ရာသီလာခါနီး သို့မဟုတ် ရာသီလာနေတဲ့အချိန် ခရီးသွားမယ်ဆိုရင် ဗိုက်အောင့်တာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေး၊ အားဆေး၊ လစဉ်သုံးပစ္စည်း (Sanitary napkins, tampons) တွေကို အလုံအလောက်ယူသွားဖို့လည်း မမေ့ပါနဲ့ဦး။
၇။ တခြားတစ်ကိုယ်ရေ သန့်ရှင်းရေး၊ အလှအပအတွက်။

နေပူတဲ့နေရာတွေ ဥပမာ ကမ်းခြေကို သွားမယ်ဆိုရင်တော့ နေရောင်ကာဆေး (sunscreen) ကို အဓိကယူသွားသင့်ပါတယ်။ နေလောင်သွားခဲ့ရင်လည်း လိမ်းဖို့အတွက် ရှားစောင်လက်ပတ် ဂျယ်လ် (Aloe vera Gel) ကိုလည်း ထည့်သွားပါ။
ခံတွင်းသန့်ရှင်းပြီး အနံ့ဆိုးတွေမထွက်ဖို့လည်း ခံတွင်းသန့်စင်ဆေးရည်တို့ကိုလည်း ဆောင်ထားပါ။
မိန်းကလေးတွေအနေနဲ့ ခရီးသွားနေရင်း အဖြူဆင်းတာတွေ၊ အနံ့ဆိုးထွက်တာတွေဖြစ်နိုင်တဲ့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ကိုလည်း ယူသွားကြဦးနော်။
ကဲ ဒီလောက်ဆိုရင်တော့ ခရီးသွားရင်း ဖြစ်တတ်တာတွေ၊ ဆောင်သွားရမယ့် ဆေးတွေ၊ ပစ္စည်းတွေအကြောင်းစုံသွားပြီထင်ပါတယ်နော်။ ခုလို ပိတ်ရက်ရှည်တွေများတဲ့ ခရီးသွားရာသီမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးသွားနိုင်ဖို့အတွက် ဒီဆောင်ပါးလေးကို ဝေမျှလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။