သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ
အစာအိမ် သို့မဟုတ် အူသိမ်မှာ အနာဖြစ်တာ (Peptic ulcer disease) အတွက်
- H. pylori ပိုးသေစေရန်အတွက်
သောက်ဆေး: 40 mg – 80 mg ကို တစ်နေ့ ၂ ကြိမ် ဆရာဝန်ညွှန်ကြားထားတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ တွဲပြီး
သောက်ဆေး အနေနဲ့ 40 mg တစ်နေ့တစ်ကြိမ်ကို ၄ ပတ် ကနေ ၈ ပတ်အထိ
သောက်ဆေး / အကြောဆေး – တစ်နေ့ကို 40 mg ၂ ကြိမ်နဲ့ ၄ ပတ်ကြာ၊ ပြီးရင်တော့ တစ်နေ့ကို 40 mg တစ်ကြိမ်စီ
အစာခြေအက်ဆစ် အစာရေမျိုထဲကို ပြန်ဆန်တက်တာ (GERD)
- မပြင်းထန်သော အစာရေမျိုရောင်ရောဂါအတွက် ( တစ်ပတ်ကို ၂ ကြိမ်အောက်ပဲ ဖြစ်မယ်ဆိုရင်)
သောက်ဆေး: တစ်နေ့ကို 20 mg တစ်ကြိမ်၊ လိုအပ်မယ်ဆိုရင် ၄ ပတ် ကနေ ၈ ပတ်ကြာပြီးနောက်မှာ ဆေးပမာဏကို 40 mg အထိ တိုးပေးနိုင်ပါတယ်။ လက္ခဏာမပြတော့တာ ၈ ပတ်လောက် ကြာပြီဆိုရင် ဆေးရပ်လိုက်လို့ ရပါပြီ။
- ပြင်းထန်ပြီး မကြာခဏ ဖြစ်တဲ့ အစာရေမျိုရောင် ရောဂါအတွက်
သောက်ဆေး: တစ်နေ့ကို 40 mg တစ်ကြိမ်နဲ့ အနည်းဆုံး ၈ ပတ် ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း
Zollinger-Ellison syndrome
- သောက်ဆေး: ကနဦး ဆေးပမာဏ : 80 mg တစ်နေ့ကို ၂ ကြိမ်၊ လိုအပ်မယ်ဆိုရင် ဆေးကို တစ်နေ့ကို 240 mg အထိ တိုးပေးလို့ ရပါတယ်။
- အကြောဆေး : ကနဦးပမာဏ 80 mg ၈ နာရီ ကနေ ၁၂ နာရီခြား၊ တစ်နေ့ကို 240 mg အထိ ၆ ရက်ကြာအထိ ပေးလို့ ရပါတယ်။
NSAID-induced ulcers (စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတွေကြောင့်ဖြစ်တဲ့ အစာအိမ် အနာတွေ)
သောက်ဆေး : အစာအိမ်ထိစေနိုင်တဲ့ NSAIDsတွေနဲ့ ကုထုံးခံယူနေချိန်မှာ 20 mg ကနေ 40 mg အထိ တစ်နေ့ကို တစ်ကြိမ်
Aspiration prophylaxis for surgery (ခွဲစိတ်နေစဉ် အစာအိမ်အက်စစ်များ ဆန်မတက်လာစေရန်)
သောက်ဆေး: ခွဲစိတ်မှု မလုပ်ခင် တစ်ညအလိုမှာ 40 mg နဲ့ ခွဲခန်း မဝင်ခင် မနက်ခင်းမှာ 40 mg
အကြောဆေး : ဆရာဝန်က မေ့ဆေးမပေးခင် ၁ နာရီ အလိုမှာ 40 mg ဆေးတစ်ကြိမ် ပေးရပါမယ်။
ကလေးများအတွက် ဆေးပမာဏ
ကလေးတွေအတွက် ဆေးညွှန်းမရှိပါဘူး။ ဒီဆေးက ကလေးတွေ အသုံးပြုဖို့ စိတ်မချရပါဘူး။ ဒါကြောင့် ဆေးကို အသုံးမပြုခင်မှာ ဆေးနဲ့ ပတ်သက်တဲ့ ဘေးကင်းစိတ်ချရတဲ့ စံနှုန်းတွေကို တိတိကျကျ သိဖို့ လိုပါမယ်။ အချက်အလက်တွေ ပိုမို သိရှိနိုင်စေဖို့အတွက် ဆေးကို အသုံးမပြုခင်မှာ ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ သေချာတိုင်ပင်ဖို့ လိုပါမယ်။
Pantoprazole (ပန်တိုပရာဇော)ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Pantoprazole (ပန်တိုပရာဇော) အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးပြား : 20 mg; 40 mg
တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးပြား : 20 mg, 40 mg
ဖျော်သောက်ရန် ဆေးမှုန့် / အကြောဆေး: 40 mg
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Pantoprazole (ပန်တိုပရာဇော)ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။