backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Reserpine (ရီစာပိုင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Reserpine (ရီစာပိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Reserpineကိုတစ်မျိုးတည်းသော်လည်းကောင်းတခြားဆေးများနှင့်တွဲပြီးသော်လည်းကောင်းသွေးတိုးရောဂါအားကုသရာတွင် အသုံးပြုပါသည်။ သွေးတိုးကိုချခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း နှင့် ကျောက်ကပ်ပြဿနာများကိုကာကွယ်ပေးနိုင်ပါသည်။ ၎င်းသည် ခန္ဓါကိုယ်တွင်းမှ ပစ္စည်းတစ်ချို့ (Norepinephrine) ကိုလျော့ချပေး၏။ ထိုအခါ သွေးကြောများပြေလျော့သွားပြီးသွေးစီးဆင်းမှုကိုလွယ်ကူသွားစေကာ နှလုံးခုန်နှုန်းကိုပါ နှေးစေနိုင်ပါသည်။ ထို့အာနိသင်ကသွေးပေါင်ကျအောင်လုပ်ပေးပါသည်။

Reserpine (ရီစာပိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုအစာရှိရှိမရှိသောက်နိုင်ပါသည်။ များသောအားဖြင့် တစ်ရက်ကို ၁-၂ ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်းသောက်ရပါမည်။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ် တုံ့ပြန်ခြင်းပေါ်၌ မူတည်ပါသည်။ ညွှန်ထားသောပမာဏထက်ပိုတိုးခြင်း၊ အကြိမ်ရေပိုသောက်ခြင်းများမပြုလုပ်ရပါ။ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေ ပိုတိုးလာစေနိုင်ပါသည်။

ဆေးအာနိသင်အကောင်းဆုံးရစေရန် မှန်မှန်သုံးပါ။ ဆေးသောက်ဖို့မှတ်မိနေစေရန်အတွက် နေ့စဉ် တူညီသောအချိန်တွင်သာသောက်ပါ။

နေကောင်းလာသည့်တိုင် ဆေးကိုဆက်သောက်ရန် အရေးကြီး၏။ သွေးတိုးတတ်သူအများစုမှာဖျားနာသလိုမခံစားရတတ်ပါ။ ဆေးမှအာနိသင်အပြည့်အဝရရန် ရက်သတ္တပတ်ပေါင်းများစွာ ကြာတတ်ပါသည်။ အခြေအနေတိုးတက်မလာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် (သွေးပေါင်ကျမသွားလျှင်) ဆရာဝန်ကိုပြောပါ။

Reserpine (ရီစာပိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Reserpineကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Reserpineကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Reserpineဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Reserpineအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Reserpine (ရီစာပိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

reserpineကိုမသောက်ခင်ဤဆေးနှင့်ဓါတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဆေးကြောင့် ခေါင်းမူးနိုင်သည်။ အရက် သို့မဟုတ် ဆေးခြောက်ကလည်းခေါင်းမူးနိုင်သည်။ စိတ်ချရသည့်အခြေအနေမရောက်မချင်း နိုးကြားရန်လိုသည့် စက်မောင်ခြင်း၊ ယာဉ်မောင်းခြင်းများမပြုလုပ်ပါနှင့်။ အရက်ပါသောအချိုရည်သောက်ခြင်းကိုကန့်သတ်ပေးပါ။ ဆေးခြောက်သုံးနေသူဆိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲသောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ဆောင်စဉ် အမှန်တကယ်လိုအပ်မှသာဆေးကိုသောက်ရမည်။ ကောင်းကျိုးဆိုးကျိုးများသိရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်ပြီး နို့စို့ကလေးတွင် မလိုလားအပ်သည့်ရလဒ်များရလာနိုင်ပါသည်။

နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့် အရင်တိုင်ပင်ကြည့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Reserpine (ရီစာပိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Reserpine (ရီစာပိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်နှေးခြင်း၊ နှာစေးခြင်းများ ဖြစ်နိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ဖြစ်လေ့မရှိသော်လည်း ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပြင်းထန်းစွာဗိုက်နာခြင်း၊ ဝမ်းအမည်းများသွားခြင်း၊ မူးမေ့ခြင်း၊ ပြင်းထန်စွာခေါင်းမူးခြင်း၊ အသက်ရှူမဝခြင်း၊ ခြေကျင်းဝတ်၊ ခြေဖဝါးများ ဖောင်းခြင်း၊ အကြောင်းမရှိကိုယ်အလေးချိန်တိုးလာခြင်း၊ အမျိုးသားများ၌ ရင်သားကြီးခြင်း၊ အမျိုးသမီးများ၌ ရင်သားမှ အရည်များထွက်ခြင်းစသည်တို့ဖြစ်လာပါက ဆရာဝန်ကိုပြောပါ။

ရှားပါသော်လည်းအရမ်းပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်သော နှလုံးခုန်နှုန်း မြန်ခြင်း နှေးခြင်းမူမမှန်ခြင်း၊ ပုံမှန်မဟုတ်ပဲသွေးယိုခြင်း၊ အညိုအမည်းစွဲခြင်း၊ ခြေလက်များတုန်နေခြင်း၊ ကြွက်သားများတောင့်တင်းခြင်းစသည်တို့ဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောရမည်။

ဆေးသည် စိတ်ကျခြင်းကိုဖြစ်စေနိုင်၏။ ဆေးရပ်ပြီးနောက် လပေါင်းများစွာကြာသည့်တိုင် စိတ်ကျနေနိုင်ပါသည်။ စိတ်ကျသည့်လက္ခဏာများဥပမာစိတ်အခြေအနေပြောင်းခြင်း (အမြဲတမ်း ဝမ်းနည်းနေခြင်း၊ သတ်သေချင်နေခြင်း)၊ အိပ်မရခြင်း၊ အစားအသောက်ပျက်ခြင်း၊ လိင်စိတ်ကျခြင်းစသည်တို့ဖြစ်လာပါက ဆရာဝန်နှင့် ချက်ချင်းပြပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း၊ ကျောက်ကပ်လက္ခဏာများ (ဥပမာဆီးပမာဏပြောင်းသွားခြင်း)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Reserpine (ရီစာပိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာdeutetrabenazine, tetrabenazine, MAO inhibitors (isocarboxazid, linezolid, methylene blue, moclobemide, phenelzine, procarbazine, rasagiline, safinamide, selegiline, tranylcypromine) စသည်တို့ဖြစ်သည်။

အိပ်ငိုက်ခြင်းကိုဖြစ်စေသည်များဥပမာ – အရက်၊ ဆေးခြောက်၊ antihistamines (ဥပမာ cetirizine, diphenhydramine), စိုးရိမ်စိတ်နှင့် အိပ်မရခြင်းအတွက် သောက်ရသောဆေးများ (alprazolam, diazepam, zolpidem), ကြွက်သားပြေလျော့ဆေးနှင့် နာကိုးတစ် အကိုက်အခဲပျောက်ဆေးများ (ဥပမာ codeine) တို့သုံးနေပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုပြောပါ။

သင်သုံးသည့်ဆေးများ(ဖြည့်စွက်စာများ၊ အအေးမိချောင်းဆိုးပျောက်ဆေးများ၊ စတီးရွိုက်မဟုတ်သည့် အကိုက်အခဲပျောက်ဆေးများဥပမာ ibuprofen) အားလုံး၏အညွှန်းစာကိုဖတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများတွင် အိပ်ငိုက်စေသည်များ၊ သွေးပေါင်တက်စေသည်များ၊ သွေးခုန်နှုန်းမြန်စေသည်များပါနေတတ်သောကြောင့် ဖြစ်သည်။ ထိုဆေးကုန်များကိုစိတ်ချစွာသုံးနိုင်ရန် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

ဆေးသည် တစ်ချို့သောဓါတ်ခွဲစစ်ဆေးခြင်းများ (17-OHCS and 17-ketosteroids test) ကို နှောက်ယှက်နိုင်သောကြောင့် အဖြေမှားထွက်နိုင်ပါသည်။ ဓါတ်ခွဲဝန်ထမ်းများ၊ ဆရာဝန်များကို သင်ဤဆေးသုံးနေကြောင်းပြောပြထားပါ။

Reserpineသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Reserpine (ရီစာပိုင်း) နဲ့ ဓါတ်ပြုနိုင်သလား

Reserpine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Reserpine (ရီစာပိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Reserpineသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

တစ်ချို့ကျန်းမာရေးအခြေအနေများတွင် ဤဆေးကိုမသုံးသင့်ပါ။ ဆေးကိုမသုံးခင် အောက်ပါတို့ရှိနေပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုပြောပါ။ ယခင်ကသို့ လက်ရှိတွင် စိတ်ကျရောဂါ ခံစားနေရခြင်း (အထူးသဖြင့် သတ်သေလိုစိတ်များဖြစ်နေခြင်း)၊ အစာအိမ်နှင့် အူတွင် အနာဖြစ်နေခြင်း၊ တစ်ချို့သောအူရောဂါများ (Ulcerative အူမကြီးရောင်နာ)၊ လက်ရှိတွင် Shock treatment ယူနေရခြင်း (electroconvulsive therapy-ECT)။

ယခင်ကအစာအိမ်နှင့် အူတွင်အနာဖြစ်ခြင်း၊ သည်းခြေအိတ်ရောဂါများ (သည်းခြေကျောက်)၊ အသည်းရောဂါများ ဖြစ်ဖူးလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုပြောပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Reserpine (ရီစာပိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတိုးအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: 0.5 mgတစ်ရက်တစ်ကြိမ် ၁-၂ ပတ်အထိသောက်ရန်။

ထိန်းညှိပမာဏ: 0.1 to 0.25 mgတစ်ရက်တစ်ကြိမ်။

Schizophreniaအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: 0.5 mgတစ်ရက်တစ်ကြိမ်။ 0.1 to 1 mgအထိအပြောင်းအလဲလုပ်နိုင်ပါသည်။

ထိန်းညှိပမာဏ: လူနာ၏တုံ့ပြန်မှုကိုကြည့်ကာဆေးကိုအတိုးအလျော့လုပ်ပေးရမည်။

Hyperthyroidismအတွက် ပုံမှန်ပမာဏ

သိုင်းရွိုက်ဟော်မုန်းများအဆိပ်ဖြစ်လောက်အောင်ထိ ကြွနေစဉ်အတွင်းပေးရမည့်ပမာဏကိုမသိရသေးပါ။

တစ်ချို့အချက်တွေအရအဆိပ်ဖြစ်နေစဉ် လူနာ ၇ ဦးကိုReserpine 1-5 mg အသားဆေးထိုးပြီးနောက် ပထမ ၂၄ နာရီအတွင်း 0.07-0.3 mg/Kg နှုန်းနှင့် လိုက်ပေးခြင်းကဆေးပေးပြီး ၄-၈ နာရီအတွင်းဆေးပမာဏကိုလိုက်၍ လက္ခဏာတိုးတက်မှုများရှိကြောင်းတွေ့ထားပါသည်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

Reserpine ၏ half-life မှာကျောက်ကပ်မကောင်းသူများတွင် သိသိသာသား မြန်နေပါသည်။ ထို့ကြောင့် ကျောက်ကပ်မကောင်းသူလူနာများတွင် Reserpineကိုမညွှန်သင့်ပါ။

ပမာဏချိန်ညှိခြင်း

သွေးတိုးကျစေရန်အတွက် ၃ ပတ်ခန့်အထိသောက်ရန်လိုပါသည်။

သတိပေးချက်များ

အလွန်အမင်းစိတ်ကျခြင်းနှင့် တခြားဘေးထွက်ဆိုကျိုးများဖြစ်နိုင်သောကြောင့် ဆေးပမာဏအများကြီးသုံးလျှင် သတိထားပါ။

Dialysis

Reserpine သည် Dialyzable မဟုတ်ပါ။

ကလေးတွေအတွက် Reserpine (ရီစာပိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Reserpine (ရီစာပိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Reserpineကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Reserpineကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement