backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Imodium A-D (အင်မိုဒီရမ်)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Imodium A-D (အင်မိုဒီရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Imodium A-D®ကိုအစာခြေတဲ့စည်းချက်ကို နှေးစေပြီးအူသိမ်ကနေအစာနဲ့အရည်တွေမှာပါတဲ့ အာဟာရဓါတ်တွေကိုပိုမိုကြာမြင့်စွာစုပ်ယူနိုင်စေဖို့ အသုံးပြုပါတယ်။

ဝမ်းပျက်ခြင်းကိုကုသဖို့လည်းသုံးပါတယ်။ အူများကိုခွဲစိတ်ဖြတ်တောက်ပြုပြင်ထားသူတွေမှာဝမ်းပမာဏကို လျော့ကျစေဖို့လည်းအသုံးပြုပါတယ်။

Imodium A-D (အင်မိုဒီရမ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်း (သို့) အညွှန်းစာမှာပါတဲ့အတိုင်းသောက်ပေးရပါတယ်။ ညွှန်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊လျှော့သောက်ခြင်း၊ ကြာကြာသောက်ခြင်းမပြုပါနဲ့။

အရွယ်ရောက်ပြီးသူတွေမှာ ဝမ်းစပျက်ချိန်မှာ ၄မီလီဂရမ်ကို သောက်သုံးရပါတယ်။ နောက်တခါ ဝမ်းထပ်သွားရင် ၂မီလီဂရမ်ကို ထပ်သောက်ရပါတယ်။ ကလေးတွေအတွက် မှန်ကန်တဲ့ ဆေးပမာဏကိုတွက်ပေးဖို့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ ညွှန်ထားတာထက် ပိုသောက်ခြင်းမပြုရပါဘူး။ loperamideကိုလိုတာထက်ပိုပြီးအလွဲသုံးရင် ဆိုးရွားတဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်ပြီးတခါတရံသေဆုံးနိုင်ခြေရှိပါတယ်။ ဆေးပမာဏနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကိုသေချာလိုက်နာပါ။

Imodium A-D® ကို ဆရာဝန်မညွှန်ဘဲ မိမိဖာသာ ဝယ်သောက်မယ်ဆိုရင် ၂၄နာရီအတွင်းမှာ ၈ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့။ ဆရာဝန်ညွှန်တာဆိုရင် တရက်မှာ ၁၆မီလီဂရမ်ထက် ပိုမသောက်ပါနဲ့။

ဝါးစားနိုင်တဲ့ Imodium A-D®ဆိုရင်တော့ မြိုမချခင် ဝါးစားနိုင်ပါတယ်။

ဆေးရည်ဆိုရင် အသုံးမပြုခင်မှာကောင်းကောင်းလှုပ်ပေးရပါတယ်။ ဆေးချိန်ဖို့ ပြုလုပ်ထားတဲ့ ကိရိယာ၊ ဇွန်း၊ ခွက် စတာတွေကိုအသုံးပြုပြီးချိန်တွယ်ပါ။ ဆေးချိန်ဖို့ခွက်မပါလာရင် ဆေးဝါးကျွမ်းကျင်သူဆီမှာတောင်းယူပါ။

Imodium A-D®ကိုရေတဖန်ခွက်ခန့်နဲ့ သောက်ပေးပါ။ ဒီဆေးသုံးစွဲချိန်မှာရေဓါတ်ခန်းခြောက်ခြင်းမဖြစ်အောင် အရည်များများသောက်ပေးပါ။

Imodium A-D (အင်မိုဒီရမ်) ဘယ်လိုသိမ်းဆည်းရမလဲ

Imodium A-D® ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Imodium A-D® ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Imodium A-D® ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Imodium A-D (အင်မိုဒီရမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Imodium A-D® တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • ဆိုးရွားသောကျောက်ကပ်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ဆေးနေရခြင်း

ဒီဆေးဟာကလေးတွေမှာဆိုးရွားတဲ့ အသက်ရှူခြင်းဆိုင်ရာ ပြသနာနဲ့ နှလုံးပြသနာတွေကို ဖြစ်စေနိုင်ပါတယ်။ အသက် ၂နှစ်အောက်ငယ်တဲ့ ကလေးတွေကိုမပေးသင့်ပါဘူး။ ဆရာဝန်ရဲ့ အကြံဉာဏ်မပါဘဲကလေးတွေ၊ ဆယ်ကျော်သက် အရွယ်တွေကိုမပေးသင့်ပါဘူး။

အောက်ပါပြသနာတွေရှိနေချိန်မှာသုံးစွဲရင် ဘေးကင်းမှုရှိမရှိ ဆရာဝန် (သို့) သူနာပြုကိုမေးမြန်းပါ။

  • ဖျားနာခြင်း
  • ဝမ်းတွင် အမြှုပ်ပါခြင်း
  • AIDS ရောဂါ
  • အသည်းရောဂါဖြစ်ဖူးခြင်း
  • ပဋိဇီဝဆေးများ သုံးစွဲနေခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Imodium A-D (အင်မိုဒီရမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Imodium A-D® ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Imodium A-D® ဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Cရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Imodium A-D (အင်မိုဒီရမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်းလျှာ လည်ချောင်းရောင်ရမ်းခြင်းစတာတွေကြုံရရင် အရေးပေါ် ဆေးဝါးကုသမှု ခံယူပါ။

အောက်ပါပြသနာတွေကြုံရရင် ဆရာဝန်ချက်ချင်းပြပါ။

  • ခေါင်းကိုက်ပြီးရင်ဘတ်အောင့်ခြင်း၊ ဆိုးရွားစွာ မူးဝေခြင်း
  • သတိလစ်ချင်သလိုဖြစ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အစာအိမ်အောင့်ခြင်း၊ လေပွခြင်း
  • ဝမ်းပျက်ခြင်းပိုဆိုးလာခြင်း
  • အရည်ဝမ်းများ၊ သွေးဝမ်းများသွားခြင်း
  • ဆိုးရွားသောအရေပြားပြသနာများ။ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ လျှာ ရောင်ရမ်းခြင်း၊ မျက်စိပူခြင်း၊ အရေပြားနာလာပြီးအနီရောင်အစက်များပေါ်လာပြီးပျံ့သွားခြင်း (အထူးသဖြင့် မျက်နှာနှင့် ကိုယ်ခန္ဓါအပေါ်ပိုင်း)၊ အရည်ကြည်ဖုထခြင်း၊ အရေပြားကွာကျခြင်း

တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မူးဝေခြင်း၊ အိပ်ငိုက်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အစာအိမ်အောင့်ခြင်း
  • ပျို့အန်ခြင်း

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Imodium A-D (အင်မိုဒီရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Imodium A-D® ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

ဒီဆေးနဲ့ ဓါတ်ပြုနိုင်ခြေရှိတဲ့ ဆေးတွေကတော့

  • Gemfibrozil, ritonavir
  • အစာအိမ်အချဉ်ဓါတ်နည်းစေသောဆေးများ – cimetidine, ranitidine
  • Anagrelide, cilostazol, donepezil, fluconazole, methadone, ondansetron
  • ပဋိဇီဝဆေးများ၊ မှိုစွဲပျောက်ဆေးများ – azithromycin, ciprofloxacin, clarithromycin, erythromycin, fluconazole, itraconazole, ketoconazole, levofloxacin, moxifloxacin, pentamidine, telithromycin
  • ကင်ဆာဆေးများ – arsenic trioxide, oxaliplatin, vandetanib
  • စိတ်ကျကုသဆေးများ – citalopram, escitalopram
  • ငှက်ဖျားဆေးများ – chloroquine, halofantrine, quinine
  • နှလုံးခုန်နှုန်းအတွက်သုံးသောဆေးများ – amiodarone, disopyramide, dofetilide, dronedarone, flecainide, ibutilide, procainamide, quinidine, sotalol

စိတ်ပိုင်းဆိုင်ရာ ပြသနာများအတွက်ပေးသောဆေးများ- medicine to treat a psychiatric disorder – chlorpromazine, droperidol, haloperidol, pimozide, thioridazine

အစားအသောက်တွေနဲ့ အရက်က Imodium A-D (အင်မိုဒီရမ်) နဲ့ ဓါတ်ပြုနိုင်သလား

Imodium A-D® ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Imodium A-D (အင်မိုဒီရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Imodium A-D® ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

အောက်ပါရောဂါအခြေအနေများဟာဒီဆေးနဲ့ ဓါတ်ပြုပြောင်းလဲနိုင်ခြေရှိပါတယ်။

  • ဝမ်းမပျက်ဘဲ အစာအိမ်အောင့်ခြင်း
  • ဖျားပြီး ဝမ်းပျက်ခြင်း
  • အူအနာဖြစ်ရောင်ရမ်းခြင်း
  • သွေးဝမ်း၊ ဝမ်းမည်းသွားခြင်း
  • ဘက်တီးရီးယားကြောင့် ဝမ်းပျက်ခြင်း
  • ပဋိဇီဝဆေးကြောင့် ဝမ်းပျက်ခြင်း (Clostridium difficile)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Imodium A-D (အင်မိုဒီရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများရုတ်တရက်ဖြစ်သော ဝမ်းပျက်ခြင်းအတွက်

ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်ပုံစံ

  • ဝမ်းစပျက်ချိန်မှာ ၄မီလီဂရမ်ကို သောက်ဆေးအနေနဲ့ သောက်ပေးရပါတယ်။
  • နောက်ဝမ်းသွားချိန်တိုင်းမှာ ၂ မီလီဂရမ်ကိုဆက်လက်သောက်သုံးပေးရပါတယ်။ ၂၄နာရီအတွင်း ၁၆ မီလီဂရမ်ထက် မကျော်ရပါဘူး။ များသောအားဖြင့် ၄၈ နာရီအတွင်းမှာရောဂါအခြေအနေသက်သာနိုင်ပါတယ်။
  • ဝါးစားနိုင်သော ဆေးပြားများ

    • ဝမ်းစပျက်ချိန်မှာ ၄မီလီဂရမ်ကို သုံးစွဲနိုင်ပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ၂ မီလီဂရမ်ကိုဆက်လက်သုံးစွဲနိုင်ပါတယ်။ ၂၄နာရီအတွင်း ၈မီလီဂရမ်ထက် မကျော်ရပါဘူး။

    လူကြီးများကာလရှည်ကြာဝမ်းပျက်ခြင်းအတွက်

    ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်ပုံစံ

    • စစချင်းမှာ ၄မီလီဂရမ်ကို စတင်သုံးစွဲပြီးနောက်ဝမ်းသွားချိန်တိုင်းမှာ ၂ မီလီဂရမ်ကိုဆက်လက်သောက်သုံးပေးရပါတယ်။၂၄နာရီအတွင်း ၁၆ မီလီဂရမ်ထက် မကျော်ရပါဘူး။
    • နောက်ပိုင်းမှာနေ့စဉ်၄-၈မီလီဂရမ်ကိုဆက်လက်သောက်သုံးပေးရပါတယ်။ များသောအားဖြင့် ၁၀ရက်အတွင်းမှာ ရောဂါအခြေအနေသက်သာနိုင်ပါတယ်။ အများဆုံး ၁၆ မီလီဂရမ်ကို ၁၀ရက်ဆက်ပြီးသုံးစွဲနေရင်းကမသက်သာရင်နောက်ထပ်ဆက်ပေးလို့ မထူးခြားနိုင်ပါဘူး။

    ကလေးတွေအတွက် Imodium A-D (အင်မိုဒီရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးများရုတ်တရက်ဖြစ်သော ဝမ်းပျက်ခြင်းအတွက်

    အသက် ၂နှစ်မှ ၆နှစ် (၁၃ – ၂၀ ကီလိုဂရမ်)

    ဒီအရွယ်အတွက်ဆေးရည်ပုံစံကိုပဲအသုံးပြုပါတယ်။

    • စစချင်းမှာ ၁မီလီဂရမ်ကို တနေ့၃ကြိမ်သောက်ဆေးအနေနဲ့ သောက်ပေးရပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ဝ.၁မီလီဂရမ်နှုန်းနဲ့ဆက်လက်သောက်သုံးပေးနိုင်ပါတယ်။ စသောက်တဲ့ ပမာဏကိုတော့ မကျော်ရပါဘူး။

    အသက် ၆နှစ်မှ ၈နှစ် (၂၀ – ၃၀ ကီလိုဂရမ်)

    ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်ပုံစံ

    • စစချင်းမှာ၂မီလီဂရမ်ကို စတင်သုံးစွဲရပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ဝ.၁ မီလီဂရမ်နှုန်းနဲ့ ဆက်လက်သောက်သုံးပေးနိုင်ပါတယ်။ စသောက်တဲ့ ပမာဏကိုတော့ မကျော်ရပါဘူး။

    ဝါးစားနိုင်သော ဆေးပြားများ

    • ဝမ်းစပျက်ချိန်မှာ ၂ မီလီဂရမ်ကိုသုံးစွဲနိုင်ပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ၁မီလီဂရမ်ကိုဆက်လက်သုံးစွဲနိုင်ပါတယ်။ ၂၄နာရီအတွင်း ၄မီလီဂရမ်ထက် မကျော်ရပါဘူး။

    အသက် ၈နှစ်မှ ၁၂နှစ် (၃၀ ကီလိုဂရမ်အထက်)

    ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်ပုံစံ

    • စစချင်းမှာ ၂မီလီဂရမ်ကို တနေ့၃ကြိမ် စတင်သုံးစွဲရပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ကိုယ်အလေးချိန် တစ်ကီလိုမှာ ဝ.၁ မီလီဂရမ်နှုန်းနဲ့ ဆက်လက်သောက်သုံးပေးနိုင်ပါတယ်။ စသောက်တဲ့ ပမာဏကိုတော့ မကျော်ရပါဘူး။

    ဝါးစားနိုင်သော ဆေးပြားများ

    • ဝမ်းစပျက်ချိန်မှာ ၂ မီလီဂရမ်ကိုသုံးစွဲနိုင်ပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ၁ မီလီဂရမ်ကိုဆက်လက်သုံးစွဲနိုင်ပါတယ်။ ၂၄နာရီအတွင်း ၆မီလီဂရမ်ထက် မကျော်ရပါဘူး။

    အသက် ၁၂နှစ်မှ ၁၈နှစ်

    ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်ပုံစံ

    • စစချင်းမှာ၄မီလီဂရမ်ကို စတင်သုံးစွဲရပါတယ်။
    • နောက်ဝမ်းသွားချိန်တိုင်းမှာ ကိုယ်အလေးချိန် ၂မီလီဂရမ်နှုန်းနဲ့ဆက်လက်သုံးစွဲနိုင်ပါတယ်။၂၄နာရီအတွင်း ၈မီလီဂရမ်ထက် မကျော်ရပါဘူး။

    ကလေးများကာလကြာရှည် ဝမ်းပျက်ခြင်းအတွက်

    အသက် ၂နှစ်အောက်

    ဒီအသက်အရွယ်မှာကာလကြာရှည် ဝမ်းပျက်ခြင်းအတွက် သုံးစွဲရမယ့် ပမာဏကိုလေ့လာထားခြင်းမရှိသေးပါဘူး။

    Imodium A-D (အင်မိုဒီရမ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Imodium A-D® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

    • ဆေးပြား
    • ဆေးတောင့်
    • ဆေးရည်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Imodium A-D® ဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement