သုတေသီတွေဟာ သည်သုတေသန တွေ့ရှိချက်ကို American Journal of Epidemiology မှာဖော်ပြခဲ့ပါတယ်။
“အကိုက်အခဲပျောက်ဆေးကို ကာလ အတော်ကြာ သုံးစွဲလာခဲ့တဲ့ အမျိုးသမီးတွေမှာ အကြားအာရုံ ဆုံးရှုံးမှုခံစားရနိုင်ခြေဟာ ပုံမှန်ထက် ပိုများနေပါတယ်။” လို့သုတေသနကို ဦးဆောင်တဲ့ ဘော်စတွန် အမျိုးသမီးဆေးရုံ နဲ့ Brigham မှာရှိတဲ့ Channing Division of Network Medicine က ဆရာဝန်တစ်ဦး ဖြစ်သလို ဟားဗတ် ဆေးတက္ကသိုလ် ပါမောက္ခ ဂရေးချာဟန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ အက်စပရင်နဲ့ စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေးဝါးများ (NSAID) တွေလိုမျိုး အကိုက်အခဲ ပျောက်ဆေးတွေကို အသုံးပြုမှုဟာ သိသိသာသာ မြင့်တက်လာခဲ့သလို ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အကိုက်အခဲ ပျောက်ဆေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက အသက် ၆၀ ကျော် အမျိုးသမီး ၃ ပုံ ၂ ပုံခန့်ဟာ အကြားအာရုံ ချို့ယွင်းမှုကို ခံစားနေရတာကို တွေ့ရှိရပါတယ်။ အစောပိုင်းက အကိုက်အခဲပျောက်ဆေး အသုံးပြုမှုနဲ့ အမျိုးသားများမှာ အကြားအာရုံ ချို့ယွင်းမှု တို့ကြားမှာ ဆက်စပ်မှု ရှိပါတယ်၊လို့တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေဟာ အမျိုးသမီးတွေရဲ့အကြားအာရုံ နဲ့ အကိုက်အခဲပျောက်ဆေး သောက်သုံးမှု ကာလကြားက ဆက်စပ်မှုကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။