အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ
- ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်
၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄ နာရီခြားကနေ ၆ နာရီခြား တစ်ကြိမ် လိုအပ်သလို သောက်ပေးလို့ ရပါတယ်။
ကနဦးဆေးပမာဏ : ၄၀၀ – ၈၀၀ မီလီဂရမ်ကို ၆နာရီခြားကနေ ၈နာရီခြား တစ်ကြိမ် သောက်ပေးလို့ ရပါတယ်။
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါအတွက်
ကနဦးဆေးပမာဏ : ၄၀၀ – ၈၀၀ မီလီဂရမ်ကို ၆နာရီခြားကနေ ၈နာရီခြား တစ်ကြိမ် သောက်ပေးလို့ ရပါတယ်။
Electroconvulsive therapy (ECT) ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို ကာကွယ်ရန်အတွက် : ၆၀၀ မီလီဂရမ်ကို ECT မလုပ်မီ မိနစ်၉၀ကြိုပြီး သောက်ရပါမယ်။
- အခြားသော နာကျင်မှုများအတွက်
အတော်အသင့် နာကျင်မှုများအတွက်
သောက်ဆေး : ၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား တကြိမ် လိုအပ်သလို သောက်နိုင်သည်။ ၄၀၀ မီလီဂရမ်ထက်ပိုပေးလျှင် ဆေးအာနိသင်မှာ ပိုမိုထူးခြားလာခြင်းမရှိတော့ဟု ဆိုပါသည်။
အကြောသွင်းဆေး : ၄၀၀ – ၈၀၀ မီလီဂရမ်ကို တစ်ကြိမ်သွင်းရင် မိနစ်၃၀ကြာနဲ့ ၆နာရီခြား တစ်ကြိမ်ပေးလို့ ရပါတယ်။ (Ibuprofen အကြောသွင်းဆေးမပေးမီ လူနာကို ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ရပါမယ်)
အဖျားတက်ခြင်းအတွက်
သောက်ဆေး :၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား ကနေ ၆နာရီခြား တစ်ကြိမ် လိုအပ်သလို သောက်နိုင်ပါတယ်။
အကြောသွင်းဆေး : (Ibuprofen အကြောသွင်းဆေးမပေးမီ လူနာကို ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ရပါမယ်)
ကနဦးဆေးပမာဏ : ၄၀၀ မီလီဂရမ်ကို တစ်ကြိမ်သွင်းရင် မိနစ်၃၀ကြာ သွင်းရပါမယ်။
ဆက်ထိန်းရမယ့် ဆေးပမာဏ : ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတစ်ကြိမ် သို့မဟုတ် ၁၀၀ – ၂၀၀ မီလီဂရမ်ကို ၄နာရီခြားတစ်ကြိမ် လိုအပ်သလို အသုံးပြုရပါမယ်။
ကလေးများအတွက် ဆေးပမာဏ
အဖျားအတွက်
အသက် ၆လမှ ၁၂နှစ် အထိ :
ကိုယ်အပူချိန် ၁၀၂.၅ ဒီဂရီဖာရင်ဟိုက် ( ၃၉.၂ ဒီဂရီစင်တီဂရိတ်) ထက် နည်းလျှင် 5mg/kg/dose ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တစ်ခါ သောက်ဆေးအဖြစ် တိုက်ရပါမယ်။
ကိုယ်အပူချိန် ၁၀၂.၅ ဒီဂရီဖာရင်ဟိုက် ( ၃၉.၂ ဒီဂရီစင်တီဂရိတ်)နဲ့အထက် အတွက် 10mg/kg/dose ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တစ်ခါ သောက်ဆေးအဖြစ် တိုက်ရပါမယ်။
နာကျင်ခြင်းအတွက်
ကလေးငယ်များနဲ့ ကလေးများ : 4 – 10 mg/kg ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တစ်ခါ သောက်ဆေးအဖြစ် တိုက်ပေးလို့ ရပါတယ်။
တစ်နေ့တာအတွက် ဆိုရင်တော့ အများဆုံးပမာဏက 40mg/kg ပါ။
လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါအတွက်
အသက် ၆လမှ ၁၂နှစ် အထိ :
စုစုပေါင်းဆေးပမာဏ 30 -40 mg/kg/day ကို သုံးကြိမ် ဒါမှမဟုတ် လေးကြိမ် ခွဲတိုက်နိုင်သည်။ အနည်းဆုံးပမာဏကနေ စတိုက်သင့်ပြီး သင့်တော်သလို ချိန်ညှိသွားနိုင်ပါတယ်။ မပြင်းထန်ဘူးဆိုရင်တော့ 20 mg/kg/day ပမာဏနဲ့ လုံလောက်ပါတယ်။
Cystic Fibrosis ရောဂါအတွက်
နာတာရှည် ရောဂါအတွက် (ရောဂါ၄နှစ်နဲ့အထက်) : သွေးတွင်းဆေးပမာဏ 50 – 100 mcg/ml တွင်ထိန်းထားနိုင်ရန် ဆေးပမာဏကို တွက်ချက်ပြီး တစ်နေ့ကို ၂ ကြိမ် တိုက်ရပါမယ်။ ဒီလို ထိန်းညှိပေးတာက မပြင်းထန်တဲ့ အဆုတ်ရောဂါရှိတဲ့ ကလေးလူနာတွေမှာ ရောဂါ ပြင်းထန်မှုကို နှေးစေပါတယ်။
Patent Ductus Arteriosus (မွေးရာပါ နှလုံးရောဂါတစ်မျိုး) အတွက် :
Ibuprofen lysine
ကိုယ်ဝန်ဆောင်ကာလ ၃၂ပတ် သို့မဟုတ် ၃၂ပတ်ထက် စောပြီးမွေးတဲ့ ကလေးတွေ ၊မွေးဖွားတဲ့ အချိန်မှာ ပေါင်ချိန် ၅၀၀ကနေ ၁၅၀၀ ဂရမ်ကြားရှိတဲ့ ကလေးလေးတွေမှာ
ကနဦးဆေးပမာဏ : 10 mg/kg ကို အရင်ဆုံးတိုက်ပေးပြီး နောက်ထပ် ၂၄နာရီကနေ ၄၈နာရီအကြာမှာ 5mg/kg ပမာဏ ၂ကြိမ်ထပ်တိုက်ပေးရပါမယ်။
Ibuprofenကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Ibuprofenကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- အစက်ချဆေး သောက်ဆေး – 40 mg.mL
- ဆေးရည် ပျစ်ပျစ် သောက်ဆေး – 100 mg/5 mL, 200 mg/5mL
- ဆေးပြား သောက်ဆေး – 200 mg
- ဆေးတောင့် ပျော့ပျော့ – သောက်ဆေး – 200 mg, 400 mg
ဆေးကုမ္ပဏီနဲ့ နိုင်ငံပေါ်လိုက်ပြီး ဆေးပုံစံနဲ့ ပမာဏပြောင်းလဲနိုင်ပါတယ်။
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Ibuprofenကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။