Hello Health Group - ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

ကြော်ငြာလက်ခံခြင်း မူဝါဒ

အောက်ဖော်ပြပါ စည်းမျဉ်းများကို Hello Health Groupကွန်ရက်တွင် ကြော်ငြာများလက်ခံခြင်းနှင့်ပတ်သက်သော ကိစ္စရပ်အမျိုးမျိုးအတွက် ထိန်းကွပ်ရန် ပြဌာန်းထားသည်။  Hello Health Groupကွန်ရက်တွင် “Hello Health Group သုံးစွဲသူများနှင့်သက်ဆိုင်သောနေရာ” ဟုရည်ညွှန်းသော ဝဘ်ဆိုက်များ၊ Mobile App များနှင့် “Hello Health Group ပညာရှင်များနှင့်သက်ဆိုင်သောနေရာ”ဟုရည်ညွှန်းသော ဝဘ်ဆိုက်များ၊ Mobile App များ ပါဝင်သည်။ ဤမူဝါဒတွင် ဖော်ပြထားသော “ကြော်ငြာလုပ်ငန်း”နှင့် “ကြော်ငြာ” ဟူသောစကားရပ်၌ Third parties နဖူးစည်းစာတန်းများ၊ အမှတ်အသားများ၊ ဆက်စပ်ဖော်ပြသည့် ကြော်ငြာအကြောင်းအရာများနှင့် စပွန်ဆာစာမူများပါဝင်သည်။ ဤမူဝါဒ၏ ညွှန်းကြားချက်များသည် ကြော်ငြာအား ဟယ်လိုဟက်သ်ဝဘ်ဆိုက်တွင် ဖော်ပြသည်ဖြစ်စေ၊ ဖယ်ရှားထားသည်ဖြစ်စေ၊ ကြော်ငြာလက်ခံခြင်းပတ်သက်သော ကိစ္စအရပ်ရပ်ကို သက်ရောက်စေသည်။ Hello Health Group၌ ဤမူဝါဒအား အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အကျိုးသက်ရောက်မှုရှိစေခြင်းအပြင် ဝဘ်ဆိုက်တွင် ကြော်ငြာခြင်းကြောင့်ဖြစ်သော အခြားကိစ္စရပ်များနှင့် ပတ်သက်၍ အလုံးစုံ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ Hello Health Groupသည် Hello Health Group၏ ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သော ဤမူဝါဒကို အချိန်မရွေး ပြင်ဆင်ခွင့်နှင့် ပြင်ဆင်ပြီးမူဝါဒအား ပြဌာန်းခွင့်ရှိသည်။

Hello Health Groupကွန်ရက်၌ မည်သည့် ကြော်ငြာအမျိုးအစားအား လက်ခံ ဖော်ပြမည်ဆိုသည်ကို Hello Health Groupက ဆုံးဖြတ်ပိုင်ခွင့် အလုံးစုံရှိသည်။ ထို့ပြင် Hello Health Groupက ကြော်ငြာကို လက်ခံခြင်းသည် ထိုကြော်ငြာသည့် ထုတ်ကုန် နှင့်/သို့မဟုတ် ဝန်ဆောင်မှု(များ) သို့မဟုတ် ဝန်ဆောင်မှုနှင့်ထုတ်ကုန်(များ)ကို ကြော်ငြာသော၊ ထုတ်လုပ်သော၊ ဖြန့်ဖြူးသော သို့မဟုတ် အရောင်းမြှင့်တင်သော ကုမ္ပဏီကို ထောက်ခံဖော် ပြပေးခြင်းဟု မှတ်ယူခြင်းမပြုနိုင်ပါ။

Hello Health Groupသည် အချက်အလက်အားဖြင့် မှန်ကန် ကောင်းမွန်ခြင်းမရှိဟု ယူဆသော ကြော်ငြာများအား လက်ခံမည်မဟုတ်ပါ။

Hello Health Groupကွန်ရက်တွင် ကြော်ငြာရန်ခွင့်မပြုသော ကြော်ငြာအမျိုးအစားများရှိပါသည်။ ထိုအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • တရားမဝင်သော၊ ကန့်ကွက်သော ၊ အကျိုးမရှိသော နှင့်/သို့မဟုတ် အန္တရာယ်ရှိသော ထုတ်ကုန်များ ( Hello Health Groupသည် မည်သည်က ကန့်ကွက်သော၊ အကျိုးမရှိသော နှင့်/သို့မဟုတ် အန္တရာယ်ရှိသောအရာဖြစ်သည်ကို ဆုံးဖြတ်နိုင်ခွင့်ရှိသည်)
  • လိမ်လည်သော၊ လှည့်ဖြားသော၊ ဥပဒေနှင့်ဆန့်ကျင်သော၊ အထင်မှားစေသော သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စေသော အရာများ
  • တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့အပေါ် အသက်၊ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ကျား/မဖြစ်တည်မှု၊ လိင်စိတ်ကွဲပြားမှု၊ အိမ်ထောင်ရေးအခြေအနေ၊ မသန်စွမ်းမှု သို့မဟုတ် Hello Health Groupက မသင့်လျော်ဟုယူဆသည့် အခြားအခြေအနေများကို မှားယွမ်းဖော်ပြသော၊ လှောင်ပြောင်သရော်သော၊ ခွဲခြားဆက်ဆံသော သို့မဟုတ် တိုက်ခိုက်သော အကြောင်းအရာများ။
  • မူးယစ်သေစာများ
  • လက်နက်၊ ခဲယမ်းမီးကျောက်၊ အမြှောက်စသည်နှင့် သက်ဆိုင်သည်များ။
  • လောင်းကစား
  • လိင်ဖျော်ဖြေရေး သို့မဟုတ် ၎င်းနှင့်သက်ဆိုင်သည်များ
  • ဆေးလိပ်၊ ဆေးရွက်ကြီးစသည်များ
  • သတင်းအတုအယောင်များ သို့မဟုတ် အထိတ်တလန့်ဖြစ်စေခြင်းများ
  • အသက် (၁၃) နှစ်အောက် ကလေးများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ စွဲဆောင်ရန် ရည်ရွယ်ထုတ်လုပ်သည့်ပစ္စည်းများ
  • မီဒီယာ သို့မဟုတ် သတင်းစကားများ သို့မဟုတ် “M” rating သတ်မှတ်ထားသော Game များနှင့် စာမူများ
  • ကျိုးကြောင်းမဆီလျော်သော၊ ဖြစ်တန်မရှိသော သို့မဟုတ် သာမန်ထက်လွန်ကဲသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအတွက် နစ်နာကြေးတောင်းခံမှုများ။
  • တဖျတ်ဖျတ်လင်းလက်နေသော စာတိုများ သို့မဟုတ် ရုပ်ပုံများ။
  • အထောက်အထားမခိုင်လုံသည့် “အံ့ဖွယ်” ကိုယ်အလေးချိန်လျော့ချခြင်း သို့မဟုတ် အခြား အံ့ဖွယ်ကုထုံးများ ပါဝင်သည့် မီဒီယာ သို့မဟုတ် စာတို
  • သုံးစွဲသူများဘက်မှ အစပြုခြင်းမဟုတ်ဘဲ စာမူ၏ ဖတ်၍ရသောပမာဏ သို့မဟုတ် ကြော်ငြာရန်ပေးထားသော နေရာထက်ပိုသော သို့မဟုတ် ဖော်ပြသည့်အကြောင်းအရာများကို အနှောက်အယှက်ဖြစ်စေသော ကြော်ငြာများ
  • သုံးစွဲသူများဘက်မှ အစပြုခြင်းပြီးနောက် ကြော်ငြာအား ပိတ်ရန် သို့မဟုတ် ဖယ်ရှားရန် “ Close” သို့မဟုတ် “X” မပါသော၊ ဖော်ပြနေသော မျက်နှာပြင်အား အထက်အောက်ဆွဲ၍ ကြော်ငြာနေရာကို ကျော်နိုင်သည်ကို ခွင့်မပြုသည့် ကြော်ငြာများ
  • ကွန်ပျူတာ၏ လုပ်ဆောင်ချက်များကို တုပသော သို့မဟုတ် ကြော်ငြာအား သုံးစွဲသူမှ Click လုပ်ရန် လှည့်ဖြား ညွှန်ကြားသော လုပ်ဆောင်ချက်များ ထည့်သွင်းထားသော ကြော်ငြာများ

 Hello Health Groupသည် ကြော်ငြာနှင့် စပွန်ဆာ စာမူများ၊ အယ်ဒီတာ စာမူများကို သီးသန့်ခွဲခြား၍ ထားပါသည်။ ကျွန်ုပ်တို့၏ အယ်ဒီတာ စာမူများသည် ကြော်ငြာနှင့် စပွန်ဆာများ လွှမ်းမိုးမှုမရှိပါ။ ဟယ်လိုဟ်သ်ဂရုသည် မိမိတို့ကွန်ရက်တွင် ကြော်ငြာများနှင့် စပွန်ဆာစာမူများကို ထင်ထင်ရှားရှား ကွဲကွဲပြားပြားပေါ်လွင်စေရန် အားထုတ်ပါသည်။ Hello Health Groupသည် “Advertisement” ၊ “From Our Sponsor” စသည်ဖြင့် ဖော်ပြထားခြင်းမရှိသော မည်သည့်ကြော်ငြာကိုမဆို Hello Health Group သုံးစွဲသူများနှင့်သက်ဆိုင်သောနေရာတွင် တင်ပြခွင့်မပြုပါ။ ထိုနည်းတူစွာ “Advertisement” ၊ “Information from Industry” ၊ “From Our Sponsor”” စသည်ဖြင့် ဖော်ပြထားခြင်းမရှိသော စာမူများကို Hello Health Group ပညာရှင်များနှင့်သက်ဆိုင်သောနေရာတွင် Hello Health Group ကိုယ်တိုင်သော်လည်းကောင်း၊ စပွန်ဆာကုမ္ပဏီများကိုယ်စားသော်လည်းကောင်း ဖော်ပြခြင်း မပြုပါ။

ကြော်ငြာတွင် Click နှိပ်ခြင်းဖြင့် နောက်ဆုံးသုံးစွဲသူများနှင့်  Third parties ၏ ကြော်ငြာဝဘ်ဆိုက် သို့မဟုတ် Hello Health Groupဝဘ်ဆိုက်တွင် သက်ဆိုင်သည့် စပွန်ဆာ အကြောင်းအရာကို ရောက်ရှိစေရန် ချိတ်ဆက် ထားသည်။

Hello Health Groupဝဘ်ဆိုက်ရှိ မိမိတို့၏ ဉာဏပိုင်ဆိုင်မှုများအပေါ်သက်ရောက်သော အဓိကစကားလုံး သို့မဟုတ် ခေါင်းစဉ်ဖြင့် ရှာဖွေမှုရလာဒ်များ မည်သို့ဖော်ပြသည်/ ထုတ်ပေးသည်ကို ဆုံးဖြတ်နိုင်ခွင့်သည် Hello Health Groupတွင်သာ ရှိသည်။ စာမဓရှာဖွေမှုအား “Health A-Z” သို့မဟုတ် “Drug A-Z” ဖြင့်ဖော်ပြသည်။

Third parties ၏ (စပွန်ဆာ သို့မဟုတ် ကြော်ငြာ) စာမူများသည် ဤမူဝါဒကို လိုက်နာရမှာဖြစ်ပြီး Hello Health Group သုံးစွဲသူများနှင့်သက်ဆိုင်သောနေရာတွင် ဖော်ပြသော စာမူများအား တံဆိပ်တပ်ခြင်းကို ဤစပွန်ဆာမူဝါဒက လွှမ်းမိုးမည်ဖြစ်သည်။ စပွန်ဆာစာမူများကို မည်သို့ အမှတ်အသားပြုဖော်ပြမည်၊ ကြည့်မြင်ဖတ်ရှုသူများက မိမိတို့၏စာမူများနှင့် စပွန်ဆာစာမူများကို မည်သို့ခွဲခြားသိမြင်နိုင်မည်ဆိုသည့် အချက်များကို အောက်တွင်ဖော်ပြထားသည်။

Hello Health Group၏ ဝဘ်ဆိုက်တွင် ကြော်ငြာများအား စာရင်းသွင်းခြင်း/email လိပ်စာမှတ်သားသည့် စာမျက်နှာများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ Hello Health Groupသည် ဝဘ်ဆိုက်တွင် ကြော်ငြာများကို လက်ခံခြင်း၊ ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းအား အချိန်မရွေး မည့်သည့် အကြောင်းပြချက်နှင့်မဆို ဆောင်ရွက်ခွင့်ရှိပြီး ကြော်ငြာထည့်သွင်းသူများထံ ကြော်ငြာအား ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းအတွက် အကြောင်းကြားစာအား ထိုသို့ပြုလုပ်ရသည့် ရှင်းလင်းချက်နှင့်အတူ ချက်ချင်း ပေးပို့ပါမည်။ Hello Health Groupသည် လုပ်ငန်းအပ်နှံသူ၏ အစီအစဉ် သို့မဟုတ် ပါဝင်သည့်အရာများကို ဝဘ်ဆိုက်များ၊ လက်ကိုင်ဖုန်းနှင့် App များတွင် လုံးဝ အမှားအယွင်းမရှိ တင်ဆက်နိုင်ရမည်ဟူသော အာမခံချက်မျိုး မပေးနိုင်ပါ။

Hello Health Groupကွန်ရက်တွင် ကြော်ငြာသည့်အရာ (ဥပဒေအရ လိုအပ်သောလုပ်ထုံးများ၊ ထုတ်ဖော် ရေးသားမှုများနှင့် ပြဌာန်းချက်များ) များသည် ပြည်တွင်းနှင့် နိုင်ငံခြားဥပဒေများ၊ နည်းဥပဒေများအပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ကြော်ငြာခြင်းနှင့်ပတ်သက်သည့် ညွန်ကြားချက်များနှင့်ပါ ကိုက်ညီမှုရှိရန်သည် ကြော်ငြာ ထည့်သွင်းသူ၏တာဝန်ပင်ဖြစ်သည်။ Hello Health Groupသည် ကြော်ငြာအားလုံးကို သက်ဆိုင်သည့်ဥပဒေနှင့် နည်းဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ စီစစ်ခွင့်ရှိပြီး အကယ်၍ ထိုဥပဒေနှင့်နည်းဥပဒေများကို ချိုးဖောက်သည် သို့မဟုတ် ချိုးဖောက်နိုင်ခြေရှိသည်ဟု တွေ့ရှိပါက Hello Health Groupဝဘ်ဆိုက်မှ အဆိုပါကြော်ငြာအား ဖယ်ရှားမည်။

Hello Health Groupဝဘ်ဆိုက်တွင် “pixels” “tags” “flash” များပါဝင်သော ကြော်ငြာများနှင့် “beacons” “ Cookies” နှင့်အခြားသော သုံးစွဲသူများ၏စက်ကို Browser မှ အချက်အလက်စုဆောင်းသည့် software များပါဝင်သော ကြော်ငြာများကို Hello Health Groupမှ စာဖြင့် ခွင့်ပြုချက်ရယူထားခြင်းမရှိလျှင် လက်ခံဖော်ပြ ပေးမည်မဟုတ်ပါ။ Hello Health Groupမှ စာဖြင့် ခွင့်ပြုချက်ရယူထားခြင်း၊ သုံးစွဲသူထံမှ opt-in ခွင့်ပြုချက် ဖော်ပြားခြင်းမရှိဘဲ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ ရယူခြင်းကို လက်မခံပါ။ ကိုယ်ရေးအချက်အလက်များနှင့် ဆက်နွယ်သော အခြားအချက်အလက်များရယူခြင်းကိုလည်း ကြော်ငြာထည့်သွင်းသူများက Hello Health Groupမှ စာဖြင့် ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

 စပွန်ဆာ လက်ခံခြင်း

Hello Health Groupဝဘ်ဆိုက်ကို စတင်မိတ်ဆက်စဉ်ကပင် Hello Health Groupသည် သက်ဆိုင်သည့် စီးပွားရေးကုမ္ပဏီများ၊ ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ကျန်းမာရေးနှင့် နေထိုင်မှုအချက်အလက်များနှင့် ပတ်သက်သော အခြားဈေးကွက်ဉီးဆောင်သူများထံမှ စပွန်ဆာပေးခြင်းနှင့် ကြော်ငြာထည့်သွင်းခြင်းများကို ပုံမှန်ရှာဖွေသည်။  ထိုသို့ စပွန်ဆာပေးခြင်းသည် ကြော်ငြာခြင်းတစ်မျိုးဖြစ်ပြီး ဆုကြေးငွေပေးသည့် ပြိုင်ပွဲများကို ကုန်ကျစရိတ်မရှိဘဲ ကျင်းပနိုင်ရန် ပံ့ပိုးခြင်းဖြစ်သည်။ စပွန်ဆာပေးသူတို့အတွက် သူတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာ အကြောင်းအချက်များကို Hello Health Groupဝဘ်ဆိုက်တွင် ဖော်ပြပေးခြင်းဖြင့် သင့်ထံရောက်ရှိစေသည်။ စပွန်ဆာ စာမူများကို သင် မကြည့်ရှုမီ သင်ခွဲခြားသိနိုင်ရန်နှင့် ထိုစာမူများသည် ကျွန်ုပ်တို့ အယ်ဒီတာအဖွဲ့၏ ထိန်းချုပ်မှုတွင် ရှိစေရန် အဆင့်ဆင့်ထိန်းချုပ်ထားသည်။ သို့မှသာ ထိုကြော်ငြာများအား သင် ကြည့်ရှုမည် သို့မဟုတ် မကြည့်ပါဟုသော ရွေးချယ် ဆုံးဖြတ်နိုင်စေရန် ဖြစ်သည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ ကြော်ငြာခြင်းဆိုင်ရာမူဝါဒအား ဖတ်ရှုပါ။

မိမိတို့၏ စာမူများနှင့် စပွန်ဆာများအတွက် ဖန်တီးထားသော စာမူများကို ကွဲပြားစွာ သိနိုင်ရန် အလို့ငှာ စပွန်ဆာ စာမူများကို  “From Our Sponsor” ၊ “Sponsored by” ၊ “Promoted by” သို့မဟုတ် “By (Sponsor’s Name)” စသည်ဖြင့် တံဆိပ်တပ် အမှတ်အသားပြုထားသည်။ စပွန်ဆာပေးသည့် စာမူများသည် Hello Health Group၏ ကြော်ငြာခြင်းဆိုင်ရာ မူဝါဒနှင့် သက်ဆိုင်သော်လည်း တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒနှင့် သက်ဆိုင်ခြင်းမရှိပါ။ စပွန်ဆာ ပေးသူများသည် ၎င်းတို့ စာမူများ၏ မှန်ကန်ခြင်းနှင့် ဓမ္မဓိဌာန်ကျခြင်းအတွက် တာဝန်ရှိသည်။ ထိုစာမူများကို Hello Health Group၏ အယ်ဒီတာအဖွဲ့မှ မှန်ကန်ခြင်း၊ ဓမ္မဓိဌာန်ကျခြင်းနှင့် မျှတခြင်းရှိ/မရှိ သုံးသပ်ခြင်း မပြုပါ။

အောက်ဖော်ပြပါအချက်များသည် စပွန်ဆာပေးမည့် စာမူများဖြစ်သည်ကို ဖော်ပြသည့်နည်းလမ်းများနှင့် သင် ဂရုပြုသင့်သည့် အချက်များဖြစ်သည်။

  • စပွန်ဆာပေးသူအတွက် ဖန်တီးထားသော စာမူများကို  “From Our Sponsor” ၊ “Sponsored by” ၊ “Promoted by” သို့မဟုတ် “By (Sponsor’s Name)” စသည်ဖြင့် တံဆိပ်တပ် အမှတ်အသားပြုထားသည်။
  • စပွန်ဆာ စာမူများ၏ စာမျက်နှာထိပ်များတွင် ယခုစာမူသည် စပွန်ဆာပေးသူမှ ဖန်တီးထားသော သို့မဟုတ် ပံ့ပိုးထားသော စာမူဖြစ်ပြီး ၎င်းတို့ အယ်ဒီတာအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်ကို အသိပေးသည့် စာများ ဖော်ပြထားသည်။
  • စပွန်ဆာစာမူများသို့ Link သို့မဟုတ် စပွန်ဆာစာမူများကို ထင်ရှားသည့် အရောင်များဖြင့် ဖော်ပြထားပြီး “From Our Sponsor” ၊ “Sponsored by” ၊ “Promoted by” သို့မဟုတ် “By (Sponsor’s Name)” ဟုတံဆိပ်တပ်ထားသည်။
  • စပွန်ဆာပေးထားသော စာမူများတွင် ၎င်းတို့ဝဘ်ဆိုက်သို့ ချိတ်ဆက်ထားသော Link များ ထည့်သွင်းထားသည်။
  • စာမူများတွင် စပွန်ဆာဝဘ်ဆိုက်သို့ Link ပေးထားသည်ဖြစ်ရာ သင် အခြားဝဘ်ဆိုက်သို့ ဝင်ရောက်လျှင် Hello Health Groupက သင့်အား အသိပေးပါမည်။ ထိုလုပ်ငန်းစဉ်အား ဟယ်လိုဟက်ဂရု၏ အချက်အလက် စောင့်ထိန်းခြင်းဆိုင်ရာ မူဝါဒတွင် အသေးစိတ် ဖော်ပြထားသည်။
  • စပွန်ဆာ စာမူများကို “Hello Health Groupသည် မည်သည့် ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် ကုထုံးကိုမျှ ထောက်ခံရေးသားခြင်းမပြုပါ” ဟူသော ဖော်ပြချက်ဖြင့် အဆုံးသတ်ထားသည်။

 ကျွန်ုပ်တို့ ဟယ်လိုဟသ်ဂရု၏ အယ်ဒီတာစာမူများ ဖန်တီးရာတွင် Third Parties ထံမှ ငွေကြေးပံ့ပိုးမှုယူသောအခါ

ကျွန်ုပ်တို့ ဝဘ်ဆိုက်တွင် Third Parties ၏ ကိုယ်ပိုင်စာမူများကို ( “From Our Sponsor”, “Sponsored By”, “Promoted by” or “By (Sponsor’s Name)” စသည့်တံဆိပ်များတပ်၍ ) ဖန်တီးခြင်းနှင့် ပံ့ပိုးခြင်းအပြင် Third Parties သည် Hello Health Groupသို့ စာမူများအပေါ် မည်သည့် ထိန်းချုပ်ခြင်းမှ မပြုဘဲ တိုက်ရိုက်ဘဏ္ဍာငွေ ပေးခြင်းလည်း ရှိသည်။ ထိုစာမူများသည် အထူးအခြေအနေများ သို့မဟုတ် နေထိုင်မှုပုံစံ လှုပ်ရှားမှုများအား ရည်ရွယ်သော ဝဘ်ဆိုက်နေရာတွင် ဖော်ပြပြီး လူအများ စိတ်ဝင်စားမည့်နေရာများနှင့် ဆိုရှယ်မီဒီယာများတွင်လည်း ဖော်ပြပေးသည်။ Hello Health Groupတွင် စာရေးသူ၊ အနုပညာဖန်တီးသူ၊ ထုတ်လုပ်သူ၊ တည်းဖြတ်သူနှင့် ဆေးပညာရှင်များစသည်ဖြင့် ဝန်ထမ်းပေါင်း (၁၀၀) ကျော်ခန့်ထားသည်။ ဟယ်လိုဟက်သ်၏ မူလ အယ်ဒီတာအာဘော်များ ဖန်တီးရာတွင် ဘဏ္ဍာရေး ပံ့ပိုးမှုများ ရယူခြင်းဖြင့် သင့်ကျန်းမာရေး ကောင်းစွာ စီမံနိုင်ရန် သို့မဟုတ် သင့်ဘဝနေထိုင်မှုပုံစံအား ပိုမိုကျန်းမာသန်စွမ်းသော နေထိုင်မှုပုံစံအဖြစ် ပြောင်းလဲရန် ပိုမိုပြည့်စုံ ကောင်းမွန်သည့် အချက်အလက်များကို ပေးနိုင်မည်ဖြစ်သည်။ စပွန်ဆာပေးသော ကုမ္ပဏီ၏ တောင်းဆိုချက်အရ ဟယ်လိုဟက်သ်၏ မူလ အယ်ဒီတာအာဘော်များ ဖန်တီးခြင်းနှင့် စပွန်ဆာပေးသော ကုမ္ပဏီက သူတို့ ငွေကြေးထောက်ပံ့လိုသော စာမူ/အစီအစဉ်များကို ရွေးချယ်ခြင်းမျိုးတွင် “brought to you by” သို့မဟုတ် အခြား သတ်မှတ်ချက်တစ်ခုကို စပွန်ဆာပေးသည့်ကာလတလျောက် ဖော်ပြပေးထားမည်ဖြစ်သည်။ ထို့အပြင် စပွန်ဆာပေးသူက ကျွန်ုပ်တို့၏ ရှိပြီးသား အယ်ဒီတာစာမူများကို အလားတူတောင်းဆိုချက်များပြုပါကလည်း ၎င်းတို့ ငွေကြေးပံ့ပိုးသည့် ကာလတလျောက် ထိုသို့ဖော်ပြပေးနေမည်ဖြစ်သည်။

Hello Health Group၏ စာမူများကို “brought to you by” ဖြင့်ဖော်ပြသောအခါ အောက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်မည်။

  • Hello Health Groupသည် စာမူကို ဖန်တီးရာတွင် စပွန်ဆာကုမ္ပဏီမှ မည်သည့် တည်းဖြတ်ထိန်းချုပ်မှုမျှ မရှိ ဟူသော စာတန်းကို စာမျက်နှာ၏ ထိပ်တွင် ဖော်ပြထားမည်။
  • ယေဘူယျအားဖြင့် ငွေကြေး ပံ့ပိုးထားသော အစီအစဉ်ကာလတလျောက် “Brought to you by” ဟူသော စကားလုံးနှင့် “Brought to you by”၏ အဓိပ္ပာယ်ကို hyerlink ဖြင့် တွေ့မြင်ရမည်ဖြစ်သည်။
  • အချို့သောဖြစ်ရပ်များတွင် ကျွန်ုပ်တို့သည် “brought to you by” ဟူသော စကားရပ်နှင့် အဓိပ္ပာယ်တူညီသော အောက်ဖော်ပြပါ စာတန်း (၄)ခုအနက် တစ်ခုခုကို သုံး၍ အထောက်အပံ့ယူထားသော စာမူများဖြစ်သည်ကို သင်သိနိုင်ရန် ဖော်ပြပါမည်။
  •         Funded by our sponsor
  •         Support provided by our sponsor
  •         Made possible by a Grant from our sponsor
  •         Made possible by our sponsor

 

Hello Health Groupက အသိပညာပေးစာမူများကို ငွေကြေး ထောက်ပံ့ရန် Third parties နှင့် အလုပ်လုပ်သောအခါ

Hello Health Groupသည် တစ်ခါတစ်ရံ အစိုးရအဖွဲ့၊ ကျန်းမာရေးပြသနာ သို့မဟုတ် အကြောင်းအရာများကို လူထုအား အသိပညာပေးရန် ရည်ရွယ်သော အခြားအဖွဲ့အစည်းများ သို့မဟုတ် အသင်းအဖွဲ့များနှင့် အတူတကွ အလုပ်လုပ်သည်။ ကျွန်ုပ်တို့သည် ထိုသို့သော အသိပညာပေးအကြောင်းအရာများကို ရွေးချယ်ဖန်တီးရန် တွဲဖက်လုပ်ကိုင်မည့် အဖွဲ့အစည်းများအား သုံးသပ်ရွေးချယ်ရာတွင် စံသတ်မှတ်ချက်များ အသုံးပြုသည်။ စာမူများကို Third parties မှ သုံးသပ်ခြင်းနှင့် မွမ်းမံခြင်းပြုပြီးနောက် Hello Health Group၏ အယ်ဒီတာဝန်ထမ်းများမှ ဝဘ်ဆိုက်တွင် ဖော်ပြရန် ခွင့်ပြုသည်။ Hello Health Group၏ စာမူများကဲ့သို့ စာမူအမျိုးအစားခွဲခြားခြင်းအား Hello Health Group တည်းဖြတ်ခြင်းဆိုင်ရာ မူဝါဒဖြင့် သုံးသပ်သည်။ တိကျမှု၊ မျှတမှုနှင့် ဓမ္မဓိဌာန်ကျမှုတို့ကို ဆောင်ရွက်ရာတွင်လည်း အဆိုပါမူဝါဒအတိုင်းပင်ဖြစ်သည်။

 ထိုသို့သော ဖြစ်ရပ်များတွင် အောက်ပါတို့ကို တွေ့နိုင်သည်။

  • Hello Health Groupသည် စာမူကို ဖန်တီး သို့မဟုတ် ရွေးချယ်ရာတွင် ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်း၊ အသင်းအဖွဲ့အား စာမျက်နှာ၏ ထိပ်တွင် သိသာစေရန် ဖော်ပြထားမည်။
  • ယေဘုယျအားဖြင့် “educational collaboration” ဟူသော စာတန်းနောက်တွင် စာမူဖန်တီးခြင်းတွင် တွဲဖက်ဆောင်ရွက်သော အဖွဲ့အစည်းအမည်နှင့် “educational collaboration” ၏ အဓိပ္ပာယ်ကို hyperlink ဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။
  • စာမူအား ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ငွေကြေးပံ့ပိုးသည့် Third Parties ရှိပါကလည်း ဖော်ပြမည်ဖြစ်သည်။

 This page was last updated on: 7th April 2021