backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Twynsta

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Twynsta ကို ဘာအတွက်အသုံးပြုကြသလဲ

Twynsta® သည် amlodipine နှင့် telmisartan ကို ပေါင်းစပ်ထားသောဆေးဖြစ်သည်။ Twynsta® ကို သွေးတိုးရောဂါအတွက် အများဆုံးအသုံးပြုကြ၏။ သွေးပေါင်ကျစေခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းဖြစ်နိုင်ချေများအား လျော့ချနိုင်ပါသည်။

Twynsta® တွင်တခြားအသုံးများလည်း ရှိနိုင်ပါသည်။

Twynsta ဘယ်လိုသောက်သုံးသင့်သလဲ

Twynsta® ကို ဆရာဝန်မှညွှန်သည့်အတိုင်း အတိအကျသောက်သုံးပါ။ အကောင်းဆုံးရလဒ် ရရှိစေရန် ဆရာဝန်သည် တစ်ခါတစ်ရံတွင် သင့်ဆေးပမာဏကို ချိန်ညှိပေးပါလိမ့်မည်။ ညွှန်ကြားထားသော ပမာဏထက် ပိုသောက်ခြင်း၊ လျော့သောက်ခြင်း၊ သတ်မှတ်အချိန်ကာလထက် ပိုသောက်ခြင်းများမပြုလုပ်ရပါ။

Twynsta® ကို အစာရှိရှိမရှိရှိသောက်နိုင်ပြီး နေ့စဉ် တူညီသောအချိန်တွင်သာသောက်ပါ။

နေကောင်းပြီဟုခံစားရသည့်တိုင် Twynsta® ကို ရက်ပြည့်သောက်ပါ။ သွေးတိုးသည် တစ်ခါတစ်ရံ၌ လက္ခဏာမပြတတ်ပါ။ သွေးကျဆေးများသည် တစ်သက်လုံးသောက်ရန် လိုနိုင်ပါသည်။

Twynsta ဘယ်လိုသိမ်းဆည်းရမလဲ

Twynsta® (amlodipine and telmisartan) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Twynsta® (amlodipine and telmisartan) ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Twynsta® (amlodipine and telmisartan) ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Twynsta® (amlodipine and telmisartan) အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Twynsta အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာ သုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကို သုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများ ဥပမာ အပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Twynsta® တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသော ဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ကိုယ်ဝန်ရှိလျှင် Twynsta® ကို မသုံးရ။ သန္ဓေသားကို ထိခိုက်နိုင်သည်။ အကောင်းဆုံးသားဆက်ခြားနည်းကို အသုံးပြုပါ။ ကိုယ်ဝန်ရှိလာသည်နှင့် Twynsta® ကိုရပ်ပြီး ဆရာဝန်ကိုပြောပါ။

Amlodipine သို့မဟုတ် Telmisartan တို့နှင့် ဓါတ်မတည့်ပါက Twynsta® အား မသုံးသင့်ပါ။

ဆေးသောက်နေစဉ်ကာလအတွင်း သွေးပေါင်ကျတတ်ပါသည်။ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ပုံမှန်ထက်ချွေးပိုထွက်ခြင်း စသည်တို့ဖြစ်လာပါက ဆရာဝန်နှင့်ပြပါ။

သွေးပေါင်မကြာခဏချိန်ကြည့်ရန်လိုပါသည်။ သွေးခဏခဏစစ်ရန်လည်း လိုနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Twynsta ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Twynsta ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

  • ခြေလက်များရောင်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ခေါင်းမူးခြင်း
  • ပူရှိန်ခြင်း (နွေးခြင်း၊ နီခြင်း၊ ကျဉ်ခြင်း စသည့် ခံစားမှုမျိုး)
  • နောက်ကျောနာခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ဗိုက်နာခြင်း

အောက်ပါတို့ဖြစ်လာပါက ဆရာဝန်နှင့်ချက်ချင်းပြပါ။

  • မူးမေ့လဲတော့မည်ကဲ့သို့ ခံစားရခြင်း
  • (လှုပ်လှုပ်ရှားရှား သိပ်မလုပ်သည့်တိုင်) အသက်ရှူမဝခြင်း
  • ဖောရောင်ခြင်း
  • အလျင်အမြန်ဝိတ်တက်လာခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
  • ခြေလက်တုန်ခြင်း
  • ကြွက်သားတောင့်ခြင်း၊ လှုပ်ခြင်း
  • ပိုတက်စီယမ်များခြင်း – ပျို့ခြင်း၊ နှလုံးခုန်နှေးခြင်း၊ အားနည်းခြင်း၊ မလှုပ်ရှားနိုင်ခြင်း

ဓါတ်မတည့်သည့်လက္ခဏာများဖြစ်သော အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့၌ ဖောင်းကြွလာခြင်းတို့ ဖြစ်လာပါက အရေးပေါ်ဆေးကုသမှုခံယူရမည်။

ရှားပါးသောဖြစ်ရပ်များတွင် Twynsta® ကြောင့် အရိုးမှီငြမ်းကြွက်သားများပျက်စီးနိုင်ပြီး ကျောက်ကပ်ပျက်ခြင်းထိ ဖြစ်နိုင်ပါသည်။ အကြောင်းပြချက်မရှိဘဲ ကြွက်သားများနာခြင်း၊ အားနည်းခြင်း အထူးသဖြင့် ဖျားခြင်း၊ ပုံမှန်မဟုတ်ဘဲ မောပန်းနေခြင်း၊ ဆီးအရောင်ရင့်ခြင်းများဖြစ်လာပါက ဆရာဝန်နှင့်ချက်ချင်းပြပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Twynsta နဲ့ ဓါတ်ပြုနိုင်သလဲ

Twynsta® (amlodipine and telmisartan) သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ

  • Digoxin
  • ဆီးဆေးများ
  • Lithium
  • Simvastatin (Zocor, Vytorin)
  • အင်္ဂါအစားထိုးကုရာတွင် ပေးသောဆေးများ- cyclosporine, tacrolimus
  • ACE inhibitor – benazepril, captopril, enalapril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril, trandolapril
  • NSAIDs (စတီးရွိုက်မဟုတ်သည့် အရောင်ကျဆေးများ) – aspirin, ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, diclofenac, indomethacin, meloxicam စသည်များ

အစားအသောက်တွေနဲ့ အရက်က Twynsta နဲ့ ဓါတ်ပြုနိုင်သလား

Twynsta® (amlodipine and telmisartan) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Twynsta နဲ့ ဓါတ်ပြုနိုင်သလဲ

Twynsta® (amlodipine and telmisartan) သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောရောဂါများ

  • ကျောက်ကပ်ရောဂါ (ကျောက်ကပ်ဆေးနေရလျှင်)
  • အသည်းရောဂါ
  • နှလုံးရောဂါ
  • လျှပ်ကူးသတ္တုဓါတ်များမညီမျှခြင်း (ဥပမာ – ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်များနည်းခြင်း)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Twynsta ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကနဦးပမာဏမှာ 40/5 to 80/5 mg တစ်ရက်လျှင် တစ်ကြိမ်သောက်ရန်ဖြစ်သည်။ ဆေးမပါဏမှာ တစ်ဦးချင်းစီအလိုက်ချိန်ညှိရပြီး အနည်းဆုံး ၂ ပတ်စပေးပြီးနောက် တိုးနိုင်ပါသည်။

အများဆုံးပမာဏမှာ တစ်ရက်လျှင် 80/10 mg တစ်ကြိမ်ဖြစ်သည်။

ကလေးတွေအတွက် Twynsta ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Twynsta ကိုဘယ်လိုရရှိနိုင်သလဲ

Twynsta® (amlodipine and telmisartan) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား – 40mg/10mg, 40mg/5mg, 80mg/10mg, 80mg/5mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Twynsta® (amlodipine and telmisartan) ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement