backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Keflor (ကပ်ဖ်လော)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Keflor (ကပ်ဖ်လော) ကို ဘာအတွက်အသုံးပြုကြသလဲ

KEFLOR® သည်ပိုးသတ်ဆေးဖြစ်သည်။ ယင်းသည် ဘက်တီးရီးယားပိုးကောင်များဒ ဆဲလ်နံရံကိုဖျက်ပစ်ခြင်းဖြင့် ဘက်တီးရီးယားများ၏ကြီးထွားမှုမဖြစ်အာင်လုပ်သော ဆေးဖြစ်သည်။KEFLOR®(CEFACLOR)သည် ကူးစက်ရောဂါများအတွက်အများဆုံးသုံးသော၊ ဘက်တီးရီးယားပိုးသတ်ဆေးအမျိုးအစားဖြစ်သည်။

Keflor (ကပ်ဖ်လော) ဘယ်လိုသောက်သုံးသင့်သလဲ

  • KEFLOR®ကို အစာနှင့်ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေသောက်နိုင်သည်။
  • ဆေးကို မမြိုချမီ သေချာစွာ ဝါးပါ။
  • ရောဂါအမြစ်ပြတ်ရန် ဆေးပတ်ပြည့်အောင်သောက်ပါ။ နေကောင်းသွားသော်လည်း ဆေးမဖြတ်ဘဲ ဆေးပတ်ပြည့်အောင်သောက်ပါ။
  • ဆေးကို နေ့စဉ် အချိန်မှန်မှန်သောက်ခြင်းသည် ထိရောက်မှုအရှိဆုံးဖြစ်သည်။
  • ဆေးသောက်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    Keflor (ကပ်ဖ်လော) ဘယ်လိုသိမ်းဆည်းရမလဲ

    (ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

    KEFLOR®ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။

    ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ KEFLOR®ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ KEFLOR®

    ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

    KEFLOR®ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

    KEFLOR®ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Keflor (ကပ်ဖ်လော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

    • KEFLOR®ထဲတွင် ပါဝင်သော ပစ္စည်းများ သို့မဟုတ် cephalosporin ပိုးသတ်ဆေးများ(ဥပမာ- Cephalexin)နှင့် ဓါတ်မတည့်ခြင်းရှိလျှင်
    • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
    • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
    • ဝမ်းလျှောခြင်း၊ အစာအိမ်ပိုးဝင်ခြင်း၊သွေးခဲမှုမူမမှန်ခြင်း ဖြစ်နေလျှင်
    • Penicillin ပိုးသတ်ဆေး (ဥပမာ- Amoxicillin)သို့မဟုတ် အခြားသော beta-lactam ပိုးသတ်ဆေးများ(ဥပမာ- Imepenem)နှင့် ပြင်းထန်စွာ ဓါတ်မတည့်ခြင်းများရှိလျှင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Keflor (ကပ်ဖ်လော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်များ

    သင်သည် ကလေးယူရန်စီစဉ်နေပါက ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    နို့တိုက်မိခင်များ

    Cefaclor သည်နို့ရည်ထဲတွင် ပါနိုင်သည်။ ထို့ကြောင့် သင်သည် နို့တိုက်မိခင်ဖြစ်ပါက ဆေးသောက်ခြင်း၏ ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Keflor (ကပ်ဖ်လော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    KEFLOR® သည် အောက်ပါဘေးထွက်ဆိုးကျိုးများဖြစ်စေပါသည်။

    • ခေါင်းကိုက်ခြင်း
    • ဝမ်းလျှောခြင်း
    • ပျို့ခြင်း
    • အန်ခြင်း
    • နွမ်းနယ်ခြင်း
    • လေအိတ်ငယ်များ ပိုးဝင်ခြင်း

    အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်သည်။

    • ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
    • ယားယံခြင်း
    • သွေးဝမ်းသွားခြင်း
    • ဖျားခြင်း
    • တက်ခြင်း
    • ပြင်းထန်စွာဝမ်းလျှောခြင်း
    • ဗိုက်ရစ်ခြင်း၊နာခြင်း
    • ဝမ်းသွားချင်စိတ်ကို ထိန်းမရခြင်း
    • မိန်းမကိုယ်ယားခြင်း၊ အရည်များဆင်းခြင်း

    (ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Keflor (ကပ်ဖ်လော) နဲ့ ဓါတ်ပြုနိုင်သလဲ

    KEFLOR®ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

    ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်သောဆေးများမှာ

    • Probenecid သည် KEFLOR®၏အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေသည်။
    • Wafarin သွေးခဲပျော်ဆေးသည် KEFLOR®၏အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပြီး သွေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။

    အစားအသောက်တွေနဲ့ အရက်က Keflor (ကပ်ဖ်လော) နဲ့ ဓါတ်ပြုနိုင်သလား

    KEFLOR®က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Keflor (ကပ်ဖ်လော) နဲ့ ဓါတ်ပြုနိုင်သလဲ

    KEFLOR®ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Keflor (ကပ်ဖ်လော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူကြီးများအတွက် သတ်မှတ်ထားသောဆေး ပမာဏမှာ ၂၅၀ မီလီဂရမ် ၈နာရီခြား ဖြစ်သည်။

    နမိုးနီးယားကဲ့သို့ ပိုပြင်းထန်သော ကူးစက်ရောဂါများအတွက် နှစ်ဆတိုးပြီး သောက်နိုင်သည်။

    KEFLOR® ၂၅၀ မီလီဂရမ် တနေ့ ၂ကြိမ်မှ ၃ကြိမ်သောက်ပါ။

    အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

    ကလေးတွေအတွက် Keflor (ကပ်ဖ်လော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူကြီးများအတွက် သတ်မှတ်ထားသောဆေး ပမာဏမှာ တနေ့လျှင် ၂၀ mg/kg/day ၈နာရီခြား ဖြစ်သည်။

    နားပြည်ယိုခြင်းနှင့် ပိုပြင်းထန်သော ကူးစက်ရောဂါများအတွက် တနေ့လျှင် ၄၀ mg/kg/day သောက်နိုင်ပြီး အများဆုံး ၁ ဂရမ် အထိသောက်နိုင်သည်။

    Keflor (ကပ်ဖ်လော) ကိုဘယ်လိုရရှိနိုင်သလဲ

    KEFLOR®ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • ၂၅၀ မီလီဂရမ် ဆေးတောင့်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    KEFLOR®ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement