backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Progesterone (ပရိုဂျက်စတရုန်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Progesterone (ပရိုဂျက်စတရုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Progesteroneသည်မျိုးဥကြွေခြင်းနှင့်ဓမ္မတာလာခြင်းအတွက်အရေးကြီးသောအမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်သည်။ သွေးမဆုံးသေးသော်လည်း Progesterone ဟော်မုန်းမရှိခြင်းကြောင့်ဓမ္မတာမလာသောအမျိုးသမီးများတွင်ဓမ္မတာလာစေရန် Progesterone ကိုအသုံးပြုသည်။ ထို့အပြင် estrogen ဟော်မုန်းဆေးသောက်သုံးနေရသောသွေးဆုံးပြီးသူအမျိုးသမီးများတွင်သားအိမ်ကိုကာရံထားသောတစ်ရှူးများအလွန်အကျွံပွားလာခြင်းအားကာကွယ်ရန်အတွက်လည်း Progesterone ကိုသုံးနိုင်သည်။

အထက်တွင်ဖော်ပြထားသောအသုံးပြုမှုများအပြင်အခြားသောရည်ရွယ်ချက်များဖြင့်လည်း Progesterone ကိုအသုံးပြုကောင်း ပြုကြလိမ့်မည်။

Progesterone (ပရိုဂျက်စတရုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Progesterone ကိုဓမ္မတာလာချိန်အတွင်း၆ရက်မှ၁၂ရက်အထိသာပေးလေ့ရှိသည်။ ဆေးအာနိသင်ထိရောက်မှုရှိစေရန်ဆေးကိုအချိန်မှန်မှန်သောက်ရန်အထူးအရေးကြီးသည်။ ဆေးသောက်ရန်မမေ့ပါစေနှင့်။

ဆေးကိုအာနိသင်ထက်မြက်စွာနှင့်စိတ်ချရစွာအသုံးပြုနိုင်ရေးအတွက်ဆေးနှင့်အတူပါဝင်လာသောလမ်းညွှန်ချက်ကိုသေချာစွာဖတ်ရှုပြီးတိကျစွာလိုက်နာရပါမည်။ မရှင်းလင်းသည်များရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်တို့ထံမေးမြန်းပါ။

Progesterone ကိုရေတစ်ဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ လိမ်းဆေးအဖြစ်အသုံးပြုလျှင်ဆရာဝန်ညွှန်ကြားသည့်အတိုင်းတိကျစွာလိုက်နာပါ။ ထိုးဆေးအဖြစ်အသုံးပြုပါကအသားထိုးဆေးအဖြစ်အသုံးပြုရပါသည်။ သင့်ဆရာဝန်၊သူနာပြုသို့မဟုတ်ကျန်းမာရေးစောင့်ရှောက်သူတို့ကဆေးထိုးပေးပါလိမ့်မည်။ အိမ်တွင်ထိုးဆေးကိုမည်သို့အသုံးပြုရမည်နှင့်စပ်လျဉ်း၍သင့်ကိုလိုက်နာအသုံးပြုရန်လမ်းညွှန်ချက်များကိုလည်းဆရာဝန်ကပေးပါလိမ့်မည်။ ထိုအသုံးပြုရန်လမ်းညွှန်ချက်များကိုသေချာစွာနားမလည်လျှင် ဖြစ်စေ၊ဆေးမည်သို့ထိုးရမည်ကိုမသိလျှင် ဖြစ်စေ၊တစ်ခါသုံးဆေးထိုးအပ်ကိုမည်သို့စွန့်ပစ်ရမည်ကိုမသိလျှင်ဖြစ်စေဤဆေးကိုအိမ်တွင်အသုံးမပြုပါနှင့်။

Progesterone သည်အချို့သောဆေးစစ်ချက်ရလဒ်များကိုပြောင်းလဲစေနိုင်သဖြင့်သင်Progesteroneသုံးစွဲနေကြောင်းကိုသင့်အားကုသပေးသည့်ဆရာဝန်ကိုကြိုတင်အသိပေးပါ။

Progesterone ကိုသုံးစွဲနေစဉ်အချိန်အတွင်းသင့်ဆရာဝန်အနေဖြင့်သင့်အားပုံမှန်စမ်းသပ်စစ်ဆေးနေရန်လိုအပ်ပါသည်။ ထို့ကြောင့်ဆရာဝန်ချိန်းဆိုသောရက်ချိန်းများအတိုင်းမပျက်မကွက်သွားရောက်ပြသပါ။

Progesterone (ပရိုဂျက်စတရုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Progesteroneကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Progesteroneကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Progesteroneဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Progesteroneကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Progesteroneကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Progesterone (ပရိုဂျက်စတရုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Progesterone ဆေးသောက်သုံးမည်ဆိုလျင်အောက်ပါအခြေအနေများကိုသတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Progesterone ဆေးနှင့်သို့မဟုတ်အခြားသောဆေးများနှင့်ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးပါကဆရာဝန်ကိုသေချာစွာအသိပေးပါ(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။ ဆရာဝန်ညွှန်ကြားသည့်ဆေးမဟုတ်ပါကဆေးညွှန်းကိုသေချာစွာဖတ်ပါ။

  • ကလေးသူငယ်များ

ကလေးငယ်များတွင် Progesterone ကိုအသုံးမပြုရပါ။ ဆေး၏အကျိုးအာနိသင်ထိရောက်မှုသို့မဟုတ်လုံခြုံစိတ်ချရမှုကိုမသိရှိနိုင်ပါ။

  • သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရသက်ကြီးရွယ်အိုများတွင် Progesterone ၏အသုံးဝင်မှုဆေးစွမ်းကိုကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော်သက်ကြီးရွယ်အိုများသည်ရင်သားကင်ဆာ၊လေဖြတ်ခြင်းသို့မဟုတ်သတိမေ့လျော့တတ်ခြင်းတို့ကိုခံစားရနိုင်ချေများသဖြင့်အသက်ကြီးသူများတွင်Progesterone ကိုအသုံးပြုပါကသတိနှင့်ယှဉ်၍အသုံးပြုရမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Progesterone (ပရိုဂျက်စတရုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။

အောက်ပါလက္ခဏာများခံစားရပါက Progesterone သောက်သုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နှင့်အမြန်ပြသပါ။

  • ရုတ်တရက်ထုံလာခြင်းသို့မဟုတ်အားနည်းလာခြင်း (အထူးသဖြင့်ခန္တာကိုယ်တစ်ခြမ်း)
  • ရုတ်တရက်ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊မျက်လုံးနောက်မှနာကျင်ခြင်း၊အမြင်အာရုံ၊စကားပြောခြင်းနှင့်ခန္တာကိုယ်ဟန်ချက်ထိန်းရာတို့တွင် ပြဿနာများရှိခြင်း။
  • နှလုံးခုန်မြန်ခြင်း။
  • ရင်ဘတ်အောင့်ခြင်း၊ရင်ထဲတင်းကြပ်နေခြင်း၊နာကျင်ခြင်းသည်လက်မောင်းသို့မဟုတ်ပုခုံးသို့ပျံ့သွားခြင်း၊ပျို့ခြင်း၊ချွေးထွက်ခြင်း၊နေရထိုင်ရမအီမသာဖြစ်ခြင်း။
  • မိန်းမကိုယ်မှပုံမှန်မဟုတ်သောသွေးဆင်းခြင်း။
  • ခေါင်းတစ်ခြမ်းထိုးကိုက်ခြင်း။
  • ဗိုက်နာခြင်း၊ငွေ့ငွေ့ဖျားခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊အသားဝါခြင်း။
  • လက်၊ခြေ၊ခြေကျင်းဝတ်စသည်တို့ဖောရောင်ခြင်း။
  • ချမ်းတုန်ဖျားခြင်း၊တုပ်ကွေးကဲ့သို့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း။
  • ရင်သားတွင်အကြိတ်စမ်းမိခြင်း။
  • စိတ်ကျဝေဒနာများခံစားရခြင်း (အိပ်မပျော်ခြင်း၊အားနည်းခြင်း၊စိတ်ခံစားချက်များပြောင်းလဲခြင်း)။

သာမန်ဘေးထွက်ဆိုးကျိုးများမှာ

  • အနည်းငယ်ပျို့ခြင်း၊ဝမ်းလျှောခြင်း၊လေထခြင်း၊ဗိုက်ထဲမှရစ်ပြီးနာခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း၊ချာချာလည်နေသလိုခံစားရခြင်း။
  • တကိုယ်လုံးပူနွေးနီရဲခြင်း။
  • အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း။
  • ရင်သားနာခြင်း၊တင်းခြင်း။
  • ချောင်းဆိုးခြင်း။
  • ဝက်ခြံများထွက်လာခြင်း၊အမွှေးအမျှင်များပိုပေါက်လာခြင်း။
  • ကိုယ်အလေးချိန်ပြောင်းလဲခြင်း။
  • မိန်းမကိုယ်ယားယံခြင်း၊ခြောက်ခြင်း၊အရည်များဆင်းခြင်း။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Progesterone (ပရိုဂျက်စတရုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။

အောက်ပါလက္ခဏာများခံစားရပါက Progesterone သောက်သုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နှင့်အမြန်ပြသပါ။

  • ရုတ်တရက်ထုံလာခြင်းသို့မဟုတ်အားနည်းလာခြင်း (အထူးသဖြင့်ခန္တာကိုယ်တစ်ခြမ်း)
  • ရုတ်တရက်ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊မျက်လုံးနောက်မှနာကျင်ခြင်း၊အမြင်အာရုံ၊စကားပြောခြင်းနှင့်ခန္တာကိုယ်ဟန်ချက်ထိန်းရာတို့တွင် ပြဿနာများရှိခြင်း။
  • နှလုံးခုန်မြန်ခြင်း။
  • ရင်ဘတ်အောင့်ခြင်း၊ရင်ထဲတင်းကြပ်နေခြင်း၊နာကျင်ခြင်းသည်လက်မောင်းသို့မဟုတ်ပုခုံးသို့ပျံ့သွားခြင်း၊ပျို့ခြင်း၊ချွေးထွက်ခြင်း၊နေရထိုင်ရမအီမသာဖြစ်ခြင်း။
  • မိန်းမကိုယ်မှပုံမှန်မဟုတ်သောသွေးဆင်းခြင်း။
  • ခေါင်းတစ်ခြမ်းထိုးကိုက်ခြင်း။
  • ဗိုက်နာခြင်း၊ငွေ့ငွေ့ဖျားခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊အသားဝါခြင်း။
  • လက်၊ခြေ၊ခြေကျင်းဝတ်စသည်တို့ဖောရောင်ခြင်း။
  • ချမ်းတုန်ဖျားခြင်း၊တုပ်ကွေးကဲ့သို့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း။
  • ရင်သားတွင်အကြိတ်စမ်းမိခြင်း။
  • စိတ်ကျဝေဒနာများခံစားရခြင်း (အိပ်မပျော်ခြင်း၊အားနည်းခြင်း၊စိတ်ခံစားချက်များပြောင်းလဲခြင်း)။

သာမန်ဘေးထွက်ဆိုးကျိုးများမှာ

  • အနည်းငယ်ပျို့ခြင်း၊ဝမ်းလျှောခြင်း၊လေထခြင်း၊ဗိုက်ထဲမှရစ်ပြီးနာခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း၊ချာချာလည်နေသလိုခံစားရခြင်း။
  • တကိုယ်လုံးပူနွေးနီရဲခြင်း။
  • အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း။
  • ရင်သားနာခြင်း၊တင်းခြင်း။
  • ချောင်းဆိုးခြင်း။
  • ဝက်ခြံများထွက်လာခြင်း၊အမွှေးအမျှင်များပိုပေါက်လာခြင်း။
  • ကိုယ်အလေးချိန်ပြောင်းလဲခြင်း။
  • မိန်းမကိုယ်ယားယံခြင်း၊ခြောက်ခြင်း၊အရည်များဆင်းခြင်း။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Progesterone (ပရိုဂျက်စတရုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Progesteroneဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးများကိုယေဘုယျအားဖြင့် Progesterone နဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ဆေးနှစ်မျိုးလုံးကိုသောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့်ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ်ဆေးသောက်ရမည့်အကြိမ်ရေကိုပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။

  • Dabrafenib
  • Eslicarbazepine acetate

အစားအသောက်တွေနဲ့ အရက်က Progesterone (ပရိုဂျက်စတရုန်း) နဲ့ ဓါတ်ပြုနိုင်သလား

Progesteroneကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Progesterone (ပရိုဂျက်စတရုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Progesteroneဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်

  • မိန်းမကိုယ်မှပုံမှန်မဟုတ်သောသွေးဆင်းခြင်း။
  • မြေပဲသို့မဟုတ်မြေပဲဆီနှင့်ဓါတ်မတည့်ခြင်း။
  • ရင်သားကင်ဆာဖြစ်ဖူးခြင်း၊ဖြစ်နေသည်ဟုယူဆခြင်း။
  • နှလုံးရောဂါ ဖောက်ဖူးခြင်း။
  • အသည်းရောဂါရှိခြင်း။
  • လေဖြတ်နေခြင်း၊ လေဖြစ်ဖူးခြင်း——–>ဤအခြေအနေများတွင်မသုံးသင့်ပါ။
  • ပန်းနာရင်ကျပ်ရှိခြင်း။
  • ဆီးချိုရှိခြင်း။
  • ဖောရောင်ခြင်းများရှိခြင်း။
  • Endometriosis ဟုခေါ်သောသားအိမ်တစ်ရှူးများသားအိမ်ပြင်ပရောက်ကာပုံမမှန်သွေးဆင်းသည့်အမျိုးသမီးရောဂါရှိခြင်း။
  • အတက်ရောဂါရှိခြင်း။
  • နှလုံးရောဂါရှိခြင်း။
  • သွေးထဲတွင်ကယ်လ်ဆီယမ်ဓါတ်များခြင်း။
  • သွေးထဲတွင်ကိုလက်စထရောဓါတ်များ ခြင်း။
  • သွေးတိုးရှိခြင်း။
  • ကျောက်ကပ်ရောဂါရှိခြင်း။
  • ခေါင်းတခြမ်းထိုးကိုက်သောရောဂါရှိခြင်း။
  • အရေပြားလေးဖက်နာရောဂါရှိခြင်း။
  • သိုင်းရွိုက်ဂလင်း ပြဿနာများရှိခြင်း —–>အခြေအနေကိုပိုဆိုးစေနိုင်သဖြင့်သတိထားအသုံးပြုပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည်ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေအမြဲဆွေးနွေးတိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Progesterone (ပရိုဂျက်စတရုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရာသီမလာခြင်းအတွက်

—->၅ – ၁၀မီလီဂရမ်ကိုအသားထိုးဆေးအဖြစ် ၆ရက်မှ၈ရက်ဆက်တိုက်ထိုးရမည်။ ၄၀၀မီလီဂရမ်ကို သောက်ဆေးအဖြစ် ၁၀ရက်သောက်ရမည်။ (ဆေးထိုးဆေ းသောက်ခြင်းကိုညနေဘက်တွင် ပြုလုပ်ပါ)။

သားအိမ်မှသွေးဆင်းခြင်းအတွက်

—–>၅ – ၁၀မီလီဂရမ်ကိုအသားထိုးဆေးအဖြစ ၆ကြိမ်ထိုးရမည်။

သားအိမ်တစ်ရှူးများအလွန်အကျွံပွားပြီးကင်ဆာဖြစ်ခြင်းမှကာကွယ်ရန်အတွက်

——>၂၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ် ( ၂၈ရက်ရာသီစက်ဝန်းတိုင်းအတွက် )၁၂ရက်ဆက်တိုက်ပေးရမည်။ (ဆေးသောက်ခြင်းကိုညနေဘက်တွင် ပြုလုပ်ပါ)။

Progesterone မလုံလောက်ခြင်းအတွက်

  • မျိုးပွားအထောက်အကူပြုနည်းလမ်းများ – ဂျယ်လ်ပုံစံ
  • Progesterone ဖြည့်စွက်ရန်လိုအပ်သောအမျိုးသမီးများတွင်၈ ရာခိုင်နှုန်းဂျယ်လ်၉၀မီလီဂရမ်ကိုတစ်နေ့လျှင်တစ်ကြိမ်မိန်းမကိုယ်ကိုလိမ်းပေးရမည်။
  • မျိုးဥအိမ်မှာအတော်အသင့်သို့မဟုတ်လုံးဝအလုပ်မလုပ်တော့သဖြင့်အစားထိုးရန်လိုအပ်သောအမျိုးသမီးများတွင်၈ ရာခိုင်နှုန်းဂျယ်လ်၉၀မီလီဂရမ်ကိုတစ်နေ့လျှင်နှစ်ကြိမ်မိန်းမကိုယ်ကိုလိမ်းပေးရမည်။

အကယ်၍ကိုယ်ဝန်ရှိလာခဲ့လျှင်လည်းဂျဲလ်လိမ်းခြင်းကိုကိုယ်ဝန်၁၀ပတ်သို့မဟုတ်၁၂ပတ်ခန့်အထိ (အချင်းမြဲသည်အထိ) ဆက်လိမ်းပေးရပါမည်။

  • မျိုးပွားအထောက်အကူပြုနည်းလမ်းများ- မိန်းမကိုယ်ထဲထည့်သွင်းရသောဆေးတောင့်
  • ၁၀၀မီလီဂရမ်ကိုတစ်နေ့လျှင်၂ကြိမ်သို့မဟုတ်၃ကြိမ်ထည့်ပေးပါ။ မျိုးဥပြန်လည်ရရှိချိန်မှစပြီးစုစုပေါင်း၁၀ပတ်ခန့်အထိသုံးရပါမည်။ အသက်၃၅နှစ်ထက်ကြီးသောအမျိုးသမီးများတွင်အာနိသင်ထိရောက်မှုရှိမရှိရှင်းလင်းစွာမသိရပါ။ အသက်အရွယ်အလိုက်သုံးသင့်သောဆေးပမာဏကိုမဆုံးဖြတ်ရသေးပါ။

ကိုယ်ဝန်လမစေ့မီမီးဖွားခြင်းအတွက်

( National Institute of Child Health and Human Development–NICHD မှလူအယောက်၄၅၉ယောက်တွင်လေ့လာချက်အရ)

ထပ်မံ၍လမစေ့ဘဲမွေးဖွားခြင်းကိုကာကွယ်ရန် : 17-alpha-hydroxyprogesterone caproate (17P) ကိုကိုယ်ဝန်၂၁ပတ်မှစ၍မီးဖွားချိန်အထိသို့မဟုတ်ကိုယ်ဝန်၃၆ပတ်အထိတစ်ပတ်လျှင်တခါအသားထိုးဆေးအဖြစ်ထိုးပေးရမည်။

(လူအယောက်၁၄၂ယောက်တွင်လေ့လာချက်အရ) လမစေ့ဘဲမီးဖွားနိုင်ချေများသောအမျိုးသမီးများတွင်ထိုသို့ဖြစ်ခြင်းကိုလျှော့ချရန် : ကိုယ်ဝန်၂၄ပတ်နှင့်၃၄ပတ်ကြားတွင်၁၀၀မီလီဂရမ်မိန်းမကိုယ်ထည့်ဆေးတောင့်ကိုနေ့စဉ်ထည့်ပေးရမည်။

အတက်ရောဂါအတွက်

(လူအယောက်၂၅ယောက်တွင်လေ့လာချက်အရ)

Catamenial epilepsy (complex partial or secondary generalized motor seizures) အတက်ရောဂါအတွက် : ဓမ္မတာစက်ဝန်း၏ luteal phase (သားဥအိမ်မှမျိုးဥကြွေပြီးချိန် နှင့် ရာသီမလာခင်စပ်ကြား)တွင်အတက်ဝေဒနာပိုခံစားရခြင်းနှင့်စပ်လျဉ်း၍၂၀၀မီလီဂရမ်လျှာအောက်ငုံဆေးပြားကိုတစ်နေ့လျှင်၃ကြိမ်နှုန်းဖြင့်နေ့စဉ်ငုံရမည်။ ရာသီလာနေစဉ်အတက်ဝေဒနာပိုဆိုးသူအမျိုးသမီးများအတွက်ဆေးကိုရာသီစက်ဝန်း၏၂၃၊၂၄နှင့်၂၅ရက်များတွင်ပေးရမည်ဖြစ်ပြီး luteal phase တစ်လျှောက်လုံးအတက်ဝေဒနာပိုဆိုးသူအမျိုးသမီးများအတွက်ဆေးကိုရာသီစက်ဝန်း၏၁၅ရက်မြောက်နေ့မှစ၍၂၅ရက်မြောက်နေ့အထိပေးရမည်။

ဖြစ်သင့်သည့်သွေးတွင်း Progesterone ပမာဏမှာငုံဆေးငုံပြီးနောက်လေးနာရီအကြာတွင် 5 နှင့် 25ng/ml ရှိရမည်ဖြစ်သည်။ လူနာအားလုံးအနေဖြင့်အတက်ရောဂါအတွက်အသုံးပြုနေသောမိမိအတွက်အကောင်းဆုံးဖြစ်သည့်ဆေးများကိုလည်းဆက်လက်သုံးစွဲရမည်ဖြစ်သည်။

သွေးဆုံးကိုင်ဝေဒနာအတွက်

သွေးဆုံးခါနီးနှင့်သွေးဆုံးချိန်တွင် Progesterone ချို့တဲ့ခြင်းအတွက်

  • Progesterone ၁.၇ ရာခိုင်နှုန်းခရင်မ်လိမ်းဆေး :လက်ဖက်ရည်ဇွန်းတစ်ဝက်သို့မဟုတ်လေးပုံတစ်ပုံခန့်ကိုလက်ဖဝါး၊ခြေဖဝါးသို့မဟုတ်အခြားနူးညံ့သောအရေပြားနေရာများသို့တစ်နေ့လျှင်၁ကြိမ်သို့မဟုတ်၂ကြိမ်လိမ်းပေးပါ။

ကလေးတွေအတွက် Progesterone (ပရိုဂျက်စတရုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၈နှစ်အောက်ကလေးများတွင် Progesterone ၏အာနိသင်အကျိုးသက်ရောက်မှုကိုအတိအကျမသိရှိရပါ။

Progesterone (ပရိုဂျက်စတရုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Progesteroneကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • ဆေးတောင့် ၁၀၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

Progesteroneကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement