ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း
အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ
အသက်အရွယ်ရလာချိန်မှာ ကြွက်သားတွေကလည်း ပြောင်းလဲလာပါတယ်။ အသက်အရွယ်ရလာချိန်မှာ တစ်နှစ်ကို ကြွက်သားထုထည်က ½ to 1% လောက် ဆုံးရှုံးနေကြပါတယ်။ ဒီလို ဆုံးရှုံးမှုက အသက် ၃၀ မတိုင်ခင်မှာ စတင်ဖြစ်ပွားနေတာပါ။ အသက် ၃၀ နောက်ပိုင်း ရောက်လာချိန်မှာ ၁၀နှစ်ကို ကြွက်သားဆုံးရှုံးမှု က 3% ကနေ 8% အထိ ရှိလာမှာပါ။ လေ့လာမှု တစ်ရပ်အရ အသက် ၃၀ အရွယ် လူတစ်ဦးဟာ ထိခိုက်မှုကြောင့်ဖြစ်ဖြစ် ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ် တစ်လလောက် အိပ်ရာထဲမှာ မလှုပ်မရှားဘဲ နေမယ်ဆိုရင် ကြွက်သားပမာဏ ၁ ပေါင်လောက် ဆုံးရှုံးရတာကို တွေ့ရပါတယ်။ ကြွက်သားတွေ ဆုံးရှုံးလာတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သန်စွမ်းမှု ကျဆင်းလာတာပါ။ အဆီုထည်လည်း တိုးပွားလာတာပါ။ ဒီအခြေနေက ချော်ကျတာ၊ ဟန်ချက်ပျက်ပြီး […]