backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Procarbazine

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Procarbazine

ကို ဘာအတွက်အသုံးပြုကြသလဲ

Procarbazineကိုအခြားဆေးတွေနဲ့တွဲပြီးHodgkin’sရောဂါ(Hodgkin’s lymphomaလို့လည်းခေါ်ပါတယ်)ကိုကုသဖို့အတွက်သုံးပါတယ်။Procarbazineဟာalkylating agentsလို့ခေါ်တဲ့ဆေးအုပ်စုထဲမှာပါတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။၎င်းဟာကင်ဆာဆဲလ်တွေကြီးထွားမှုကိုနှောင့်နှေးစေခြင်းသို့မဟုတ်ရပ်နားစေခြင်းအားဖြင့်အလုပ်လုပ်ပါတယ်။

Procarbazine

ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတစ်နေ့ကိုတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်သောက်ပါ။၎င်းကိုနှစ်ပတ်ကြာအောင်သောက်ရလေ့ရှိပြီးအဲနောက်မှာအချိန်ကာလတစ်ခုရပ်ပြီးနောက်ဆက်သောက်ရပါတယ်။ အဲဒါကိုဆေးကုသမှုစက်ဝန်းလို့ခေါ်ပါတယ်။ ဆေးတောင့်ကတ်ပ်ဆူးတွေကိုမသောက်ခင်ဝါးမစားပါနဲ့။ အမှုန့်မချေပါနဲ့။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရနိုင်ချေကိုလျှော့ချရန်အတွက်သင့်ဆရာဝန်ကယခုဆေးကိုစသောက်တဲ့အခါဆေးပမာဏနည်းနည်းနဲ့စခိုင်းပြီးနောက်ဆေးပမာဏကိုဖြည်းဖြည်းချင်းတိုးသွားမှာဖြစ်ပါတယ်။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုသေချာလိုက်နာပါ။

ဆေးပမာဏသည်သင့်ရဲ့ကျန်းမာရေးအခြေအနေ၊ဆေးအပေါ်တုံ့ပြန်မှု၊အသက်အရွယ်၊ခန္ဓါကိုယ်အရွယ်အစားနဲ့သင်သောက်နေတဲ့အခြားဆေးဝါးတွေအပေါ်မူတည်ပါတယ်။ သင်သုံးနေတဲ့ဆေးဝါးတွေအားလုံးအကြောင်း(ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ၊မညွှန်ကြားဘဲသောက်နေတဲ့ဆေးတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေပါဝင်ပါတယ်)ကိုဆရာဝန်နဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

ဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိရန်အတွက်ဆေးကိုပုံမှန်သောက်ပါ။ သင်သတိရစေရန်အတွက်ဆေးကိုနေ့တိုင်းတူညီတဲ့အချိန်တစ်ခုမှာသောက်ပါ။

သင်ယခုဆေးကိုသောက်နေတဲ့အခါမှာအလွန်ပြင်းထန်တဲ့သွေးပေါင်ချိန်တက်ခြင်းကိုကာကွယ်နိုင်ရန်အတွက်သင့်ဆရာဝန်သို့မဟုတ်အစားအသောက်ဆိုင်ရာကျွမ်းကျင်ပညာရှင်ရဲ့ညွှန်ကြားချက်အတိုင်းtyramineကိုကန့်သတ်ထားတဲ့အထူးစားသောက်မှုပုံစံကိုလိုက်နာဖို့အလွန်အရေးကြီးပါတယ်။tyramineပမာဏများတဲ့အစားအသောက်တွေနဲ့အဖျော်ယမကာတွေဥပမာသက်တမ်းလွန်နေတဲ့ဒိန်ခဲတွေ၊အသားခြောက်တွေနဲ့အသားတောင့်များ(ဥပမာsalami,liverwurst)၊အသင့်ပြုလုပ်ထားတဲ့ငါး(ဥပမာpickled herring)၊တစေးပမာဏအများကြီးပါဝင်သောအစာများ(ဥပမာbouilloncubes,powderedsoup/gravy,homemadeorsourdoughbread)၊အချဉ်ဖောက်ထားသောအစားအစာများ(ဥပမာ sauerkraut,ကင်ချီ)၊ပဲပုပ်မှထုတ်ထားသောအစားအစာအများစု(ဥပမာပဲပုပ်အချဉ်ရည်၊တိုဟူး)၊ပဲစေ့များ၊ဝိုင်နီ၊ရှယ်ရီအရက်၊ဘီယာများနဲ့vermouthဝိုင်အရက်တို့ကိုရှောင်ကြဉ်ပါ။ အသေးစိတ်အချက်အလက်တွေနဲ့သင်ထိန်းသင့်တဲ့သို့မဟုတ်ရှောင်သင့်တဲ့tyramineပါတဲ့အစားအစာတွေအားလုံးရဲ့စာရင်းကိုဆရာဝန်သို့မဟုတ်အစားအသောက်ဆိုင်ရာပညာရှင်နဲ့တိုင်ပင်ပါ။

သင့်မှာပျို့ခြင်းတွေရလာတယ်ဆိုရင်တောင်မှယခုဆေးသောက်တာကိုမရပ်လိုက်ပါနဲ့။ ဆေးသောက်ပြီးမကြာခင်သင်အန်ပါကညွှန်ကြားချက်များကိုသိနိုင်ရန်ဆရာဝန်ကိုဆက်သွယ်ပါ။

Procarbazine

ဘယ်လိုသိမ်းဆည်းရမလဲ

Procarbazine ကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Procarbazineဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Procarbazineကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Procarbazine

အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Procarbazineကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ကျန်းမာရေးရာဇဝင်အကြောင်းအထူးသဖြင့်သွေးနဲ့ဆိုင်တဲ့ရောဂါများ၊လက်ရှိသို့မဟုတ်ပြန်ဖြစ်သောကူးစက်ရောဂါပိုးဝင်ခြင်း၊ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊ဓါတ်ရောင်ခြည်နဲ့ကုသမှုခံယူထားခြင်းတို့အကြောင်းကိုဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ယခုဆေးကိုသောက်နေစဉ်အရက်သေစာများကိုရှောင်ကြဉ်ပါ။ အဘယ့်ကြောင့်ဆိုသော်ပြင်းထန်တဲ့အစာအိမ်ပြသနာတွေ၊ဗိုက်အောင့်ခြင်းတွေ၊ပျို့ခြင်း၊အန်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့အရေပြားနီမြန်းခြင်းတွေရနိုင်ပါတယ်။

ယခုဆေးကိုသုံးနေစဉ်ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ယခုဆေးကိုသုံးနေစဉ်မှာဆေးလိပ်သောက်ခြင်းဟာအဆုတ်ကင်ဆာရနိုင်ချေကိုမြင့်တက်စေပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

ယခုဆေးဟာသင့်ကိုနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာပိုပြီးမခံနိုင်တာမျိုးဖြစ်စေပါတယ်။ နေရောင်ထဲမှာကြာကြာမနေပါနဲ့။ ခန္ဓါကိုယ်ပေါင်းတင်ခြင်းနဲ့မီးအိမ်အလင်းရောင်တို့ကိုရှောင်ကြဉ်ပါ။ နေရောင်ခြည်ကာကွယ်တဲ့ခရင်ကိုသုံးပါ။ အပြင်သွားတဲ့အခါလုံလုံခြုံခြုံဝတ်ဆင်သွားပါ။ နေလောင်ခြင်း၊အရေပြားမှာအဖုအပိန့်တွေထွက်ခြင်း၊အနီကွက်ထွက်ခြင်းတို့ဖြစ်ပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။

Procarbazineဟာသင့်ကိုရောဂါပိုးတွေပိုဝင်စေနိုင်ပြီးလက်ရှိရောဂါပိုးဝင်ခြင်းတွေကိုလည်းပိုဆိုးစေနိုင်ပါတယ်။ အခြားသူတွေကိုကူးစက်နိုင်တဲ့ရောဂါပိုး(ဥပမာရေကျောက်၊ဝက်သက်၊တုတ်ကွေး)ရှိတဲ့သူတွေနဲ့ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။ သင့်မှာကူးစက်ရောဂါပိုးတစ်ခုခုဝင်ဖူးပါကအသေးစိတ်အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။

ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲကာကွယ်ဆေးတွေမထိုးပါနဲ့။live vaccinesတွေ(ဥပမာတုတ်ကွေးရောဂါကာကွယ်ဆေးကိုနှာခေါင်းမှတစ်ဆင့်ရှူထားခြင်း)ထိုးထားတဲ့လူတွေနဲ့ထိတွေ့တာကိုရှောင်ကြဉ်ပါ။

ဓါးရှခြင်း၊အညိုအမည်းစွဲခြင်းနဲ့ထိခိုက်ဒဏ်ရာရနိုင်ချေတွေကိုလျှော့ချရန်အတွက်အသွားထက်တဲ့ပစ္စည်းတွေဥပမာဘရိတ်ဓါးနဲ့လက်သည်းညှပ်တို့ကိုသတိနဲ့သုံးပါ။ ထိမိခိုက်မိနိုင်တဲ့အားကစားတွေကိုရှောင်ကြဉ်ပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင့်ဆရာဝန်နဲ့သွားဆရာဝန်ကိုသင်သုံးနေတဲ့ဆေးတွေအားလုံးအကြောင်းပြောပြပါ။(ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေ၊မညွှန်ကြားဘဲသောက်နေတဲ့ဆေးတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ကလေးတွေအနေနဲ့ယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်တုန်လှုပ်ခြင်း၊သတိလစ်ခြင်း၊တက်ခြင်းတွေကိုပိုပြီးရနိုင်ချေရှိပါတယ်။

သင့်မှာကိုယ်ဝန်ရှိနေရင်သို့မဟုတ်ကိုယ်ဝန်ဆောင်ဖို့စဉ်းစားနေပါကဆရာဝန်ကိုပြောပြပါ။Procarbazineကိုသုံးနေစဉ်သင်ကိုယ်ဝန်မယူသင့်ပါ။Procarbazineဟာမမွေးသေးတဲ့သင့်ကလေးငယ်ကိုထိခိုက်စေနိုင်ပါတယ်။ ယခုဆေးကိုသုံးနေစဉ်စိတ်ချရတဲ့သန္ဓေတားခြင်းနည်းလမ်းတွေကိုမေးမြန်းပါ။ သင့်မှာကိုယ်ဝန်ရှိလာပါကဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုဆရာဝန်အားချက်ချင်းပြောပြပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲမှာပါလာနိုင်လားဆိုတာမသိရပါဘူး။ ကလေးငယ်ကိုထိခိုက်နိုင်ချေရှိသောကြောင့်ယခုဆေးသောက်နေစဉ်ကလေးနို့မတိုက်ပါနဲ့။ ကလေးနို့မတိုက်ခင်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Procarbazine

ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကProcarbazineကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Dလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Procarbazine

ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊အန်ခြင်း၊ခံတွင်းပျက်ခြင်း၊ဝမ်းချုပ်ခြင်း၊အာခြောက်ခြင်း၊အစာမျိုချရခက်ခဲခြင်း၊အိပ်ငိုက်ခြင်း၊မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊အိပ်မပျော်ခြင်း၊ကြွက်သားနဲ့အဆစ်များနာခြင်း၊အသားမည်းလာခြင်းတို့ဖြစ်နိုင်ပါတယ်။ ပျို့ခြင်းနဲ့အန်ခြင်းဟာပြင်းထန်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာသင်ပျို့တာနဲ့အန်တာကိုကာကွယ်ရန်သို့မဟုတ်သက်သာစေရန်အတွက်ဆေးထပ်ပေးပါလိမ့်မယ်။ ပမာဏနည်းနည်းဖြင့်အကြိမ်ရေများများစားခြင်း၊ဆေးမသောက်ခင်အစာမစားခြင်းနဲ့လှုပ်လှုပ်ရှားရှားမနေခြင်းတို့ဟာဘေးထွက်ဆိုးကျိုးတွေရနိုင်ချေကိုလျော့နည်းစေပါတယ်။ အဲဒီဆိုးကျိုးတွေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုချက်ချင်းပြောပြပါ။

ယာယီဆံပင်များကျွတ်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဆေးကုသမှုပြီးဆုံးတဲ့နောက်မှာဆံပင်တွေပုံမှန်ပြန်ပေါက်လာမှာပါ။

ယခုဆေးကိုသုံးနေတဲ့လူတွေမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်။ ဒါပေမယ့်သင့်ဆရာဝန်ကသင့်ကိုယခုဆေးပေးတယ်ဆိုတာသင့်အပေါ်မှာဆေးရဲ့ကောင်းကျိုးကဆိုးကျိုးထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးလို့ဖြစ်ပါတယ်။ ဆရာဝန်နဲ့သေချာပြသပါကဘေးထွက်ဆိုးကျိုးရနိုင်ချေကိုလျော့နည်းစေမှာဖြစ်ပါတယ်။

အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ပုံမှန်မဟုတ်ဘဲသွေးထွက်ခြင်း၊အညိုအမည်းကွက်စွဲခြင်း၊ဝမ်းလျှောခြင်း၊လက်များခြေထောက်များထုံကျင်ခြင်း၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ(ဥပမာစိတ်ရှုပ်ထွေးခြင်း၊စိတ်ကျခြင်း)၊ပါးစပ်နဲ့နှုတ်ခမ်းများနာခြင်း။

ယခုဆေးဟာရောဂါပိုးတွေကိုသင့်ခန္ဓါကိုယ်ကတိုက်ထုတ်နိုင်တဲ့စွမ်းရည်ကိုလျော့ကျစေပါတယ်။ အဲဒါဟာသင့်မှာပြင်းထန်တဲ့ရောဂါပိုးတွေပိုဝင်စေနိုင်ပြီးလက်ရှိရနေတဲ့ရောဂါပိုးဝင်ခြင်းကိုလည်းပိုဆိုးစေပါတယ်။ သင့်မှာကူးစက်ရောဂါပိုးဝင်တဲ့လက္ခဏာတွေ(ဥပမာလည်ချောင်းနာတာမပျောက်ခြင်း၊ဖျားခြင်း၊ချမ်းတုန်ခြင်း)ရှိပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။

သင့်မှာအလွန်ပြင်းထန်တဧ့ဘေးထွက်ဆိုးကျိုးတွေဥပမာအတက်ရောဂါတွေရှိလာပါကချက်ချင်းဆေးကုသမှုခံယူပါ။

ယခုဆေးဟာတစ်ခါတစ်ရံမှာသွေးပေါင်ချိန်အလွန်တက်စေနိုင်ပြီးသေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ အခြားဆေးတွေ၊အစာတွေနဲ့ဓါတ်ပြုပြီးအဲဒီဆိုးကျိုးရနိုင်ချေကိုပိုပြီးမြင့်တက်စေပါတယ်(ဆေးကိုဘယ်လိုသုံးရမလဲဆိုတာနဲ့ဆေးဝါးဓါတ်ပြုမှုများအကြောင်းတွင်ဖတ်ပါ)။ ပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေရလာပါကprocarbazineသောက်တာကိုရပ်ပြီးဆေးကုသမှုခံယူပါ။ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊နှလုံးခုန်မြန်ခြင်း၊နှေးခြင်း၊နှလုံးခုန်မမှန်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊လည်ပင်းထဲတွင်ကြပ်ခြင်း၊လည်ချောင်းနာခြင်း၊ပြင်းပြက်းထန်ထန်ပျို့ခြင်း၊အန်ခြင်း၊ချွေးထွက်ခြင်း(တစ်ခါတစ်ရံအဖျားပါတက်တတ်သည်)၊မျက်လုံးသူငယ်အိမ်ကျယ်ခြင်း၊အမြင်အာရုံပြောင်းလဲခြင်း(ဥပမာအမြင်နှစ်ထပ်သို့မဟုတ်အမြင်ဝေဝါးခြင်း)၊ရုတ်တရက်အလင်းဒဏ်မခံနိုင်ခြင်း(အလင်းရောင်ကြောက်ရွံခြင်း)

ယခုဆေးဟာserotoninပမာဏကိုများစေပြီးတစ်ခါတစ်ရံမှာအလွန်ပြင်းထန်တဲ့အခြေအနေဖြစ်တဲ့serotoninအဆိပ်သင့်ခြင်းကိုဖြ်းစေနိုင်ပါတယ်။serotoninပါတဲ့အခြားဆေးတွေကိုသောက်နေမယ်ဆိုပါကအဲဒီဆိုးကျိုးရနိုင်ချေမြင့်တက်နေမှာဖြစ်ပါတယ်။ အဲဒါကြောင့်သင်သောက်နေတဲ့ဆေးတွေအားလုံးအကြောင်းကိုဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။ အောက်ပါထဲမှအချို့လက္ခဏာတွေရှိလာပါကဆေးကုသမှုချက်ချင်းခံယူပါ။ နှလုံးခုန်မြန်ခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊အလုပ်ကောင်းကောင်းမလုပ်နိုင်ခြင်း၊ပြင်းပြင်းထန်ထန်မူးဝေခြင်း၊ပြင်းပြင်းထန်ထန်ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း၊ကြွက်သားများတင်းခြင်း၊အကြောင်းမရှိဘဲဖျားနာခြင်း၊ပုံမှန်မဟုတ်ဘဲစိတ်ခံစားမှုပြင်းထန်ခြင်း၊ဂနာမငြိမ်ခြင်း။

အလွန်ရှားပါးတဲ့အခြေအနေအနေနဲ့ကင်ဆာရောဂါရှိနေတဲ့လူတွေမှာယခုဆေးသောက်တဲ့အခါအခြားကင်ဆာရောဂါတွေ(ဥပမာသွေးကင်ဆာ)ရလာတာကိုတွေ့ရပါတယ်။ အဲလိုရနိုင်ချေဟာသင့်မှာဓါတ်ကင်ကုသခြင်းနဲ့ဓါတ်ရောင်ခြည်ကုသခြင်းတွေခံယူထားပါကပိုပြီးမြင့်တက်နေမှာဖြစ်ပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်ကိုမေးမြန်းပါ။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Procarbazine

နဲ့ ဓါတ်ပြုနိုင်သလဲ

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့ခံတွင်းပျက်စေတဲ့ဆေးတွေ(ဥပမာdiethylpropion)၊အာရုံစူးစိုက်မှုမရှိဘဲပုံမှန်ထက်ပိုပြီးတက်ကြွနေသောရောဂါ(ADHD)ကိုကုသတဲ့ဆေးများ(ဥပမာatomexetine,methylphenidate),apraclonidine,bupropion,buspirone,carbamazepine,cyclobenzaprine,deutetrabenazine,dextromethorphan,methyldopa,tetrabenazine,valbenazine,အချို့သောမူးယစ်ဆေးဝါးများ(ဥပမာmeperidine,methadone,tapentadol),အချိုေ့သာဖြည့်စွက်ဆေးများ(ဥပမာtryptophan,tyramine),ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါကိုကုသတဲ့ဆေးများ(ဥပမာrizatriptan,sumatriptan),Parkinsonရောဂါကိုကုသတဲ့ဆေးများ(entacapone,levodopa,tolcapone)တို့ဖြစ်ကြပါတယ်။

serotoninပါတဲ့အခြားဆေးတွေကိုသောက်နေမယ်ဆိုပါကserotoninအဆိပ်သင့်ခြင်းရနိုင်ချေမြင့်တက်နေမှာဖြစ်ပါတယ်။ဥပမာအားဖြင့်street drugsများဥပမာMDMA/’ecstasy’,St.John’swort,စိတ်ကျရောဂါကုဆေးများ(ဥပမာmaprotiline,mirtazapine,SSRIsဆေးများဥပမာfluoxetine/paroxetine,SNRIsဆေးများဥပမာduloxetine/venlafaxine,tricyclicsဆေးများဥပမာamitriptyline/doxepin),နဲ့အခြားဆေးတွေဖြစ်ပါတယ်။ အဲဒီဆေးတွေကိုစသောက်ရင်သို့မဟုတ်ဆေးတွေရဲ့ပမာဏကိုတိုးသောက်မယ်ဆိုရင်serotoninအဆိပ်သင့်ခြင်းရနိုင်ချေမြင့်တက်နေမှာဖြစ်ပါတယ်။

အချို့သောဆေးတွေဟာprocarbazineနဲ့တွဲသောက်ရင်ဆေးဝါးဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။procarbazineမသောက်ခင်ရက်သတ္တပတ်အတော်ကြာအလိုသို့မဟုတ်procarbazineသောက်ပြီးမှာဆိုရင်တောင်မှရှိနိုင်ပါတယ်။procarbazineမသောက်ခင်နှစ်ပတ်အလိုနဲ့procarbazineသောက်ပြီးမှာယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ဆေးဝါးများစာရင်းမှာပါတဲ့ဆေးတွေကိုသောက်နေမယ်ဆိုရင်သို့မဟုတ်serotoninပမာဏကိုမြင့်တက်စေတဲ့ဆေးတွေသောက်နေမယ်ဆိုရင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။procarbazineမသောက်ခင်၅ပတ်အလိုအတွင်းမှာသင်fluoxetineဆေးသောက်နေပါကအဲအကြောင်းကိုလည်းပြောပြပါ။procarbazineဆေးကိုစမသောက်ခင်အဲဒီဆေးတွေစတာနဲ့ရပ်တာအတွက်ဘယ်လောက်စောင့်ရမလဲဆိုတာကိုဆရာဝန်ကိုမေးမြန်းပါ။

ယခုဆေးကိုအခြားMAOတားဆေးတွေနဲ့တွဲသောက်ပါကပြင်းထန်ပြီးသေစေနိုင်တဲ့ဆေးဝါးဓါတ်ပြုမှုတွေဖြစ်နိုင်ပါတယ်။ ယခုဆေးနဲ့ဆေးကုသမှုခံယူနေစဉ်အခြားMAOတားဆေးတွေ(isocarboxazid,linezolid,methyleneblue,moclobemide,phenelzine,rasagiline,safinamide,selegiline,tranylcypromine)ကိုမသောက်ပါနဲ့။ ယခုဆေးကိုမသောက်ခင်နှစ်ပတ်အလိုနဲ့ဆေးသောက်ပြီးနှစ်ပတ်လောက်အထိကိုMAOတားဆေးအများစုကိုမသောက်သင့်ပါဘူး။ ယခုဆေးကိုဘယ်အချိန်မှာစသောက်ပြီးဘယ်အချိန်မှာရပ်ရမလဲဆိုတာကိုဆရာဝန်ကိုမေးမြန်းပါ။

Procarbazineကိုမသုံးခင်procarbazineနဲ့တွဲသုံးတဲ့အခါအလွန်ပြင်းထန်တဲ့သွေးပေါင်ချိန်တက်ခြင်းကိုဖြစ်စေနိုင်တဲ့ဆေးတွေဥပမာသဘာဝဆေးဘက်ဝင်ပစ္စည်းတွေ(ဥပမာephedra/ma huang),ဓါတ်မတည့်ခြင်း၊အအေးမိခြင်း၊ချောင်းဆိုးခြင်းအတွက်ဆေးတွေ(ဥပမာdextromethorphan,အသက်ရှူကောင်းအောင်ပြုလုပ်ပေးတဲ့ဆေးတွေဥပမာphenylephrine/pseudoephedrine)နဲ့လှုံဆော်တဲ့ဆေးတွေ(ဥပမာamphetamines,ephedrine,epinephrine,phenylalanine)သုံးနေပါကဆရာဝန်ကိုပြောပြပါ။Procarbazineကိုအဲဆေးတွေထဲကဘယ်ဆေးနဲ့မှတွဲမသုံးသင့်ပါဘူး။ အသေးစိတ်အတွက်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

တကယ်လို့သင်ဟာသင့်ကိုအိပ်ငိုက်စေတဲ့အခြားပစ္စည်းတွေဥပမာအရက်၊ဆေးခြောက်၊antihistaminesဆေးတွေ(ဥပမာcetrizine,diphenhydramine),အိပ်ဆေးများသို့မဟုတ်စိတ်ဖိစီးမှုသက်သာစေသောဆေးများ(ဥပမာalprazolam,diazepam,zolpidem)၊ကြွက်သားဖြေလျော့ဆေးများ(ဥပမာcarisoprodol,cyclobenzaprine)နဲ့နာကျင်မှုကိုသက်သာစေသောမူးယစ်ဆေးတွေ(ဥပမာcodeine,hydrocodone)သုံးနေပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။

သင်သောက်နေတဲ့ဆေးတွေ(ဥပမာဓါတ်မတည့်ခြင်း၊ချောင်းဆိုးခြင်း၊အအေးမိခြင်းအတွက်ဆေးများ)အားလုံးမှာပါတဲ့ပါဝင်ပစ္စည်းတွေကိုစစ်ဆေးပါ။ အဘယ့်ကြောင့်ဆိုသော်သင့်ကိုအိပ်ငိုက်စေတဲ့ပစ္စည်းတွေပါဝင်နိုင်သောကြောင့်ဖြစ်ပါတယ်။

Procarbazineကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Procarbazine

နဲ့ ဓါတ်ပြုနိုင်သလား

Procarbazineဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Procarbazine

နဲ့ ဓါတ်ပြုနိုင်သလဲ

Procarbazineဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Procarbazine

ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Hodgkinရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေးတစ်မျိုးတည်းသောက်ခြင်းအတွက်:Procarbazineစသောက်တဲ့လူနာအများစုမှာခံစားရတဲ့ပျို့ခြင်းအန်ခြင်းတွေကိုလျှော့ချရန်အတွက်ပထမပတ်အတွင်းမှာတစ်နေ့ကိုဆေး2မှ4mg/kgကိုတစ်ကြိမ်သို့မဟုတ်အကြိမ်ရေခွဲသောက်သင့်ပါတယ်။ အဲနောက်မှာတော့အကောင်းဆုံးတုံ့ပြန်မှုရတဲ့အထိသို့မဟုတ်သွေးဖြူဥပမာဏ၄၀၀၀အောက်ကျတဲ့အထိသို့မဟုတ်plateletပမာဏ၁၀၀၀၀၀အောက်ရောက်တဲ့အထိနေ့စဉ်ဆေးပမာဏကိုတစ်နေ့လျှင်4မှ6mg/kgမှာထိန်းထားသင့်ပါတယ်။ အကောင်းဆုံးတုံ့ပြန်မှုကိုရတဲ့အခါဆေးပမာဏကိုတစ်နေ့လျှင်1မှ2mg/kgအနေနဲ့ထိန်းထားသင့်ပါတယ်။ သွေးနဲ့ဆိုင်သောသို့မဟုတ်အခြားအဆိပ်သင့်မှုတွေရှိဖူးတာကြောင့်လူနာမှာစိတ်ကျေနပ်ရလောက်အောင်သက်သာလာပါကဆေးကိုဆက်မသုံးသင့်ပါဘူး။ ဆေးရဲ့အဆိပ်သင့်တဲ့ဘေးထွက်ဆိုးကျိုးတွေလျော့ကျသွားတဲ့အခါမှလက်တွေ့စမ်းသပ်မှုတွေ၊ဓါတ်ခွဲခန်းလေ့လာမှုတွေပေါ်မူတည်ပြီးဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတစ်နေ့ကို1မှ2mg/kgပမာဏနဲ့ဆက်ပေးပါ။

အခြားကင်ဆာရောဂါကုဆေးတွေနဲ့တွဲပေးတဲ့အခါprocarbazineဆေးပမာဏကိုလျှော့ချသင့်ပါတယ်။ဥပမာMOPPကုထုံးမှာprocarbazineဆေးပမာဏဟာတစ်နေ့ကိုဆေး100mg/m2နဲ့၁၄ရက်သောက်ရန်ဖြစ်ပါတယ်။

Anaplastic astrocytomaရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Lomustine(CeeNU)နဲ့vincristineဆေးတွေပါပါဝင်တဲ့ကုထုံးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့၈ရက်မြောက်နေ့မှ၂၁ရက်မြောက်နေ့အထိဆေး60mg/m2ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။PCV ကုထုံးကို၂၉ရက်ကြာအောင်ဆက်ပေးရပါမယ်။

Glioblastoma Multiforme ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

Lomustine(CeeNU)နဲ့vincristineဆေးတွေပါပါဝင်တဲ့ကုထုံးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့၈ရက်မြောက်နေ့မှ၂၁ရက်မြောက်နေ့အထိဆေး60mg/m2ကိုတစ်နေ့တစ်ကြိမ်သောက်ပါ။PCVကုထုံးကို၂၉ရက်ကြာအောင်ဆက်ပေးရပါမယ်။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

အချို့သောဆရာဝန်တွေကတော့ကျောက်ကပ်မကောင်းတဲ့လူနာတွေမှာဆေးပမာဏကိုလျှော့သုံးဖို့ညျွန်ကြားထားပါတယ်။ ဒါပေမယ့်အတိအကျပြဌာန်းထားတာမျိုးတော့မရှိပါဘူး။

အသည်းအတွက်ဆေးပမာဏထိန်းညှိခြင်း

အချို့သောဆရာဝန်တွေကတော့အသည်းမကောင်းတဲ့လူနာတွေမှာဆေးပမာဏကိုလျှော့သုံးဖို့ညျွန်ကြားထားပါတယ်။ ဒါပေမယ့်အတိအကျပြဌာန်းထားတာမျိုးတော့မရှိပါဘူး။

ဆေးပမာဏထိန်းညှိခြင်း

ဆေးတစ်မျိုးတည်းအဖြစ်အသုံးပြုတဲ့အခါProcarbazineစသောက်တဲ့လူနာအများစုမှာခံစားရတဲ့ပျို့ခြင်းအန်ခြင်းတွေကိုလျှော့ချရန်အတွက်အထက်ဖော်ပြပါဆေးပမာဏကိုအသုံးပြုပါတယ်။ အကောင်းဆုံးတုံ့ပြန်မှုရတဲ့အထိသို့မဟုတ်အောက်မှာဖော်ပြထားတဲ့စာပိုဒ်ထဲကအခြေအနေတွေရလာတဲ့အထိနေ့စဉ်ဆေးပမာဏကိုတစ်နေ့လျှင်4မှ6mg/kgကိုတစ်ကြိမ်တည်းသို့မဟုတ်အကြိမ်ရေခွဲသောက်ခြင်းအနေနဲ့ထိန်းထားသင့်ပါတယ်။

အောက်ပါတို့မှအခြေအနေတစ်ခုခုစရလာပါကဆေးကိုချက်ချင်းရပ်ပစ်လိုက်ပါ။

အဓိကအာရုံကြေုအဖွဲ့အစည်းရဲ့လက္ခဏာတွေဥပမာထုံကျင်ခြင်း၊နာ့ဗ်ကြောများမကောင်းခြင်း၊စိတ်ရှုပ်ထွေးခြင်း။

သွေးဖြူဥပမာဏလျော့နည်းခြင်း(၄၀၀၀အောက်)

Plateletပမာဏလျော့နည်းခြင်း(၁သိန်းအောက်)

ဆေးကိုပုံမှန်ထက်ပို၍တုံ့ပြန်ခြင်း

ပါးစပ်နဲ့နှုတ်ခမ်းများရောင်ခြင်း(ခံတွင်းပတ်လည်မှာအနာသေးသေးလေးသို့မဟုတ်နာကျင်မှုတွေဆက်ရှိနေပါကဆေးကိုရပ်လိုက်ဖို့ညွှန်ပြနေခြင်းဖြစ်ပါတယ်)

ဝမ်းလျှောခြင်း(မကြာခဏသွားခြင်း၊အရည်ဝမ်းများသွားခြင်း)

သွေးထွက်ခြင်းများ

ဆေးကိုစသောက်ပြီး၂ပတ်ကနေ၈ပတ်အတွင်းမှာရိုးတွင်းခြင်ဆီရဲ့လုပ်ငန်းတွေကောင်းကောင်းမလုပ်နိုင်တာဖြစ်တတ်ပါတယ်။ သွေးဖြူဥပမာဏလျော့နည်းလာပါကကူးစက်ရောဂါပိုးဝင်တာတွေကိုကာကွယ်နိုင်ရန်အတွက်လူနာကိုဆေးရုံတင်ဖို့လိုအပ်ပါတယ်။

ဆေးရဲ့အဆိပ်သင့်တဲ့ဘေးထွက်ဆိုးကျိုးတွေလျော့ကျသွားတဲ့အခါမှလက်တွေ့စမ်းသပ်မှုတွေ၊ဓါတ်ခွဲခန်းလေ့လာမှုတွေပေါ်မူတည်ပြီးဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတစ်နေ့ကို1မှ2mg/kgပမာဏနဲ့ဆက်ပေးပါ။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးပမာဏအားလုံးသည်လူနာရဲ့ကိုယ်အလေးချိန်ပေါ်မူတည်ပါတယ်။ ဒါပေမယ့်တကယ်လို့လူနာဟာအလွန်ဝနေမယ်ဆိုရင်သို့မဟုတ်ဖောရောင်ခြင်းနဲ့အခြားအရည်စုခြင်းများကြောင့်ကိုယ်အလေးချိန်တက်နေမယ်ဆိုရင်အဆီပမာဏကိုဖယ်ထုတ်ထားတဲ့ခန့်မှန်းကိုယ်အလေးချိန်ကိုသုံးပါတယ်။

ဆေးကိုစမပေးခင်အခြေ ခံဓါတ်ခွဲခန်းအချက်အလက်တွေကိုရယူထားရပါမယ်။hemoglobin,hematocrit,သွေးဖြူဥပမာဏ၊differential,reticulocyteနဲ့plateletအကြောင်းတွေပါဝင်တဲ့သွေးနဲ့ဆိုင်တဲ့အချက်အလက်တွေကို၃ရက်မှ၄ရက်ကြာတိုင်းစောင့်ကြည့်လေ့လာသင့်ပါတယ်။

အသည်းနဲ့ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်းတွေဖြစ်တဲ့ဆီးကိုစစ်ဆေးခြင်း၊transaminaseနဲ့alkaline phosphataseအင်ဇိုင်းများစစ်ဆေးခြင်းနဲ့သွေးထဲရှိureaနဲ့နိုက်ထရိုဂျင်ပမာဏစစ်ဆေးခြင်းတွေကိုအနည်းဆုံးအပတ်စဉ်စစ်ဆေးသင့်ပါတယ်။

ရိုးတွင်းခြင်ဆီရဲ့လုပ်ငန်းကိုထိခိုက်စေနိုင်တဲ့ဓါတ်ရောင်ခြည်ကုသခြင်းသို့မဟုတ်ဓါတ်ကင်ခြင်းတို့နဲ့ဆေးကုသပေးထားပါကprocarbazineဆေးနဲ့စမကုခင်အထက်ပါကုထုံးတွေကိုတစ်လနဲ့အထက်ရပ်ထားသင့်ပါတယ်။ အဲလိုခြားတဲ့အချိန်ဟာရိုးတွင်းခြင်ဆီလေ့လာခြင်းတွေပေါ်ကိုအခြေ ခံပြီးရလာတဲ့တွေ့ရှိချက်တွေပေါ်မှာမူတည်ပါတယ်။

ကလေးတွေအတွက် Procarbazine

ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာတွေအတွက်ဆေးပမာဏသတ်မှတ်ထားခြင်းမရှိသေးပါ။ သင့်ကလေးအတွက်ဆေးဟာဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးရဲ့ဘေးကင်းမှုကိုအပြည့်အဝနားလည်ထားဖို့အရေးကြီးပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

Procarbazine

ကိုဘယ်လိုရရှိနိုင်သလဲ

Procarbazineဆေးကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့်ကတ်ပ်ဆူးပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Procarbazineဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement