အသုံးပြုခြင်း
Didanosine ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။
Didanosine ကို HIV ရောဂါပိုး ထိန်းချုပ်ဖို့အတွက် အခြားသော HIV ဆေးများနဲ့ ယှဉ်တွဲပြီး အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ဒီဆေးဟာ သင့်ခန္ဓါကိုယ်အတွင်းရှိ HIV ပိုးပမာဏကို လျော့နည်းစေတဲ့အတွက် သင့်ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေနိုင်ပါတယ်။ ဒါဆိုရင် HIV ရောဂါပိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ အခြားသောကူးစက်ရောဂါများဝင်ခြင်း၊ကင်ဆာဖြစ်ခြင်း စတာတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လူနာကိုလည်း ပိုပြီးသက်တောင့်သက်သာဖြစ်စေမှာပါ။Didanosine ဟာ nucleoside reverse transcriptase inhibitors-NRTI လို့ခေါ်တဲ့ ဆေးအုပ်စုဝင် ဆေးတမျိုး ဖြစ်ပါတယ်။