မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Solmux Broncho (ဆောလ်မြူစ် ဘရွန်ခို) က ဆေးရဲ့ အမှတ်တံဆိပ် (Branded Drug) ပါ။ Salbutamol sulfate (လေပြွန်ကျယ်စေတဲ့ အာနိသင်ရှိတဲ့ဆေး) နဲ့ carbocisteine (ချွဲပျော်စေတဲ့ဆေး)တို့ ပေါင်းစပ်ထားတာပါ။
ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ဖတ်ပါ။ ဆေးရဲ့ ပါဝင်ပစ္စည်း အညွှန်းဇယားတွေနဲ့ ကုန်ဆုံးရက်တွေကို သေချာ ဖတ်ပါ။
ဆေးလုံးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆေးတစ်လုံးလုံးကို မျိုချပါ။ ဝါးမစားပါနဲ့၊ မချိုးပါနဲ့။ ရေနဲ့ပျော်အောင် ဖျော်တာမျိုး မလုပ်ပါနဲ့။ အစာနဲ့တွဲသောက်ရင် ပိုကောင်းပါတယ်။
ဆေးရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အိမ်မှာ သုံးတဲ့ ဇွန်းကို မသုံးရပါဘူး။ ဆေးသောက်ဖို့ ထည့်ပေးတဲ့ ဆေးချိန်ခွက်လေးနဲ့ပဲ ချိန်ပြီး တိုက်ပေးပါ။ ရေရောဖို့လိုရင် အညွှန်းအတိုင်း ရောပေးပါ။
Solmux Bronchoကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
Solmux Broncho (ဆောလ်မြူစ် ဘရွန်ခို)ကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်
Salbutamol ကို သောက်သုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကလေးတွေမှာ မွေးရာပါချို့ယွင်းမှု ပါလာတယ်လို့ မှတ်တမ်းတွေရှိပါတယ်။ ဒါပေမယ့်လည်း အဆိုပါ မိခင်တွေက ဒီဆေးနဲ့အတူ အခြားဆေးတွေကိုပါ သောက်သုံးမှုတွေရှိနေတာကြောင့် ကလေးမှာ ချို့ယွင်းချက်ဖြစ်ရတာဟာ Salbutamol ကြောင့်လို့ အတိအကျ ပြောဖို့ ခက်ပါတယ်။ Salbutamol ကသားအိမ်ကျုံ့ဆန့်မှုအပေါ်မှာ သက်ရောက်မှုရှိနေတာကြောင့် မီးဖွားချိန်မှာ မသောက်သုံးသင့်ပါဘူး။
Carbocisteine အသုံးပြုမှုက ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဘေးကင်းစိတ်ချရလားဆိုတာကို တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
နို့တိုက်မိခင်
Salbutamol က မိခင်နို့ရည်ထဲမှာကျန်နေတတ်ပါတယ်။ ဒါကြောင့် မိခင်နို့တိုက်ကျွေးနေတာ၊ မိခင်နို့တိုက်ကျွေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံး သေချာ တိုင်ပင်ပါ။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Solmux Bronchoက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။
Solmux Bronchoက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
တစ်ခါသောက်ရင် ဆေးတောင့် တစ်တောင့် ဒါမှမဟုတ် ဆေးရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (5 mL) ၆ နာရီ ကနေ ၈ နာရီ ခြားပြီး သောက်ပါ။
သတိပြုရန် – ဆေးမသောက်ခင်မှာ ဆေးရည်ပုလင်းကို သေချာ လှုပ်ပြီးမှ သောက်ပါ။
၁၂ နှစ်အထက်- လူကြီးတွေ သောက်တဲ့ ဆေးညွှန်းအတိုင်း တိုက်ပေးလို့ရပါတယ်။
၆ နှစ် ကနေ ၁၂ နှစ်- တစ်ခါ သောက်ရင် 2.5 ml [ လက်ဖက်ရည်ဇွန်း တဝက်] ကို ၆ နာရီ ကနေ ၈ နာရီခြားတစ်ခါ တိုက်ပေးပါ။
အသက် ၆ နှစ်အောက် ကလေးတွေကို မတိုက်သင့်ပါဘူး။
သတိပြုရန် – ဆေးမသောက်ခင်မှာ ဆေးရည်ပုလင်းကို သေချာ လှုပ်ပြီးမှ သောက်ပါ။
Solmux Broncho (ဆောလ်မြူစ် ဘရွန်ခို)ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
Solmux Broncho ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။