banner

Aries

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Aries တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မတ် ၂၁နဲ့ ဧပြီ ၂၀ကြား မွေးတဲ့ Zodiac signက အေးရီလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ Aries လေးတွေပဲ ဖြစ်ပါတယ်။ Aries တွေက များသောအားဖြင့် ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ ပြဿနာကြီးကြီးမားမား မရှိကြပါဘူး။ ပထမတစ်ချက်က သူတို့ကိုယ်တိုင်က အကောင်းမြင်စိတ်ရှိလို့ပါ။ နောက်တစ်ချက်က ခံနိုင်ရည်ကောင်းလို့ပါ။ ဒါပေမယ့်လည်း လူသားတွေ ဖြစ်တာကြောင့် ဖျားနာမှုတွေ၊ ရောဂါတွေကတော့ ရှိနေမှာပါပဲ။ Aries တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ Aries တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Ariesတွေ လွှမ်းမိုးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ ဦးခေါင်း၊ မျက်လုံး၊ ကျောက်ကပ်နဲ့ သွေးပေါင်ချိန်တွေပဲ ဖြစ်ပါတယ်။ Ariesတွေက အားအင်အပြည့်နဲ့ အလုပ်လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ခေါင်းသုံးတဲ့ အလုပ်တွေ၊ စိတ်အင်အားစိုက်ထုတ်ရတဲ့ အလုပ်တွေ လုပ်ကြသူများလည်း […]

Taurus

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

ဧပြီ ၂၁ကနေ မေ၂၁ကြား မွေးဖွားသူများကတော့ Taurus လေးတွေပဲ ဖြစ်ကြပါတယ်။ Tarusလေးတွေက လူလည်းမာ၊ ခေါင်းလည်းမာတဲ့ Zodiac signဖြစ်ပါတယ်။ ကြီးကြီးမားမား ရောဂါတွေ မရှိကြပေမယ့် ဖျားနာပြီဆိုရင်လည်း ပြန်ကောင်းဖို့ တော်တော်အချိန်ယူရပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး အစားအသောက်လည်း ခုံမင်တတ်တဲ့ Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ Taurus တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Taurus တွေက နေမကောင်းဖြစ်ခဲပေမယ့် ဖြစ်ရင် ပြန်ကောင်းဖို့ ကြာနေတာက ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်ပါ။ တစ်ခုခုဆို တင်းခံပြီး သေချာကုသမှု မခံယူကြပါဘူး။ Taurusတွေက လည်ပင်း၊ နားနဲ့ မေးရိုးကို အဓိက လွှမ်းမိုးထားပါတယ်။ ဒါ့ပြင် မျိုးပွားအင်္ဂါ၊ ခါးနဲ့ ခြေကျင်းဝတ်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ […]

Gemini

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

မေ၂၂ကနေ ဇွန်၂၁မှာ မွေးဖွားတဲ့သူတွေကတော့ Zodiac signတွေထဲက နာမည်ကြီး Gemini တွေပဲ ဖြစ်ပါတယ်။ Geminiတွေက တစ်ကြိမ်တည်းမှာ အလုပ်များစွာ multitask လုပ်တတ်ကြသလို အလုပ်နဲ့ ပတ်သက်ရင် လောဘကြီးသူတွေလည်း ဖြစ်ပါတယ်။ ဒီတော့ အလုပ်သရဲ Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ Gemini တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Gemini တွေက အဆုတ်၊ လက်နဲ့ အာရုံကြောစနစ်ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။ Multitaskလုပ်ပြီး အာရုံများတတ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ၊ အိပ်မပျော်တာတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်ထဲမှာ ဆက်တိုက်ထိုင်ပြီး နစ်မြုပ်နေတတ်တာကြောင့် ကျန်းမာစေမယ့် အလေ့အကျင့်တွေလည်း သိပ်မရှိပါဘူး။ ဥပမာ လှုပ်လှုပ်ရှားရှားနေတာ၊ နေရောင်နဲ့ ထိတွေ့တာမျိုးပေါ့။ အထိုင်များပြီး အလုပ်ထဲမှာ […]

Cancer

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

ဇွန် ၂၂ကနေ ဇူလိုင် ၂၂ကြား မွေးဖွားသူတွေကတော့ Cancerလေးတွေပဲ ဖြစ်ကြပါတယ်။ ဒီ Zodiac sign ပိုင်ရှင်တွေက စိတ်ခံစားချက်တွေကို သိမ်းဆည်းမျိုသိပ်ထားတတ်ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရဲ့ ပင်ပန်းမှုတွေက ရုပ်ကျန်းမာရေးမှာ လာပြီး ထင်ဟပ်တတ်ပါတယ်။ စိတ်ကြောင့် Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ Cancer တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ ပြောခဲ့သလိုပဲ Cancer တွေက စိတ်ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြသူတွေပါ။ မျက်နှာမှာ မပေါ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိပါတယ်။ မျိုသိပ်ထားရတာတွေ များလာတဲ့အခါ ရုပ်ကျန်းမာရေးမှာပါ ထိခိုက်လာပါတယ်။ Cancer တွေက ရင်သား၊ ရင်ဘတ်နဲ့ အစာခြေစနစ်ကို လွှမ်းမိုးထားပါတယ်။ စိတ်နဲ့ အစာအိမ်နဲ့ ဆက်စပ်နေတာမို့လို့ စိတ်ဖိစီးမှုတွေ များလေလေ အစာအိမ်ပြဿနာတွေ ပိုပြီး ခံစားရလေလေ […]

Leo

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Leo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

ဇူလိုင် ၂၃ရက်ကနေ သြဂုတ် ၂၁ရက်နေ့ မွေးတဲ့သူတွေက ခြင်္သေ့ Leo လေးတွေ ဖြစ်ကြပါသတဲ့။ ဒီ Zodiac sign ပိုင်ရှင်တွေက ခြင်္သေ့တစ်ကောင်လို မာကြောတဲ့ စိတ်ရှိပေမယ့် နှလုံးသားကတော့ အင်မတန် နုနယ်ပြီး သဘောထားကြီးကြသူတွေပဲ ဖြစ်ပါတယ်။   Leo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာလဲ။ ဘယ်လို ကျန်းမာအောင် နေထိုင်ကြမလဲဆိုတာကို မျှဝေပေးလိုပါတယ်။ Leo တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Leoတွေက စိတ်ဓာတ်မာကျောပြတ်သားကြသူတွေ ဖြစ်ပြီး အလုပ်ထဲမှာဆိုရင်လည်း တိတိကျကျ လုပ်တတ်သူတွေ၊ စည်းကမ်းတင်းကျပ်သူတွေ ဖြစ်ကြပါတယ်။ အပြင်ပန်းက မာကျောတယ်လို့ ထင်ရပေမယ့် အတွင်းစိတ်က နူးညံ့ကြသူတွေပါ။ ဒီလိုမျိုး စည်းကမ်းတင်းကျပ်ပြီး တိတိကျကျ လုပ်တတ်တဲ့သူတွေ ဖြစ်တာကြောင့် မကြာခဏဆိုသလို စိတ်ဖိစီးကြပါတယ်။ ဒီလိုစိတ်ဖိစီးတာကြောင့်လည်း သူတို့လည်း လွှမ်းမိုးရာ […]

Virgo

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

သြဂုတ် ၂၂ကနေ စက်တင်ဘာ ၂၃ကြား မွေးဖွားတဲ့ zodiac signတွေက Virgo တွေပဲ ဖြစ်ပါတယ်။ Virgoတွေက အလုပ်ကို သေသေချာချာ လုပ်တတ်ပြီး အနည်းငယ် ရှေးရိုးဆန်ပါတယ်။ ဒီတော့ တစ်ခါတလေမှာ စာအုပ်ကြီးလို ဖြစ်နေတာပေါ့။ ဒီလိုအမူအကျင့်က သူ့ရဲ့ ကျန်းမာရေးအခြေအနေကို သက်ရောက်မှု ရှိနိုင်ပါတယ်။ Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့ ဒီလိုပါတဲ့။ Virgo တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Virgoတွေက အလုပ်ကြိုးစားကြပြီး အလုပ်ကို ထမင်းမေ့ ဟင်းမေ့လုပ်တတ်ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ လွှမ်းမိုးရာ ကိုယ်တွင်းအစိတ်အပိုင်းတွေက အစာခြေစနစ်နဲ့ အာရုံကြောစနစ်ပဲ ဖြစ်ပါတယ်။ နှစ်ခုလုံးက အလုပ်ထဲမှာ နစ်မြုပ်လေလေ ရောဂါတိုးနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် Virgoတွေက ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ရုန်းကန်ရတဲ့ သူတွေလည်း […]

Libra

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

စက်တင်ဘာ ၂၄ကနေ အောက်တိုဘာ ၂၃ကြား မွေးဖွားသူတွေက Libra တွေပဲ ဖြစ်ကြပါတယ်။ ဒီ zodiac sign ပိုင်ရှင်တွေက အလုပ်ကြိုးကြိုးစားစား လုပ်တတ်ကြသလို အလုပ်ဖိအားဒဏ်ကိုလည်း ခံရပါတယ်။ တစ်ခါတလေတော့ အသွက်လွန်ပြီး ဂဏှာမငြိမ်တာတွေလည်း ရှိပါတယ်။ အလုပ်ပင်ပန်းတာကြောင့် အားနည်းပြီး အာရုံကြောပြဿနာတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်ကြိုးစားလွန်းတဲ့ Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ Libra တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Libra တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခါး၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း၊ အစာအိမ်၊ အရေပြားစတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ မပေါ့ဆသင့်ပါဘူး။ အထူးသဖြင့် အလုပ်ကြိုးစားလွန်းတဲ့ Libra လေးတွေက အထိုင်များပြီး ခါးနာတာ၊ ဆီးအောင့်ထားပြီး အလုပ်လုပ်တတ်တာကြောင့် […]

Scorpio

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

အောက်တိုဘာ ၂၄ရက်နေ့ကနေ နိုဝင်ဘာ ၂၂ရက်ကြား မွေးဖွားသူတွေကတော့ Scorpio တွေပဲ ဖြစ်ကြပါတယ်။ ဒီ zodiac sign ပိုင်ရှင်တွေက ဒူပေဒဏ်ပေခံပြီး တော်ရုံလည်း မဖျားနာတတ်ကြပါဘူး။ ဖျားနာရင်တောင် မြန်မြန်သက်သာလာတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ စွန့်စားတတ်သူတွေ ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရလွယ်သူတွေလည်း ဖြစ်ပါတယ်။ ခံစားချက်ကို မျိုသိပ်တတ်သူတွေဖြစ်လို့ စိတ်ဖိစီးမှုကိုလည်း အလွယ်တကူ ခံစားရနိုင်ပါတယ်။ ဒီလို အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေ ဖြစ်မလဲ။ Scorpio တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Scorpio တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေ စွန့်ထုတ်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်၊ မစင်အိမ်၊ မျိုးပွားအင်္ဂါ စတာတွေက သူတို့ရဲ့ လွှမ်းမိုးရာ နေရာတွေပါ။ ဒီနေရာတွေက […]

Sagittarius

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Sagittaruis တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

နိုဝင်ဘာ ၂၃ရက်ကနေ့ကနေ ဒီဇင်ဘာ ၂၂ရက်ကြား မွေးဖွားတဲ့ zodiac sign ပိုင်ရှင်တွေက Sagittarius တွေပဲ ဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်ကာလတွေမှာ Sagittarius တွေက အင်ပြည့်အားပြည့်နဲ့ အလုပ်လုပ်နိုင်ကြပြီး အနာရောဂါလည်း ကင်းကြပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲတက်ကြွပြီး အားအင်ပြည့်ဝနေတာကို တွေ့ရမှာပါ။ ဒီလို သွက်လက်တဲ့ Sagittarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုaတာ လေ့လာကြည့်ရအောင်။ Sagittarius တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Sagittarius တွေက သွက်သွက်လက်လက် ရှိကြသူတွေပါ။ သွက်လက်ခြင်းရဲ့ တစ်ဖက်စွန်းမှာတော့ အလျင်စလို လုပ်တတ်တာကြောင့် မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို အလျင်စလို လုပ်တတ်တဲ့ အကျင့်က အားကစားဝါသနာပါတဲ့ Sagittarius တွေကို မကြာခဏထိခိုက်မှုတွေ ဖြစ်စေမှာပါ။ Sagittarius တို့ လွှမ်းမိုးထားတဲ့ […]

Capricorns

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

သင်က ဒီဇင်ဘာ ၂၂ (၂၃)နဲ့ ဇန်နဝါရီ ၁၉(၂၀) ကြားမှာ မွေးတဲ့သူဆိုရင် Capricorns တစ်ယောက်ဖြစ်သွားပါပြီ။ Capricornsတွေက မွေးလာတည်းက ခံနိုင်ရည်အားကောင်းကောင်းနဲ့ မွေးလာတဲ့သူတွေမို့လို့ တော်ရုံတန်ရုံဆို ဒူပေဒဏ်ပေ ခံနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အသက်ရှည်တဲ့သူတွေပါ။ အသက်ရလာတဲ့ သူတွေကြားမှာ ကျန်းမာရေးကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း ရှိနေပါတယ်။ Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ Capricorns တွေက အရိုးအဆစ်၊ သွား၊ ဒူးနဲ့ အရေပြားကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ အဖြစ်များပါတယ်။ ဒါ့ပြင် သူတို့တွေက အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ အားကြိုးမာန်တက် လုပ်တတ်သူတွေဆိုတော့ အရိုးနဲ့ ဆိုင်တဲ့ ထိခိုက်မှုတွေ၊ ဒဏ်တွေ […]

Aquarius

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

Aquarius တွေက ၁၁ခုမြောက် zodiac sign ဖြစ်ပြီး ဇန်နဝါရီ ၂၁နဲ့ ဖေဖော်ဝါရီ ၁၉ထိ အကျုံးဝင်ပါတယ်။ Air signဖြစ်တဲ့ Aquaလေးတွေက ခေတ်မီပြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်သူတွေပါ။ တခြား signတွေလိုပဲ Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း သီးသန့်ရှိနေပါတယ်။ Aquarius တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Aquaတွေက သွေးလည်ပတ်မှုစနစ်၊ အာရုံကြောစနစ်နဲ့ ခြေကျင်းဝတ်တို့ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် သွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ (ဥပမာ သွေးတိုး၊ ဆီးချို) အဖြစ်များပါတယ်။ အတွေးများတဲ့သူတွေဖြစ်တဲ့အတွက်လည်း အသက်ကြီးလာလေလေ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ကို လွှမ်းမိုးထားတာကြောင့် ခြေထောက်ထိခိုက်တာ၊ ခြေပွတ်တိုင်လည်တာ၊ အရိုးကျိုးတာတွေ ဖြစ်တတ်ပါတယ်။ Aquarius တွေက ကျန်းမာရေးဂရုစိုက်တတ်တဲ့သူတွေဆိုပေမယ့် ပုံမှန်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုခုတော့ လိုပါတယ်။ […]

Pisces

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

Zodiac signတွေထဲမှာ နောက်ဆုံးရာသီခွင်ကတော့ ပိစိလို့ ချစ်စနိုးခေါ်ကြတဲ့ Pisces တွေပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ကနေ မတ် ၂၀အတွင်း မွေးဖွားသူတွေ အကျုံးဝင်ပါတယ်။ Piscesတွေက ကျန်းမာရေးနဲ့ ပတ်သက်လာရင် နူးနူးညံ့ညံ့နဲ့ သိပ်ပြီး ခံနိုင်ရည် မရှိကြပါဘူး။ ဒီတော့ Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ Pisces တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Pisces တွေက စိတ်နုတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စိတ်နုတာကြောင့် ရုပ်ကျန်းမာရေးမှာပါ လာပြီး ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါ့ပြင် သူတို့က ကိုယ်ခံအားနည်းတာကြောင့် မကြာခဏဆိုသလို ဖျားနာတာတွေ ဖြစ်ကြပါတယ်။ ခြေထောက်၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားတဲ့ သာလမတ်စ်၊ အသက်ရှူလမ်းကြောင်း စတာတွေကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါတွေနဲ့ ပတ်သက်ပြီး […]