ဘယ်ရောဂါအခြေအနေတွေက Acetazolamide (အက်စီတာဇိုးလမိုက်)နဲ့ ဓာတ်ပြုနိုင်သလဲ
Acetazolamideက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ
- အမျိုးအစား -၂ ဆီးချို
- Emphysema သို့မဟုတ် နာတာရှည် အဆုတ်ရောဂါ
- သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာ ဒါမှမဟုတ် ဆိုဒီယမ် နည်းတာ
- ကျောက်ကပ်ရောဂါ သို့မဟုတ် ကျောက်ကပ် ကျောက်တည်တာ
- အသည်းရောဂါ
- အက်ဒရီနယ် ဂလင်း အလုပ်လုပ်နိုင်မှု နည်းနေတာ (Addison’s disease)
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် Acetazolamide (အက်စီတာဇိုးလမိုက်)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ
ဖောရောင်ခြင်းအတွက်
- ၂၅၀-၃၇၅မီလီဂရမ် ကို သောက်ဆေးသို့မဟုတ် အကြောထိုးဆေးအဖြစ် တစ်နေ့လျှင် တစ်ကြိမ်
Acetazolamide ကို ဆက်လက်အသုံးပြုမယ်ဆိုရင် ကျောက်ကပ်ကို အနားပေးဖို့ ဒုတိယနဲ့ဲ့တတိယအကြိမ်မြောက် ဆေးများကို သောက်ရန်/သွင်းရန် မလိုပါ။
အမြင့်ကြောင့် မအီမသာ ဖြစ်ခြင်းအတွက်
သောက်ဆေးပြား ။ ၁၂၅-၂၅၀မီလီဂရမ် ကို ၆နာရီခြား တခါ သို့မဟုတ် ၁၂နာရီခြား တစ်ခါ
အာနိသင်ဖြည်းဖြည်းချင်း ပြသော ဆေးတောင့် ။ ၅၀၀မီလီဂရမ် ကို ၁၂နာရီခြား သို့မဟုတ် ၂၄နာရီခြားတစ်ခါ သောက်လို့ ရပါတယ်။
တစ်နေ့တာအတွက် အများဆုံးသောက်နိုင်သော ဆေးပမာဏကတော့ ၁ ဂရမ်ပါ။
အမြင့်ကို မြန်မြန်တက်ရမယ့် အခြေအနေမျိုးမှာ အမြင့်ကြောင့် မအီမသာဖြစ်တာကို ကာကွယ်ဖို့ ပုံမှန်ထက် ပမာဏများတဲ့ ဆေးကို အမြင့်မတက်မီ ၂၄နာရီကနေ ၄၈နာရီအတွင်း ကြိုသောက်ပြီး သွားမယ့် အမြင့်ကို ရောက်တဲ့အခါ ၄၈နာရီခန့် ဆေးဆက်သောက်ပေးပြီး ရောဂါလက္ခဏာတွေကို ကာကွယ်နိုင်ပါတယ်။
ရေတိမ်
- Open-angle glaucoma (ထောင့်ပွင့်ရေတိမ်)
သောက်ဆေးပြား သို့မဟုတ် အကြောသွင်းဆေး ။ ၂၅၀မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ်မှ လေးကြိမ်။
အာနိသင် ဖြည်းဖြည်းချင်းပြတဲ့ ဆေးတောင့် ။ ၅၀၀မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်။
- Closed-angle glaucoma (ထောင့်ပိတ် ရေတိမ်)။ ။
၂၅၀-၅၀၀မီလီဂရမ်ကို အကြောသွင်းဆေးဖြင့်သွင်းရမည်။ ၂ နာရီခြား သို့မဟုတ် ၄နာရီခြား တစ်ခါ လိုအပ်သလို သွင်းနိုင်ပြီး အများဆုံး သွင်းနိုင်သည့် ပမာဏမှာ တစ်နေ့လျှင် ၁ ဂရမ်ဖြစ်ပါတယ်။
အတက်ရောဂါအတွက်
8-30 mg/kg/day ကို လေးကြိမ်အထိ ခွဲပေးနိုင်သည်။ အများဆုံး တစ်နေ့ရင် ၁ဂရမ်ထက် မပိုရ။
လူနာက အတက်ရောဂါအတွက် အခြား ဆေးတွေကို သုံးစွဲနေရတာမျိုး ဖြစ်မယ်ဆိုရင် Acetalzolamide ကို အရင်ဆုံးစတင်ပေးသင့်တဲ့ ပမာဏက ၂၅၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ဖြစ်သည်။ ဒါပေမယ့် Acetalzolamide တစ်မျိုးတည်းကိုသာ အသုံးပြုတာဖြစ်မယ်။ ကျောက်ကပ်လည်း ကျန်းမာတယ်ဆိုတဲ့ လူနာတွေ အနေနဲ့ တစ်နေ့ကို ဆေးပမာဏ ၃၇၅-၁၀၀၀ မီလီဂရမ်အထိ ပေးနိုင်ပါတယ်။ ကျောက်ကပ်အခြေအနေ မသိတဲ့ လူနာတွေအတွက် Acetalzolamide ကို လူနာရဲ့ ရောဂါအခြေအနေနဲ့ဲ့ဆေးဒဏ်ခံနိုင်စွမ်းတို့ကို မူတည်ပြီး ဆေးပမာဏကို တိုင်းတာချိန်ဆရပါမယ်။
ကလေးတွေအတွက် Acetazolamide (အက်စီတာဇိုးလမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ရေတိမ်အတွက် (၁နှစ် အထက်)
သောက်ဆေး ။ 8-30mg/kg/day သို့မဟုတ် 300-900 mg/m2/day ကို အကြိမ်ရေခွဲပြီး ၈နာရီခြားတစ်ခါ သောက်ရန်။
အကြောသွင်းဆေး ။ 20-40 mg/kg/day ကို အကြိမ်ရေခွဲပြီး ၆နာရီခြား တစ်ခါ ထိုးသွင်းရန်။
အများဆုံး သောက်နိုင်/သွင်းနိုင်သော ပမာဏမှာ တစ်နေ့လျှင် ၁ဂရမ်ပါ။
ဖောရောင်ခြင်းအတွက် (၁နှစ်နှင့် အထက်)
သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး။ 5mg/kg သို့ မဟုတ် or 150 mg/m²ကို တစ်နေ့လျှင် တစ်ကြိမ်
အတက်ရောဂါအတွက် (၁ နှစ်နှင့်အထက်)
သောက်ဆေး ။ 8-30mg/kg/day ကို တစ်ကြိမ်မှ လေးကြိမ် ခွဲသောက်ရန်။ အများဆုံး သောက်နိုင်သော ပမာဏမှာ တစ်နေ့ကို ၁ဂရမ်ပါ။
ဦးခေါင်းအတွင်းအရည်စုပုံပြီး ခေါင်းကြီးနေသောရောဂါ (Hydrocephalus) အတွက်
သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး ။ 20-100 mg/kg/day ကို ၆နာရီခြား တစ်ခါ သို့မဟုတ် ၈နာရီခြားတစ်ခါ သောက်နိုင်/သွင်းနိုင်ပါတယ်။ အများဆုံး သောက်နိုင်/သွင်းနိုင်သော ပမာဏမှာ တစ်နေ့လျှင် ၂ဂရမ်ပါ။
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ဘယ်လိုရရှိနိုင်သလဲ
Acetazolamide (အက်စီတာဇိုးလမိုက်)ကို ရရှိနိုင်သောပုံစံများတွေကတော့
ကြာရှည်အာနိသင်ပြသော ဆေးတောင့် ။ ၅၀၀မီလီဂရမ်
ပုံမှန်ဆေးပြား ။ ၁၂၅မီလီဂရမ်၊ ၂၅၀မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
အက်စီတာဇိုးလမိုက်ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။