backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Iopanoic acid ကို သည်းခြေအိတ်ဓါတ်မှန်ရိုက်ရာတွင် ပိုမိုမြင်သာထင်ရှားစွာ မြင်ရစေရန်အတွက် အများဆုံးအသုံးပြုသည့်အပြင် Graves ရောဂါတွင် သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်းကို ကုသရန်လည်း အသုံးပြုနိုင်ပါသည်။

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

Iopanoic acid ကို သောက်ဆေးအဖြစ် သုံးစွဲရမှာဖြစ်ပြီး ဆေးပြားတပြားလုံးကို တခါတည်း မြိုချရမှာ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတာထက် ပမာဏပိုသောက်တာ ဒါမှမဟုတ် ကာလကြာရှည်စွဲသောက်တာမျိုးတွေကို မလုပ်ရပါဘူး။

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Iopanoic acid ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Iopanoic acid ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Iopanoic acid ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Iopanoic acid ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Iopanoic acid ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဒီဆေးကို မသုံးစွဲခင်မှာ သင်သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေ ရှိနေပါတယ်။ အဆိုပါ အချက်တွေကတော့

ဓါတ်မှန်ရိုက်ရာမှာ ပိုမိုရှင်းလင်းပြတ်သားစွာ မြင်ရဖို့ အသုံးပြုတဲ့ ဆေးတွေနဲ့ ပြင်းထန်စွာ ဓါတ်မတည့်ဖူးသူတွေ ဒါမှမဟုတ် ဓါတ်မတည့်နိုင်တဲ့ အလားအလာ မြင့်မားစွာ ရှိနေသူတွေ (ဥပမာ ပန်းနာရင်ကျပ်ဝေဒနာရှင်တွေ၊ဓါတ်မတည့်ခြင်း ဖြစ်ဖူးသူတွေ၊ပင်နီဆလင် ဒါမှမဟုတ် အရေပြားစစ်ဆေးမှုတွေနဲ့ ဓါတ်မတည့်ခြင်း ဖြစ်ဖူးသူတွေ၊ရေဓါတ်ခမ်းခြောက်နေသူတွေ စသည်) မှာ ကော်တီကိုစတီးရွိက် နဲ့ antihistamines ဆေး နှစ်မျိုးလုံး ဒါမှမဟုတ် တမျိုးမျိုးကို ကြိုတင်ပေးထားခြင်းအားဖြင့် ဓါတ်မတည့်မှုဖြစ်နိုင်ချေကို နည်းစေမှာဖြစ်ပြီး အကယ်၍ဖြစ်လာခဲ့ရင်လည်း ပြင်းထန်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

သည်းခြေအိတ်ကို ဓါတ်မှန်ရိုက်တဲ့အခါ ပိုမိုရှင်းလင်းပြတ်သားစွာ မြင်ရဖို့ ဆေးသုံးစွဲရပြီဆိုရင် ဘယ်လိုဆေးအမျိုးအစားကို သုံးတာပဲ ဖြစ်ဖြစ် ဓါတ်မှန်မရိုက်ခင်တရက်ကြိုပြီး အဆီများတဲ့ အစားအစာတွေကို စားပေးထားရပါမယ်။ ဒီလို စားပေးခြင်းအားဖြင့် သည်းခြေအိတ်ကို ကောင်းစွာ ညှစ်စေတဲ့အတွက် သည်းခြေအိတ်ထဲမှာရှိသမျှအရာတွေကို အပြင်ရောက်သွားစေပါလိမ့်မယ်။ ဓါတ်မှန်မရိုက်ခင် ဆေးသောက်ခါနီး စားမယ့် ညနေစာမှာ အဆီအဆိမ့်ပါသင့်၊မပါသင့်ကတော့ ဆေးအမျိုးအစားပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ iopanoic acid ကို အသုံးပြုမယ်ဆိုရင် အဆီအဆိမ့် တန်သင့်ရုံပမာဏစားထားမယ်ဆိုရင် ဆေးကို အစာအိမ်အူလမ်းကြောင်းကနေ စုပ်ယူမှုကို ပိုမိုကောင်းမွန်အောင် အားပေးမှာ ဖြစ်တဲ့အတွက် ဓါတ်မှန်ရိုက်တဲ့အခါ သည်းခြေအိတ်ကို ပိုမိုရှင်းလင်းပြတ်သားစွာ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် အခြားသော ဆေးအမျိုးအစားတွေကို အသုံးပြုမယ်ဆိုရင်တော့ အဆီအဆိမ့်များတဲ့ အစားအစာတွေဟာ ဆေးကို အူလမ်းကြောင်းကစုပ်ယူမှုကို ဟန့်တားအနှောင့်အယှက် ပေးပါလိမ့်မယ်။

  • တခါတရံမှာလည်း အဆီအဆိမ့်ပါတဲ့ အစားအသောက်တွေအစား ဆေးဝါးကုသမှုတွေအတွက် အထူးစီမံပြုလုပ်ထားတဲ့ အဆီတွေကိုလည်း စားသုံးပေးနိုင်ပါတယ် (ဓါတ်မှန်မရိုက်ခင် မိနစ်နှစ်ဆယ်လောက် ကြိုပြီး စားရမှာ ဖြစ်ပါတယ်)။
  • ဆေးသောက်အပြီး ဓါတ်မှန်မရိုက်ခင် ကြားကာလမှာ လူနာအနေနဲ့ ရေမှတပါး ဘာကိုမှ မစားမသောက်ရပါဘူး။ ဆေးလိပ်သောက်ခြင်း၊ပီကေဝါးခြင်းတွေဟာလည်း အစာအိမ်အချဉ်ဓါတ်ကို မြင့်တက်စေပြီး ဆေးစုပ်ယူမှုကို အနှောင့်အယှက်ပြုနိုင်တဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သည်းခြေအိတ်ကို ဓါတ်မှန်ရိုက်ရာမှာ ပိုမိုရှင်းလင်းတဲ့ ပုံတွေကို ရရှိစေဖို့ အသုံးပြုတဲ့ဆေးတွေကြောင့် ရုတ်တရက် ကျောက်ကပ်ထိခိုက်ခြင်းကို ဖြစ်စေတယ်လို့ အချက်အလက်တွေအရ သိရှိရပါတယ် (အထူးသဖြင့် ဆေးပမာဏအများအပြားသုံးစွဲလိုက်ခြင်း၊အခြားသောဆေးအမျိုးအစားများနှင့် တွဲဖက်သုံးစွဲခြင်း၊လူနာအနေနဲ့ ရေဓါတ်ခမ်းခြောက်နေခြင်း သို့မဟုတ် လူနာတွင် အသည်းရောဂါရှိနေခြင်း စတဲ့ အခြေအနေတွေမှာ ပိုဖြစ်နိုင်ပါတယ်)။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဆက်လက်ရှိနေရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်နဲ့ပြသရပါမယ်။

  • အနည်းငယ် ဝမ်းလျှောခြင်း။
  • အနည်းငယ် ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဗိုက်ရစ်ပြီးနာခြင်း။
  • ပြင်းထန်စွာ ဝမ်းလျှောခြင်း။
  • ဆီးသွားရခက်ခြင်း၊ဆီးကျင်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • ဆီးရွှင်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ရင်ပူခြင်း။
  • ပြင်းထန်စွာ သို့မဟုတ် အချိန်ကြာမြင့်စွာ ပျို့အန်မအီမသာဖြစ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Iopanoic acid ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလား

Iopanoic acid က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Iopanoic acid ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သည်းခြေဓါတ်မှန်ရိုက်ရန်အတွက်

သတ်မှတ်ထားသော ပမာဏမှာ သောက်ဆေးအဖြစ် ၃ဂရမ် ဖြစ်ပါတယ်။

  • သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်ခြင်းအတွက် (Graves’ ရောဂါ)

သတ်မှတ်ထားသော ပမာဏမှာ ၅၀၀ – ၁၀၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

အရွယ်ရောက်ပြီးသူတွေအနေနဲ့ ၂၄နာရီအတွင်းမှာ ၆ဂရမ်အထိ သောက်နိုင်ပါတယ်။

ကလေးတွေအတွက် Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သည်းခြေဓါတ်မှန်ရိုက်ရန်အတွက်

၁၃ကီလိုအောက်ကလေးများအတွက် : သတ်မှတ်ထားသော ပမာဏမှာ 150mg/kg ဖြစ်ပြီး သောက်ဆေးအဖြစ် အသုံးပြုရပါမယ်။

၁၃ကီလိုမှ ၂၃ကီလိုအတွင်း ကလေးများအတွက် : သတ်မှတ်ထားသော ပမာဏမှာ 2000mg/kg ဖြစ်ပြီး သောက်ဆေးအဖြစ် အသုံးပြုရပါမယ်။

၂၃ကီလိုအထက် ကလေးများအတွက် : သတ်မှတ်ထားသော ပမာဏမှာ 3000mg/kg ဖြစ်ပြီး သောက်ဆေးအဖြစ် အသုံးပြုရပါမယ်။

Iopanoic Acid (အိုင်ရိုပန်းနစ်ခ် အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Iopanoic acid ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : iopanoic acid ၅၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Iopanoic acid ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement