backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pradaxa

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pradaxa ကို ဘာအတွက်အသုံးပြုကြသလဲ

Pradaxa ဟာသွေးခဲတွေဖြစ်ပေါ်မှုကိုတားဆီးပေးတဲ့သွေးကျဲဆေး(Thrombin ကိုတားဆီးပေးတဲ့ဆေး)တစ်မျိုးဖြစ်ပါတယ်။

Pradaxa ဟာ atrial fibrillation လို့ခေါ်တဲ့နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါတစ်မျိုးခံစားနေရတဲ့သူတွေမှာလေဖြတ်ခြင်းနဲ့သွေးခဲခြင်းတို့ရနိုင်ချေကိုလျှော့ချဖို့အတွက်အသုံးပြုပါတယ်။

Pradaxa ကိုသင့်ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေမှာသွေးခဲတွေဖြစ်ပေါ်ခြင်း(DVT) သို့မဟုတ် အဆုတ်မှာသွေးခဲတွေရောက်ခြင်း(PE)တို့ကိုကုသဖို့အတွက်လည်းအသုံးပြုပါတယ်။ အဲဒီရောဂါတွေထပ်ဖြစ်လာနိုင်ချေကိုလည်းလျှော့ချပေးပါတယ်။

Pradaxa ဘယ်လိုသောက်သုံးသင့်သလဲ

Pradaxa ကိုသင့်ဆရာဝန်ကညွှန်ကြားတဲ့အတိုင်းအတိအကျသောက်ပါ။ ဆေးညွှန်းမှာပါတဲ့ညွှန်ကြားချက်များအားလုံးကိုလိုက်နာပါ။ ယခုဆေးကိုဆေးပမာဏတိုးသောက်ခြင်း၊လျော့သောက်ခြင်းနဲ့သတ်မှတ်ထားသောအချိန်ထက်ပိုသောက်ခြင်းများမပြုလုပ်ပါနဲ့။

ယခုဆေးကိုရေတစ်ဖန်ခွက်အပြည့်နဲ့သောက်ပါ။Pradaxa ကိုအစာနဲ့ဖြစ်စေအစာမရှိဘဲဖြစ်စေသောက်လို့ရပါတယ်။

ဆေးကိုအမှုန့်ချေခြင်း၊ဝါးစားခြင်း၊ချိုးဖဲ့ခြင်း၊ဆေးတောင့် ကတ်ပ်ဆူးကိုဖွင့်ခြင်းများမပြုလုပ်ပါနဲ့။ ဆေးတောင့်ကတ်ပ်ဆူးတစ်ခုလုံးကိုတစ်ခါတည်းသောက်ပါ။

Pradaxa ဟာသွေးထဲမှာမလိုလားအပ်တဲ့သွေးခဲတွေဖြစ်မလာအောင်ထိန်းသိမ်းပေးပါတယ်။ ဒါပေမယ့်အဲအတွက်ကြောင့်ပဲယခုဆေးဟာချော်လဲခြင်း၊ဦးခေါင်းကိုဆောင့်မိခြင်းစတဲ့အသေးစားဒဏ်ရာတွေမှာတောင်သင့်ကိုအလွယ်တကူသွေးထွက်စေနိုင်ပါတယ်။ တကယ်လို့သင်ချော်လဲရင်သို့မဟုတ်ဦးခေါင်းထိခိုက်မိလျှင်သို့မဟုတ်အခြားသွေးမတိတ်တဲ့အခြေအနေတွေရှိနေပါကဆရာဝန်ကိုဆက်သွယ်ပါ။ သို့မဟုတ်အရေးပေါ်ဆေးကုသမှုခံယူပါ။

တကယ်လို့သင့်အနေနဲ့ခွဲစိတ်ခြင်း၊သွားနှုတ်ခြင်းသို့မဟုတ်အခြားဆေးစစ်မှုများကုသမှုများလိုအပ်ပြီဆိုရင်လွန်ခဲ့တဲ့၁၂နာရီအတွင်းကသင် Pradaxa ဆေးကိုသောက်ထားတယ်ဆိုပါကသင့်ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုပြောပြပါ။ သင့်အနေနဲ့ခွဲစိတ်ကုသမှုခံယူခြင်းသို့မဟုတ်အခြားဆေးကုသမှုခံယူခြင်းများမပြုလုပ်မီယခုဆေးသောက်ခြင်းကိုအချိန်အနည်းငယ်ကြာရပ်ထားရမှာဖြစ်ပါတယ်။

သင့်ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲ Pradaxa သောက်ခြင်းကိုမရပ်လိုက်ပါနဲ့။ ဆေးသောက်ရပ်လိုက်ခြင်းဟာသင့်မှာလေဖြတ်နိုင်ချေကိုမြင့်တက်စေပါတယ်။ တကယ်လို့သင်Pradaxa ဆေးသောက်တာကိုရပ်ဖို့လိုပြီဆိုရင်သင့်ဆရာဝန်ကသွေးခဲတွေဖြစ်ပေါ်မှုကိုတားဆီးဖို့အတွက်အခြားဆေးတစ်မျိုးပြောင်းပြီးညွှန်ကြားမှာဖြစ်ပါတယ်။

သင်Pradaxaဆေးမသောက်မီနဲ့ဆေးသောက်နေစဉ်အတွင်းမှာသင့်ရဲ့ကျောက်ကပ်အလုပ်လုပ်မှုကောင်းမကောင်းသိနိုင်ရန်အတွက်သွေးစစ်ဖို့လိုပါတယ်။

ဆေးတောင့်ကတ်ပ်ဆူးတွေကိုမူလဆေးထိန်းသိမ်းတဲ့ပစ္စည်းထဲမှာသို့မဟုတ်ဆေးကတ် ထဲတွင်သိမ်းပါ။Pradaxa ဆေးတောင့်ကတ်ပ်ဆူးတွေကိုနေ့စဉ်သုံးဆေးသေတ္တာသို့မဟုတ်ဆေးတွေစုထည့်ထားတဲ့ဘူးထဲကိုမထည့်ပါနဲ့။

တကယ်လို့သင်ဟာယခုဆေးကိုရက်၃၀စာထက်ပိုပြီးရရှိတယ်ဆိုပါကဆေးပုလင်းအများကြီးကိုတစ်ခါတည်းမဖွင့်သောက်ပါနဲ့။ ပထမဆေးပုလင်းမှာဆေးတွေအားလုံးကုန်သွားပြီဆိုမှဆေးပုလင်းအသစ်ကိုဖွင့်ပါ။

သင်ဆေးပုလင်းကိုဖွင့်ပြီး၄လထက်ပိုကြာသွားတယ်ဆိုရင်ကျန်နေတဲ့ဆေးတောင့်ကတ်ပ်ဆူးတွေကိုလွှင့်ပစ်လိုက်ပါ။ ဆေးကတ်နဲ့ထည့်ထားတဲ့ဆေးတွေကိုလည်းသက်တမ်းကုန်ဆုံးရက်ကျော်သွားပါကလွှင့်ပစ်လိုက်ပါ။

Pradaxa ဘယ်လိုသိမ်းဆည်းရမလဲ

Pradaxaကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Pradaxa အမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Pradaxaကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pradaxa အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။

Pradaxaသို့မဟုတ် အခြားဆေးဝါးများ တွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း

ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

တကယ်လို့သင်ဟာdabigatranနဲ့ဓါတ်မတည့်ရင်သို့မဟုတ်အောက်ပါအခြေအနေတစ်ခုခုရှိမယ်ဆိုရင်Pradaxa ကိုမသောက်သင့်ပါဘူး။

သဘာဝမဟုတ်တဲ့နှလုံးအဆို့ရှင်လဲတပ်ထားခြင်း

ခွဲစိတ်ခြင်း၊ဒဏ်ရာရခြင်းသို့မဟုတ်အခြားအကြောင်းတစ်ခုခုကြောင့်သွေးထွက်ခြင်း

Pradaxa ဟာအောက်ပါအခြေအနေတွေမှာသင့်ကိုအလွယ်တကူသွေးထွက်စေပါတယ်။

သင့်မှာအစာအိမ်အနာရှိခြင်း

သင့်ရဲ့အစာအိမ်သို့မဟုတ်အူလမ်းကြောင်းမှာလက်ရှိသို့မဟုတ်တစ်ဖန်ပြန်၍သွေးထွက်ခြင်း

သင့်မှာကျောက်ကပ်ရောဂါရှိခြင်း(အထူးသဖြင့်သင်dronedaroneသို့မဟုတ်ketoconazoleသောက်နေလျှင်)

သင့်ရဲ့သွေးထွက်နိုင်ချေကိုမြင့်တက်စေတဲ့အခြားဆေးတွေဥပမာaspirin,clopidogrel(Plavix),heparin,prasugrel,warfarin(Coumadin,Jantoven)တို့ကိုသောက်သုံးနေခြင်း။

NSAID(steroid မပါတဲ့အရောင်ကျဆေး)တစ်မျိုးမျိုးဥပမာibuprofen(Advil,Motrin),naproxen(Aleve),diclofenac,indomethacin,meloxicam နဲ့အခြားဆေးများကိုပုံမှန်သောက်သုံးနေခြင်း။

အသက်၇၅နှစ်နှင့်အထက်ဖြစ်ခြင်း။

Pradaxa ဟာသင်ခါးဆစ်ရိုးဖောက်လျှင်သို့မဟုတ်ခါးဆစ်ရိုးနားကိုမေ့ဆေးထိုးခြင်းတွေပြုလုပ်မယ်ဆိုရင်သင့်ရဲ့spinal cord ပတ်ပတ်လည်မှာအလွန်ပြင်းထန်တဲ့သွေးခဲဖြစ်စေနိုင်ပါတယ်။ အဲဒီသွေးခဲအမျိုးအစားဟာသင့်မှာအောက်ပါအခြေအနေတွေရှိနေပါကနာတာရှည်လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

သင့်မှာဗီဇနဲ့ဆိုင်တဲ့spinal cordချို့ယွင်းမှုဖြစ်နေခြင်း။

သင့်ရဲ့spinal cord မှာပိုက်သွင်းထားခြင်း။

သင့်မှာယခင်ကspinal cordကိုခွဲစိတ်ထားဖူးခြင်း သို့မဟုတ်မကြာခဏခါးဆစ်ရိုးဖောက်ရခြင်း။

သင့်မှာလတ်တလောခါးဆစ်ရိုးဖောက်ထားခြင်းသို့မဟုတ်ခါးဆစ်ရိုးနားကိုမေ့ဆေးထိုးထားခြင်း။

NSAID တစ်မျိုးမျိုးဥပမာ Advil,Aleve,Motrin နဲ့အခြားဆေးများကိုသုံးနေခြင်း။

သွေးခဲဖြစ်ခြင်းကိုကုသရန်နဲ့ကာကွယ်ရန်အခြားဆေးများကိုသုံးနေခြင်း။

Pradaxa ဟာသင့်အတွက်ဘေးကင်းတယ်ဆိုတာကိုသေချာစေဖို့သင့်မှာအောက်ပါအခြေအနေတွေရှိနေပါကဆရာဝန်ကိုပြောပြပါ။

ကျောက်ကပ်ရောဂါ

ယခင်ကအစာအိမ်အနာသို့မဟုတ်အစာအိမ်သွေးထွက်ဖူးခြင်း

အသက်၇၅နှစ်အထက်ဖြစ်ခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pradaxa ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPradaxaကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Pradaxa ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့သင့်မှာPradaxa နဲ့ဓါတ်မတည့်တဲ့အောက်ပါလက္ခဏာတွေရှိနေပါကအရေးပေါ်ဆေးကုသမှုချက်ချင်းခံယူပါ။ အရေပြားတွင်အဖုအပိန့်များထွက်လာခြင်း၊ရင်ဘတ်အောင့်ခြင်းသို့မဟုတ်ရင်ဘတ်ထဲတွင်တင်းကြပ်နေသလိုခံစားရခြင်း၊အသက်ရှူစဉ်တရွှီရွှီသံကြားရခြင်း၊အသက်ရှူရခက်ခဲခြင်း၊သင့်ရဲ့မျက်နှာ၊နှုတ်ခမ်း၊လျှာနဲ့လည်ချောင်းများရောင်ရမ်းခြင်း။

Spinal cord မှာသွေးခဲဖြစ်ပေါ်ခြင်းလက္ခဏာတွေဖြစ်တဲ့အောက်ပါလက္ခဏာတွေခံစားရပါကလည်းအရေးပေါ်ဆေးကုသမှုချက်ချင်းခံယူပါ။ ကျောအောင့်ခြင်း၊သင့်ရဲ့ခန္ဓါကိုယ်အောက်ပိုင်းကကြွက်သားများထုံခြင်း၊အားနည်းခြင်း၊ဆီးဝမ်းများမထိန်းနိုင်တော့ခြင်း။

အောက်ပါအခြေအနေတွေရှိပါကဆရာဝန်ချက်ချင်းခေါ်ပါ။

သွေးမတိတ်ခြင်း

ခေါင်းကိုက်ခြင်း၊အားနည်းခြင်း၊မူးဝေခြင်း၊သတိလစ်တော့မလိုခံစားရခြင်း။

အရေပြားတွေအညိုအမည်းကွက်များထွက်ခြင်း၊ပုံမှန်မဟုတ်သောသွေးထွက်ခြင်း(နှာခေါင်း၊ပါးစပ်၊မိန်းမကိုယ်၊စအိုတို့မှ)၊သင့်အရေပြားမှာခရမ်းရောင်သို့မဟုတ်အနီရောင်အစက်သေးများထွက်ခြင်း။

သင့်ရဲ့ဆီးသို့မဟုတ်ဝမ်းထဲတွင်သွေးပါခြင်း၊ကတ္တရာစီးကဲ့သို့ဝမ်းမည်းမည်းများသွားခြင်း။

ချောင်းဆိုးရင်သွေးပါခြင်းသို့မဟုတ်ကော်ဖီနှစ်ရောင်များအန်ခြင်း။

ဆီးပန်းရောင်သို့မဟုတ်အညိုရောင်များသွားခြင်း

အဆစ်အမြစ်များနာကျင်ခြင်းသို့မဟုတ်ရောင်ရမ်းခြင်း။

ဓမ္မတာရာသီပုံမှန်ထက်ပိုများခြင်း

ပုံမှန်ရတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

ဗိုက်နာခြင်း

အစာမကြေခြင်း

ရင်ပူခြင်း။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pradaxa နဲ့ ဓါတ်ပြုနိုင်သလဲ

Pradaxaကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့ဆေးဝါးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Abciximab,clopidogrel,dipyridamole,eptifibatide,ticlopidine,tirofiban

Alteplase,reteplase,tenecteplase,urokinase

Apixaban,argatroban,bivalirudin,desirudin,lepirudin,rivaroxaban

Dalteparin,enoxaparin,heparin,tinzaparin

အစားအသောက်တွေနဲ့ အရက်က Pradaxa နဲ့ ဓါတ်ပြုနိုင်သလား

Pradaxaဟာကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pradaxa နဲ့ ဓါတ်ပြုနိုင်သလဲ

Pradaxaဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pradaxa ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နှလုံးအဆို့ရှင်နဲ့မဆိုင်တဲ့AFရောဂါတွေမှာလေဖြတ်ခြင်းနဲ့သွေးခဲဖြစ်ခြင်းကိုလျော့ချရန်အတွက်

CrCl 30mL/min အထက်အတွက်:ဆေး၁၅၀မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

CrCl 15မှ30mL/min အတွက်:ဆေး၇၅မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

CrCl 15mL/min အောက်သို့မဟုတ်ကျောက်ကပ်မကောင်းလျှင်:သောက်ရမယ့်ဆေးပမာဏကိုညွှန်ကြားထားခြင်းများမရှိပါ။

CrCl 30မှ50mL/min အထိဖြစ်ပြီးP-gp inhibitorsများတစ်ပြိုင်တည်းသုံးမယ်ဆိုလျှင်:P-gp inhibitors တွေဖြစ်တဲ့ dronedarone သို့မဟုတ် systemic ketoconazole တစ်ခုခုနဲ့တွဲသုံးမယ်ဆိုပါကဆေး၇၅မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

CrCl 30mL/min အောက်ဖြစ်ပြီးP-gpinhibitorsများတစ်ပြိုင်တည်းသုံးမယ်ဆိုလျှင်:ဆေး၂ခုတွဲသောက်ခြင်းကိုရှောင်ကြဉ်ပါ။

DVT နဲ့ PE ရောဂါများကုသခြင်းအတွက်

CrCl30mL/minအထက်အတွက်:ဆေး၁၅၀မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်သောက်ပါ။

DVT နဲ့ PE ရောဂါများပြန်ဖြစ်နိုင်ချေကိုလျော့ချခြင်းအတွက်

CrCl30mL/minအောက်သို့မဟုတ်ကျောက်ကပ်မကောင်းလျှင်:သောက်ရမယ့်ဆေးပမာဏကိုညွှန်ကြားထားခြင်းများမရှိပါ။

CrCl50mL/minအောက်ဖြစ်ပြီးP-gpinhibitorsများတစ်ပြိုင်တည်းသုံးမယ်ဆိုလျှင်:ဆေး၂ခုတွဲသောက်ခြင်းကိုရှောင်ကြဉ်ပါ။

တင်ပါးဆုံရိုးခွဲစိတ်ကုသမှုခံယူပြီးနောက် DVT နဲ့ PEရောဂါများမဖြစ်အောင်ကာကွယ်ရန်အတွက်

CrCl 30mL/min အထက်ဖြစ်ပါကပထမနေ့မှာဆေး၁၁၀မီလီဂရမ်ကိုသောက်ပါ။ အဲနောက်ဆေး၂၂၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။

CrCl30mL/minအောက်သို့မဟုတ်ကျောက်ကပ်မကောင်းလျှင်:သောက်ရမယ့်ဆေးပမာဏကိုညွှန်ကြားထားခြင်းများမရှိပါ။

CrCl50mL/minအောက်ဖြစ်ပြီးP-gpinhibitorsများတစ်ပြိုင်တည်းသုံးမယ်ဆိုလျှင်:ဆေး၂ခုတွဲသောက်ခြင်းကိုရှောင်ကြဉ်ပါ။

ကလေးတွေအတွက် Pradaxa ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများအတွက်ဆေးပမာဏသတ်မှတ်ထားခြင်းမရှိသေးပါ။ သင့်ရဲ့ကလေးအတွက်ဆေးကအန္တရာယ်ရှိနိုင်ပါတယ်။ ဆေးကိုမသုံးခင်ဆေးကြောင့်အန္တရာယ်ရှိမရှိကိုကောင်းကောင်းနားလည်ထားဖို့အမြဲတမ်းအရေးကြီးပါတယ်။ အသေးစိတ်သိရှိလိုပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Pradaxa ကိုဘယ်လိုရရှိနိုင်သလဲ

Pradaxa ကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

ဆေးတောင့်ကတ်ပ်ဆူးပုံစံ:dabigatran etexilate mesylate ၇၅မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pradaxaဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement