backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pristiq

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Pristiq ကို ဘာအတွက်အသုံးပြုကြသလဲ

Pristiqဟာselective serotoninနဲ့norepinephrine reuptake inhibitors(SNRIs)လို့ခေါ်တဲ့ဆေးအုပ်စုထဲမှာပါဝင်တဲ့စိတ်ကျရောဂါကုဆေးတစ်မျုးဖြစ်ပါတယ်။Desvenlafaxineဟာစိတ်ကျရောဂါခံစားနေရတဲ့လူတွေရဲ့ဦးနှောက်ထဲမှာမညီမမျှဖြစ်နေတဲ့ဓါတ်ပစ္စည်းတွေကိုထိန်းညှိပေးပါတယ်။

Pristiqကိုအဓိကစိတ်ကျခြင်းရောဂါကိုကုသရန်အတွက်သုံးပါတယ်။

Pristiqကိုယခုဆေးညွှန်းထဲမှာမပါတဲ့အခြားအခြေအနေတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။

Pristiq ဘယ်လိုသောက်သုံးသင့်သလဲ

Pristiqကိုသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျသုံးပါ။ ဆေးညွှန်းမှာပါတဲ့ညွှန်ကြားချက်အားလုံးကိုလိုက်နာပါ။ ယခုဆေးကိုပမာဏတိုးသောက်ခြင်း၊လျှော့သောက်ခြင်းနဲ့ညွှန်ကြားထားသည်ထက်အချိန်ပိုကြာအောင်သောက်ခြင်းများမပြုလုပ်ပါနဲ့။

Pristiqကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပါတယ်။ ဆေးကိုနေ့တိုင်းအချိန်တစ်ခုထားပြီးပုံမှန်သောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားတဲ့ဆေးပြားတွေကိုအမှုန့်မချေပါနဲ့။ ဝါးမစားပါနဲ့။ မချိုးဖဲ့ပါနဲ့။ ဆေးကိုတစ်လုံးလုံးသောက်ပါ။

သင့်ရောဂါလက္ခဏာတွေသက်သာဖို့ရက်သတ္တပတ်အတော်ကြာနိုင်ပါတယ်။ ဆေးကိုညွှန်ကြားထားတဲ့အတိုင်းဆက်သောက်ပါ။ သင့်ရောဂါလက္ခဏာတွေမသက်သာပါကဆရာဝန်ကိုပြောပြပါ။

သင့်ရဲ့သွေးပေါင်ချိန်ကိုမကြာခဏတိုင်းဖို့လိုအပ်ပါတယ်။

Pristiqဆေးသောက်တာကိုရုတ်တရက်မရပ်လိုက်ပါနဲ့။ သင့်မှာဆေးဖြတ်ခြင်းရဲ့လက္ခဏာတွေရနိုင်ပါတယ်။ ဆေးသုံးတာကိုဘေးကင်းကင်းနဲ့ဘယ်လိုရပ်ရမလဲဆိုတာကိုသင့်ဆရာဝန်ကိုမေးမြန်းပါ။

Pristiq ဘယ်လိုသိမ်းဆည်းရမလဲ

Pristiqကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Pristiqဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Pristiqကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Pristiq အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဆေးအသုံးမပြုခင်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်ကလေးနို့တိုက်နေချိန်-အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင်ဘယ်ဆေးကိုမဆိုဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများသောက်သုံးနေချိန်-တိုင်းရင်းဆေး၊အားဖြည့်ဆေးများအပါအဝင်သင်လက်ရှိသောက်သုံးနေတဲ့ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။

Pristiqသို့မဟုတ်အခြားဆေးဝါးများတွင်ပါဝင်သည့်ပစ္စည်းတစ်မျိုးမျိုးနှင့်ဓါတ်မတည့်ခြင်း

ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း

တကယ်လို့သင့်ကိုlinezolidဆေးသို့မဟုတ်methylene blueထိုးဆေးနဲ့ကုသနေတယ်ဆိုပါကPristiqဆေးကိုမသုံးသင့်ပါဘူး။

သင်ဟာလွန်ခဲ့တဲ့၁၄ရက်အတွင်းMAO inhibitorဆေးတစ်မျိုးမျိုးကိုသုံးထားပါကPristiqဆေးကိုမသုံးပါနဲ့။ အန္တရာယ်ရှိတဲ့ဆေးဝါးဓါတ်ပြုမှုဖြစ်နိုင်ပါတယ်။MAO inhibitors ဆေးတွေကတော့isocarboxazid,phenelzine,rasagiline,selegiline,နဲ့ tranylcypromineတို့ဖြစ်ကြပါတယ်။ သင်ယခုဆေးသုံးတာကိုရပ်ပြီးMAOIဆေးစမသုံးခင်အနည်းဆုံးနဲ့၇ရက်စောင့်ရပါမယ်။

အချို့လူငယ်တွေမှာစိတ်ကျရောဂါကုဆေးတစ်မျိုးကိုပထမဆုံးအကြိမ်သောက်တဲ့အခါမိမိကိုယ်ကိုသတ်သေဖို့အတွေးတွေတွေးတတ်ကြပါတယ်။ သင်Pristiqဆေးကိုသုံးနေတဲ့အခါသင့်ရောဂါအခြေအနေတိုးတက်မှုကိုဆရာဝန်အနေနဲ့ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ သင်ရဲ့မိသားစုဝင်တွေသို့မဟုတ်သင့်ကိုစောင့်ရှောက်တဲ့သူတွေအနေနဲ့လည်းသင့်ရဲ့စိတ်နေစိတ်ထားနဲ့ရောဂါလက္ခဏာတွေပြောင်းလဲမှုအပေါ်ကိုအမြဲသတိထားနေသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Pristiq ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPristiq ကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Pristiq ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Pristiqနဲ့ဓါတ်မတည့်တဲ့အောက်ပါလက္ခဏာတွေခံစားရပါကအရေးပေါ်ဆေးကုသမှုခံယူပါ။ အရေပြားတွင်အဖုအပိန့်များထွက်ခြင်း၊အသက်ရှူရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာနဲ့လည်ချောင်းများရောင်ခြင်း။

ရောဂါလက္ခဏာအသစ်တွေသို့မဟုတ်အရင်ရှိပြီးသားလက္ခဏာတွေပိုဆိုးလာပါကသင့်ဆရာဝန်ကိုပြောပြပါ။ဥပမာ စိတ်ပိုင်းဆိုင်ရာနဲ့အမူအရာများပြောင်းလာခြင်း၊စိတ်ပူပန်ခြင်း၊စိုးရိမ်ကြောက်လန့်ခြင်း၊အိပ်မပျော်ခြင်းသို့မဟုတ်သင့်မှာတစ်ခုခုကိုလုပ်ရန်အလွန်စိတ်အားထက်သန်နေခြင်း၊စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊စိတ်ခံစားလွယ်ခြင်း၊ရန်လိုနေခြင်း၊ဂနာမငြိမ်ခြင်း၊ပုံမှန်ထက်ပို၍တက်ကြွနေခြင်း(စိတ်ပိုင်းရောရုပ်ပိုင်းပါ)၊ပိုပြီးစိတ်ဓါတ်ကျနေခြင်းသို့မဟုတ်မိမိကိုယ်ကိုသတ်သေရန်တွေးခြင်း၊မိမိကိုယ်ကိုထိခိုက်ရန်ကြံစည်ခြင်း။

သင့်မှာအောက်ပါအခြအနေတွေရှိပါကဆရာဝန်ကိုချက်ချင်းခေါ်ပါ။

တက်ခြင်း

အလွယ်တကူအညိုအမည်းစွဲခြင်း၊သွေးထွက်ခြင်း(နှာခေါင်းသွေးယိုခြင်း၊သွားဖုံးသွေးယိုခြင်း)၊ဆီးနဲ့ဝမ်းထဲတွင်သွေးပါခြင်း၊ချောင်းဆိုရင်သွေးပါခြင်း။

အမြင်ဝေဝါးခြင်း၊မျက်လုံးနာခြင်း၊ရောင်ခြင်း၊အလင်းရောင်ကိုကြည့်ရင်မျက်လုံးကြိမ်းစပ်ခြင်း

ချောင်းဆိုးခြင်း၊ရင်ဘတ်ထဲတွင်တင်းကြပ်ကြပ်ဖြစ်ခြင်း၊အသက်ရှူရခက်ခဲခြင်း

ခန္ဓါကိုယ်ထဲတွင်serotoninများခြင်းကြောင့်စိတ်ခံစားလွယ်ခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊ဖျားခြင်း၊နှလုံးခုန်မြန်ခြင်း၊တုံ့ပြန်မှုများပုံမှန်ထက်ပိုများနေခြင်း၊ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း၊အလုပ်ပုံမှန်မလုပ်နိုင်တော့ခြင်း၊သတိလစ်ခြင်းတွေရနိုင်ပါတယ်။

ခန္ဓါကိုယ်ထဲမှာဆိုဒီယမ်ပမာဏနည်းခြင်းကြောင့်ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊စကားမပီခြင်း၊ပြင်းပြင်းထန်ထန်အားနည်းခြင်း၊အန်ခြင်း၊အလုပ်ပုံမှန်မလုပ်နိုင်တော့ခြင်း၊ပုံမှန်မဟုတ်သလိုခံစားရခြင်းတွေရနိုင်ပါတယ်။

ပုံမှန်ရတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

မူးဝေခြင်း၊အိပ်ငိုက်ခြင်း၊စိတ်ပူပန်ခြင်း

ချွေးထွက်များခြင်း

အပျော့စားပျို့ခြင်း၊ခံတွင်းပျက်ခြင်း၊ဝမ်းချုပ်ခြင်း

အမြင်အာရုံများပြောင်းလဲခြင်း

အိပ်စက်ခြင်းနဲ့ဆိုင်သောပြသနာများ(ဥပမာအိပ်မပျော်ခြင်း)

လိင်ပိုင်းဆိုင်ရာခံစားချက်များလျော့လာခြင်း၊ပန်းသေပန်းညှိုးဖြစ်ခြင်း၊လိင်မှုကိစ္စခံစားမှုရရှိရန်ခက်ခဲခြင်း။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Pristiq နဲ့ ဓါတ်ပြုနိုင်သလဲ

Pristiqကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့

အခြားစိတ်ကျရောဂါကုဆေးများ

sibutramine

John’swort

Tramadol

Tryptophan(L-tryptophanလို့လည်းတစ်ခါတစ်လေခေါ်ပါတယ်)

စိတ်ခံစားချက်များမူမမှန်ခြင်း၊အတွေးများမူမှန်ခြင်းနဲ့စိတ်ရောဂါများကိုကုဥည့်ဆေးများ–amitriptyline,buspirone,lithium,nortriptyline,နဲ့အခြားဆေးများ

ခေါင်းတစ်ခြမ်းကိုက်သောရောဂါကိုကုသသည့်ဆေးများ–sumatriptan,zolmitriptan,နဲ့အခြားဆေးများ

Warfarin(Coumadin,Jantoven)

အစားအသောက်တွေနဲ့ အရက်က Pristiq နဲ့ ဓါတ်ပြုနိုင်သလား

Pristiqဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Pristiq နဲ့ ဓါတ်ပြုနိုင်သလဲ

Pristiqဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

ယခုဆေးနဲ့သက်ရောက်မှုရှိနိုင်တဲ့ကျန်းမာရေးအခြေအနေတွေကတော့

စိတ်နှစ်ခွဖြစ်နေခြင်း

အသည်းရောဂါ၊ကျောက်ကပ်ရောဂါ

နှလုံးရောဂါ၊သွေးပေါင်တက်ခြင်း၊ကိုလက်စရောများခြင်း၊အရင်ကလေဖြတ်ဖူးခြင်း

မျက်လုံးထဲတွင်ရုတ်တရက်ရေများစုသောရောဂါ

အတက်ရောဂါ၊ဝက်ရူးပြန်ရောဂါ

သွေးမတိတ်သောရောဂါ၊သွေးခဲခြင်းဆိုင်ရာပြသနာများ

သွေးထဲတွင်ဆိုဒီယမ်ပမာဏနည်းခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Pristiq ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ညွှန်ကြားထားတဲ့ဆေးပမာဏကတော့ဆေး၅၀မီလီဂရမ်ကိုတစ်နေ့တစ်ကြိမ်သောက်ရန်ဖြစ်ပြီးအစာနဲ့ရောအစာမရှိချိန်မှာပါသောက်လို့ရပါတယ်။

ဆေး၅၀မီလီဂရမ်ဟာဆေးကိုစသောက်ရမယ့်ပမာဏဖြစ်ပြီးရောဂါကုသဖို့ထိရောက်တဲ့ဆေးပမာဏလည်းဖြစ်ပါတယ်။

Pristiqဆေးကိုနေ့တိုင်းအချိန်တစ်ခုမှာပုံသေထားပြီးသောက်သင့်ပါတယ်။ ဆေးပြားတွေကိုအရည်တစ်မျိုးမျိုးနဲ့တစ်လုံးလုံးသောက်ရပါမယ်။ ဆေးကိုချိုးဖဲ့ခြင်း၊အမှုန့်ချေခြင်း၊ဝါးစားခြင်းနဲ့အရည်ဖျော်သောက်ခြင်းများမလုပ်ပါနဲ့။

ကလေးတွေအတွက် Pristiq ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာတွေအတွက်သောက်ရမယ့်ဆေးပမာဏကိုသတ်မှတ်ထားခြင်းမရှိပါ။ ယခုဆေးဟာသင့်ကလေးအတွက်ဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးကြောင့်အန္တရာယ်ရှိမရှိကိုကောင်းကောင်းနားလည်ထားဖို့အမြဲတမ်းအရေးကြီးပါတယ်။ အသေးစိတ်သိရှိလိုပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Pristiq ကိုဘယ်လိုရရှိနိုင်သလဲ

Pristiqကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

Desvenlafaxine succinate ၅၀မီလီဂရမ်ပါဝင်ပြီးဆေးအာနိသင်ကြာရှည်ခံအောင်လုပ်ထားသောဆေးပြားပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Pristiqဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement