုပါက သတိရရချင်းတစ်ခါသုံးလိုက်ပါ။ သို့သော်လည်းနောက်တစ်ခါသုံးဖို့အချိန်နဲ့ကပ်နေရင်တော့မေ့သွားတဲ့ဆေးအချိန်ကိုကျော်လိုက်ပြီးပုံမှန်အတိုင်းဆက်လုပ်သွားပါ။ ဆေးပမာဏနှစ်ဆကိုတော့လုံးဝမသုံးပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement