backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ကို ဘာအတွက်အသုံးပြုကြသလဲ

Nexium® 24Hrကိုအစာမကြေရင်ပူခြင်းမကြာခဏ (တပတ်လျှင် ၂ရက်၃ရက်) ဖြစ်ပွားတတ်သူတွေမှာကုသဖို့ အသုံးပြုပါတယ်။ ချက်ချင်းသက်သာဖို့တော့ မဟုတ်ပါဘူး။ အာနိသင်အပြည့်ရအောင် ၁ရက်မှ ၄ရက်လောက် သောက်သုံးရပါတယ်။

Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ဘယ်လိုသောက်သုံးသင့်သလဲ

၁၄ရက်တာ ကုသမှု

  • မနက်ပိုင်းအစာမစားခင် ဆေးတတောင့်ကိုရေတဖန်ခွက်အပြည့်နဲ့ သောက်သုံးပါ။
  • ၁၄ရက်ဆက်တိုက်သောက်ပါ။
  • တနေ့ကိုဆေးတတောင့်ထက် ပိုမသောက်ပါနဲ့။
  • ဆေးတတောင့်လုံးကိုတခါတည်းနဲ့ သောက်ချပါ။ ဆေးကိုချေခြင်း၊ ဝါးစားခြင်း မပြုပါနဲ့။
  • ဆရာဝန်မညွှန်ကြားဘဲ ၁၄ရက်ထက် ကျော်ပြီးမသုံးပါနဲ့။
  • ၁၄ရက်တာ ကုသမှုကိုထပ်မံပေးခြင်း (လိုအပ်ပါက)

    • ၁၄ရက်တာကုသမှုကို ၄လကြာတိုင်းမှာ ထပ်မံပြုလုပ်နိုင်ပါတယ်။
    • ဆရာဝန်မညွှန်ဘဲ ၁၄ရက်ထက်ကြာပြီး (သို့) ၄လတခါထက်ပိုပြီး သုံးစွဲခြင်းမပြုပါနဲ့။
    • အသက် ၁၈နှစ်အောက် ကလေးတွေဆိုရင် ဆရာဝန်ကို ကြိုမေးပါ။

    Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ဘယ်လိုသိမ်းဆည်းရမလဲ

    Nexium® 24Hr ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Nexium® 24Hr ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

    Nexium® 24Hr ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Nexium® 24Hr တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Nexium® 24Hr ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    Nexium 24Hrဟာအောက်ပါဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    • ဆေးသောက်ပြီးချိန်မှာအရသာဆိုးခြင်း
    • အရသာပြောင်းလဲခြင်း
    • အိပ်ငိုက်ခြင်း
    • ဝက်ခြံထွက်ခြင်း
    • ကျောအောင့်ခြင်း

    အောက်ပါအခြေအနေတွေကြုံရင် ဆေးသုံးတာကိုရပ်ပြီးဆေးကုသမှုကိုချက်ချင်းခံယူသင့်ပါတယ်။

    • အစာမကြေရင်ပူခြင်းဆက်လက်ဖြစ်ပွားခြင်း၊ ပိုဆိုးလာခြင်း
    • ၁၄ရက်ထက်ကျော်ပြီးသုံးစွဲရန်လိုခြင်း
    • ၄လကြာတိုင်း တကြိမ်ထက်ပိုပြီးကုသမှုခံယူဖို့လိုခြင်း

    ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Nexium® 24Hr ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

    ဒီဆေးဟာ အောက်ပါဆေးဝါးတွေနဲ့ ဓါတ်ပြုပြောင်းလဲနိုင်ပါတယ်။

    • Warfarin, clopidogrel (သို့)cilostazol (သွေးကျဲဆေးများ)
    • မှိုစွဲပျောက်ဆေးများ
    • Digoxin (နှလုံးဆေး)
    • Diazepam (စိတ်ငြိမ်ဆေး)
    • Tacrolimus (သို့)mycophenolatemofetil (ကိုယ်ခံအားစနစ်နှင့် သက်ဆိုင်သောဆေး)
    • HIV ရောဂါပိုးအတွက် ဆေးဝါးများ
    • Methotrexate (အဆစ်ရောင်ကုသဆေး)

    အစားအသောက်တွေနဲ့ အရက်က Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) နဲ့ ဓါတ်ပြုနိုင်သလား

    Nexium® 24Hr ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Nexium® 24Hr ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

    လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

    ဒီဆေးနဲ့ ဓါတ်ပြုပြောင်းလဲနိုင်ခြေရှိတဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • ၃လထက်ကြာပြီးအစာမကြေရင်ပူခြင်း (ပိုမိုဆိုးရွားတဲ့ ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။)
    • မကြာခဏဆီးသွားခြင်း
    • အကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန်လျော့သွားခြင်း
    • ပျို့အန်ခြင်း
    • အစာအိမ်အောင့်ခြင်း
    • ဆိုးရွားသောအသည်းရောဂါ
    • လူးပတ်ရောဂါ
    • အရိုးပွခြင်း၊ အရိုးတွင်းသတ္တုဓါတ်နည်းခြင်း
    • သွေးတွင်းမဂ္ဂနီဆီယမ်ဓါတ်နည်းခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသက် ၁၈နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများ

    တနေ့တကြိမ်နဲ့ ၁၄ရက်ဆက်တိုက် သောက်ပေးရပါတယ်။ အာနိသင်ပြဖို့ ၁ရက်မှ ၄ရက်ထိ ကြာနိုင်ပါတယ်။

    ကလေးတွေအတွက် Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

    Nexium 24Hr (နက်စ်စီယမ် ၂၄နာရီ) ကိုဘယ်လိုရရှိနိုင်သလဲ

    Nexium® 24Hr ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

    • ၂၀ မီလီဂရမ် ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Nexium® 24Hr ဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement