backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tamik (တာမစ်)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Tamik (တာမစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Tamik မှာ အစွမ်းထက်တဲ့ ပစ္စည်းသုံးမျိုး ပါဝင်ပါတယ်။ mefenamic acid, tranexamic acid နဲ့ ှဗီတာမင် ကေ တို့ပဲ ဖြစ်ပါတယ်။ သူ့ကို ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း၊ သွားနာခြင်း၊ ရာသီလာစဉ် နာကျင်ခြင်း၊ အခြားနာကျင်ခြင်းများ၊ သွေးထွက်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့အတွက် အသုံးပြုပါတယ်။

Tamik (တာမစ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအနေနဲ့ ဆိုရင်

  • ဆရာဝန်ညွှန်ကြားတဲ့ ပမာဏ၊ ဆေးချိန် အတိုင်း အသုံးပြုသင့်ပါတယ်။
  • Tamik ကို အသုံးမပြုခင် ဆေးအညွှန်းကို သေချာစွာ ဖတ်သင့်ပါတယ်။
  • ဆေးညွှန်းမှာ ရေးထားတာကို မရှင်းလင်းဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
  • Tamik (တာမစ်) ဘယ်လိုသိမ်းဆည်းရမလဲ

    ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

    Tamik ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tamik ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Tamik ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    Tamik ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

    ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

    Tamik ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Tamik (တာမစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    • အခြားဆေးတွေ သောက်နေတယ်ဆိုရင်။ တိုင်းရင်းဆေးနဲ့ ဆရာဝန် ညွှန်ကြားချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို ဆိုလိုပါတယ်။
    • Selsun® ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှု ရှိရင်။
    • အခြား ရောဂါတွေ ရှိရင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tamik (တာမစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟု သတ်မှတ်ထားသည်။

    အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကို မသိရသေးပါ။

    ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Tamik (တာမစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    Tamik သောက်သုံးခြင်းဟာ အချို့ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ သူတို့ထဲက အများစုဟာ အဖြစ်နည်းပြီးတော့ ဆေးကုစရာမလိုအပ်ပါဘူး။ ဒါပေမယ့် ဒီဆေးသောက်ပြီး တစ်ခုခုဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    အချို့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • နှလုံးခုန် မြန်ခြင်း၊ နှေးခြင်း
    • ခန္ဓါကိုယ် ရောင်ရမ်းခြင်း၊ ယားယံခြင်း
    • လက်မောင်း (သို့) ပုခုံးကို ပြန့်သွားတဲ့ ရင်ဘတ်အောင့်ခြင်း
    • ပျို့ခြင်း
    • ချွေးထွက်ခြင်း
    • နေမကောင်းခြင်း
    • ရုတ်တရက် ထုံခြင်း (သို့) အားနည်းခြင်း
    • ခြေထောက် အားနည်းခြင်း
    • လက်၊ခြေထောက် ကြွက်သား နာကျင်ခြင်း
    • လက်ချောင်း ခြေချောင်း နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ ဖြူဖျော့သော၊ အပြာရောင် လက်သည်း ခြေသည်း ရှိခြင်း
    • ဗိုက်နာခြင်း
    • ဝမ်းလျှောခြင်း
    • ရင်ဘတ်အောင့်ပြီး ချောင်းဆိုးခြင်း
    • သွေးအလွန်တိုးခြင်း
    • ခေါင်းမူးခြင်း
    • အရေပြား အကွက်ထခြင်း
    • အနီရောင် (သို့) အရေပြား ထုံကျင်ခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Tamik (တာမစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Tamik ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    Tamik ဟာ အောက်ဖေါ်ပြပါ ဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။

    • Beta blockers such as propranolol (Inderal)
    • Cimetidine (Tagamet)
    • Clotrimazole (Lotrimin)
    • Cyclosporine (Neoral, Sandimmune)
    • Danazol (Danocrine)
    • Delavirdine (Rescriptor)
    • Diltiazem (Cardizem, Dilacor, Tiazac)
    • Epinephrine (Epipen)
    • Fluconazole (Diflucan)
    • Isoniazid (INH, Nydrazid)
    • Medications for colds and asthma
    • Metronidazole (Flagyl)
    • Nefazodone (Serzone)
    • Selective serotonin reuptake inhibitors (SSRIs) such as citalopram (Celexa), fluoxetine (Prozac, Sarafem), fluvoxamine (Luvox), paroxetine (Paxil), and sertraline (Zoloft)
    • Saquinavir (Fortovase, Invirase)
    • Verapamil (Calan, Covera, Isoptin, Verelan)
    • Zafirlukast (Accolate)
    • Zileuton (Zyflo)

    အစားအသောက်တွေနဲ့ အရက်က Tamik (တာမစ်) နဲ့ ဓါတ်ပြုနိုင်သလား

    Tamik က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Tamik (တာမစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Tamik ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

    • နှလုံး (သို့) သွေးကြော ရောဂါ
    • သွေးတိုးခြင်း
    • ကျောက်ကပ်ရောဂါ
    • အသည်းရောဂါ
    • ကူးစက်ရောဂါ
    • ဆေးလိပ်သောက်ခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Tamik (တာမစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အရွယ်ရောက်ပြီးသူတွေမှာ ပုံမှန်သောက်သုံးရမယ့် ပမာဏကတော့ ဆေးပြားနှစ်ပြားကနေ သုံးပြားအထိဖြစ်ပါတယ်။

    ကလေးတွေအတွက် Tamik (တာမစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

    Tamik (တာမစ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Tamik ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • ဆေးလုံး 3mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို အရေးပေါ်အခြေအနေတွေမှာ ပြသနိုင်ရန်အတွက် ချရေးထားသင့်ပါတယ်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Tamik ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement