ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Levothyroxine (လီဗိုသိုင်ရိုဆင်း) နဲ့ ဓာတ်ပြုနိုင်သလား
Levothyroxineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်နေစဉ်မှာ ပဲပိစပ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ပါ။ ဆေးကို အစာမရှိချိန်မှာ သောက်ပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Levothyroxine (လီဗိုသိုင်ရိုဆင်း) နဲ့ ဓာတ်ပြုနိုင်သလဲ
က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
- အက်ဒရီနယ်လင်း ဂလင်း အလုပ်သိပ်မလုပ်တာ
- နှလုံးသွေးကြောပိတ်တာ (လက်ရှိ ဒါမှမဟုတ် မကြာသေးခင်က ဖြစ်ဖူးတာ)
- Thyrotoxicosis (သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်းတာ)
- အက်ဒရီနယ် ပြဿနာ
- သွေးအားနည်းတာ (Pernicious anaemia)
- Angina (ပြင်းထန်တဲ့ ရင်ဘတ်အောင့်တာ)
- သွေးခဲတဲ့ ပြဿနာ ရှိတာ
- ဆီးချို
- နှလုံးရောဂါ ဒါမှမဟုတ် သွေးကြောရောဂါ (ဥပမာ – နှလုံးသွေးကြောဆိုင်ရာ ရောဂါ)
- နှလုံးစည်းချက် ပြဿနာ (ဥပမာ – နှလုံးစည်းချက် မမှန်တာ၊ နှလုံးခါတာ)
- အရိုးပွတာ
- Pituitary ဂလင်း ပြဿနာ
- ဆေးတောင့်မျိုချဖို့ ခက်တာတွေပါ။
ဆေးသုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ
သိုင်းရွိုက်ဟော်မုန်း အထွက်နည်းတာ
စစသောက်ချင်းမှာ တစ်နေ့ကို တစ်ကြိမ် 12.5 ကနေ 50 mcg၊ ဒီဆေးပမာဏကို ၂ ပတ် ကနေ ၄ ပတ် ကြာတိုင်းမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ 12.5 ကနေ 25 mcg/day စီ တိုးသွားရနိုင်ပါတယ်။
အသက်ကြီးတဲ့သူတွေ၊ နှလုံးသွေးကြောရောဂါ ခံစားရဖူးတဲ့ လူငယ်တွေမှာ ဆေးပမာဏကို ၃ ပတ် ကနေ ၆ ပတ်ကြာတိုင်း ဆရာဝန်ညွှန်ကြားချက်နဲ့ 12.5 ကနေ 25 mcg အထိ တိုးသွားရနိုင်ပါတယ်။
TSH Suppression
စစသောက်ချင်းမှာ တစ်ရက်ကို 50 mcg တစ်ကြိမ် သောက်ရပါမယ်။ ဒီပမာဏကို ၂ ပတ် ကနေ ၄ ပတ် ကြာတိုင်းမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ 25 ကနေ 50 mcg အထိ တိုးသွားရနိုင်ပါတယ်။ အများဆုံးတွေ့ရတတ်တဲ့ ဆေးပမာဏကတော့ တစ်နေ့တစ်ကြိမ် 100 ကနေ 200 mcg အထိ ဖြစ်ပါတယ်။
Thyroid Suppression Test
2.6 mcg/kg/day တစ်ပတ်မှ ၁၀ရက်။
Myxedema Coma (သိုင်းရွိုက်ကိုမာ)
စစသောက်ချင်း – 300 to 500 mcg ထိုးဆေးရည်ကို တစ်နေ့တစ်ကြိမ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆရာဝန်ဆီမှာ သွင်းရပါမယ်။
ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။