backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Mentholatum Ointment®ကို ကြွက်သားသို့မဟုတ် အဆစ်နာကျင်ခြင်းများအတွက် အများဆုံးအသုံးပြုကြသည်။ ဤဆေးကိုအအေးမိတုပ်ကွေးကြောင့်ဖြစ်ရသောရင်ကြပ်ခြင်းနှင့် ချောင်းဆိုးသက်သာစေရန် ရင်ဘတ်ကိုလူးပေးခြင်းဖြင့်လည်းသုံးနိုင်ပါသည်။

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ဘယ်လိုသောက်သုံးသင့်သလဲ

အညွှန်းတွင်ပါသည့်အတိုင်းသို့မဟုတ် ဆရာဝန်မှညွှန်သည့်အတိုင်းသုံးစွဲပါ။ သတ်မှတ်ထားသည်ထက် ပိုများများသုံးခြင်း၊ အချိန်ပိုကြာအောင်သုံးခြင်းများမပြုလုပ်ရပါ။

ဆေးမလိမ်းခင်နှင့် လိမ်းပြီးနောက်တွင် လက်ကိုသေချာဆေးပါ။

ပထမဆုံးစသုံးသူဆိုပါကဆေးကိုအရေပြားမှ တုန့်ပြန်ပုံအားသိနိုင်ရန်အတွက် နည်းနည်းလေးစမ်းလိမ်းကြည့်ပါ။

ပရုတ်နှင့်ပူရှိန်းမှာပူခြင်းသို့မဟုတ် အေးခြင်းကိုခံစားရတတ်ပြီးများသောအားဖြင့် ခပ်ပျော့ပျော့သာ ဖြစ်တတ်ပါသည်။ သုံးချိန်ကြာသည်နှင့် မဖြစ်သလောက် ဖြစ်သွားပါလိမ့်မည်။ ထိုသို့ခံစားရမှုများကသိသိသာသာအနှောက်အယှက်ဖြစ်ရလျှင် အရေပြားကိုဆပ်ပြာရေတို့နှင့်သေချာဆေးပစ်ပါ။

နေလောင်ရာ၊ လေပွန်းရာ၊ ခြောက်သွေးကွဲအက် ကျိန်းစပ်နေသောအရေပြားတို့တွင် မလိမ်းရ။ လိမ်းထားသောအရေပြားကိုပတ်တီးပတ်ခြင်း၊ အပူတင်ခြင်း၊ ချွေးထုတ်ခြင်းများမပြုလုပ်ပါနှင့်။

ရေမချိုးခင် ၁ နာရီသို့မဟုတ် ချိုးပြီး နာရီဝက်အကြာတို့တွင် ဆေးကိုမလိမ်းသင့်ပါ။

၇ ရက်လိမ်းပြီးသည့်နောက်ထိသက်သာမသွားလျှင် သို့မဟုတ် ခေါင်းကိုက်ခြင်း၊ အကွက်ထခြင်းနှင့်တွဲသောဖျားနာခြင်းများ ဖြစ်လာပါက ဆရာဝန်နှင့်ပြသပါ။ ဆက်ပြီးနာနေသေးလျှင် သို့မဟုတ် ပျောက်သွားပြီးမှ ရက်အနည်းငယ်အကြာ၌ ပြန်ပေါ်လာလျှင်လည်း ဆရာဝန်နှင့်ပြန်ပြာ။

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ဘယ်လိုသိမ်းဆည်းရမလဲ

Mentholatum Ointment® (camphor and menthol topical)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Mentholatum Ointment® (camphor and menthol topical)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Mentholatum Ointment® (camphor and menthol topical)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Mentholatum Ointment® (camphor and menthol topical)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Mentholatum Ointment® တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

အောက်ပါတို့ဖြစ်လာပါကပရုတ်နှင့်ပူရှိန်းသုံးခြင်းကိုရပ်ထားပြီး ဆရာဝန်နှင့်ချက်ချင်းပြသပါ။

  • ဆေးကိုသုံးပြီးနောက် ပြင်းထန်စွာပူခြင်း၊ စူးခြင်း၊ စပ်ခြင်းများဖြစ်လာလျှင်
  • ဆေးကိုရင်ဘတ် သို့မဟုတ် လည်ချောင်းတို့တွင်လိမ်းပြီးနောက် အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဖြစ်လာလျှင်

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

Mentholatum Ointment® (camphor and menthol topical)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) နဲ့ ဓါတ်ပြုနိုင်သလား

Mentholatum Ointment® (camphor and menthol topical) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

Mentholatum Ointment® (camphor and menthol topical)သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားရောင်ခြင်းအတွက် ပုံမှန်ပမာဏ

ပရုတ်နှင့်ပူရှိန်းလိမ်းဆေးဆီ – ၇ ရက်ထက်မပိုပဲတစ်ရက်ကို ၃-၄ ကြိမ်အထိလိမ်းပါ။

ပရုတ်နှင့်ပူရှိန်း0.5%-0.5%ပါသောလိုးရှင်း – တစ်ရက်လျှင် ၂-၃ ကြိမ်လိမ်းပါ။

ပရုတ်နှင့်ပူရှိန်း4.8%-2.6%ပါသောလိမ်းဆေးဆီ – တစ်ရက်ကို ၃ ကြိမ်အထိလိမ်းနိုင်ပါသည်။

ပရုတ်နှင့်ပူရှိန်း9%-1.3%ပါသောလိမ်းဆေးဆီ – ၇ ရက်ထက်မပိုပဲတစ်ရက်လျှင် ၃-၄ ကြိမ်ထိသာလိမ်းပါ။

ကလေးတွေအတွက် Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပရုတ်နှင့်ပူရှိန်းလိမ်းဆေးဆီ (အသက် ၂ နှစ်နှင့်အထက်) – ၇ ရက်ထက်မပိုပဲတစ်ရက်ကို ၃-၄ ကြိမ်အထိလိမ်းပါ။

ပရုတ်နှင့်ပူရှိန်း0.5%-0.5%ပါသောလိုးရှင်း(အသက် ၂ နှစ်နှင့်အထက်)- တစ်ရက်လျှင် ၂-၃ ကြိမ်လိမ်းပါ။

ပရုတ်နှင့်ပူရှိန်း4.8%-2.6%ပါသောလိမ်းဆေးဆီ(အသက် ၂ နှစ်နှင့်အထက်)- တစ်ရက်ကို ၃ ကြိမ်အထိလိမ်းနိုင်ပါသည်။

ပရုတ်နှင့်ပူရှိန်း9%-1.3%ပါသောလိမ်းဆေးဆီ(အသက် ၂ နှစ်နှင့်အထက်)- ၇ ရက်ထက်မပိုပဲတစ်ရက်လျှင် ၃-၄ ကြိမ်ထိသာလိမ်းပါ။

Mentholatum Ointment (မန်သိုလာတမ်လိမ်းဆေး) ကိုဘယ်လိုရရှိနိုင်သလဲ

Mentholatum Ointment® (camphor and menthol topical)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • လိမ်းဆေးဆီ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Mentholatum Ointment® (camphor and menthol topical)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement