backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Praziquantel


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Praziquantel ကို ဘာအတွက်အသုံးပြုကြသလဲ

Praziquantelကိုကပ်ပါးကောင်များ(ဥပမာSchistosoma and liver flukes)ဝင်ခြင်းကြောင့်ရတဲ့ရောဂါတွေကိုကုသဖို့အတွက်သုံးပါတယ်။ ကပ်ပါးကောင်ဝင်ခြင်းရောဂါတွေကိုကုသခြင်းဟာသင့်ကျန်းမာရေးနဲ့လူနေမှုဘဝကိုကောင်းမွန်စေပါတယ်။Praziquantel ဟာantihelminticsလို့ခေါ်တဲ့ဆေးအုပ်စုထဲမှာပါဝင်ပါတယ်။၎င်းဟာကပ်ပါးကောင်တွေကိုသတ်ပေးပါတယ်။၎င်းဟာကပ်ပါးကောင်တွေကိုလှုပ်လို့မရအောင်လုပ်ပေးခြင်းကြောင့်ကပ်ပါးကောင်တွေဟာသွေးကြောတွေပေါ်မှာကပ်မနေနိုင်တော့ဘဲခန္ဓါကိုယ်အနေနဲ့၎င်းတို့ကိုသဘာဝအတိုင်းရှင်းလင်းပစ်စေနိုင်ပါတယ်။

Praziquantel ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းအစာနဲ့တွဲပြီးတစ်နေ့ကိုသုံးကြိမ်(၄နာရီမှ၆နာရီလောက်ခြားသောက်ရန်)နဲ့တစ်ရက်သောက်ပါ။ ဆေးပြားများသို့မဟုတ်ဆေးခြမ်းများကိုရေတစ်ဖန်ခွက်နဲ့(၈အောင်စသို့မဟုတ်၂၄၀မီလီလီတာ)မြန်မြန်သောက်ပါ။ ဆေးကိုဝါးစားခြင်း၊ငုံထားခြင်းမပြုလုပ်ပါနဲ့။ အဘယ့်ကြောင့်ဆိုသော်Praziquantel ဆေးပြားရဲ့ခါးတဲ့အရသာကသင့်ကိုပျို့အန်စေနိုင်သောကြောင့်ဖြစ်ပါတယ်။ သင့်ဆရာဝန်ကယခုဆေးကိုတစ်နေ့သုံးကြိမ်အောက်လျှော့ပြီးသို့မဟုတ်တစ်ရက်ထက်ပိုပြီးသောက်ခိုင်းတာမျိုးလည်းရှိပါလိမ့်မယ်။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုတိတိကျကျလိုက်နာပါ။

ဆေးပမာဏဟာသင့်ကျန်းမာရေးအခြေအနေ၊ကိုယ်အလေးချိန်နဲ့ဆေးအပေါ်တုံ့ပြန်မှုတွေပေါ်မူတည်ပါတယ်။ ဆေးပြားတွေမှာအမှတ်အသားတွေရှိပါတယ်။ သင့်အနေနဲ့မှန်ကန်တဲ့ဆေးပမာဏကိုရရှိဖို့အတွက်ဆေးပြားကိုချိုးဖဲ့ရမှာဖြစ်ပါတယ်။ သင့်အတွက်မှန်ကန်တဲ့ဆေးပမာဏရရှိအောင်ဆေးပြားကိုဘယ်လိုချိုးဖဲ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းပါ။

ယခုဆေးကိုသောက်နေစဉ်သင့်ဆရာဝန်မညွှန်ကြားဘဲစပျစ်သီးစားခြင်းသို့မဟုတ်စပျစ်သီးဖျော်ရည်သောက်ခြင်းကိုရှောင်ကြဉ်ပါ။

သင့်အခြေအနေမတိုးတက်ပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ကိုပြောပြပါ။

Praziquantel ဘယ်လိုသိမ်းဆည်းရမလဲ

Praziquantelကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Praziquantelဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Praziquantelကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Praziquantel အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Praziquantelကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

သင့်မှာအချို့ရောဂါအခြေအနေတွေရှိပါကယခုဆေးကိုအသုံးမပြုသင့်ပါဘူး။ တကယ်လို့သင့်မှာမျက်လုံးထဲကိုကပ်ပါးကောင်ဝင်တဲ့ရောဂါ(ocular cysticercosis)ရှိပါကယခုဆေးကိုအသုံးမပြုခင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်အသည်းရောဂါ၊ဘေလုံးကြီးခြင်း၊နှလုံးရောဂါ၊နှလုံးခုန်စည်းချက်မမှန်ခြင်း၊ဦးနှောက်ထဲကိုကပ်ပါးပိုးဝင်ခြင်း(cerebral cysticercosis)၊ဝက်ရူးုပြန်ရောဂါတွေအကြောင်းကိုသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးဟာဆေးသောက်ပြီးနောက်တစ်ရက်မတိုင်ခင်အထိသင့်ကိုမူးဝေခြင်း၊အိပ်ငိုက်ခြင်းတို့ကိုဖြစ်စေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာဆိုယခုဆေးကိုအမှန်တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲကိုပါသွားနိုင်ပါတယ်။ ယခုဆေးကိုသုံးနေစဉ်ကလေးနို့တိုက်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ ကလေးနို့တိုက်နေတဲ့မိခင်တွေအနေနဲ့ယခုဆေးသောက်တဲ့နေ့နဲ့ဆေးနောက်ဆုံးအကြိမ်သောက်ပြီး၇၂နာရီအတွင်းမှာကလေးနို့တိုက်ခြင်းကိုခဏလောက်ရပ်ထားသင့်ပါတယ်။ အဲဒီအချိန်အတွင်းမှာမိခင်နို့ရည်ကိုညှစ်ထုတ်ပြီးစွန့်ပစ်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ

Praziquantel ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPraziquantelကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့် Bလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Praziquantel ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ဗိုက်နာခြင်း၊ပျို့ခြင်း၊မောပန်းခြင်း၊အားနည်းခြင်း၊အဆစ်နဲ့ကြွက်သားများနာခြင်း၊ခံတွင်းပျက်ခြင်း၊အန်ခြင်းနဲ့ချွေးထွက်ခြင်းတွေဖြစ်နိုင်ပါတယ်။ အဲဒီဘေးထွက်ဆိုးကျိုးတွေဟာအများအားဖြင့်အပျော့စားဖြစ်ပြီးသင့်မှာကပ်ပါးပိုးဝင်ခြင်းရဲ့လက္ခဏာသို့မဟုတ်သေသွားတဲ့ကပ်ပါးကောင်တွေကြောင့်ရတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။ အဲဒီလက္ခဏာတွေဆက်ရှိနေပါကသို့မဟုတ်ပိုဆိုးလာပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

အောက်ဖော်ပြပါအလွန်ရှားပါးပြီးအလွန်ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ သွေးဝမ်းသွားခြင်း၊ဖျားခြင်း၊နှလုံးခုန်မမှန်ခြင်း၊နှေးခြင်း၊ဝက်ရူးပြန်ခြင်း။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့် မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက

Praziquantel နဲ့ ဓါတ်ပြုနိုင်သလဲ

အခြားဆေးတွေကသင့်ခန္ဓါကိုယ်ကနေpraziquantelစွန့်ထုတ်ခြင်းကိုသက်ရောက်နိုင်ပြီးpraziquantel အလုပ်လုပ်ခြင်းကိုပြောင်းလဲစေနိုင်ပါတယ်။ဥပမာအားဖြင့်azole antifungals (ဥပမာitraconazole,ketoconazole)၊chloroquine, cimetidine, dexamethasone, macrolide antibiotics (ဥပမာ erythromycin), rifamycins (ဥပမာ rifampin), St. John’s wortနဲ့ဝက်ရူးပြန်ရောဂါကိုကုတဲ့ဆေးတွေ (ဥပမာ carbamazepine, phenytoin, phenobarbital, primidone)

Praziquantelကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က

Praziquantel နဲ့ ဓါတ်ပြုနိုင်သလား

Praziquantelဟာကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက

Praziquantel နဲ့ ဓါတ်ပြုနိုင်သလဲ

Praziquantelဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက်

Praziquantel ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Schistosomajaponicumကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၆၀mg/kgကိုသောက်ဆေးအဖြစ်၂ကြိမ်မှ၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်စေရန်အတွက်၂ပတ်မှ၆ပတ်အကြာမှာဆေးကိုထပ်ပေးပါ။

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Schistosomamekongiကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၆၀mg/kgကိုသောက်ဆေးအဖြစ်၂ကြိမ်မှ၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်စေရန်အတွက်၂ပတ်မှ၆ပတ်အကြာမှာဆေးကိုထပ်ပေးပါ။

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Schistosomahaematobiumကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၆၀mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါသို့မဟုတ်တစ်နေ့ကိုဆေး၄၀mg/kgကိုသောက်ဆေးအဖြစ်၁ကြိမ်တည်းသို့မဟုတ်၂ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်စေရန်အတွက်၂ပတ်မှ၆ပတ်အကြာမှာဆေးကိုထပ်ပေးပါ။

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Schistosomamansoniကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၆၀mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါသို့မဟုတ်တစ်နေ့ကိုဆေး၄၀mg/kgကိုသောက်ဆေးအဖြစ်၁ကြိမ်တည်းသို့မဟုတ်၂ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်စေရန်အတွက်၂ပတ်မှ၆ပတ်အကြာမှာဆေးကိုထပ်ပေးပါ။

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Opisthorchisviverriniကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၇၅mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်မှနှစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Clornorchissinensisကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၇၅mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်မှနှစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Fasciolopsisbuskiကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၇၅mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Heterophyesheterophyesကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၇၅mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Metagonimusyokogawiကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၇၅mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Nanophyetussalmincolaကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၆၀mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Paragonimuswestermaniကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

တစ်နေ့ကိုဆေး၇၅mg/kgကိုသောက်ဆေးအဖြစ်၃ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:နှစ်ရက်

ရှင်းလင်းအကြံပြုချက်များ

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

ရောဂါအကြောင်းကိုတင်ပြပါ။

ဆေး၇၅mg/kg ကို၃ရက်သောက်ပါ။

Diphyllobothriumlatumကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၅မှ၁၀mg/kgကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲကိုရောက်တဲ့အဆင့်တွင်သုံးရန်

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Dipylidiumcaninumကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၅မှ၁၀mg/kgကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲကိုရောက်တဲ့အဆင့်တွင်သုံးရန်

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Taeniasaginataကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၅မှ၁၀mg/kgကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲကိုရောက်တဲ့အဆင့်တွင်သုံးရန်

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Taeniasoliumကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၅မှ၁၀mg/kgကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲကိုရောက်တဲ့အဆင့်တွင်သုံးရန်

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Hymenolepsis nana ကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၂၅mg/kgကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲကိုရောက်တဲ့အဆင့်တွင်သုံးရန်

ရွေးချယ်ရမယ့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Cysticercuscellulosaeကပ်ပါးပိုးဝင်ခြင်းအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ဆေး၅၀mg/kgကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးသောက်ရမည့်ကြာချိန်:၁၅ရက်

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်တစ်ရှူးထဲကိုရောက်တဲ့အဆင့်တွင်သုံးရန်

-ပုံမှန်အသုံးပြုနေကျဆေးကိုထောက်ပံတဲ့ဆေးအဖြသ်အသုံးပြုပါတယ်။

-နေ့စဉ်သောက်ရမယ့်ဆေးပမာဏကို၃ကြိမ်ခွဲသောက်ရပါမယ်။

-အခြားအချက်အလက်များအတွက်လက်ရှိအသုံးပြုနေတဲ့ဆေးညွှန်ကြားချက်များကိုဖတ်ဖို့လိုပါလိမ့်မယ်။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

ဆေးပမာဏထိန်းညှိရန်မလိုပါ။

အသည်းအတွက်ဆေးပမာဏထိန်းညှိခြင်း

Hepatosplenicschistosomiasisကပ်ပါးပိုးဝင်ခြင်းခံရပြီးအလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့အသည်းရောဂါရှိတဲ့လူနာတွေအတွက်(အသည်းခြောက်ခြင်းရနိုင်ချေBနဲ့Cအဆင့်ရှိ):သောက်နေကျဆေးပမာဏကိုသတိနဲ့အသုံးပြုသင်ပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

ဆေးသောက်ခြင်းနဲ့ပတ်သက်၍အကြံပြုချက်

-ဆေးပြားများသို့မဟုတ်ဆေးပြားအခြမ်းတွေကိုဝါးမစားဘဲမျိုချပါ။ ဆေးကိုအစာစားနေစဉ်ရေနဲ့သောက်ပါ။

-ဆေးတစ်ကြိမ်နဲ့တစ်ကြိမ်ကြားခြားတဲ့အချိန်ဟာ၄နာရီအောက်မနည်းပါစေနဲ့။၆နာရီအထက်လည်းပိုမကြာပါစေနဲ့။

ယေဘုယျအားဖြင့်

-schistosomiasisကပ်ပါးပိုးဝင်ခြင်းဟာဦးနှောက်ထဲကပ်ပါးပိုးရောက်ခြင်းနဲ့တွဲနေပါကဆေးသောက်နေစဉ်မှာပင်လူနာကိုဆေးရုံတင်ပါ။

-ဆေးပြားမှာအမှတ်၃ခုပါပါတယ်။ ဆေးခြမ်းအစိတ်အပိုင်းတစ်ခုကိုpraziquantel ၁၅၀မီလီဂရမ်ပါပါတယ်။ ဆေးပြားပေါ်ကအမှတ်တွေကိုလက်သည်းနဲ့ဖိခြင်းအားဖြင့်ဆေးပြားကိုခြမ်းလို့ရပါတယ်။ ဆေးရဲ့လေးပုံတစ်ပုံရဖို့အတွက်ဆိုဆေးရဲ့အပြင်ဘက်ခြမ်းကအပိုင်းကိုချိုးရပါမယ်။

လူနာအတွက်အကြံပြုချက်

-ဆေးပြားသို့မဟုတ်ဆေးပြားအခြမ်းများကိုငုံမထားပါနဲ့။ ဆေးရဲ့ခါးတဲ့အရသာကြောင့်သင့်ကိုပျို့အန်စေနိုင်ပါတယ်။

-ဆေးသောက်တဲ့နေ့နဲ့ဆေးသောက်ပြီး၂၄နာရီအတွင်းမှာကားမောင်းခြင်း၊စက်အကြီးစားတွေအသုံးပြုခြင်းကိုမပြုလုပ်ပါနဲ့။ ဆေးဟာသင့်ကိုမူးဝေစေခြင်း၊အိပ်ငိုက်စေခြင်းတို့ဖြစ်စေသောကြောင့်ဖြစ်ပါတယ်။

ကလေးတွေအတွက်

Praziquantel ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Schistosomamekongiကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၆၀mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်ကင်းစေရန်၂ပတ်မှ၆ပတ်အကြာတွင်ဆေးကိုထပ်ပေးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Schistosomahaematobiumကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၆၀mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါသို့မဟုတ်တစ်နေ့ကိုဆေး၄၀mg/kgကိုသောက်ဆေးအဖြစ်နှစ်ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်ကင်းစေရန်၂ပတ်မှ၆ပတ်အကြာတွင်ဆေးကိုထပ်ပေးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Schistosomamansoniကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၆၀mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါသို့မဟုတ်တစ်နေ့ကိုဆေး၄၀mg/kgကိုသောက်ဆေးအဖြစ်နှစ်ကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရောဂါအရှင်းပျောက်ကင်းစေရန်၂ပတ်မှ၆ပတ်အကြာတွင်ဆေးကိုထပ်ပေးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Opisthorchisviverriniကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၇၅mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်မှနှစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Clornorchissinensisကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၇၅mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်မှနှစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Fasciolopsisbuskiကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၇၅mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Heterophyesheterophyesကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၇၅mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Metagonimusyokogawaiကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၇၅mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Nanophyetussalmincolaကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၆၀mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:တစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Paragonimuswestermaniကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:တစ်နေ့ကိုဆေး၇၅mg/kg ကိုသောက်ဆေးအဖြစ်သုံးကြိမ်ခွဲသောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:နှစ်ရက်

ရှင်းလင်းအကြံပြုချက်များ

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Diphyllobothriumlatumကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:ဆေး၅မှ၁၀mg/kg ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲသို့ရောက်တဲ့အဆင့်တွင်သုံးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Dipylidiumcaninumကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:ဆေး၅မှ၁၀mg/kg ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲသို့ရောက်တဲ့အဆင့်တွင်သုံးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Taeniasaginataကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:ဆေး၅မှ၁၀mg/kg ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲသို့ရောက်တဲ့အဆင့်တွင်သုံးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Taeniasoliumကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:ဆေး၅မှ၁၀mg/kg ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲသို့ရောက်တဲ့အဆင့်တွင်သုံးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Hymenolepsis nana ကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:ဆေး၂၅mg/kg ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်အူလမ်းကြောင်းထဲသို့ရောက်တဲ့အဆင့်တွင်သုံးပါ။

-ရွေးချယ်ရမည့်အသင့်တော်ဆုံးဆေးကိုစဉ်းစားပါ။

Cysticercuscellulosaeကပ်ပါးပိုးဝင်ခြင်းအတွက်ကလေးသောက်ရန်ဆေးပမာဏ

အသက်၄နှစ်နှင့်အထက်အတွက်:ဆေး၅၀mg/kg ကိုသောက်ဆေးအဖြစ်တစ်နေ့တစ်ကြိမ်သောက်ပါ။

ဆေးသောက်ရမယ့်ကြာချိန်:၁၅ရက်

ရှင်းလင်းအကြံပြုချက်များ

-ကပ်ပါးကောင်တစ်ရှူးထဲသို့ရောက်တဲ့အဆင့်တွင်သုံးပါ။

-ပုံမှန်အသုံးပြုနေကျဆေးကိုထောက်ပံတဲ့ဆေးအဖြသ်အသုံးပြုပါတယ်။

-နေ့စဉ်သောက်ရမယ့်ဆေးပမာဏကို၃ကြိမ်ခွဲသောက်ရပါမယ်။

-အခြားအချက်အလက်များအတွက်လက်ရှိအသုံးပြုနေတဲ့ဆေးညွှန်ကြားချက်များကိုဖတ်ဖို့လိုပါလိမ့်မယ်။

သတိပြုရမည့်အရာများ

အသက်၄နှစ်အောက်ကလေးလူနာတွေမှာဆေးကဘေးကင်းတယ်ဆိုတာကိုလေ့လာထားတာမရှိပါဘူး။

Praziquantel ကိုဘယ်လိုရရှိနိုင်သလဲ

Praziquantelကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြားပုံစံ
  • ဆေးမှုန့်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Praziquantelဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement